ငါးမန်းတကောင် ထည့်ထားပါ

ဂျပန် လူမျိုးတွေဟာ ငါးကို အလွန် ကြိုက်ကြတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံနားက ပင်လယ်မှာ ငါးမရှိပါဘူး။ ဒါကြောင့် ဂျပန်တံငါသည်ဟာ နိုင်ငံနဲ့ အတော်ဝေးဝေးက ပင်လယ်ပြင်မှာ ငါးတွေကို ပိုက်ကွန်နဲ့ သွားဖမ်းကြတယ်။ ဖမ်းမိတဲ့ ငါးတွေကို လှေတွေရဲ့ ဝမ်းဗိုက်တွေမှာ ထည့်ထားကြတယ်။

ငါးဖမ်းလှေတွေ ရက်အတန် ကြာမှာ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ ဖမ်းလာတဲ့ ငါးတွေအားလုံး သေကုန်ကြပါပြီ။ ဂျပန်လူမျိုးတွေဟာ သေနေတဲ့ ငါးတွေကို မစားကြဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ဂျပန်ငါးဖမ်းသမား တွေဟာ ရေခဲတွေ ထည့်ထားတဲ့ သေတ္တာတွေကို လှေတွေပေါ်မှာ တင်ပြီး ပင်လယ်ပြင်မှာ ငါးသွား ဖမ်းကြပြန်တယ်။

ဖမ်းလို့ ရတဲ့ ငါးတွေကို သေတ္တာတွေထဲမှာ ရေခဲစိမ် ထားလိုက်ကြတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေဟာ လတ်လတ် ဆတ်ဆတ် မဟုတ်တဲ့ ရေခဲစိမ် ငါးတွေရဲ့ အရသာကို မကြိုက်ကြဘူး။ ရေခဲစိမ် ငါးတွေဟာ လတ်လတ်ဆတ်ဆတ် ငါးတွေလောက် ဈေးမရကြဘူး။

ဒီတခါမှာ ဂျပန်ငါးဖမ်း ကုမ္ပဏီတွေဟာ သူတို့ စက်လှေကြီးတွေပေါ်မှာ ငါးတွေ ထည့်ဖို့ ရေတိုင်ကီကြီးတွေ တင်ပြီး ပင်လယ် ပြင်ကို ငါးဖမ်းထွက်ကြ ပြန်တယ်။ ဖမ်းမိတဲ့ ငါးအရှင်တွေကို ရေဖြည့်ထားတဲ့ တိုင်ကီတွေထဲမှာ ထည့်ထားလိုက်ကြတယ်။

ငါးတွေဟာ ရေတိုင်ကီတွေထဲမှာ ရေကူးခတ် နေကြပေမယ့် ရက်အနည်းငယ် ကြာတော့ မောပန်းပြီး ရေမကူး ကြတော့ဘဲ တိုင်ကီထဲမှာ ငြိမ်နေကြတယ်။ ဂျပန်နိုင်ငံ ပြန်ရောက်တော့ ငါးတွေ မသေကြပါဘူး။ ဒါပေမဲ့ ဂျပန်လူမျိုးတွေဟာ ရက်အတန်ကြာ မလှုပ်မရှက် ငြိမ်နေကြတဲ့ ငါးတွေရဲ့ အရသာကို သိကြတယ်။ အဲဒီငါးတွေကို လူတွေ မကြိုက် ကြလို့ ဈေးကောင်းကောင်း မရဘူး။

ရေခဲစိမ်ငါး၊ ရေထဲမှာ မလှုပ်မယှက် ငြိမ်နေတဲ့ ငါးတွေကို မကြိုက်ကြတဲ့ ဂျပန်လူမျိုးတွေ အတွက် ဂျပန်ငါးဖမ်း ကုမ္ပဏီတွေဟာ ဘယ်လိုလုပ်ရမလဲ တွေးတော ကြံဆကြရင်း နောက်ဆုံးမှာ အဖြေကို ရှာတွေ့လိုက် ကြတယ်။

ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေတွေပေါ်မှာ အရင်လိုပဲ ရေတိုင်ကီကြီးတွေ တင်ဆောင်ပြီး ပင်လယ်ပြင်ကို ငါးဖမ်း ထွက်ကြပြန်တယ်။ ဖမ်းမိတဲ့ ငါးတွေကို အရင်လိုပဲ ရေတိုင်ကီကြီး တွေထဲမှာ ထည့်ထားလိုက်ကြတယ်။ ဒီတခါတော့ ရေတိုင်ကီထဲက ငါးတွေဟာ ရက်အတော်ကြာအထိ မရပ်နား ကူးခတ်နေကြ ပါတော့တယ်။ ဘာဖြစ်လို့လဲ။

ရေတိုင်ကီတိုင်းမှာ ငါးမန်း အသေးစားလေး တကောင်စီ ထည့်ထားပေးတယ်။ ငါးမန်းဟာ တိုင်ကီထဲ ရောက်လာတဲ့ ငါးလေးတွေ အနည်း ငယ် စားသောက်ပြီး ဗိုက်ဝလို့ တိုင်ကီထဲမှာ လှည့်ပတ် ကူးခတ်နေတယ်။ တိုင်ကီထဲက ငါးတွေဟာ ငါးမန်းကို ကြောက်လို့ တိုင်ကီတွေ ထဲမှာ မရပ်မနား ကူးခတ်နေကြတယ်။

စက်လှေတွေ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ လတ်ဆတ်ပြီး လှုပ်ရှား ကူးခတ်နေကြတဲ့ ငါးတွေရဲ့ အရသာကို ဂျပန်တွေ အလွန်ကြိုက်လို့ ဈေးကောင်းရကြတယ်။

ကျွန်တော်တို့တွေဟာလည်း ရက်အတန်ကြာ မကူးခတ် မလှုပ်ရှားကြတဲ့ ရေတိုင်ကီထဲက ငါးတွေလို ဖြစ်တတ်ကြပါတယ်။ ဘဝမှာ ကြိုးစားမှုတွေ မလုပ်ကြတော့ဘဲ ရှိတာလေးနဲ့ တင်းတိမ်ကျေနပ်ပြီး နေတတ်ကြပါတယ်။ ဒါကြောင့်လည်း ဘဝမှာ တိုးတက် အောင်မြင်မှု မရကြတော့ပါဘူး။ အသက်ကြီးလာပြီး နေစရာ စားစရာမရှိတဲ့ ဘဝရောက်မှ ငယ်ငယ်က မကြိုးစားခဲ့လို့ပဲ ဆိုပြီး နောင်တရတတ်ကြပါတယ်။

အဲဒီလို မဖြစ်ဖို့ ကျွန်တော်တို့ စိတ်ထဲမှာ ငါးမန်းတကောင် ထည့်ထားပေးသင့် ပါတယ်။ အဲဒီ ငါးမန်းဆိုတာ ဥပမာပါ။ ကိုယ့်ကို ပျင်းရိ ငြီးငွေ့ပြီး သက်သာသလို နေတတ်တဲ့ စိတ်ကို ကြိုးစား ရုန်းကန်စေမယ့် လှုံဆော်မှု ပေးခြင်းကို ပြောတာပါ။

စိတ်ကို ဘယ်လို လှုံ့ဆော်ပေးရမလဲ။ ကိုယ့်ကိုယ်ကို မေးခွန်းတွေ မေးကြည့်ကြရအောင်ပါ။ ကိုယ်ဟာ ဘာအတွက် လူဖြစ်လာတာလဲ။ လောကကြီးကို ကောင်းကျိုးပြုဖို့လား။ ဆိုးကျိုးပေးဖို့လား။ လောကကြီးနဲ့ လူသားတွေအတွက် ဘာလုပ်ပေးရမလဲ။

သေသွားရင် ပတ်ဝန်းကျင်က ကိုယ့်အကြောင်း ဘာပြောကြမလဲ။ အကောင်း ပြောကြမလား။ အဆိုး ပြောကြမလား။ ဒါမှမဟုတ် မွေးဖွားလာစဉ်ကနေ သေဆုံး သွားချိန်အထိ ဘယ်သူမှ သတိမထားမိတဲ့ လူတယောက်လား။

Crd

Zawgyi

ငါးမႏ္းတေကာင္ ထည့္ထားပါ

ဂ်ပန္ လူမ်ိဳးေတြဟာ ငါးကို အလြန္ ႀကိဳက္ၾကတယ္။ ဒါေပမဲ့ ဂ်ပန္ႏိုင္ငံနားက ပင္လယ္မွာ ငါးမရွိပါဘူး။ ဒါေၾကာင့္ ဂ်ပန္တံငါသည္ဟာ ႏိုင္ငံနဲ႔ အေတာ္ေဝးေဝးက ပင္လယ္ျပင္မွာ ငါးေတြကို ပိုက္ကြန္နဲ႔ သြားဖမ္းၾကတယ္။ ဖမ္းမိတဲ့ ငါးေတြကို ေလွေတြရဲ႕ ဝမ္းဗိုက္ေတြမွာ ထည့္ထားၾကတယ္။

