နှင်းဆီပန်းရဲ့ ဒဏ္ဍာရီ

နှင်းဆီပန်းနဲ့ သူ့ရဲ့ ဆူးတွေ အကြောင်းကို ဂရိဒဏ္ဍာရီ ပုံပြင်လေးက ဒီလို ဆိုပါတယ်။ တနေ့မှာ အချစ်နတ်သား လမ်းလျှောက်နေရင်း နှင်းဆီပန်းကို တွေ့တယ်။ အဲဒီတုန်းက နှင်းဆီပန်းဟာ အဖြူရောင် ဖြစ်တယ်။ မွှေးကြိုင်ပြီး ရည်မွန် ကျက်သရေ ရှိတယ်။

အချစ်နတ်သားက ပန်းကလေး လှလိုက်တာ ဆိုပြီး ခူးဖို့ လက်လှမ်းလိုက်တာ မထင်မှတ်ဘဲ ပန်းကြားထဲကနေ ပျားတကောင် ရုတ်တရက် ပျံထွက်လာလို့ အချစ်နတ်သား လန့်သွားခဲ့တယ်။ လန့်သွားတဲ့ အချစ်နတ်သားဟာ မြားထုတ်ပြီး နှင်းဆီပန်းကို ပစ်ထည့်လိုက်တယ်။

အဲဒီက စပြီး နှင်းဆီပန်းရိုးမှာ ဆူးတွေ ပြည့်သွားခဲ့ ပါတော့တယ်။ အဲဒီဆူးတွေက အချစ်နတ်သား ပစ်လိုက်တဲ့ မြားပဲ ဖြစ်တယ်။

မကြာခင်မှာပဲ အချစ်နတ်သားဟာ နှင်းဆီပန်းကို ခူးဖို့ လက်ကို ရွယ်ပြန်တယ်။ မြားအသွင် ပြောင်းထားတဲ့ ဆူးတွေက သူ့လက်ညှိုးကို စူးမိပြန်ပြီး ပွင့်ဖတ်ပေါ် သွေးစက်တွေ ကျသွားခဲ့တယ်။ အဲဒီကစပြီး နှင်းဆီပန်းဟာ အနီရောင် ပြောင်းသွားခဲ့တယ်။

အနီရောင်သွေး၊ အချစ်နတ်သားရဲ့ မြားနဲ့ အချစ်။ ဒါတွေအားလုံး ပေါင်းစပ်ပြီး "အချစ်ရဲ့ ကိုယ်စားလှယ်" နှင်းဆီ ဆိုတာ ဖြစ်လာခဲ့တယ်။

ကမ္ဘာမြေပေါ်ကို လူတွေ မရောက်လာခင်တုန်းက နှင်းဆီရဲ့ ဆူးက ကြီးပြီး မာတယ်။ သူ ဆူးရှိရတာကလည်း တခြား အပင်တွေလို မိမိကိုယ်ကို ကာကွယ်ဖို့၊ ပြင်ပက ကျူးကျော်လာသူ နည်းဖို့ ဖြစ်တယ်။ သူ့ဘေး ပတ်ဝန်းကျင်က အရွက်စား တိရစ္ဆာန်နဲ့ ပိုးမွှားတွေကို သူနဲ့ ခပ်ဝေးဝေး နေဖို့ သတိပေးတာ ဖြစ်တယ်။

နှင်းဆီဟာ ချစ်ကြောင်းကို ပြတဲ့ စကားလုံးအဖြစ် ဂုဏ်တိုးမြှင့် သွားပြီးတဲ့ နောက်မှာလည်း နှင်းဆီရိုးပေါ်မှာ ဆူးတွေ ရှိနေဆဲ ဖြစ်တယ်။ ဆူးနဲ့ အချစ်ကို သတိပေးဖို့ မျှော်လင့်ပုံ ရတယ်။

"အချစ်" ဆိုတဲ့ စကားလုံးကို လူတွေ အသုံးပြုချိန်မှာ သတိရှိဖို့ ဖြစ်ပါလိမ့်မယ်။ ပြင်ပရန် ကာကွယ်ဖို့၊ သတိပေးဖို့ ကိုယ့်ရဲ့ဆူးက လူတွေရဲ့ မျက်စိထဲမှာ ကိုးရိုးကားရား နိုင်လိမ့်မယ်လို့ နှင်းဆီ ထင်ခဲ့မှာ မဟုတ်ပါဘူး။

လူတော်တော် များများက နှင်းဆီမှာ ဆူးရှိလို့ ဆိုပြီး မကျေမနပ် ဆိုညည်းကြတယ်။ တကယ်လို့ ဆူးတွေကြားမှာ ပွင့်လန်းလာတဲ့ နှင်းဆီကို ညွန်(နွံ)ထဲကနေ ပွင့်လန်းလာတဲ့ ကြာဖြူအဖြစ် တွေ့မြင်ပေးကြရင်တော့ ဘယ်လောက်များ ကျေးဇူးတရားကြီးမား လိမ့်မလဲလေ။

နှင်းဆီကို ချစ်တဲ့သူကတော့ နှင်းဆီရဲ့ ဆူးနဲ့ ဆူးစူးခံရမယ့် ဒဏ်ကို ခံနိုင်ကြပါတယ်။ တကယ်လို့ လူတယောက်ကို ချစ်ရင်လည်း သူ့ရဲ့အကောင်း အဆိုး အားလုံးကို လက်ခံရမှာပဲ မဟုတ်လား။ ဒီလောကမှာ လုံးဝ ပြီးပြည့်စုံတဲ့ အရာဆိုတာ မရှိသလို ခြောက်ပြစ်ကင်း တဲ့သူ ဆိုတာလည်း မရှိလို့လေ။

နိုင်းနိုင်းစနေရဲ့ "နှလုံးသားနက်နက်မှာ ပွင့်တဲ့ပန်း" စာအုပ်လေးထဲမှ "နှင်းဆီစကား" ဆိုတဲ့ စာလေးကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

Phoomyatchal

Zawgyi

ႏွင္းဆီပန္းရဲ႕ ဒ႑ာရီ

ႏွင္းဆီပန္းနဲ႔ သူ႔ရဲ႕ ဆူးေတြ အေၾကာင္းကို ဂရိဒ႑ာရီ ပုံျပင္ေလးက ဒီလို ဆိုပါတယ္။ တေန႔မွာ အခ်စ္နတ္သား လမ္းေလွ်ာက္ေနရင္း ႏွင္းဆီပန္းကို ေတြ႕တယ္။ အဲဒီတုန္းက ႏွင္းဆီပန္းဟာ အျဖဴေရာင္ ျဖစ္တယ္။ ေမႊးႀကိဳင္ၿပီး ရည္မြန္ က်က္သေရ ရွိတယ္။

အခ်စ္နတ္သားက ပန္းကေလး လွလိုက္တာ ဆိုၿပီး ခူးဖို႔ လက္လွမ္းလိုက္တာ မထင္မွတ္ဘဲ ပန္းၾကားထဲကေန ပ်ားတေကာင္ ႐ုတ္တရက္ ပ်ံထြက္လာလို႔ အခ်စ္နတ္သား လန႔္သြားခဲ့တယ္။ လန႔္သြားတဲ့ အခ်စ္နတ္သားဟာ ျမားထုတ္ၿပီး ႏွင္းဆီပန္းကို ပစ္ထည့္လိုက္တယ္။

အဲဒီက စၿပီး ႏွင္းဆီပန္း႐ိုးမွာ ဆူးေတြ ျပည့္သြားခဲ့ ပါေတာ့တယ္။ အဲဒီဆူးေတြက အခ်စ္နတ္သား ပစ္လိုက္တဲ့ ျမားပဲ ျဖစ္တယ္။

မၾကာခင္မွာပဲ အခ်စ္နတ္သားဟာ ႏွင္းဆီပန္းကို ခူးဖို႔ လက္ကို ႐ြယ္ျပန္တယ္။ ျမားအသြင္ ေျပာင္းထားတဲ့ ဆူးေတြက သူ႔လက္ညႇိဳးကို စူးမိျပန္ၿပီး ပြင့္ဖတ္ေပၚ ေသြးစက္ေတြ က်သြားခဲ့တယ္။ အဲဒီကစၿပီး ႏွင္းဆီပန္းဟာ အနီေရာင္ ေျပာင္းသြားခဲ့တယ္။

