ဆင်းရဲသားလေးရဲ့ ကြွယ်ဝချမ်းသာခြင်း

ရှေးရှေးတုန်းက ရွာတရွာမှာ လူချမ်သာ တယောက်နဲ့ လူဆင်းရဲတယောက် ဘေးချင်းကပ်ရပ် နေထိုင်ကြ ပါတယ်။ လူချမ်းသာမှာ ငွေကြေးဥစ္စာ ပြည့်စုံပါလျက်နဲ့ ဘယ်တော့မှ အိပ်ကောင်းခြင်း စားကောင်းခြင်း မရှိရှာပါဘူး။

ဘာကြောင့်လဲ ဆိုရင် သူ့ရဲ့ ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေ အတွက် ဘယ်သူတွေ အလွဲသုံးစား လုပ်မလဲ၊ ဘယ်သူတွေ လိမ်ညာသွားမလဲ ရယ်လို့ တွေးတော ပူပန်နေရတာ ပါပဲ။

ဒါပေမယ့် ဆင်းရဲသားကို ကြည့်လိုက်ရင်တော့ မရှိ ရှိတာ စားသောက်နေရင်းနဲ့ကို ပျော်ရွှင်နေတာကို လူချမ်းသာက အမြဲလိုလို မြင်တွေ့နေရပါတယ်။

အဲဒီအခါ လူချမ်းသာဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတချို့ကို သေတ္တာတလုံးနဲ့ ထည့်ပြီး လူဆင်းရဲအိမ်ကို သွားပေးပါတယ်။ "မင်းအတွက် လက်ဆောင်အဖြစ် ယူပါ။ လိုသလို သုံးပါ" ဆိုပြီး ပေးခဲ့ပါသတဲ့။

အဲဒီ့ ရတနာသေတ္တာ ရောက်လာတဲ့ ညက စပြီး လူဆင်းရဲဟာ ကောင်းကောင်း အိပ်မပျော်တော့ပါဘူး။ စားလည်း မဝင်နိုင်ပါဘူး။ သေတ္တာကို ဘယ်သူများ သိသွားမလဲ။ ဘယ်သူတွေ ခိုးယူမလဲ ဆိုတဲ့ စိတ်တွေကြောင့်ပါပဲ။

အဲဒီ့စိတ်နဲ့ပဲ လူဆင်းရဲဟာ တပတ်လောက် အကြာမှာ တမှိုင်မှိုင် တတွေတွေ ဖြစ်လာပါတော့တယ်။ ကြာလာတော့ လူဆင်းရဲဟာ ဒဏ်မခံနိုင်တော့ပါဘူး။ ထိုသေတ္တာကို လူချမ်းသာအိမ်ကို သွားကာ ပြန်ပေးလိုက်ပါတယ်။

"မိတ်ဆွေရဲ့သေတ္တာကို ပြန်ယူလိုက်ပါတော့။ တကယ်တော့ ငွေကြေးနဲ့ ရတနာတွေ ကြွယ်ဝချမ်းသာခြင်းဟာ တကယ့် ချမ်းသာခြင်း အစစ်မဟုတ်မှန်း ကျွန်တော် သဘောပေါက် သွားပါပြီ။

ဘာမှမရှိပေမယ့် ကျွန်တော့ရဲ့ ချမ်းသာခြင်း အစစ်အမှန်ကိုသာ ကျွန်တော် ပြန်လိုချင်ပါတယ်။ အဲဒါကြောင်း ဒီသေတ္တာကို ပြန်ယူလိုက်ပါ" ဆိုပြီး လူချမ်းသာရဲ့သေတ္တာကို ပြန်ပေးလိုက်ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဆင်းရဲပေမယ့် ပူပန်မှု မရှိတဲ့ဘဝဟာ အမှန်တကယ် အေးချမ်းခြင်းသာ ဖြစ်ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။

တကယ်တော့ လိုချင်တပ်မက်တဲ့စိတ် မရှိတဲ့အခါ လောဘလည်း မဖြစ်ပေါ်နိုင်တာမို့ အမှန်တကယ် အေးချမ်းရတယ် ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။

Crd

Zawgyi

ဆင္းရဲသားေလးရဲ႕ ႂကြယ္ဝခ်မ္းသာျခင္း

ေရွးေရွးတုန္းက ႐ြာတ႐ြာမွာ လူခ်မ္သာ တေယာက္နဲ႔ လူဆင္းရဲတေယာက္ ေဘးခ်င္းကပ္ရပ္ ေနထိုင္ၾက ပါတယ္။ လူခ်မ္းသာမွာ ေငြေၾကးဥစၥာ ျပည့္စုံပါလ်က္နဲ႔ ဘယ္ေတာ့မွ အိပ္ေကာင္းျခင္း စားေကာင္းျခင္း မရွိရွာပါဘူး။

