ဆင်းရဲခြင်း၏ အကြောင်းအရင်းအမှန်

တခါတုန်းက အရမ်းကို ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူ့ကို အရမ်းချမ်းသာတဲ့ လူတယောက်က တွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေ ပေါ်လာတယ်။

သူဌေးက သူ့ကို နွားတကောင် လက်ဆောင် ပေးခဲ့တယ်။ သူ့ကို လယ်ယာ ထွန်ယက်ဖို့ သေချာ မှာခဲ့တယ်။ အခုချိန် မျိုးစေ့ ကြဲထားပြီး ကောင်းကောင်း ထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့ စကားလုံးနဲ့ ဝေးဝေး ခွာနိုင်တော့မှာပါ လို့ ပြောခဲ့တယ်။

သူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက် အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ရှာတယ်။ ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ပါဘူး။ နွားက မြက်စားတယ်၊ လူက ထမင်းစားတယ်။ ဖြတ်သန်းရတဲ့ ဘဝက အရင်က ထက်တောင် ခက်ခဲနေသေးတယ်။

သူဆင်းရဲလေးက ပြန်စဉ်းစားတယ်။ နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ ဝယ်လိုက်ရင် ကောင်းမယ်။ တကောင်ကို အရင် သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထား လိုက်မယ်။ ဆိတ်ကလေးတွေ မွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ ရတယ်။ ဒါလည်း တော်တော်လေး အမြတ်ရနိုင်တယ်။

သူဆင်းရဲလေးက သူ့ရဲ့ အစီအစဉ်ကို အကောင်အထည် ဖေါ်လိုက်ပါတယ်။ ဆိတ်တကောင်ပဲ သတ်စားလိုက်တယ်။ နောက်ပိုင်းမှာ ဆိတ်ကလည်း တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တကောင် သတ်စားလိုက်တယ်။

သူ ပြန်စဉ်းစားတယ်။ ဒီတိုင်းဆို မဖြစ်တော့ဘူး။ ဆိတ်ကိုလည်း ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင် ကောင်းမယ်။ ကြက်က ဥ ဥတာ ပိုမြန်တယ်။ ကြက်ဥကနေ ဝင်ငွေ ချက်ချင်း ရနိုင်တယ်။ ဒါဆိုရင် ငါလည်း နည်းနည်း ချောင်သွားလိမ့်မယ်။

သူစီစဉ်ထားတဲ့ အတိုင်း လုပ်လိုက်ပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝက ပြောင်းလဲမှု မရှိဘူး။ ခက်ခဲလာပြန်ပြီ။ နောက်ဆုံးတော့လည်း မနေနိုင်ဘဲ တကောင် သတ်မိပြန်တယ်။ ဒီလိုနဲ့နောက်ဆုံး ကြက်တကောင်ပဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်။

သူ ပြန်စဉ်းစားတယ်။ ကြီးပွားဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကြက်ကို ရောင်းပြီး အရက်ဝယ်သောက်တာပဲ ကောင်းပါတယ်။ ဗိုက်ထဲ အရက်ဝင်သွားရင် အတွေးထဲကို အနောက်အယှက် မဝင်တော့ပါဘူးလေ။

နှစ်ကုန်လို့ သူ့ကို ကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်။ ပြန်တွေ့လိုက်တာ ကတော့ အရက်လေး တမြမြနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်။ နွားကလည်း မရှိတာကြာရောပေါ့။ အိမ်ကလည်း စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်။ သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကို တွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောပဲ လှည့်ထွက်သွားလိုက်တယ်။

သူဆင်းရဲလေး ကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်။

ဆင်းရဲတဲ့လူ အများစုမှာလည်း အိပ်မက်ဆိုတာ ရှိခဲ့ပါတယ်။ အခွင့်အရေး ဆိုတာလည်း ကြုံခဲ့ပါတယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစိုက်မက်မက် လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးတယောက် သူအောင်မြင်တဲ့ လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်။

“ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့။ ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေ ပေးနိုင်တယ်။ အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်။ ဒါဟာ ကောင်းတဲ့ အကျင့်လေးတခု ပါတဲ့”

စရိုက်က အကျင့်တခု ဖြစ်စေတယ်။ အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်။ အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွာခြားတဲ့ နေရာကတော့ အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်။ အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်။

ရှုံးနိမ့်တဲ့သူ ကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်။ လမ်းကြောင်းကို ပြောင်းပစ်တယ်။ အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှီဘူး ပေါ့။ ဒါဟာ ဆင်းရဲခြင်း၏ အကြောင်းရင်း အမှန်တွေပဲ ဖြစ်ပါတယ်။

Crd

Zawgyi

ဆင္းရဲျခင္း၏ အေၾကာင္းအရင္းအမွန္

တခါတုန္းက အရမ္းကို ဆင္းရဲတဲ့ လူတေယာက္ ရွိတယ္။ သူ႔ကို အရမ္းခ်မ္းသာတဲ့ လူတေယာက္က ေတြ႕ေတာ့ သနားၿပီး သူ႔ကို ႀကီးပြားလာေအာင္ ကူညီခ်င္စိတ္ေတြ ေပၚလာတယ္။

သူေဌးက သူ႔ကို ႏြားတေကာင္ လက္ေဆာင္ ေပးခဲ့တယ္။ သူ႔ကို လယ္ယာ ထြန္ယက္ဖို႔ ေသခ်ာ မွာခဲ့တယ္။ အခုခ်ိန္ မ်ိဳးေစ့ ႀကဲထားၿပီး ေကာင္းေကာင္း ထြန္ယက္ရင္ ဒီႏွစ္ကုန္ရင္ ဆင္းရဲတယ္ ဆိုတဲ့ စကားလုံးနဲ႔ ေဝးေဝး ခြာႏိုင္ေတာ့မွာပါ လို႔ ေျပာခဲ့တယ္။

သူဆင္းရဲေလးကေတာ့ အစပိုင္းမွာ ေမွ်ာ္လင့္ခ်က္ အျပည့္နဲ႔ တက္တက္ႂကြႂကြ လုပ္ရွာတယ္။ ဒါေပမဲ့ ဘယ္ေလာက္မွ မၾကာလိုက္ပါဘူး။ ႏြားက ျမက္စားတယ္၊ လူက ထမင္းစားတယ္။ ျဖတ္သန္းရတဲ့ ဘဝက အရင္က ထက္ေတာင္ ခက္ခဲေနေသးတယ္။

သူဆင္းရဲေလးက ျပန္စဥ္းစားတယ္။ ႏြားကို ေရာင္းလိုက္ၿပီး ဆိတ္တခ်ိဳ႕ ဝယ္လိုက္ရင္ ေကာင္းမယ္။ တေကာင္ကို အရင္ သတ္စားလိုက္ၿပီး က်န္တာေတြကို ဆက္ေမြးထား လိုက္မယ္။ ဆိတ္ကေလးေတြ ေမြးလာလို႔ ႀကီးလာရင္ ျပန္ေရာင္းစားလို႔ ရတယ္။ ဒါလည္း ေတာ္ေတာ္ေလး အျမတ္ရႏိုင္တယ္။

သူဆင္းရဲေလးက သူ႔ရဲ႕ အစီအစဥ္ကို အေကာင္အထည္ ေဖၚလိုက္ပါတယ္။ ဆိတ္တေကာင္ပဲ သတ္စားလိုက္တယ္။ ေနာက္ပိုင္းမွာ ဆိတ္ကလည္း ေတာ္ေတာ္နဲ႔ ကေလးမေမြးႏိုင္တာနဲ႔ မေအာင့္ႏိုင္ဘဲ ဆိတ္ေနာက္တေကာင္ သတ္စားလိုက္တယ္။

