အာဇာနည်မြင်းပျိုလေး

တခါတုန်းက တန့ကို မိုင်တထာင် သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေး တကောင် ရှိတယ်။ သူဟာ သူ့ရဲ့ အရည်အချင်းကို ဖော်ထုတ်ပြသဖို့ အခွင့်အရေးကို စောင့်နေတယ်။ ကုန်သည် လာပြောတယ် "မင်းငါနဲ့လိုက်နိုင်မလား"

မြင်းက ခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ ကုန်သည်နောက် လိုက်ပြီး ကုန်ထမ်းရမှာလဲ"

စစ်သားတယောက်က လာပြောတယ်။ "မင်းငါနဲ့လိုက်နိုင်မလား"

မြင်းက ခေါင်းခါတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘာဖြစ်လို့ သာမာန်စစ်သား တယောက်နောက် လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ"

မုဆိုးက လာပြောတယ်။ "မင်း ငါနဲ့ လိုက်နိုင်မလား"

မြင်းက ခေါင်းခါတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ မုဆိုးနဲ့ အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ"

ဒီလိုနဲ့ တနေ့ပြီးတနေ့ ကုန်ဆုံးသွားတယ်။ အာဇာနည်မြင်းကတော့ သူနဲ့ တန်တဲ့အလုပ် ရှာမတွေ့သေးဘူး။

တနေ့ ဘုရင်မင်းမြတ် အမိန့်နဲ့ စစ်သူကြီးတယောက်ဟာ အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေတယ်။ ထိုအခါ အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်။ "ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ"

စစ်သူကြီးက "ဒါဆို မင်း ငါတို့တိုင်းပြည်ရဲ့ တောတောင် ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား" လို့ မေးတယ်။ မြင်းက ခေါင်းခါတယ်။ စစ်သူကြီးက ထပ်ပြီး "ဒါဆို မင်းစစ်ပွဲ ဝင်ဖူးသလား၊ စစ်ပွဲအတွေ့အကြုံ ရှိသလား" လို့ မေးတယ်။ မြင်းက ခေါင်းထပ်ခါတယ်။

စစ်သူကြီးက "ဒါဆို မင်းတောထဲ တောင်ထဲမှာ သားကောင်တွေနဲ့ တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား" လို့ မေးတယ်။ မြင်းက ခေါင်းထပ်ခါတယ်။ စစ်သူကြီးက ပြောတယ်။ "ဒါဆို မင်း ဘာအသုံးကျသေးသလဲ"

မြင်းကပြောတယ်။ "ကျနော်ဟာ နေ့ဘက်ဆို မိုင်တထောင် သွားနိုင်ပြီး ညဘက်ဆို မိုင် ရှစ်ရာ သွားနိုင်တယ်။ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်"

စစ်သူကြီးက မြင်းပေါ် ခွတက်စီး လိုက်ပါတယ်။ မြင်းက အားစိုက်ပြီး တဟုန်ထိုး ပြေးလိုက်တယ်။ ဒါပေမယ့် ၁၀ လှမ်း လောက်ပဲ ပြေးရသေးတယ် အမောဟိုက်ပြီး ကျောမှာ ချွေးပျံလာတယ်။ "မင်းအိုသွားပြီ၊ မပြေးနိုင်တော့ဘူး" ဟု ဆိုကာ စစ်သူကြီးက လှည့်ထွက်သွား လေတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီနေ့ သင်ပြုလုပ်တဲ့ ကိစ္စတခုစီတိုင်းဟာ သာမန် ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တချိန်အတွက် အင်အားလေး တခုဆိုတာ သိထားပါ။ ဒီနေ့ သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ် အတွက် အုတ်မြစ်ချပ်လေးတွေပါ။

အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တ မရပါနဲ့။ လှေက ကမ်းမှာ ကပ်ထားရင် အန္တာရာယ် အကင်းဆုံးပဲ။ ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ လူက အိမ်မှာနေရင် အသက်သာဆုံးပါပဲ။ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။

