အလွန်ဆင်းရဲသော သူတောင်းစား

ပီယဒဿမင်းကြီးသည် တိုက်ပွဲက ပြန်လာသည်။ သူ့တွင် မြားထိထားသည်။ မင်းနေပြည်တော်ကို ရောက်ရန်လည်း ဝေးသေးသည်။ တိုက်ပွဲတွင် သမားတော်ကလည်း ကျဆုံးခဲ့သည်။ မင်းကြီးကို တပ်သားတဦးက ဘုန်းကြီး ကျောင်းဝင်းထဲကို ခေါ်လာသည်။

"အရှင်ဘုရား အရှင်ဘုရား"

"အလို ညကြီးမင်းကြီး ဘယ်သူတွေများပါလိမ့်"

"မှန်ပါအရှင်ဘုရား၊ ပီယဒဿမင်းကြီး ဒဏ်ရာ ရလာလို့ပါဘုရား"

"အေး အေး၊ ဟိုကွပ်ပျစ်ပေါ် တင်လိုက်"

ဆရာတော်ဘုရားက ဒဏ်ရာကို ကြည့်ပေးသည်။ ရေဆေးပြီး ဆေးထည့်ကာ အဝတ်များနှင့် ဒဏ်ရာကို စည်းပေးသည်။ နနွင်းနှင့် ပျားရည်ကို တိုက်ပြီး အိပ်စေသည်။

နောက်တနေ့တွင် မင်းကြီးသည် ခွန်အားများပြည့်ပြီး ဒဏ်ရာများကလည်း သက်သာသွားသည်။ တပ်ကူများ ရောက်လာသဖြင့် မင်းကြီးကို ပြန်ခေါ်သွားကြသည်။

"အရှင်ဘုရား တပည့်တော် ကျေးဇူးပြန်ဆပ်ပါရစေ ဘုရား။ အရှင်ဘုရားမှာ အခက်အခဲများ ရှိလျှင် တပည့်တော်ထံ အချိန်မရွေး ရောက်လာကာ အကူအညီများ တောင်းနိုင်ပါတယ်ဘုရား"

"မင်းကြီး သင့်ထံမှ မည်သည့် အကူအညီမျှ မလိုပါ"

မင်းကြီးလည်း တပ်ဖွဲ့နှင့် ပြန်သွားသည်။

နှစ်ကာလ ကြာသွားသည်။ ရဟန်း၏ ကျောင်းလည်း ပြိုလုလု ဖြစ်နေသည်။ ရွာသူ ရွာသားများကလည်း ဆင်းရဲလွန်း သောကြောင့် မည်သို့မျှ အထောက်အပံ့ မပေးနိုင်လောက်အောင် ဖြစ်နေသည်။ ဆရာတော်က ဆုံးဖြတ်လိုက်ပြီး နန်းတော်ကို ကြွသွားသည်။

အချိန်က နံနက်ခင်းစောစော ဖြစ်သည်။ နန်းတော်ထဲကို ကြွလာသည့် ဆရာတော်သည် နန်းတော်ရှေ့မှ ဘုရားဆင်းတုတဆူကို ဖြတ်စဉ် မင်းကြီးသည် ဆင်းတုတော်အား ရှိခိုးကာ ဆုတောင်းနေသည်ကို တွေ့လိုက်ရသဖြင့် ရပ်ပြီးကြည့်နေသည်။ မင်းကြီးက

"ဘုရားတပည့်တော်သည် ဤသို့ ရှိခိုးပူဇော်ရသော အကျိုးအားကြောင့် နိဗ္ဗာန်ကို ရောက်ရပါလို၏ ဘုရား။ နိဗ္ဗာန်မရောက်မီ စပ်ကြား ဥစ္စာစည်းစိမ် ပြည့်စုံအောင် ခံစား စံစားနိုင်သူ ဖြစ်ရပါလို၏ ဘုရား။

ရတနာစိန်ကျောက် တောင်လိုမောက်အောင် ပြည့်ဝစုံလင် ရှိရပါလို၏ဘုရား။ တိုင်းနိုင်ငံတန်ခိုး ပြည့်စုံဖြိုးပြီး တန်ခိုးရှိန်စော် ထက်ကာလွှမ်းမိုး အခြားတိုင်းနိုင်ငံများကို စိုးမိုး အုပ်ချုပ်ရပါလို၏ ဘုရား။

မင်းမှုထမ်း မောင်းမ ကျွန် အပြည့်အဝနှင့် သားမယားစုံလင် ကျန်းမာပျော်ရွှင်ပြီး နတ်မင်း၊ ဗြဟ္မာမင်း၊ သိကြားမင်း စည်းစိမ်မကျန် အားလုံး ရရှိခံစား စံစားရပါလို၏ ဘုရား"

