တန်ပြန်ခြင်း

တခါတုန်းက ခွေးတကောင်ဟာ မှန်တွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ ပြခန်းတခုဆီကို ပြေးဝင်သွား ပါတယ်။ ပြခန်းရဲ့ နံရံတွေကော၊ ကြမ်းခင်းတွေကော၊ မျက်နှာကြက်တွေကော အားလုံးကို မှန်တွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ခွေးဟာ မှန်ထဲက သူ့ရဲ့ပုံရိပ် ရောင်ပြန်တွေကို ကြည့်မိပါတယ်။ ခွေးက သူ့ရဲ့ ဘေးပတ်လည်ကို ကြည့်ပြီး အံ့အားသင့်နေ လေရဲ့။

ခွေးက သူ့ရဲ့သွားတွေကို ဖြဲလိုက်၊ သူ့ပုံရိပ်တွေကို ဟောင်လိုက် စသည်ဖြင့် နည်းလမ်းမျိုးစုံနဲ့ လုပ်နေပါတယ်။

အပြင်ခွေးက ဟောင်လေ မှန်ထဲက ခွေးက ပြန်ဟောင်လေ၊ အပြင်က ခွေးက ဒေါသထွက်လေ ပိုထိုးဟောင်လေ မှန်ထဲကခွေးက ထပ်ပြီးဟောင်လေနဲ့ ခွေးမှာ ဒေါသတွေ ထွက်နေတာပေါ့။

ဒေါသထွက်ပြီး ထိုးဟောင်ရုံ သာမက မှန်ကို တဘက်ကနေ ခေါင်းနဲ့ ပစ်တိုက်လိုက် တခြားဘက်ကိုလည်း ပစ်တိုက်လိုက်နဲ့ လုပ်ပါတော့တယ်။

နောက်တနေ့ မနက်မှာတော့ ပြခန်း လုံခြုံရေးက အသက်မဲ့နေတဲ့ ခွေးကို ပြခန်း အလယ်မှာ မြင်လိုက်ရ ပါတယ်။ ဘယ်သူကမှ ခွေးကို သတ်ပစ်လိုက်တာ မဟုတ်ပါဘူး။ ခွေးရဲ့ ပုံရိပ်တွေကသာ ခွေးကို သတ်ပစ်လိုက် တာပါ။

ကျွန်တော်တို့ရဲ့ ဘဝတွေမှာလည်း အဲလိုပါပဲ။ လောကကြီးက ကောင်းခြင်း ဆိုးခြင်းတွေကို ယူလာပေးတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေနဲ့ လုပ်ဆောင်ချက် တွေပေါ် မူတည်ပြီး အကျိုးအကြောင်းတွေ ဖြစ်ပျက်လာ ရတာပါ။

လောကကြီးက မှန်ချပ်ကြီးနဲ့ တူပါတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး စိတ်ကောင်းထားဖို့၊ အကောင်းဆုံး ဖြစ်အောင် ပြုမူ ဆက်ဆံကြဖို့၊ အခြားသူများ အပေါ် စိတ်ကောင်းထားဖို့..

စတဲ့ အကောင်းဆုံး ပုံစံမျိုးနဲ့ ရှင်သန်ကြရအောင်ပါ။ အဲဒါမှ ကိုယ့်ပုံရိပ်ကလည်း ကောင်းမှာ ဖြစ်ပါတယ်လို့ တိုက်တွန်း လိုက်ပါတယ်။

crd

Zawgyi

တန္ျပန္ျခင္း

တခါတုန္းက ေခြးတေကာင္ဟာ မွန္ေတြနဲ႔ခ်ည္း ေဆာက္လုပ္ထားတဲ့ ျပခန္းတခုဆီကို ေျပးဝင္သြား ပါတယ္။ ျပခန္းရဲ႕ နံရံေတြေကာ၊ ၾကမ္းခင္းေတြေကာ၊ မ်က္ႏွာၾကက္ေတြေကာ အားလုံးကို မွန္ေတြနဲ႔ အလွဆင္ထားတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ေခြးဟာ မွန္ထဲက သူ႔ရဲ႕ပုံရိပ္ ေရာင္ျပန္ေတြကို ၾကည့္မိပါတယ္။ ေခြးက သူ႔ရဲ႕ ေဘးပတ္လည္ကို ၾကည့္ၿပီး အံ့အားသင့္ေန ေလရဲ႕။ ေခြးက သူ႔ရဲ႕သြားေတြကို ၿဖဲလိုက္၊ သူ႔ပုံရိပ္ေတြကို ေဟာင္လိုက္ စသည္ျဖင့္ နည္းလမ္းမ်ိဳးစုံနဲ႔ လုပ္ေနပါတယ္။

အျပင္ေခြးက ေဟာင္ေလ မွန္ထဲက ေခြးက ျပန္ေဟာင္ေလ၊ အျပင္က ေခြးက ေဒါသထြက္ေလ ပိုထိုးေဟာင္ေလ မွန္ထဲကေခြးက ထပ္ၿပီးေဟာင္ေလနဲ႔ ေခြးမွာ ေဒါသေတြ ထြက္ေနတာေပါ့။

ေဒါသထြက္ၿပီး ထိုးေဟာင္႐ုံ သာမက မွန္ကို တဘက္ကေန ေခါင္းနဲ႔ ပစ္တိုက္လိုက္ တျခားဘက္ကိုလည္း ပစ္တိုက္လိုက္နဲ႔ လုပ္ပါေတာ့တယ္။

ေနာက္တေန႔ မနက္မွာေတာ့ ျပခန္း လုံၿခဳံေရးက အသက္မဲ့ေနတဲ့ ေခြးကို ျပခန္း အလယ္မွာ ျမင္လိုက္ရ ပါတယ္။ ဘယ္သူကမွ ေခြးကို သတ္ပစ္လိုက္တာ မဟုတ္ပါဘူး။ ေခြးရဲ႕ ပုံရိပ္ေတြကသာ ေခြးကို သတ္ပစ္လိုက္ တာပါ။

ကြၽန္ေတာ္တို႔ရဲ႕ ဘဝေတြမွာလည္း အဲလိုပါပဲ။ ေလာကႀကီးက ေကာင္းျခင္း ဆိုးျခင္းေတြကို ယူလာေပးတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္ အေတြးအေခၚေတြ၊ ခံစားခ်က္ေတြ၊ ဆႏၵေတြနဲ႔ လုပ္ေဆာင္ခ်က္ ေတြေပၚ မူတည္ၿပီး အက်ိဳးအေၾကာင္းေတြ ျဖစ္ပ်က္လာ ရတာပါ။

ေလာကႀကီးက မွန္ခ်ပ္ႀကီးနဲ႔ တူပါတယ္။ အဲဒါေၾကာင့္ ဒီေန႔ကစၿပီး စိတ္ေကာင္းထားဖို႔၊ အေကာင္းဆုံး ျဖစ္ေအာင္ ျပဳမူ ဆက္ဆံၾကဖို႔၊ အျခားသူမ်ား အေပၚ စိတ္ေကာင္းထားဖို႔ စတဲ့ အေကာင္းဆုံး ပုံစံမ်ိဳးနဲ႔ ရွင္သန္ၾကရေအာင္ပါ။ အဲဒါမွ ကိုယ့္ပုံရိပ္ကလည္း ေကာင္းမွာ ျဖစ္ပါတယ္လို႔ တိုက္တြန္း လိုက္ပါတယ္။

crd

Post a Comment

0 Comments