မိဖုရား မဖြစ်ချင်တဲ့ မိန်းကလေး

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အရမ်းချောမောတဲ့ မိန်းမပျိုလေးတဦး ရှိသတဲ့။ သူမက အရမ်းလှတော့ ယောကျ်ားပျိုတိုင်းက မေတ္တာစကားတွေ ဆိုကြတာပေါ့။ အဲ့ဒါကိုပဲ ထိုမိန်းမပျိုလေးက ကြေနပ်နေပြီး သူ့ကိုကြိုက်တဲ့ လုလင်ပျိုတွေ များတယ်ဆိုပြီး ကျေနပ်နေသတဲ့။

တနေ့ကြတော့ သူမတို့ရဲ့ရွာကို မင်းညီမင်းသားတွေက ကြင်ရာရှာ လာရောက်ကြတယ်။ ထိုမိန်းမပျိုလေးကလည်း သူမကို မေတ္တာရှိနေကြတဲ့ ရွာက လုလင်ပျိုတွေထက် ရာထူး စည်းစိမ် ရုပ်ရည် ပြည့်စုံတဲ့ မင်းညီမင်းသားတွေကိုပဲ လက်တွဲချင်တော့ သူမကိုယ်သူမ အစွမ်းကုန်ပြင်ဆင်ပြီးတော့ မင်းညီမင်းသားတွေကို ရေလာမြောင်းပေး လုပ်တာပေါ့။

ဒါပေမယ့် မင်းညီမင်းသားတွေက သူမကို စိတ်မဝင်စားကြပဲ သူတို့မေးတဲ့ မေးခွန်းတွေ၊ သူတို့ စမ်းသပ်တာတွေကို ပြောနိုင် ဖြေနိုင်တဲ့ သူမရွာက မိန်းမပျိုလေးကိုပဲ ရွေးချယ်လိုက်ကြသတဲ့။ အဲ့မှာပဲ ထိုမိန်းမပျိုလေးက တရွာလုံးမှာ သူက အချောဆုံးဖြစ်ပြီး သူမကို မရွေးချယ်ကြတဲ့ အတွက် ရှက်သွားတာပေါ့။

အဲ့လိုနဲ့ အဲ့မိန်းမပျိုလေးက မင်းညီမင်းသားနဲ့ ပေါင်းဖက်ရဖို့ဆို သူ့မှာ အရည်အချင်းရှိမှ ဖြစ်မယ်ဆိုတာ သိပြီး ပညာတွေကို ကြိုးစားသင်ယူ ပါတော့တယ်။

ဒီလိုနဲ့ ပညာတွေ တက်မြောက်ပြီး နှစ်တွေရာသီတွေ ကုန်လွန်တော့ မိန်းမပျိုလေးတို့ တိုင်းပြည်ရဲ့ အနီးနားက တိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ ဘုရင်မကြီးက သံတမန် ရာထူးအတွက် အမျိုးသမီးတွေကို ရှာနေတာပေါ့။ အဲ့ဒီမှာပဲ မိန်းမပျိုလေးက ရာထူးအတွက် သွားပြီး အစမ်းသပ်ခံသတဲ့။

မိန်းမပျိုလေးရဲ့ ကြိုးစားမှု၊ ပညာအရည်အချင်း ပြည့်ဝမှုတွေကြောင့် ဘုရင်မကြီးက သဘောကျပြီး ခန့်အပ်လိုက်သတဲ့ကွယ်။ အဲ့ဒီမှာပဲ မိန်းမပျိုလေးက သံတမန်အမျိုးသမီး ဖြစ်သွားတာပေါ့။

ဒီလိုနဲ့ မိန်းမပျိုလေးက တာဝန်တွေ ထမ်းဆောင်ရင်း တနေ့ကြတော့ သူနေခဲ့တဲ့တိုင်းပြည်ကို သံတမန်အဖြစ်နဲ့ ဘုရင်မကြီးက စေလွှတ်သတဲ့။ သူမကိုလည်း ရိုးရိုးသံတမန်အဖြစ် မဟုတ်ပဲ သူ့ရဲ့ညီမအဖြစ် မွေးစားပြီး အဆောင်အယောင်နဲ့ တကွ စေလွှတ်တာတဲ့။ ဒီလိုနဲ့ မိန်းမပျိုလေးက ဘုရင်မကြီးရဲ့ ညီမတော်အဖြစ်နဲ့ သူ့ရဲ့တိုင်းပြည်ကို သံတမန် ရောက်လာတာပေါ့။

