နေရာမှန်မှာ နေပါ

တခါတုန်းက လူတယောက်ဟာ သူ့ရဲ့ သားမမွေးခင်ထဲက သားအတွက် ဆိုပြီး ဝယ်ထားပေးတဲ့ ကားကို တကြိမ်တခါမှ မသုံးပဲ ကား ဂိုဒေါင်ထဲမှာ ၂၃ နှစ် တိုင်တိုင် သိမ်းထားပေး ခဲ့ပါတယ်။

သားဖြစ်သူ ကျောင်းပြီးသွားတဲ့ အချိန် ဂုဏ်ပြုလက်ဆောင် အဖြစ် ဒီကားနဲ့ surprise လုပ်ပေး မယ်ပေါ့။

ဖခင်က ကားကို အပိုင် မပေးခင်မှာ "ဒီကား ဘယ်လောက်တန်လဲ သိရအောင် တပတ်နွမ်း ကားဈေးတန်းမှာ သွားပြကြည့်ပါ" လို့ သူ့ရဲ့ သားကို ပြောလိုက်တယ်။

သူ့သားက တပတ်နွမ်း ကားဈေးတန်းမှာ သွားပြပြီး "အဖေရေ သူတို့က $ 1000 ပဲ ပေးမယ်လို့ ပြောကြတယ်။ ဘာလို့လဲ ဆိုတော့ ကားက နည်းနည်း ဟောင်းနေလို့တဲ့"

အဲဒါနဲ့ သူ့အဖေက "သားရေ ဒီတခါ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံး" လို့ ခိုင်းပြန်ပါတယ်။ သားဖြစ်သူကလည်း အပေါင်ဆိုင်ကို သွားပြတယ်။ ပြီးတော့ "အဖေရေ သူတို့က $ 100 ပဲ ပေးမယ်လို့ ပြောကြတယ်။ ဘာလို့လဲ ဆိုတော့ ကားက အရမ်း အိုနေပြီတဲ့"

ဖခင်က "သားရေ ဒီတခါတော့ ကားပြပွဲ car show room အသင်းဆီကို ယူသွားကြည့်ပါ" လို့ ပြောပါတယ်။ သားက ကားပြပွဲ အသင်းဆီ ကားကို ပြလိုက်တဲ့ အချိန် ကြားလိုက်ရတဲ့ စကားကြောင့် အရမ်းကို စိတ်လှုပ်ရှား သွားစေတယ်။

"အဖေ အဖေ၊ သူတို့က ကားကို $100000 ပေးမယ်တဲ့။ ဘာလို့လဲ ဆိုတော့ ဒီကားက ရောင်းရ အကောင်းဆုံးနဲ့ ခုဆို ရှားပါးကား ဖြစ်ပြီး ရှေးအရမ်း ကျတယ်လို့ ပြောကြတယ်"

ဖခင်က "ဒီမယ် သားရေ၊ ဘယ်အရာမဆို မှန်ကန်တဲ့ နေရာမှာသာ တန်ဖိုးထားမှု ခံကြရတာပါ။ သားကို တန်ဖိုး မထားကြရင် အသိအမှတ် မပြုကြရင် ဝမ်းမနည်းပါနဲ့၊ စိတ်လည်း မဆိုးပါနဲ့။

အမြဲမှတ်ထားပါ သား၊ ဘာလို့လဲ ဆိုတော့ အဲ့ဒီနေရာက သားအတွက် နေရာမှန် မဟုတ်လို့ပါပဲ။ သားရဲ့ တန်ဖိုးကို နားလည်တဲ့ နေရာမှာသာ သားကို အသိအမှတ် ပြုကြမှာပါ"

သင့်တန်ဖိုးကို နားမလည်တဲ့ နေရာမျိုးမှာ အချိန်တွေ အကြာကြီး မဖြုန်းတီးလိုက်ပါနဲ့။

phoomyatchal

Zawgyi

ေနရာမွန္မွွာ ေနပါ

တခါတုန္းက လူတေယာက္ဟာ သူ႔ရဲ႕ သားမေမြးခင္ထဲက သားအတြက္ ဆိုၿပီး ဝယ္ထားေပးတဲ့ ကားကို တႀကိမ္တခါမွ မသုံးပဲ ကား ဂိုေဒါင္ထဲမွာ ၂၃ ႏွစ္ တိုင္တိုင္ သိမ္းထားေပး ခဲ့ပါတယ္။

