ဝေဖန်မစောပါနဲ့

ဆရာဝန်တယောက်က အရေးပေါ် ခွဲစိတ်စရာ ရှိတဲ့အတွက်ကြောင့် ဆေးရုံထဲ မောပန်းတကြီးနဲ့ ဝင်ချလာပါတယ်။ ခွဲစိတ်ခန်းထဲ မဝင်မီ ခွဲစိတ်ခံရမယ့် လူနာကလေးရဲ့အဖေဟာ ဆရာဝန်အလာကို စိတ်ပူပန်စွာ ထိုင်စောင့်နေတာကို တွေ့လိုက်ပါတယ်။

အဲဒီ့အချိန်မှာပဲ လူနာကလေးရဲ့အဖေဟာ ဆရာဝန်ကို ‌ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ "လူတဖက်သားရဲ့ အသက်အန္တရာယ်ကို ကုသဖို့တာဝန်ယူထားပြီး ဘာလို့ နောက်ကျနေရတာလဲ၊ တကယ်လို့များ ငါ့သား တခုခု ဖြစ်သွားခဲ့ရင် မင်းတာဝန်ပဲ" လို့ ပြောလိုက်ပါတယ်။

"ဟုတ်ကဲ့ခင်ဗျာ၊ တောင်းပန်ပါတယ်။ ကျွန်တော်လည်း ဖုန်းရရခြင်း လာခဲ့တာပါပဲ။ စိတ်အေးအေးထားမှ ကျွန်တော်လည်း ခွဲစိတ်ခန်းကို စိတ်အေးလက်အေးနဲ့ ဝင်လို့ရမှာပါ" လို့ ဆရာဝန်က ဖြောင်းဖျလိုက် ပါတယ်။ ဒါပေမယ့် လူနာကလေးရဲ့အဖေကတော့ ဒေါသတကြီး ဖြစ်နေတုန်ပါပဲ။

ခွဲစိတ်ပြီးတဲ့အခါ ဆရာဝန်က ခွဲခန်းထဲက ထွက်လာပြီး စိတ်ပူနေတဲ့ အဖေကို ပြောလိုက်ပါတယ်။ "ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပေးထားပါတယ်၊ ခင်ဗျားသားရဲ့ အသက်ကို ကယ်နိုင်ပါပြီ" လို့ ပြောလိုက်ပြီး လူနာရှင် ကလေးအဖေရဲ့ စကားကိုတောင် ဆုံးအောင် နားမထောင်နိုင်တော့ဘဲ ဆေးရုံထဲကနေ ပြေးထွက်သွားပါတယ်။

မေးခွန်းတွေ မေးချင်နေတဲ့ လူနာကလေးအဖေရဲ့ အနားကို သူနာပြုဆရာမ ရောက်လာပါတယ်။ သူနာပြုဆရာမရဲ့ စကားကို ကြားတဲ့ အခါမှာ ကလေးအဖေဟာ ဝမ်းနည်းဆွံ့အ သွားပါတော့တယ်။

"တကယ်တော့ ဆရာ့သားလေးဟာ မနေ့ကပဲ ကားအက်စီးဒင့် ဖြစ်ပြီး ဆုံးသွားခဲ့တာပါ။ ဆရာ့သားလေးရဲ့ အသုဘ အခမ်းအနားမှာ ကျွန်မတို့က ဦးလေးသား ခွဲစိပ်ဖို့အတွက် ဆရာ့ကို ဖုန်းဆက်ခေါ်ခဲ့တာ ပါပဲ။

အခု ဦးလေးသားရဲ့အသက်ကို ကယ်ပေးနိုင်ခဲ့ပေမယ့် ဆရာက သူ့သားလေးရဲ့ အသက်ကိုတော့ မကယ်ပေးနိုင်ခဲ့လို့ စိတ်မကောင်း ဖြစ်နေခဲ့တာပါ။ အခုလည်း သူ့သားရဲ့မျက်နှာကို နောက်ဆုံးမြင်ရမယ့် အသုဘ အခမ်းအနားကို ပြန်ပြေးသွားတာပါ" တဲ့။

ပုံပြင်ရဲ့အနှစ်ချုပ် ကတော့ တခါတလေမှာ ကျွန်တော်တို့တွေဟာ ကိုယ်ဖြစ်လိုတာကိုသာ တွေးပြီး တဖက်လူရဲ့အခြေအနေမျိုး တွေကို ထည့်မတွေးမိတတ် ကြပါဘူး။

ကိုယ်က အရေးပေါ် သေရေးရှင်ရေးရယ်လို့ ဖြစ်နေချိန်မှာ ကိုယ့်ကို မကူညီခဲ့ရင် စိတ်ကွက်တတ် ကြပေမယ့် တဖက်လူမှာရော ဘယ်လိုအခက်အခဲတွေ ရှိနေမလဲ ဆိုတာမျိုးတွေ ထည့်တွေးပေးဖို့ လိုပါတယ်။

အဲဒီလို ထည့်တွေးတတ်သွားမယ် ဆိုရင် တချို့သော ကိစ္စတွေမှာ နောင်တရမယ့် အဖြစ်ကနေ ကင်း‌‌ဝေးသွားမှာ အမှန်ပါပဲ။