ဆရာတော်က ပြန်လှည့်ထွက်သွားသည်။ ခြေသံ ကြားလိုက်ရသဖြင့် မင်းကြီးက နောက်လှည့် ကြည့်လိုက်သည်။

"အလို၊ အရှင်ဘုရား အရှင်ဘုရား ရပ်တော်မူပါဦးဘုရား"

ဆရာတော်က ရပ်လိုက်သည်။

"တပည့်တော်ထံ ရောက်လာပြီးမှ နန်းတော်ထဲ ဝင်ပါဦးဘုရား"

"မင်းကြီး ငါမဝင်လို"

"အဘယ်ကိစ္စ များကြောင့် တပည့်တော်ဆီ ကြွလာပါသနည်း ဘုရား"

"လာရင်းကိစ္စမှာ အလှူခံရန် ဖြစ်ပါသည်"

"တပည့်တော် လှူမှာပေါ့ဘုရား၊ ပြောပါ ဘာများလိုသနည်း"

"မင်းကြီး သင့်ထံမှ ငါဘာမျှ မလိုပြီ၊ လောကတွင် ငါသည် လည်းကောင်း ငါ၏ ရွာသားများသည် လည်းကောင်း ဆင်းရဲလှပြီ ထင်ခဲ့သည်။ ယခု လောကတွင် အဆင်းရဲဆုံး သူတောင်းစား တယောက်ကို ငါတွေ့လိုက်ရပြီ။

သင်သည် အလွန်သနားစရာ ကောင်းသည့် သူတောင်းစား ဖြစ်သည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှ သင်တောင်းနေသည်များ ငါကြားသည်။ အလိုအားကြီး သူတောင်းစားကြီးထံမှ ငါသည် တဆင့်ပြန်ကာ အလှူမခံ လိုတော့ပါ"

ဆရာတော်က နန်းတော် လှေကားများမှ တထစ်ချင်း ဆင်းသွားသည်။ မင်းကြီးက ဒူးထောက်ကာ ကျန်နေခဲ့သည်။ မည်သူဆင်းရဲသနည်း။

Crd TinNyunt

Zawgyi

အလြန္ဆင္းရဲေသာ သူေတာင္းစား

ပီယဒႆမင္းႀကီးသည္ တိုက္ပြဲက ျပန္လာသည္။ သူ႔တြင္ ျမားထိထားသည္။ မင္းေနျပည္ေတာ္ကို ေရာက္ရန္လည္း ေဝးေသးသည္။ တိုက္ပြဲတြင္ သမားေတာ္ကလည္း က်ဆုံးခဲ့သည္။ မင္းႀကီးကို တပ္သားတဦးက ဘုန္းႀကီး ေက်ာင္းဝင္းထဲကို ေခၚလာသည္။

"အရွင္ဘုရား အရွင္ဘုရား"

"အလို ညႀကီးမင္းႀကီး ဘယ္သူေတြမ်ားပါလိမ့္"

"မွန္ပါအရွင္ဘုရား၊ ပီယဒႆမင္းႀကီး ဒဏ္ရာ ရလာလို႔ပါဘုရား"

"ေအး ေအး၊ ဟိုကြပ္ပ်စ္ေပၚ တင္လိုက္"

ဆရာေတာ္ဘုရားက ဒဏ္ရာကို ၾကည့္ေပးသည္။ ေရေဆးၿပီး ေဆးထည့္ကာ အဝတ္မ်ားႏွင့္ ဒဏ္ရာကို စည္းေပးသည္။ နႏြင္းႏွင့္ ပ်ားရည္ကို တိုက္ၿပီး အိပ္ေစသည္။

ေနာက္တေန႔တြင္ မင္းႀကီးသည္ ခြန္အားမ်ားျပည့္ၿပီး ဒဏ္ရာမ်ားကလည္း သက္သာသြားသည္။ တပ္ကူမ်ား ေရာက္လာသျဖင့္ မင္းႀကီးကို ျပန္ေခၚသြားၾကသည္။

"အရွင္ဘုရား တပည့္ေတာ္ ေက်းဇူးျပန္ဆပ္ပါရေစ ဘုရား။ အရွင္ဘုရားမွာ အခက္အခဲမ်ား ရွိလွ်င္ တပည့္ေတာ္ထံ အခ်ိန္မေ႐ြး ေရာက္လာကာ အကူအညီမ်ား ေတာင္းႏိုင္ပါတယ္ဘုရား"

"မင္းႀကီး သင့္ထံမွ မည္သည့္ အကူအညီမွ် မလိုပါ"

မင္းႀကီးလည္း တပ္ဖြဲ႕ႏွင့္ ျပန္သြားသည္။

ႏွစ္ကာလ ၾကာသြားသည္။ ရဟန္း၏ ေက်ာင္းလည္း ၿပိဳလုလု ျဖစ္ေနသည္။ ႐ြာသူ ႐ြာသားမ်ားကလည္း ဆင္းရဲလြန္း ေသာေၾကာင့္ မည္သို႔မွ် အေထာက္အပံ့ မေပးႏိုင္ေလာက္ေအာင္ ျဖစ္ေနသည္။ ဆရာေတာ္က ဆုံးျဖတ္လိုက္ၿပီး နန္းေတာ္ကို ႂကြသြားသည္။

