ထွားကျိုင်းချင်သော လူပုလေး

တခါတုန်းက တောနက်ထဲမှာ နေတဲ့ လူပုလေး တယောက်ဟာ ထွားကျိုင်းချင်လို့ ဆိုပြီး နည်းလမ်း လိုက်ရှာနေပါတယ်။

ပထမဆုံး သူ့ပါတ်ဝန်းကျင်မှာ တွေ့ရတဲ့ မြင်းကြီးကို "ကိုမြင်းလို သန်မာ ထွားကျိုင်းအောင် ဘယ်လို လုပ်ရမလဲဗျ" လို့ မေးတော့ မြင်းကြီးက "ငါ့လိုပြောင်းဖူးစေ့ တွေစား၊ များများပြေးပေါ့" လို့ ပြောပါတယ်။

လူပုလေးက အဲဒီလို လိုက်လုပ်တယ်။ အဲ့ဒီမှာ ပြောင်းတွေ အများကြီး စားပြီး ဗိုက်တွေနာ၊ များများ ပြေးတော့ ခြေထောက်တွေ နာလာတာပဲ ရှိတယ်။

လူကတော့ ထွားမလာဘူး။ လူပုလေးလည်း စိတ်ညစ်ပြီး တခြားတယောက်ဆီက အကြံဉာဏ် ယူမှပါ ဆိုပြီး ထွက်လာပြန်ပါတယ်။

အဲ့ဒီမှာပဲ ကျွဲကြီး တကောင်ကို တွေ့တော့ "ကိုကျွဲကြီး၊ ခင်ဗျားလို သန်မာ ထွားကျိုင်းအောင် ဘယ်လို လုပ်ရလဲဗျ" လို့ မေးတယ်။ ကျွဲကြီးက "ငါ့လို မြက်တွေစား၊ ညွမ့်ညွမ့်နဲ့ အော်နေပေါ့ကွာ" လို့ ပြန်ပြောပါတယ်။

လူပုလေးက အဲဒီလို လိုက်လုပ်တော့ သူ့မှာ မြက်စားလို့ ဗိုက်တွေနာ၊ အော်ရလွန်းလို့ လည်ချောင်းတွေ နာတာပဲ ရှိတယ်။ ဒီအတိုင်း ဒီအတိုင်းပဲ။ လူပုလေးလည်း "မဟုတ်သေးပါဘူး၊ တခြားသူဆီက အကြံဉာဏ်ယူမှပါ" ဆိုပြီး ထပ်ရှာပြန်ပါတယ်။

ခုတခေါက် တွေ့ရတာ့ ပညာရှိ ဇီးကွက်ကြီးပါ။ "ဦးဇီးကွက်ရေ၊ ကျွန်တော်က အရပ် ပုနေတာ စိတ်ညစ်တယ်ဗျာ။ ကိုမြင်းကြီးလို၊ ကိုကျွဲကြီးလို အရပ်မြင့်ပြီး ထွားချင်တယ်ဗျာ၊ သူတို့လိုလည်း လိုက်မလုပ်နိုင်ဘူး၊ ဘယ်လိုလုပ်ရမလဲ"

ထိုအခါ ဇီးကွက်ကြီးက "မင်း အရပ် မြင့်ချင်တာ တခြားသူတွေက လာ လာ စနေလို့လား၊ မြင်းကြီးလို အမြန် ပြေးချင်တာလား၊ ကျွဲကြီးလို ဝန်တွေ သယ်ချင်တာလား" လို့ မေးတယ်။

လူပုလေးက "မဟုတ်ပါဘူးဗျာ" လို့ ပြန်ပြောတော့ ဇီးကွက်ကြီးက "အဲဒါဆိုရင်ဖြင့် သူများလို အရပ် မြင့်နေစရာ မလိုပါဘူး။ တကယ် အရေးကြီးတာက ဦးနှောက် ဉာဏ်ရည်မြင့်ဖို့ ပဲကွ" လို့ ပြောပြီး ပျံသန်းသွား ပါတော့တယ်။

လူပုလေးလည်း ဟုတ်ပေသားပဲ လို့ စဉ်းစားမိပြီး အသိဉာဏ် ပိုမြင့်လာအောင်ပဲ စာတွေဖတ်၊ ပညာရပ်တွေ လေ့လာတာတွေ လုပ်တော့တာပေါ့။ သူအရပ်ပုတဲ့ ကိစ္စကိုလည်း စိတ်ထဲ မထားတော့ပါဘူး။

crd

Zawgyi

ထြားက်ိဳင္းခ်င္ေသာ လူပုေလး

တခါတုန္းက ေတာနက္ထဲမွာ ေနတဲ့ လူပုေလး တေယာက္ဟာ ထြားက်ိဳင္းခ်င္လို႔ ဆိုၿပီး နည္းလမ္း လိုက္ရွာေနပါတယ္။ ပထမဆုံး သူ႔ပါတ္ဝန္းက်င္မွာ ေတြ႕ရတဲ့ ျမင္းႀကီးကို "ကိုျမင္းလို သန္မာ ထြားက်ိဳင္းေအာင္ ဘယ္လို လုပ္ရမလဲဗ်" လို႔ ေမးေတာ့ ျမင္းႀကီးက "ငါ့လိုေျပာင္းဖူးေစ့ ေတြစား၊ မ်ားမ်ားေျပးေပါ့" လို႔ ေျပာပါတယ္။