ပညာက အရည်အချင်းကို ကိုယ်စား မပြုပါဘူး။ စာပေက ယဉ်ကျေးမှုကို ကိုယ်စား မပြုပါဘူး။ မနေ့က ကျော်ဇောခဲ့တဲ့ အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်တချို့ ဖြစ်သွားပါပြီ။ ဒါ့ကြောင့် အရေးကြီးတာ မနေ့က သင် ဘယ်သူလဲ မဟုတ်ပါဘူး၊ ဒီနေ့ သင် ဘယ်သူလဲ ဆိုတာပါ။ ပိုပြီး အရေးကြီးတာ ဒီနေ့ သင် ဘာလုပ်သလဲ၊ မနက်ဖြန် သင် ဘာဖြစ်မလဲ ဆိုတာပါ။

Crd Nay Thway

Zawgyi

အာဇာနည္ျမင္းပ်ိဳေလး

တခါတုန္းက တန႔ကို မိုင္တထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းပ်ိဳေလး တေကာင္ ရွိတယ္။ သူဟာ သူ႔ရဲ႕ အရည္အခ်င္းကို ေဖာ္ထုတ္ျပသဖို႔ အခြင့္အေရးကို ေစာင့္ေနတယ္။ ကုန္သည္ လာေျပာတယ္ "မင္းငါနဲ႔လိုက္ႏိုင္မလား"

ျမင္းက ေခါင္းခါၿပီး ေျပာတယ္။ "ငါက တေန႔ မိုင္တေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ။ ဘယ္လိုျဖစ္လို႔ ကုန္သည္ေနာက္ လိုက္ၿပီး ကုန္ထမ္းရမွာလဲ"

စစ္သားတေယာက္က လာေျပာတယ္။ "မင္းငါနဲ႔လိုက္ႏိုင္မလား"

ျမင္းက ေခါင္းခါတယ္။ "ငါက တေန႔ မိုင္တေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ။ ဘာျဖစ္လို႔ သာမာန္စစ္သား တေယာက္ေနာက္ လိုက္ၿပီး တိုက္ပြဲ ဝင္ရမွာလဲကြ"

မုဆိုးက လာေျပာတယ္။ "မင္း ငါနဲ႔ လိုက္ႏိုင္မလား"

ျမင္းက ေခါင္းခါတယ္။ "ငါက တေန႔ မိုင္တေထာင္ သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ။ ဘယ္လိုျဖစ္လို႔ မုဆိုးနဲ႔ အတူတူ ပင္ပန္းဆင္းရဲမႈဒဏ္ ခံရမွာလဲကြ"

ဒီလိုနဲ႔ တေန႔ၿပီးတေန႔ ကုန္ဆုံးသြားတယ္။ အာဇာနည္ျမင္းကေတာ့ သူနဲ႔ တန္တဲ့အလုပ္ ရွာမေတြ႕ေသးဘူး။

တေန႔ ဘုရင္မင္းျမတ္ အမိန႔္နဲ႔ စစ္သူႀကီးတေယာက္ဟာ အာဇာနည္ျမင္းကို လိုအပ္ေၾကာင္း ေနရာအႏွံ႔ ေၾကာ္ျငာစာမ်ား ကပ္ကာ လိုက္ရွာေလတယ္။ ထိုအခါ အာဇာနည္ျမင္းက စစ္သူႀကီးဆီ သြားေတြ႕ၿပီး ေျပာတယ္။ "က်ေနာ္က ခင္ဗ်ားတို႔ ရွာေနတဲ့ အာဇာနည္ျမင္းပါ"

စစ္သူႀကီးက "ဒါဆို မင္း ငါတို႔တိုင္းျပည္ရဲ႕ ေတာေတာင္ ေရေျမနဲ႔ လမ္းေတြကို ႏွံ႔စပ္လား" လို႔ ေမးတယ္။ ျမင္းက ေခါင္းခါတယ္။ စစ္သူႀကီးက ထပ္ၿပီး "ဒါဆို မင္းစစ္ပြဲ ဝင္ဖူးသလား၊ စစ္ပြဲအေတြ႕အႀကဳံ ရွိသလား" လို႔ ေမးတယ္။ ျမင္းက ေခါင္းထပ္ခါတယ္။