အဲ့ဒီမှာပဲ အရင်က သူလိုချင်ခဲ့တဲ့ မင်းညီမင်းသားတွေက မိန်းမပျိုလေးရဲ့ အရည်အချင်းတွေ၊ ရာထူးတွေကို မြင်ပြီး လက်ဆက်ချင်ကြသတဲ့။ ဒါပေမယ့် မိန်းမပျိုလေးက သူမက ဘုရင်မကြီးရဲ့ ညီမ ဖြစ်တဲ့အတွက် ထိုမင်းညီမင်းသားတွေကို နိမ့်ကျတယ် ဆိုပြီး ဘုရင်ကြီးရဲ့ မိဖုရားခေါင်ကြီးပဲ ဖြစ်လိုတယ်တဲ့။ အဲဒီလိုနဲ့ တိုင်းရေးပြည်ရေး ဆွေးနွေးပြီးတော့ မိန်းမပျိုလေးလည်း ဘုရင်မကြီးရှိတဲ့ တိုင်းပြည်ကို ပြန်ခဲ့တော့သတဲ့။

သူမ တိုင်းပြည်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုရင်မကြီး နတ်ရွာစံသွားသတဲ့။ ထီးမွေနန်းမွေ ဆက်ခံသူကလည်း မရှိတော့ မိန်းမပျိုလေးကိုပဲ ဘုရင်မကြီး ဘွဲ့အပ်နှင်းလိုက် ကြတာပေါ့။ ဘုရင်မကြီး ဖြစ်ပြီး မကြာခင်မှာပဲ သူနေထိုင်ခဲ့ဘူးတဲ့ တိုင်းပြည်က ဘုရင်ကြီးက သူ့ကို လက်ဆက်ဖို့ ကမ်းလှမ်းလာသတဲ့။ လက်မခံရင် စစ်ဖြစ်ပြီး နိုင်ငံပါသိမ်းမယ် ဆိုပြီး ခြိမ်းခြောက်တာပေါ့။

အဲ့မှာပဲ မိန်းမပျိုလေးက သူလို ဘုရင်မက တခြားသူရဲ့ မိဖုရားလုပ်ပြီး ဘာလို့ အလုပ်အကျွေး ပြုနေရမှာလဲ ဆိုပြီး ဘုရင်ကြီးကို ငြင်းလိုက်တယ်တဲ့။ ပြီးတော့ မိန်းမပျိုလေးက ထက်မြက်လွန်းတော့ စစ်ပွဲဖြစ်ပေမယ့်လည်း ဘုရင်ကြီးဘက်ကပဲ ရှုံးနိမ့်သွားသတဲ့။ မိန်းမပျိုလေးလည်း ဘုရင်မကြီး အဖြစ်နဲ့ပဲ တိုင်းပြည်ကို သာယာအေးချမ်းအောင် အုပ်ချုပ်သွား သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ပုံပြင်လေးထဲက မိန်းမပျိုလေးက ပထမတော့ သူမက သူ့ထက်မြင့်တဲ့ သူမျိုးကို လက်ဆက်ချင်ပေမယ့် အဲ့ဒီအမြင့်နေရာကို ရောက်တော့ ဒီ့ထက် မြင့်တဲ့သူကိုပဲ လက်ဆက်ချင် ပြန်တယ်။ သူလက်ဆက်ချင်တဲ့ အမြင့်ကသူရဲ့ အနေအထားကို သူရောက်ပြန်တော့ အဲ့ထက် ပိုမြင်တဲ့ အမြင့်ဆုံးသူကို လက်ဆက်ချင်ပြန်ရော။ အဲ့ဒီလိုနဲ့ အမြင့်ဆုံးဆိုတာကို သူမ ရောက်သွားရတဲ့အခါ သူမအရင်က မက်မောခဲ့တဲ့ အမျိုးသားတွေကို မိန်မပျိုလေးက မမက်မောတော့ဘူးတဲ့။

ဒီပုံပြင်လေးထဲက မိန်းမပျိုလေးလိုပဲ မိန်းခလေးဆိုတာ ကိုယ့်ရဲ့လက်ရှိ အနေအထားထက် သာအောင် ပိုကောင်းအောင် အမြဲတမ်းကြိုးစားနေရပါမယ်။ ကိုယ်ကပိုပြီး အမြင့်ရောက်လေ ကိုယ်မက်မောခဲ့တဲ့ အရာတွေက ကိုယ့်ကိုပြန်ပြီး မက်မော လာကြရတယ်။

ပညာမတက်လည်း၊ အရည်အချင်းမရှိလည်း အချိန်တန် ယောကျ်ားက ရှာကျွေးမှာပဲ ဆိုတဲ့ စကားကို ခေါင်းထဲက ထုတ်ထားပြီး ကိုယ့်ရဲ့ရုပ်ရည်ထက် ကိုယ့်ရဲ့အရည်အချင်းနဲ့ ပညာကိုပဲ အသုံးချပြီး ကြိုးစားသင့်ပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊ လက်ရှိ ရှိနေတဲ့ရာထူး အဆင့်လောက်နဲ့ ကျေနပ်မနေသင့်ဘူး။

crd

Zawgyi

မိဖုရား မျဖစ္ခ်င္တဲ့ မိန္းကေလး

ဟိုးေရွးေရွးတုန္းက ႐ြာတ႐ြာမွာ အရမ္းေခ်ာေမာတဲ့ မိန္းမပ်ိဳေလးတဦး ရွိသတဲ့။ သူမက အရမ္းလွေတာ့ ေယာက်္ားပ်ိဳတိုင္းက ေမတၱာစကားေတြ ဆိုၾကတာေပါ့။ အဲ့ဒါကိုပဲ ထိုမိန္းမပ်ိဳေလးက ေၾကနပ္ေနၿပီး သူ႔ကိုႀကိဳက္တဲ့ လုလင္ပ်ိဳေတြ မ်ားတယ္ဆိုၿပီး ေက်နပ္ေနသတဲ့။

တေန႔ၾကေတာ့ သူမတို႔ရဲ႕႐ြာကို မင္းညီမင္းသားေတြက ၾကင္ရာရွာ လာေရာက္ၾကတယ္။ ထိုမိန္းမပ်ိဳေလးကလည္း သူမကို ေမတၱာရွိေနၾကတဲ့ ႐ြာက လုလင္ပ်ိဳေတြထက္ ရာထူး စည္းစိမ္ ႐ုပ္ရည္ ျပည့္စုံတဲ့ မင္းညီမင္းသားေတြကိုပဲ လက္တြဲခ်င္ေတာ့ သူမကိုယ္သူမ အစြမ္းကုန္ျပင္ဆင္ၿပီးေတာ့ မင္းညီမင္းသားေတြကို ေရလာေျမာင္းေပး လုပ္တာေပါ့။

ဒါေပမယ့္ မင္းညီမင္းသားေတြက သူမကို စိတ္မဝင္စားၾကပဲ သူတို႔ေမးတဲ့ ေမးခြန္းေတြ၊ သူတို႔ စမ္းသပ္တာေတြကို ေျပာႏိုင္ ေျဖႏိုင္တဲ့ သူမ႐ြာက မိန္းမပ်ိဳေလးကိုပဲ ေ႐ြးခ်ယ္လိုက္ၾကသတဲ့။ အဲ့မွာပဲ ထိုမိန္းမပ်ိဳေလးက တ႐ြာလုံးမွာ သူက အေခ်ာဆုံးျဖစ္ၿပီး သူမကို မေ႐ြးခ်ယ္ၾကတဲ့ အတြက္ ရွက္သြားတာေပါ့။

အဲ့လိုနဲ႔ အဲ့မိန္းမပ်ိဳေလးက မင္းညီမင္းသားနဲ႔ ေပါင္းဖက္ရဖို႔ဆို သူ႔မွာ အရည္အခ်င္းရွိမွ ျဖစ္မယ္ဆိုတာ သိၿပီး ပညာေတြကို ႀကိဳးစားသင္ယူ ပါေတာ့တယ္။

ဒီလိုနဲ႔ ပညာေတြ တက္ေျမာက္ၿပီး ႏွစ္ေတြရာသီေတြ ကုန္လြန္ေတာ့ မိန္းမပ်ိဳေလးတို႔ တိုင္းျပည္ရဲ႕ အနီးနားက တိုင္းျပည္မွာ အုပ္ခ်ဳပ္ေနတဲ့ ဘုရင္မႀကီးက သံတမန္ ရာထူးအတြက္ အမ်ိဳးသမီးေတြကို ရွာေနတာေပါ့။ အဲ့ဒီမွာပဲ မိန္းမပ်ိဳေလးက ရာထူးအတြက္ သြားၿပီး အစမ္းသပ္ခံသတဲ့။

မိန္းမပ်ိဳေလးရဲ႕ ႀကိဳးစားမႈ၊ ပညာအရည္အခ်င္း ျပည့္ဝမႈေတြေၾကာင့္ ဘုရင္မႀကီးက သေဘာက်ၿပီး ခန႔္အပ္လိုက္သတဲ့ကြယ္။ အဲ့ဒီမွာပဲ မိန္းမပ်ိဳေလးက သံတမန္အမ်ိဳးသမီး ျဖစ္သြားတာေပါ့။

ဒီလိုနဲ႔ မိန္းမပ်ိဳေလးက တာဝန္ေတြ ထမ္းေဆာင္ရင္း တေန႔ၾကေတာ့ သူေနခဲ့တဲ့တိုင္းျပည္ကို သံတမန္အျဖစ္နဲ႔ ဘုရင္မႀကီးက ေစလႊတ္သတဲ့။ သူမကိုလည္း ႐ိုး႐ိုးသံတမန္အျဖစ္ မဟုတ္ပဲ သူ႔ရဲ႕ညီမအျဖစ္ ေမြးစားၿပီး အေဆာင္အေယာင္နဲ႔ တကြ ေစလႊတ္တာတဲ့။ ဒီလိုနဲ႔ မိန္းမပ်ိဳေလးက ဘုရင္မႀကီးရဲ႕ ညီမေတာ္အျဖစ္နဲ႔ သူ႔ရဲ႕တိုင္းျပည္ကို သံတမန္ ေရာက္လာတာေပါ့။

အဲ့ဒီမွာပဲ အရင္က သူလိုခ်င္ခဲ့တဲ့ မင္းညီမင္းသားေတြက မိန္းမပ်ိဳေလးရဲ႕ အရည္အခ်င္းေတြ၊ ရာထူးေတြကို ျမင္ၿပီး လက္ဆက္ခ်င္ၾကသတဲ့။ ဒါေပမယ့္ မိန္းမပ်ိဳေလးက သူမက ဘုရင္မႀကီးရဲ႕ ညီမ ျဖစ္တဲ့အတြက္ ထိုမင္းညီမင္းသားေတြကို နိမ့္က်တယ္ ဆိုၿပီး ဘုရင္ႀကီးရဲ႕ မိဖုရားေခါင္ႀကီးပဲ ျဖစ္လိုတယ္တဲ့။ အဲဒီလိုနဲ႔ တိုင္းေရးျပည္ေရး ေဆြးေႏြးၿပီးေတာ့ မိန္းမပ်ိဳေလးလည္း ဘုရင္မႀကီးရွိတဲ့ တိုင္းျပည္ကို ျပန္ခဲ့ေတာ့သတဲ့။

သူမ တိုင္းျပည္ကို ျပန္ေရာက္ၿပီး သိပ္မၾကာခင္မွာပဲ ဘုရင္မႀကီး နတ္႐ြာစံသြားသတဲ့။ ထီးေမြနန္းေမြ ဆက္ခံသူကလည္း မရွိေတာ့ မိန္းမပ်ိဳေလးကိုပဲ ဘုရင္မႀကီး ဘြဲ႕အပ္ႏွင္းလိုက္ ၾကတာေပါ့။ ဘုရင္မႀကီး ျဖစ္ၿပီး မၾကာခင္မွာပဲ သူေနထိုင္ခဲ့ဘူးတဲ့ တိုင္းျပည္က ဘုရင္ႀကီးက သူ႔ကို လက္ဆက္ဖို႔ ကမ္းလွမ္းလာသတဲ့။ လက္မခံရင္ စစ္ျဖစ္ၿပီး ႏိုင္ငံပါသိမ္းမယ္ ဆိုၿပီး ၿခိမ္းေျခာက္တာေပါ့။

အဲ့မွာပဲ မိန္းမပ်ိဳေလးက သူလို ဘုရင္မက တျခားသူရဲ႕ မိဖုရားလုပ္ၿပီး ဘာလို႔ အလုပ္အေကြၽး ျပဳေနရမွာလဲ ဆိုၿပီး ဘုရင္ႀကီးကို ျငင္းလိုက္တယ္တဲ့။ ၿပီးေတာ့ မိန္းမပ်ိဳေလးက ထက္ျမက္လြန္းေတာ့ စစ္ပြဲျဖစ္ေပမယ့္လည္း ဘုရင္ႀကီးဘက္ကပဲ ရႈံးနိမ့္သြားသတဲ့။ မိန္းမပ်ိဳေလးလည္း ဘုရင္မႀကီး အျဖစ္နဲ႔ပဲ တိုင္းျပည္ကို သာယာေအးခ်မ္းေအာင္ အုပ္ခ်ဳပ္သြား သတဲ့ကြယ္။

ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။ ပုံျပင္ေလးထဲက မိန္းမပ်ိဳေလးက ပထမေတာ့ သူမက သူ႔ထက္ျမင့္တဲ့ သူမ်ိဳးကို လက္ဆက္ခ်င္ေပမယ့္ အဲ့ဒီအျမင့္ေနရာကို ေရာက္ေတာ့ ဒီ့ထက္ ျမင့္တဲ့သူကိုပဲ လက္ဆက္ခ်င္ ျပန္တယ္။ သူလက္ဆက္ခ်င္တဲ့ အျမင့္ကသူရဲ႕ အေနအထားကို သူေရာက္ျပန္ေတာ့ အဲ့ထက္ ပိုျမင္တဲ့ အျမင့္ဆုံးသူကို လက္ဆက္ခ်င္ျပန္ေရာ။ အဲ့ဒီလိုနဲ႔ အျမင့္ဆုံးဆိုတာကို သူမ ေရာက္သြားရတဲ့အခါ သူမအရင္က မက္ေမာခဲ့တဲ့ အမ်ိဳးသားေတြကို မိန္မပ်ိဳေလးက မမက္ေမာေတာ့ဘူးတဲ့။

ဒီပုံျပင္ေလးထဲက မိန္းမပ်ိဳေလးလိုပဲ မိန္းခေလးဆိုတာ ကိုယ့္ရဲ႕လက္ရွိ အေနအထားထက္ သာေအာင္ ပိုေကာင္းေအာင္ အၿမဲတမ္းႀကိဳးစားေနရပါမယ္။ ကိုယ္ကပိုၿပီး အျမင့္ေရာက္ေလ ကိုယ္မက္ေမာခဲ့တဲ့ အရာေတြက ကိုယ့္ကိုျပန္ၿပီး မက္ေမာ လာၾကရတယ္။

ပညာမတက္လည္း၊ အရည္အခ်င္းမရွိလည္း အခ်ိန္တန္ ေယာက်္ားက ရွာေကြၽးမွာပဲ ဆိုတဲ့ စကားကို ေခါင္းထဲက ထုတ္ထားၿပီး ကိုယ့္ရဲ႕႐ုပ္ရည္ထက္ ကိုယ့္ရဲ႕အရည္အခ်င္းနဲ႔ ပညာကိုပဲ အသုံးခ်ၿပီး ႀကိဳးစားသင့္ပါတယ္။ ကိုယ့္အလုပ္၊ ကိုယ့္ေက်ာင္း၊ လက္ရွိ ရွိေနတဲ့ရာထူး အဆင့္ေလာက္နဲ႔ ေက်နပ္မေနသင့္ဘူး။

crd

Post a Comment

0 Comments