လူပုေလးက အဲဒီလို လိုက္လုပ္တယ္။ အဲ့ဒီမွာ ေျပာင္းေတြ အမ်ားႀကီး စားၿပီး ဗိုက္ေတြနာ၊ မ်ားမ်ား ေျပးေတာ့ ေျခေထာက္ေတြ နာလာတာပဲ ရွိတယ္။ လူကေတာ့ ထြားမလာဘူး။ လူပုေလးလည္း စိတ္ညစ္ၿပီး တျခားတေယာက္ဆီက အႀကံဉာဏ္ ယူမွပါ ဆိုၿပီး ထြက္လာျပန္ပါတယ္။

အဲ့ဒီမွာပဲ ကြၽဲႀကီး တေကာင္ကို ေတြ႕ေတာ့ "ကိုကြၽဲႀကီး၊ ခင္ဗ်ားလို သန္မာ ထြားက်ိဳင္းေအာင္ ဘယ္လို လုပ္ရလဲဗ်" လို႔ ေမးတယ္။ ကြၽဲႀကီးက "ငါ့လို ျမက္ေတြစား၊ ၫြမ့္ၫြမ့္နဲ႔ ေအာ္ေနေပါ့ကြာ" လို႔ ျပန္ေျပာပါတယ္။

လူပုေလးက အဲဒီလို လိုက္လုပ္ေတာ့ သူ႔မွာ ျမက္စားလို႔ ဗိုက္ေတြနာ၊ ေအာ္ရလြန္းလို႔ လည္ေခ်ာင္းေတြ နာတာပဲ ရွိတယ္။ ဒီအတိုင္း ဒီအတိုင္းပဲ။ လူပုေလးလည္း "မဟုတ္ေသးပါဘူး၊ တျခားသူဆီက အႀကံဉာဏ္ယူမွပါ" ဆိုၿပီး ထပ္ရွာျပန္ပါတယ္။

ခုတေခါက္ ေတြ႕ရတာ့ ပညာရွိ ဇီးကြက္ႀကီးပါ။ "ဦးဇီးကြက္ေရ၊ ကြၽန္ေတာ္က အရပ္ ပုေနတာ စိတ္ညစ္တယ္ဗ်ာ။ ကိုျမင္းႀကီးလို၊ ကိုကြၽဲႀကီးလို အရပ္ျမင့္ၿပီး ထြားခ်င္တယ္ဗ်ာ၊ သူတို႔လိုလည္း လိုက္မလုပ္ႏိုင္ဘူး၊ ဘယ္လိုလုပ္ရမလဲ"

ထိုအခါ ဇီးကြက္ႀကီးက "မင္း အရပ္ ျမင့္ခ်င္တာ တျခားသူေတြက လာ လာ စေနလို႔လား၊ ျမင္းႀကီးလို အျမန္ ေျပးခ်င္တာလား၊ ကြၽဲႀကီးလို ဝန္ေတြ သယ္ခ်င္တာလား" လို႔ ေမးတယ္။

လူပုေလးက "မဟုတ္ပါဘူးဗ်ာ" လို႔ ျပန္ေျပာေတာ့ ဇီးကြက္ႀကီးက "အဲဒါဆိုရင္ျဖင့္ သူမ်ားလို အရပ္ ျမင့္ေနစရာ မလိုပါဘူး။ တကယ္ အေရးႀကီးတာက ဦးေႏွာက္ ဉာဏ္ရည္ျမင့္ဖို႔ ပဲကြ" လို႔ ေျပာၿပီး ပ်ံသန္းသြား ပါေတာ့တယ္။

လူပုေလးလည္း ဟုတ္ေပသားပဲ လို႔ စဥ္းစားမိၿပီး အသိဉာဏ္ ပိုျမင့္လာေအာင္ပဲ စာေတြဖတ္၊ ပညာရပ္ေတြ ေလ့လာတာေတြ လုပ္ေတာ့တာေပါ့။ သူအရပ္ပုတဲ့ ကိစၥကိုလည္း စိတ္ထဲ မထားေတာ့ပါဘူး။

crd

Post a Comment

0 Comments