စစ္သူႀကီးက "ဒါဆို မင္းေတာထဲ ေတာင္ထဲမွာ သားေကာင္ေတြနဲ႔ ေတြ႕တဲ့အခါ သခင့္အတြက္ ရင္ဆိုင္ တိုက္ခိုက္ၿပီး ႐ုန္းထြက္ရဲသလား" လို႔ ေမးတယ္။ ျမင္းက ေခါင္းထပ္ခါတယ္။ စစ္သူႀကီးက ေျပာတယ္။ "ဒါဆို မင္း ဘာအသုံးက်ေသးသလဲ"

ျမင္းကေျပာတယ္။ "က်ေနာ္ဟာ ေန႔ဘက္ဆို မိုင္တေထာင္ သြားႏိုင္ၿပီး ညဘက္ဆို မိုင္ ရွစ္ရာ သြားႏိုင္တယ္။ ေလအဆန္မွာ အစုန္ထက္ေတာင္မွ အေျပးျမန္ေသးတယ္"

စစ္သူႀကီးက ျမင္းေပၚ ခြတက္စီး လိုက္ပါတယ္။ ျမင္းက အားစိုက္ၿပီး တဟုန္ထိုး ေျပးလိုက္တယ္။ ဒါေပမယ့္ ၁၀ လွမ္း ေလာက္ပဲ ေျပးရေသးတယ္ အေမာဟိုက္ၿပီး ေက်ာမွာ ေခြၽးပ်ံလာတယ္။ "မင္းအိုသြားၿပီ၊ မေျပးႏိုင္ေတာ့ဘူး" ဟု ဆိုကာ စစ္သူႀကီးက လွည့္ထြက္သြား ေလေတာ့သည္။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ ဒီေန႔ သင္ျပဳလုပ္တဲ့ ကိစၥတခုစီတိုင္းဟာ သာမန္ ႀကိဳးစားေနတယ္ ထင္ရေပမယ့္ ေနာင္တခ်ိန္အတြက္ အင္အားေလး တခုဆိုတာ သိထားပါ။ ဒီေန႔ သင္ျဖတ္ေက်ာ္ရတဲ့ စိတ္ဆင္းရဲတဲ့ အေတြ႕အႀကဳံတိုင္း၊ ျငင္းပယ္မႈတိုင္းဟာ အနာဂတ္ အတြက္ အုတ္ျမစ္ခ်ပ္ေလးေတြပါ။

အိုသြားတဲ့အခ်ိန္ မေျပးႏိုင္ေတာ့မွ မေျပးခဲ့ရလားလို႔ ေနာင္တ မရပါနဲ႔။ ေလွက ကမ္းမွာ ကပ္ထားရင္ အႏၲာရာယ္ အကင္းဆုံးပဲ။ ဒါေပမယ့္ အဲဒါက ေလွတည္ေဆာက္ခဲ့တဲ့ ရည္႐ြယ္ခ်က္ မဟုတ္ဘူး။ လူက အိမ္မွာေနရင္ အသက္သာဆုံးပါပဲ။ ဒါေပမယ့္ အဲဒါက လူျဖစ္လာရတဲ့ ရည္႐ြယ္ခ်က္ မဟုတ္ပါဘူး။

ပညာက အရည္အခ်င္းကို ကိုယ္စား မျပဳပါဘူး။ စာေပက ယဥ္ေက်းမႈကို ကိုယ္စား မျပဳပါဘူး။ မေန႔က ေက်ာ္ေဇာခဲ့တဲ့ အရာဟာ ဒီေန႔မွာ အတိတ္နဲ႔ မွတ္ဉာဏ္တခ်ိဳ႕ ျဖစ္သြားပါၿပီ။ ဒါ့ေၾကာင့္ အေရးႀကီးတာ မေန႔က သင္ ဘယ္သူလဲ မဟုတ္ပါဘူး၊ ဒီေန႔ သင္ ဘယ္သူလဲ ဆိုတာပါ။ ပိုၿပီး အေရးႀကီးတာ ဒီေန႔ သင္ ဘာလုပ္သလဲ၊ မနက္ျဖန္ သင္ ဘာျဖစ္မလဲ ဆိုတာပါ။

Crd Nay Thway

Post a Comment

0 Comments