သားျဖစ္သူ ေက်ာင္းၿပီးသြားတဲ့ အခ်ိန္ ဂုဏ္ျပဳလက္ေဆာင္ အျဖစ္ ဒီကားနဲ႔ surprise လုပ္ေပး မယ္ေပါ့။

ဖခင္က ကားကို အပိုင္ မေပးခင္မွာ "ဒီကား ဘယ္ေလာက္တန္လဲ သိရေအာင္ တပတ္ႏြမ္း ကားေဈးတန္းမွာ သြားျပၾကည့္ပါ" လို႔ သူ႔ရဲ႕ သားကို ေျပာလိုက္တယ္။

သူ႔သားက တပတ္ႏြမ္း ကားေဈးတန္းမွာ သြားျပၿပီး "အေဖေရ သူတို႔က $ 1000 ပဲ ေပးမယ္လို႔ ေျပာၾကတယ္။ ဘာလို႔လဲ ဆိုေတာ့ ကားက နည္းနည္း ေဟာင္းေနလို႔တဲ့"

အဲဒါနဲ႔ သူ႔အေဖက "သားေရ ဒီတခါ အေပါင္ဆိုင္ကို သြားျပၾကည့္ပါအုံး" လို႔ ခိုင္းျပန္ပါတယ္။ သားျဖစ္သူကလည္း အေပါင္ဆိုင္ကို သြားျပတယ္။ ၿပီးေတာ့ "အေဖေရ သူတို႔က $ 100 ပဲ ေပးမယ္လို႔ ေျပာၾကတယ္။ ဘာလို႔လဲ ဆိုေတာ့ ကားက အရမ္း အိုေနၿပီတဲ့"

ဖခင္က "သားေရ ဒီတခါေတာ့ ကားျပပြဲ car show room အသင္းဆီကို ယူသြားၾကည့္ပါ" လို႔ ေျပာပါတယ္။ သားက ကားျပပြဲ အသင္းဆီ ကားကို ျပလိုက္တဲ့ အခ်ိန္ ၾကားလိုက္ရတဲ့ စကားေၾကာင့္ အရမ္းကို စိတ္လႈပ္ရွား သြားေစတယ္။

"အေဖ အေဖ၊ သူတို႔က ကားကို $100000 ေပးမယ္တဲ့။ ဘာလို႔လဲ ဆိုေတာ့ ဒီကားက ေရာင္းရ အေကာင္းဆုံးနဲ႔ ခုဆို ရွားပါးကား ျဖစ္ၿပီး ေရွးအရမ္း က်တယ္လို႔ ေျပာၾကတယ္"

ဖခင္က "ဒီမယ္ သားေရ၊ ဘယ္အရာမဆို မွန္ကန္တဲ့ ေနရာမွာသာ တန္ဖိုးထားမႈ ခံၾကရတာပါ။ သားကို တန္ဖိုး မထားၾကရင္ အသိအမွတ္ မျပဳၾကရင္ ဝမ္းမနည္းပါနဲ႔၊ စိတ္လည္း မဆိုးပါနဲ႔။

အၿမဲမွတ္ထားပါ သား၊ ဘာလို႔လဲ ဆိုေတာ့ အဲ့ဒီေနရာက သားအတြက္ ေနရာမွန္ မဟုတ္လို႔ပါပဲ။ သားရဲ႕ တန္ဖိုးကို နားလည္တဲ့ ေနရာမွာသာ သားကို အသိအမွတ္ ျပဳၾကမွာပါ"

သင့္တန္ဖိုးကို နားမလည္တဲ့ ေနရာမ်ိဳးမွာ အခ်ိန္ေတြ အၾကာႀကီး မျဖဳန္းတီးလိုက္ပါနဲ႔။

phoomyatchal

Post a Comment

0 Comments