ငါးဖမ္းေလွေတြ ရက္အတန္ ၾကာမွာ ဂ်ပန္ႏိုင္ငံကို ျပန္ေရာက္ေတာ့ ဖမ္းလာတဲ့ ငါးေတြအားလုံး ေသကုန္ၾကပါၿပီ။ ဂ်ပန္လူမ်ိဳးေတြဟာ ေသေနတဲ့ ငါးေတြကို မစားၾကဘူး။ ဒီျပႆနာကို ေျဖရွင္းဖို႔ ဂ်ပန္ငါးဖမ္းသမား ေတြဟာ ေရခဲေတြ ထည့္ထားတဲ့ ေသတၱာေတြကို ေလွေတြေပၚမွာ တင္ၿပီး ပင္လယ္ျပင္မွာ ငါးသြား ဖမ္းၾကျပန္တယ္။

ဖမ္းလို႔ ရတဲ့ ငါးေတြကို ေသတၱာေတြထဲမွာ ေရခဲစိမ္ ထားလိုက္ၾကတယ္။ ဒါေပမယ့္ ဂ်ပန္လူမ်ိဳးေတြဟာ လတ္လတ္ ဆတ္ဆတ္ မဟုတ္တဲ့ ေရခဲစိမ္ ငါးေတြရဲ႕ အရသာကို မႀကိဳက္ၾကဘူး။ ေရခဲစိမ္ ငါးေတြဟာ လတ္လတ္ဆတ္ဆတ္ ငါးေတြေလာက္ ေဈးမရၾကဘူး။

ဒီတခါမွာ ဂ်ပန္ငါးဖမ္း ကုမၸဏီေတြဟာ သူတို႔ စက္ေလွႀကီးေတြေပၚမွာ ငါးေတြ ထည့္ဖို႔ ေရတိုင္ကီႀကီးေတြ တင္ၿပီး ပင္လယ္ ျပင္ကို ငါးဖမ္းထြက္ၾက ျပန္တယ္။ ဖမ္းမိတဲ့ ငါးအရွင္ေတြကို ေရျဖည့္ထားတဲ့ တိုင္ကီေတြထဲမွာ ထည့္ထားလိုက္ၾကတယ္။

ငါးေတြဟာ ေရတိုင္ကီေတြထဲမွာ ေရကူးခတ္ ေနၾကေပမယ့္ ရက္အနည္းငယ္ ၾကာေတာ့ ေမာပန္းၿပီး ေရမကူး ၾကေတာ့ဘဲ တိုင္ကီထဲမွာ ၿငိမ္ေနၾကတယ္။ ဂ်ပန္ႏိုင္ငံ ျပန္ေရာက္ေတာ့ ငါးေတြ မေသၾကပါဘူး။ ဒါေပမဲ့ ဂ်ပန္လူမ်ိဳးေတြဟာ ရက္အတန္ၾကာ မလႈပ္မရွက္ ၿငိမ္ေနၾကတဲ့ ငါးေတြရဲ႕ အရသာကို သိၾကတယ္။ အဲဒီငါးေတြကို လူေတြ မႀကိဳက္ ၾကလို႔ ေဈးေကာင္းေကာင္း မရဘူး။

ေရခဲစိမ္ငါး၊ ေရထဲမွာ မလႈပ္မယွက္ ၿငိမ္ေနတဲ့ ငါးေတြကို မႀကိဳက္ၾကတဲ့ ဂ်ပန္လူမ်ိဳးေတြ အတြက္ ဂ်ပန္ငါးဖမ္း ကုမၸဏီေတြဟာ ဘယ္လိုလုပ္ရမလဲ ေတြးေတာ ႀကံဆၾကရင္း ေနာက္ဆုံးမွာ အေျဖကို ရွာေတြ႕လိုက္ ၾကတယ္။