အခ်ိန္က နံနက္ခင္းေစာေစာ ျဖစ္သည္။ နန္းေတာ္ထဲကို ႂကြလာသည့္ ဆရာေတာ္သည္ နန္းေတာ္ေရွ႕မွ ဘုရားဆင္းတုတဆူကို ျဖတ္စဥ္ မင္းႀကီးသည္ ဆင္းတုေတာ္အား ရွိခိုးကာ ဆုေတာင္းေနသည္ကို ေတြ႕လိုက္ရသျဖင့္ ရပ္ၿပီးၾကည့္ေနသည္။ မင္းႀကီးက

"ဘုရားတပည့္ေတာ္သည္ ဤသို႔ ရွိခိုးပူေဇာ္ရေသာ အက်ိဳးအားေၾကာင့္ နိဗၺာန္ကို ေရာက္ရပါလို၏ ဘုရား။ နိဗၺာန္မေရာက္မီ စပ္ၾကား ဥစၥာစည္းစိမ္ ျပည့္စုံေအာင္ ခံစား စံစားႏိုင္သူ ျဖစ္ရပါလို၏ ဘုရား။

ရတနာစိန္ေက်ာက္ ေတာင္လိုေမာက္ေအာင္ ျပည့္ဝစုံလင္ ရွိရပါလို၏ဘုရား။ တိုင္းႏိုင္ငံတန္ခိုး ျပည့္စုံၿဖိဳးၿပီး တန္ခိုးရွိန္ေစာ္ ထက္ကာလႊမ္းမိုး အျခားတိုင္းႏိုင္ငံမ်ားကို စိုးမိုး အုပ္ခ်ဳပ္ရပါလို၏ ဘုရား။

မင္းမႈထမ္း ေမာင္းမ ကြၽန္ အျပည့္အဝႏွင့္ သားမယားစုံလင္ က်န္းမာေပ်ာ္႐ႊင္ၿပီး နတ္မင္း၊ ျဗဟၼာမင္း၊ သိၾကားမင္း စည္းစိမ္မက်န္ အားလုံး ရရွိခံစား စံစားရပါလို၏ ဘုရား"

ဆရာေတာ္က ျပန္လွည့္ထြက္သြားသည္။ ေျခသံ ၾကားလိုက္ရသျဖင့္ မင္းႀကီးက ေနာက္လွည့္ ၾကည့္လိုက္သည္။

"အလို၊ အရွင္ဘုရား အရွင္ဘုရား ရပ္ေတာ္မူပါဦးဘုရား"

ဆရာေတာ္က ရပ္လိုက္သည္။

"တပည့္ေတာ္ထံ ေရာက္လာၿပီးမွ နန္းေတာ္ထဲ ဝင္ပါဦးဘုရား"

"မင္းႀကီး ငါမဝင္လို"

"အဘယ္ကိစၥ မ်ားေၾကာင့္ တပည့္ေတာ္ဆီ ႂကြလာပါသနည္း ဘုရား"

"လာရင္းကိစၥမွာ အလႉခံရန္ ျဖစ္ပါသည္"

"တပည့္ေတာ္ လႉမွာေပါ့ဘုရား၊ ေျပာပါ ဘာမ်ားလိုသနည္း"

"မင္းႀကီး သင့္ထံမွ ငါဘာမွ် မလိုၿပီ၊ ေလာကတြင္ ငါသည္ လည္းေကာင္း ငါ၏ ႐ြာသားမ်ားသည္ လည္းေကာင္း ဆင္းရဲလွၿပီ ထင္ခဲ့သည္။ ယခု ေလာကတြင္ အဆင္းရဲဆုံး သူေတာင္းစား တေယာက္ကို ငါေတြ႕လိုက္ရၿပီ။

သင္သည္ အလြန္သနားစရာ ေကာင္းသည့္ သူေတာင္းစား ျဖစ္သည္။ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးထံမွ သင္ေတာင္းေနသည္မ်ား ငါၾကားသည္။ အလိုအားႀကီး သူေတာင္းစားႀကီးထံမွ ငါသည္ တဆင့္ျပန္ကာ အလႉမခံ လိုေတာ့ပါ"

ဆရာေတာ္က နန္းေတာ္ ေလွကားမ်ားမွ တထစ္ခ်င္း ဆင္းသြားသည္။ မင္းႀကီးက ဒူးေထာက္ကာ က်န္ေနခဲ့သည္။ မည္သူဆင္းရဲသနည္း။

Crd TinNyunt

Post a Comment

0 Comments