အနီေရာင္ေသြး၊ အခ်စ္နတ္သားရဲ႕ ျမားနဲ႔ အခ်စ္။ ဒါေတြအားလုံး ေပါင္းစပ္ၿပီး "အခ်စ္ရဲ႕ ကိုယ္စားလွယ္" ႏွင္းဆီ ဆိုတာ ျဖစ္လာခဲ့တယ္။

ကမာၻေျမေပၚကို လူေတြ မေရာက္လာခင္တုန္းက ႏွင္းဆီရဲ႕ ဆူးက ႀကီးၿပီး မာတယ္။ သူ ဆူးရွိရတာကလည္း တျခား အပင္ေတြလို မိမိကိုယ္ကို ကာကြယ္ဖို႔၊ ျပင္ပက က်ဴးေက်ာ္လာသူ နည္းဖို႔ ျဖစ္တယ္။ သူ႔ေဘး ပတ္ဝန္းက်င္က အ႐ြက္စား တိရစာၦန္နဲ႔ ပိုးမႊားေတြကို သူနဲ႔ ခပ္ေဝးေဝး ေနဖို႔ သတိေပးတာ ျဖစ္တယ္။

ႏွင္းဆီဟာ ခ်စ္ေၾကာင္းကို ျပတဲ့ စကားလုံးအျဖစ္ ဂုဏ္တိုးျမႇင့္ သြားၿပီးတဲ့ ေနာက္မွာလည္း ႏွင္းဆီ႐ိုးေပၚမွာ ဆူးေတြ ရွိေနဆဲ ျဖစ္တယ္။ ဆူးနဲ႔ အခ်စ္ကို သတိေပးဖို႔ ေမွ်ာ္လင့္ပုံ ရတယ္။ "အခ်စ္" ဆိုတဲ့ စကားလုံးကို လူေတြ အသုံးျပဳခ်ိန္မွာ သတိရွိဖို႔ ျဖစ္ပါလိမ့္မယ္။ ျပင္ပရန္ကာကြယ္ဖို႔၊ သတိေပးဖို႔ ကိုယ့္ရဲ႕ဆူးက လူေတြရဲ႕ မ်က္စိထဲမွာ ကိုး႐ိုးကားရား ႏိုင္လိမ့္မယ္လို႔ ႏွင္းဆီ ထင္ခဲ့မွာ မဟုတ္ပါဘူး။

လူေတာ္ေတာ္ မ်ားမ်ားက ႏွင္းဆီမွာ ဆူးရွိလို႔ ဆိုၿပီး မေက်မနပ္ ဆိုညည္းၾကတယ္။ တကယ္လို႔ ဆူးေတြၾကားမွာ ပြင့္လန္းလာတဲ့ ႏွင္းဆီကို ၫြန္(ႏြံ)ထဲကေန ပြင့္လန္းလာတဲ့ ၾကာျဖဴအျဖစ္ ေတြ႕ျမင္ေပးၾကရင္ေတာ့ ဘယ္ေလာက္မ်ား ေက်းဇူးတရားႀကီးမား လိမ့္မလဲေလ။

ႏွင္းဆီကို ခ်စ္တဲ့သူကေတာ့ ႏွင္းဆီရဲ႕ ဆူးနဲ႔ ဆူးစူးခံရမယ့္ ဒဏ္ကို ခံႏိုင္ၾကပါတယ္။ တကယ္လို႔ လူတေယာက္ကို ခ်စ္ရင္လည္း သူ႔ရဲ႕အေကာင္း အဆိုး အားလုံးကို လက္ခံရမွာပဲ မဟုတ္လား။ ဒီေလာကမွာ လုံးဝ ၿပီးျပည့္စုံတဲ့ အရာဆိုတာ မရွိသလို ေျခာက္ျပစ္ကင္း တဲ့သူ ဆိုတာလည္း မရွိလို႔ေလ။

ႏိုင္းႏိုင္းစေနရဲ႕ "ႏွလုံးသားနက္နက္မွာ ပြင့္တဲ့ပန္း" စာအုပ္ေလးထဲမွ "ႏွင္းဆီစကား" ဆိုတဲ့ စာေလးကို ျပန္လည္ ေဖာ္ျပျခင္း ျဖစ္ပါသည္။

Phoomyatchal

Post a Comment

0 Comments