Crd

Zawgyi

ေဝဖန္မေစာပါနဲ႔

ဆရာဝန္တေယာက္က အေရးေပၚ ခြဲစိတ္စရာ ရွိတဲ့အတြက္ေၾကာင့္ ေဆး႐ုံထဲ ေမာပန္းတႀကီးနဲ႔ ဝင္ခ်လာပါတယ္။ ခြဲစိတ္ခန္းထဲ မဝင္မီ ခြဲစိတ္ခံရမယ့္ လူနာကေလးရဲ႕အေဖဟာ ဆရာဝန္အလာကို စိတ္ပူပန္စြာ ထိုင္ေစာင့္ေနတာကို ေတြ႕လိုက္ပါတယ္။

အဲဒီ့အခ်ိန္မွာပဲ လူနာကေလးရဲ႕အေဖဟာ ဆရာဝန္ကို ‌ေဒါသတႀကီး ေအာ္ဟစ္လိုက္ပါတယ္။ "လူတဖက္သားရဲ႕ အသက္အႏၲရာယ္ကို ကုသဖို႔တာဝန္ယူထားၿပီး ဘာလို႔ ေနာက္က်ေနရတာလဲ၊ တကယ္လို႔မ်ား ငါ့သား တခုခု ျဖစ္သြားခဲ့ရင္ မင္းတာဝန္ပဲ" လို႔ ေျပာလိုက္ပါတယ္။

"ဟုတ္ကဲ့ခင္ဗ်ာ၊ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္လည္း ဖုန္းရရျခင္း လာခဲ့တာပါပဲ။ စိတ္ေအးေအးထားမွ ကြၽန္ေတာ္လည္း ခြဲစိတ္ခန္းကို စိတ္ေအးလက္ေအးနဲ႔ ဝင္လို႔ရမွာပါ" လို႔ ဆရာဝန္က ေျဖာင္းဖ်လိုက္ ပါတယ္။ ဒါေပမယ့္ လူနာကေလးရဲ႕အေဖကေတာ့ ေဒါသတႀကီး ျဖစ္ေနတုန္ပါပဲ။

ခြဲစိတ္ၿပီးတဲ့အခါ ဆရာဝန္က ခြဲခန္းထဲက ထြက္လာၿပီး စိတ္ပူေနတဲ့ အေဖကို ေျပာလိုက္ပါတယ္။ "ကြၽန္ေတာ္တို႔ အေကာင္းဆုံး ႀကိဳးစားေပးထားပါတယ္၊ ခင္ဗ်ားသားရဲ႕ အသက္ကို ကယ္ႏိုင္ပါၿပီ" လို႔ ေျပာလိုက္ၿပီး လူနာရွင္ ကေလးအေဖရဲ႕ စကားကိုေတာင္ ဆုံးေအာင္ နားမေထာင္ႏိုင္ေတာ့ဘဲ ေဆး႐ုံထဲကေန ေျပးထြက္သြားပါတယ္။

ေမးခြန္းေတြ ေမးခ်င္ေနတဲ့ လူနာကေလးအေဖရဲ႕ အနားကို သူနာျပဳဆရာမ ေရာက္လာပါတယ္။ သူနာျပဳဆရာမရဲ႕ စကားကို ၾကားတဲ့ အခါမွာ ကေလးအေဖဟာ ဝမ္းနည္းဆြံ႕အ သြားပါေတာ့တယ္။

"တကယ္ေတာ့ ဆရာ့သားေလးဟာ မေန႔ကပဲ ကားအက္စီးဒင့္ ျဖစ္ၿပီး ဆုံးသြားခဲ့တာပါ။ ဆရာ့သားေလးရဲ႕ အသုဘ အခမ္းအနားမွာ ကြၽန္မတို႔က ဦးေလးသား ခြဲစိပ္ဖို႔အတြက္ ဆရာ့ကို ဖုန္းဆက္ေခၚခဲ့တာ ပါပဲ။

အခု ဦးေလးသားရဲ႕အသက္ကို ကယ္ေပးႏိုင္ခဲ့ေပမယ့္ ဆရာက သူ႔သားေလးရဲ႕ အသက္ကိုေတာ့ မကယ္ေပးႏိုင္ခဲ့လို႔ စိတ္မေကာင္း ျဖစ္ေနခဲ့တာပါ။ အခုလည္း သူ႔သားရဲ႕မ်က္ႏွာကို ေနာက္ဆုံးျမင္ရမယ့္ အသုဘ အခမ္းအနားကို ျပန္ေျပးသြားတာပါ" တဲ့။

ပုံျပင္ရဲ႕အႏွစ္ခ်ဳပ္ ကေတာ့ တခါတေလမွာ ကြၽန္ေတာ္တို႔ေတြဟာ ကိုယ္ျဖစ္လိုတာကိုသာ ေတြးၿပီး တဖက္လူရဲ႕အေျခအေနမ်ိဳး ေတြကို ထည့္မေတြးမိတတ္ ၾကပါဘူး။

ကိုယ္က အေရးေပၚ ေသေရးရွင္ေရးရယ္လို႔ ျဖစ္ေနခ်ိန္မွာ ကိုယ့္ကို မကူညီခဲ့ရင္ စိတ္ကြက္တတ္ ၾကေပမယ့္ တဖက္လူမွာေရာ ဘယ္လိုအခက္အခဲေတြ ရွိေနမလဲ ဆိုတာမ်ိဳးေတြ ထည့္ေတြးေပးဖို႔ လိုပါတယ္။ အဲဒီလို ထည့္ေတြးတတ္သြားမယ္ ဆိုရင္ တခ်ိဳ႕ေသာ ကိစၥေတြမွာ ေနာင္တရမယ့္ အျဖစ္ကေန ကင္း‌‌ေဝးသြားမွာ အမွန္ပါပဲ။

Crd

Post a Comment

0 Comments