ဘာေၾကာင့္လဲ ဆိုရင္ သူ႔ရဲ႕ ပိုင္ဆိုင္သမွ် ဥစၥာပစၥည္းေတြ အတြက္ ဘယ္သူေတြ အလြဲသုံးစား လုပ္မလဲ၊ ဘယ္သူေတြ လိမ္ညာသြားမလဲ ရယ္လို႔ ေတြးေတာ ပူပန္ေနရတာ ပါပဲ။ ဒါေပမယ့္ ဆင္းရဲသားကို ၾကည့္လိုက္ရင္ေတာ့ မရွိ ရွိတာ စားေသာက္ေနရင္းနဲ႔ကို ေပ်ာ္႐ႊင္ေနတာကို လူခ်မ္းသာက အၿမဲလိုလို ျမင္ေတြ႕ေနရပါတယ္။

အဲဒီအခါ လူခ်မ္းသာဟာ သူပိုင္ဆိုင္တဲ့ ပစၥည္းတခ်ိဳ႕ကို ေသတၱာတလုံးနဲ႔ ထည့္ၿပီး လူဆင္းရဲအိမ္ကို သြားေပးပါတယ္။ "မင္းအတြက္ လက္ေဆာင္အျဖစ္ ယူပါ။ လိုသလို သုံးပါ" ဆိုၿပီး ေပးခဲ့ပါသတဲ့။

အဲဒီ့ ရတနာေသတၱာ ေရာက္လာတဲ့ ညက စၿပီး လူဆင္းရဲဟာ ေကာင္းေကာင္း အိပ္မေပ်ာ္ေတာ့ပါဘူး။ စားလည္း မဝင္ႏိုင္ပါဘူး။ ေသတၱာကို ဘယ္သူမ်ား သိသြားမလဲ။ ဘယ္သူေတြ ခိုးယူမလဲ ဆိုတဲ့ စိတ္ေတြေၾကာင့္ပါပဲ။

အဲဒီ့စိတ္နဲ႔ပဲ လူဆင္းရဲဟာ တပတ္ေလာက္ အၾကာမွာ တမႈိင္မႈိင္ တေတြေတြ ျဖစ္လာပါေတာ့တယ္။ ၾကာလာေတာ့ လူဆင္းရဲဟာ ဒဏ္မခံႏိုင္ေတာ့ပါဘူး။ ထိုေသတၱာကို လူခ်မ္းသာအိမ္ကို သြားကာ ျပန္ေပးလိုက္ပါတယ္။

"မိတ္ေဆြရဲ႕ေသတၱာကို ျပန္ယူလိုက္ပါေတာ့။ တကယ္ေတာ့ ေငြေၾကးနဲ႔ ရတနာေတြ ႂကြယ္ဝခ်မ္းသာျခင္းဟာ တကယ့္ ခ်မ္းသာျခင္း အစစ္မဟုတ္မွန္း ကြၽန္ေတာ္ သေဘာေပါက္ သြားပါၿပီ။

ဘာမွမရွိေပမယ့္ ကြၽန္ေတာ့ရဲ႕ ခ်မ္းသာျခင္း အစစ္အမွန္ကိုသာ ကြၽန္ေတာ္ ျပန္လိုခ်င္ပါတယ္။ အဲဒါေၾကာင္း ဒီေသတၱာကို ျပန္ယူလိုက္ပါ" ဆိုၿပီး လူခ်မ္းသာရဲ႕ေသတၱာကို ျပန္ေပးလိုက္ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဆင္းရဲေပမယ့္ ပူပန္မႈ မရွိတဲ့ဘဝဟာ အမွန္တကယ္ ေအးခ်မ္းျခင္းသာ ျဖစ္ေၾကာင္း ေျပာျပထားတာပဲ ျဖစ္ပါတယ္။ တကယ္ေတာ့ လိုခ်င္တပ္မက္တဲ့စိတ္ မရွိတဲ့အခါ ေလာဘလည္း မျဖစ္ေပၚႏိုင္တာမို႔ အမွန္တကယ္ ေအးခ်မ္းရတယ္ ဆိုတာကို ေျပာခ်င္တာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments