ပန်းပဲဆရာကြီးနှင့် မြေးလေး

တနေ့မှာ ကောင်လေး တယောက်ဟာ ဓားကျိုးလေး နှစ်စ ကိုင်ပြီး အဖိုးဖြစ်သူ ပန်းဘဲဆရာထံ ရောက်ခဲ့တယ်။

"အဖိုးရေ အဖိုး အဖိုးရေ"

"ဟေ၊ ဘာလဲကွ အလန့်တကြားနဲ့ ဘာကိစ္စ ရှိလို့လဲကွ"

ထိုအချိန်မှာ ကောင်လေးဟာ မျက်ရည်လေး ဝဲပြီး တခုခုကို ကြောက်ရွံ့သော အနေထားဖြင့် "ဟိုလေ၊ မနေ့ကသား ကျောက်တုံးကို ခုတ်ကစားနေရင်း ဓားမကြီးက ကျိုးသွားလို့ပါ အဖိုး။ အဖေပြောတယ် ဓားအသစ် မရရင် အိမ်မပြန်လာနဲ့တဲ့။ သားကို ကယ်ပါဦး အဖိုးရယ်၊ ဓားမှ မရရင် သားအိမ်ပြန်မရဲလို့ပါ"

"မင်းကလည်းကွာ တတ်တတ်ဆန်းဆန်း ကျောက်တုံးကိုမှ ဓားနဲ့ ခုတ်ရတယ်လို့ကွာ"

"ဟာ အဖိုးကလည်း သားပထမ အစမ်း ခုတ်ကြည့်ပြီးပါပြီဗျ။ ဓားကမှ ဘာမှမဖြစ်တာ။ သားက ဒီဓားကို ယုံကြည်လို့ ကျောက်တုံးကို အပြတ်ခုတ်ဖို့ ဆုံးဖြတ်လိုက်မိတာပါ"

"ဟေ၊ မင်းကလည်းကွာ မင်းဓားက ဘယ်လောက် ကောင်းနေလို့လည်းဟ။ ဘယ်လောက်ထိ ကောင်းတဲ့ ဓားဖြစ်နေပါစေ မာကျောတဲ့ အရာတခုကို ခုတ်ပါများတော့ သူ ဘယ်ခံနိုင်ပါ့မလဲကွယ့်။ ဒီမှာ ငါ့မြေး မှတ်ထား၊ လောကကြီးဟာလည်း အဲဒီ ဓားတလက်လိုပါဘဲ။ ကိုယ့်မှာပစ္စည်းဥစ္စာ ပညာ၊ အာဏာရှိတိုင်း သူတပါးကို ဘာပဲလုပ်လုပ် လုပ်လို့ရတယ် ထင်ပြီး အရမ်းမလုပ်နဲ့။

သူတပါးက အကြောင်း မသိခင်မှာ တခါနှစ်ခါ အသာရချင် ရပါလိမ့်မယ်။ အခါများလို့ အကြောင်း သိလာရင် ပေါင်းမိပေါင်းရာနဲ့ ပေါင်းပြီး မင်းဘဝကို ပြာကျသွားအောင် သူတို့တတွေ လုပ်ဆောင်နိုင်တယ် ဆိုတာ ငါ့မြေး သတိထားပါ"

"ဟုတ်ကဲ့အဖိုး၊ သားမှတ်ထားပါ့မယ်"

"အေးကွာ ကောင်းပါပြီ။ ကဲလာ ဖိုထဲသွားရအောင် ငါ့မှာလည်း တယောက်တည်းမို့ သံ မီးဖုတ်ဖို့ မီးမွှေးပြီး မင်း ဖိုဆွဲပေးရလိမ့်မယ်"

"ဟာ အဖိုးကလည်း သားက မီးအပူမှ မခံနိုင်တာ။ မီးမဖုတ်ပဲ ဒီအတိုင်း ထုလို့ မရဘူးလား အဖိုး"

"တယ်၊ ဒီကလေးနဲ့တော့ ခက်တော့တာဘဲ။ အပူမပေးဘဲ ဒီအတိုင်း ထုရင် မင်းယူလာတဲ့ ဓားနှစ်စက ငါ့ဆီရောက်မှ အစ တရာလောက် ဖြစ် သွားမှာပေါ့ကွ။ မှတ်ထားပါ မြေးလေး၊ ငါ့မြေးကို အဖိုးပြောစရာ တခု ကျန်သေးတယ်။

အပူဒဏ် မပေးဘဲ ဓားတလက်ကို လိုရာပုံ သွင်းလို့ မရတတ်သလို ဘာအပူပင် တခုမှ မရှိတဲ့ ဘဝတခုကိုလည်း လိုရာ ပုံသွင်းဖို့ ခက်လှပါတယ်။ ဒါ့ကြောင့် မိဘနားနေ မိဘဆီမှာ စားနေကြတဲ့ ငါ့မြေးတို့လို အရွယ်က အပူ ပေးမထားတဲ့ ဓားနဲ့ တူတယ်။ အခုလို မင်းအဖေက မင်းကို အပူတတ်ပေးတာ မင်းကို ပုံသွင်းလိုက်တာနဲ့ တူတူပါဘဲ မြေးလေးရဲ့။

လောကမှာ ပူပင်ဒုက္ခတွေ များလာလေလေ ကိုယ့်ဘဝအတွက် အမြင်ကျယ် လေလေပါ။ အဲ့ဒီလို အမြင်ကျယ် လေလေ ကိုယ့်ဘဝအတွက် ကိုယ် လိုရာပုံ သွင်းလို့ ရလေလေပါဘဲ မြေးလေး။

မိမိဘဝ မိမိဒုက္ခနဲ့ မိမိ ရင်မဆိုင်ခင် အချိန်ဟာ ဓားကောင်းတလက် ရရှိဖို့ ရိုက်နှက်ထုထောင်း ပုံသွင်းနေကြတဲ့ အဖိုးတို့လို ပန်းဘဲဆရာတွေ ရှိမှ ဖြစ်နိုင်သလို၊ ငါ့မြေးတို့လို အရွယ်တွေအတွက် သားကောင်းရတနာ တယောက်ဖြစ်ဖို့အတွက် ဟိန်းဟောက် ခြိမ်းခြောက်တတ်တဲ့ မိဘ ဆရာသမား ကောင်းတွေ ရှိမှဖြစ်မယ် ငါ့မြေးရဲ့"

"သား နားလည်ပါပြီ အဘိုး"

Crd

Zawgyi

ပန္းပဲဆရာႀကီးႏွင့္ ေျမးေလး

တေန႔မွာ ေကာင္ေလး တေယာက္ဟာ ဓားက်ိဳးေလး ႏွစ္စ ကိုင္ၿပီး အဖိုးျဖစ္သူ ပန္းဘဲဆရာထံ ေရာက္ခဲ့တယ္။

"အဖိုးေရ အဖိုး အဖိုးေရ"

"ေဟ၊ ဘာလဲကြ အလန႔္တၾကားနဲ႔ ဘာကိစၥ ရွိလို႔လဲကြ"

ထိုအခ်ိန္မွာ ေကာင္ေလးဟာ မ်က္ရည္ေလး ဝဲၿပီး တခုခုကို ေၾကာက္႐ြံ႕ေသာ အေနထားျဖင့္ "ဟိုေလ၊ မေန႔ကသား ေက်ာက္တုံးကို ခုတ္ကစားေနရင္း ဓားမႀကီးက က်ိဳးသြားလို႔ပါ အဖိုး။ အေဖေျပာတယ္ ဓားအသစ္ မရရင္ အိမ္မျပန္လာနဲ႔တဲ့။ သားကို ကယ္ပါဦး အဖိုးရယ္၊ ဓားမွ မရရင္ သားအိမ္ျပန္မရဲလို႔ပါ"

"မင္းကလည္းကြာ တတ္တတ္ဆန္းဆန္း ေက်ာက္တုံးကိုမွ ဓားနဲ႔ ခုတ္ရတယ္လို႔ကြာ"

"ဟာ အဖိုးကလည္း သားပထမ အစမ္း ခုတ္ၾကည့္ၿပီးပါၿပီဗ်။ ဓားကမွ ဘာမွမျဖစ္တာ။ သားက ဒီဓားကို ယုံၾကည္လို႔ ေက်ာက္တုံးကို အျပတ္ခုတ္ဖို႔ ဆုံးျဖတ္လိုက္မိတာပါ"

"ေဟ၊ မင္းကလည္းကြာ မင္းဓားက ဘယ္ေလာက္ ေကာင္းေနလို႔လည္းဟ။ ဘယ္ေလာက္ထိ ေကာင္းတဲ့ ဓားျဖစ္ေနပါေစ မာေက်ာတဲ့ အရာတခုကို ခုတ္ပါမ်ားေတာ့ သူ ဘယ္ခံႏိုင္ပါ့မလဲကြယ့္။ ဒီမွာ ငါ့ေျမး မွတ္ထား၊ ေလာကႀကီးဟာလည္း အဲဒီ ဓားတလက္လိုပါဘဲ။ ကိုယ့္မွာပစၥည္းဥစၥာ ပညာ၊ အာဏာရွိတိုင္း သူတပါးကို ဘာပဲလုပ္လုပ္ လုပ္လို႔ရတယ္ ထင္ၿပီး အရမ္းမလုပ္နဲ႔။

သူတပါးက အေၾကာင္း မသိခင္မွာ တခါႏွစ္ခါ အသာရခ်င္ ရပါလိမ့္မယ္။ အခါမ်ားလို႔ အေၾကာင္း သိလာရင္ ေပါင္းမိေပါင္းရာနဲ႔ ေပါင္းၿပီး မင္းဘဝကို ျပာက်သြားေအာင္ သူတို႔တေတြ လုပ္ေဆာင္ႏိုင္တယ္ ဆိုတာ ငါ့ေျမး သတိထားပါ"

"ဟုတ္ကဲ့အဖိုး၊ သားမွတ္ထားပါ့မယ္"

"ေအးကြာ ေကာင္းပါၿပီ။ ကဲလာ ဖိုထဲသြားရေအာင္ ငါ့မွာလည္း တေယာက္တည္းမို႔ သံ မီးဖုတ္ဖို႔ မီးေမႊးၿပီး မင္း ဖိုဆြဲေပးရလိမ့္မယ္"

"ဟာ အဖိုးကလည္း သားက မီးအပူမွ မခံႏိုင္တာ။ မီးမဖုတ္ပဲ ဒီအတိုင္း ထုလို႔ မရဘူးလား အဖိုး"

"တယ္၊ ဒီကေလးနဲ႔ေတာ့ ခက္ေတာ့တာဘဲ။ အပူမေပးဘဲ ဒီအတိုင္း ထုရင္ မင္းယူလာတဲ့ ဓားႏွစ္စက ငါ့ဆီေရာက္မွ အစ တရာေလာက္ ျဖစ္ သြားမွာေပါ့ကြ။ မွတ္ထားပါ ေျမးေလး၊ ငါ့ေျမးကို အဖိုးေျပာစရာ တခု က်န္ေသးတယ္။

အပူဒဏ္ မေပးဘဲ ဓားတလက္ကို လိုရာပုံ သြင္းလို႔ မရတတ္သလို ဘာအပူပင္ တခုမွ မရွိတဲ့ ဘဝတခုကိုလည္း လိုရာ ပုံသြင္းဖို႔ ခက္လွပါတယ္။ ဒါ့ေၾကာင့္ မိဘနားေန မိဘဆီမွာ စားေနၾကတဲ့ ငါ့ေျမးတို႔လို အ႐ြယ္က အပူ ေပးမထားတဲ့ ဓားနဲ႔ တူတယ္။ အခုလို မင္းအေဖက မင္းကို အပူတတ္ေပးတာ မင္းကို ပုံသြင္းလိုက္တာနဲ႔ တူတူပါဘဲ ေျမးေလးရဲ႕။

ေလာကမွာ ပူပင္ဒုကၡေတြ မ်ားလာေလေလ ကိုယ့္ဘဝအတြက္ အျမင္က်ယ္ ေလေလပါ။ အဲ့ဒီလို အျမင္က်ယ္ ေလေလ ကိုယ့္ဘဝအတြက္ ကိုယ္ လိုရာပုံ သြင္းလို႔ ရေလေလပါဘဲ ေျမးေလး။

မိမိဘဝ မိမိဒုကၡနဲ႔ မိမိ ရင္မဆိုင္ခင္ အခ်ိန္ဟာ ဓားေကာင္းတလက္ ရရွိဖို႔ ႐ိုက္ႏွက္ထုေထာင္း ပုံသြင္းေနၾကတဲ့ အဖိုးတို႔လို ပန္းဘဲဆရာေတြ ရွိမွ ျဖစ္ႏိုင္သလို၊ ငါ့ေျမးတို႔လို အ႐ြယ္ေတြအတြက္ သားေကာင္းရတနာ တေယာက္ျဖစ္ဖို႔အတြက္ ဟိန္းေဟာက္ ၿခိမ္းေျခာက္တတ္တဲ့ မိဘ ဆရာသမား ေကာင္းေတြ ရွိမွျဖစ္မယ္ ငါ့ေျမးရဲ႕"

"သား နားလည္ပါၿပီ အဘိုး"

Crd

Post a Comment

0 Comments