ငါးဖမ္းကုမၸဏီေတြဟာ သူတို႔ စက္ေလွေတြေပၚမွာ အရင္လိုပဲ ေရတိုင္ကီႀကီးေတြ တင္ေဆာင္ၿပီး ပင္လယ္ျပင္ကို ငါးဖမ္း ထြက္ၾကျပန္တယ္။ ဖမ္းမိတဲ့ ငါးေတြကို အရင္လိုပဲ ေရတိုင္ကီႀကီး ေတြထဲမွာ ထည့္ထားလိုက္ၾကတယ္။ ဒီတခါေတာ့ ေရတိုင္ကီထဲက ငါးေတြဟာ ရက္အေတာ္ၾကာအထိ မရပ္နား ကူးခတ္ေနၾက ပါေတာ့တယ္။ ဘာျဖစ္လို႔လဲ။

ေရတိုင္ကီတိုင္းမွာ ငါးမန္း အေသးစားေလး တေကာင္စီ ထည့္ထားေပးတယ္။ ငါးမန္းဟာ တိုင္ကီထဲ ေရာက္လာတဲ့ ငါးေလးေတြ အနည္း ငယ္ စားေသာက္ၿပီး ဗိုက္ဝလို႔ တိုင္ကီထဲမွာ လွည့္ပတ္ ကူးခတ္ေနတယ္။ တိုင္ကီထဲက ငါးေတြဟာ ငါးမန္းကို ေၾကာက္လို႔ တိုင္ကီေတြ ထဲမွာ မရပ္မနား ကူးခတ္ေနၾကတယ္။

စက္ေလွေတြ ဂ်ပန္ႏိုင္ငံကို ျပန္ေရာက္ေတာ့ လတ္ဆတ္ၿပီး လႈပ္ရွား ကူးခတ္ေနၾကတဲ့ ငါးေတြရဲ႕ အရသာကို ဂ်ပန္ေတြ အလြန္ႀကိဳက္လို႔ ေဈးေကာင္းရၾကတယ္။

ကြၽန္ေတာ္တို႔ေတြဟာလည္း ရက္အတန္ၾကာ မကူးခတ္ မလႈပ္ရွားၾကတဲ့ ေရတိုင္ကီထဲက ငါးေတြလို ျဖစ္တတ္ၾကပါတယ္။ ဘဝမွာ ႀကိဳးစားမႈေတြ မလုပ္ၾကေတာ့ဘဲ ရွိတာေလးနဲ႔ တင္းတိမ္ေက်နပ္ၿပီး ေနတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း ဘဝမွာ တိုးတက္ ေအာင္ျမင္မႈ မရၾကေတာ့ပါဘူး။ အသက္ႀကီးလာၿပီး ေနစရာ စားစရာမရွိတဲ့ ဘဝေရာက္မွ ငယ္ငယ္က မႀကိဳးစားခဲ့လို႔ပဲ ဆိုၿပီး ေနာင္တရတတ္ၾကပါတယ္။

အဲဒီလို မျဖစ္ဖို႔ ကြၽန္ေတာ္တို႔ စိတ္ထဲမွာ ငါးမန္းတေကာင္ ထည့္ထားေပးသင့္ ပါတယ္။ အဲဒီ ငါးမန္းဆိုတာ ဥပမာပါ။ ကိုယ့္ကို ပ်င္းရိ ၿငီးေငြ႕ၿပီး သက္သာသလို ေနတတ္တဲ့ စိတ္ကို ႀကိဳးစား ႐ုန္းကန္ေစမယ့္ လႈံေဆာ္မႈ ေပးျခင္းကို ေျပာတာပါ။

စိတ္ကို ဘယ္လို လႈံ႕ေဆာ္ေပးရမလဲ။ ကိုယ့္ကိုယ္ကို ေမးခြန္းေတြ ေမးၾကည့္ၾကရေအာင္ပါ။ ကိုယ္ဟာ ဘာအတြက္ လူျဖစ္လာတာလဲ။ ေလာကႀကီးကို ေကာင္းက်ိဳးျပဳဖို႔လား။ ဆိုးက်ိဳးေပးဖို႔လား။ ေလာကႀကီးနဲ႔ လူသားေတြအတြက္ ဘာလုပ္ေပးရမလဲ။

ေသသြားရင္ ပတ္ဝန္းက်င္က ကိုယ့္အေၾကာင္း ဘာေျပာၾကမလဲ။ အေကာင္း ေျပာၾကမလား။ အဆိုး ေျပာၾကမလား။ ဒါမွမဟုတ္ ေမြးဖြားလာစဥ္ကေန ေသဆုံး သြားခ်ိန္အထိ ဘယ္သူမွ သတိမထားမိတဲ့ လူတေယာက္လား။

Crd

Post a Comment

0 Comments