သူ ျပန္စဥ္းစားတယ္။ ဒီတိုင္းဆို မျဖစ္ေတာ့ဘူး။ ဆိတ္ကိုလည္း ေရာင္းပစ္လိုက္ၿပီး ၾကက္ဝယ္လိုက္ရင္ ေကာင္းမယ္။ ၾကက္က ဥ ဥတာ ပိုျမန္တယ္။ ၾကက္ဥကေန ဝင္ေငြ ခ်က္ခ်င္း ရႏိုင္တယ္။ ဒါဆိုရင္ ငါလည္း နည္းနည္း ေခ်ာင္သြားလိမ့္မယ္။

သူစီစဥ္ထားတဲ့ အတိုင္း လုပ္လိုက္ျပန္တယ္။ ဒါေပမဲ့ သူ႔ရဲ႕ ဘဝက ေျပာင္းလဲမႈ မရွိဘူး။ ခက္ခဲလာျပန္ၿပီ။ ေနာက္ဆုံးေတာ့လည္း မေနႏိုင္ဘဲ တေကာင္ သတ္မိျပန္တယ္။ ဒီလိုနဲ႔ေနာက္ဆုံး ၾကက္တေကာင္ပဲ က်န္တဲ့အခ်ိန္မွာ သူေတာ္ေတာ္ေလး စိတ္ဓာတ္က်သြားတယ္။

သူ ျပန္စဥ္းစားတယ္။ ႀကီးပြားဖို႔ ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။ ၾကက္ကို ေရာင္းၿပီး အရက္ဝယ္ေသာက္တာပဲ ေကာင္းပါတယ္။ ဗိုက္ထဲ အရက္ဝင္သြားရင္ အေတြးထဲကို အေနာက္အယွက္ မဝင္ေတာ့ပါဘူးေလ။

ႏွစ္ကုန္လို႔ သူ႔ကို ကူညီခဲ့တဲ့ သူေဌး သူ႔ဆီကို ျပန္ေရာက္လာတယ္။ ျပန္ေတြ႕လိုက္တာ ကေတာ့ အရက္ေလး တျမျမနဲ႔ မူးေနတဲ့ သူကိုေတြ႕လိုက္တယ္။ ႏြားကလည္း မရွိတာၾကာေရာေပါ့။ အိမ္ကလည္း စုတ္ျပတ္ၿမဲ စုတ္ျပတ္ေနတယ္။ သူေဌးက သူ႔ေရွ႕မွာ ရွိတဲ့ ျမင္ကြင္းကို ေတြ႕ေတာ့ သက္ျပင္းခ်လိုက္ၿပီး ဘာမွျပန္မေျပာပဲ လွည့္ထြက္သြားလိုက္တယ္။

သူဆင္းရဲေလး ကေတာ့ ဆင္းရဲၿမဲ ဆင္းရဲေနတယ္။

ဆင္းရဲတဲ့လူ အမ်ားစုမွာလည္း အိပ္မက္ဆိုတာ ရွိခဲ့ပါတယ္။ အခြင့္အေရး ဆိုတာလည္း ႀကဳံခဲ့ပါတယ္။ ႀကိဳးလည္း ႀကိဳးစားခဲ့တယ္။ ဒါေပမဲ့ တစိုက္မက္မက္ လုပ္ဖို႔ဆိုတာ ခက္ခဲလာတယ္။ စီးပြားေရး လုပ္ငန္းရွင္ႀကီးတေယာက္ သူေအာင္ျမင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေျပာခဲ့ဖူးတယ္။

“ပိုက္ဆံ မရွိတဲ့အခ်ိန္ ဘယ္ေလာက္ထိဘဲ ခက္ခဲေနပါေစ ရင္းႏွီးထားတဲ့ ေငြနဲ႔ စုထားတဲ့ေငြကို မထိမိပါေစနဲ႔။ ဖိအားက မင္းကို ေငြရွာဖို႔ နည္းလမ္းသစ္ေတြ ေပးႏိုင္တယ္။ အေႂကြးရွင္းဖို႔ တြန္းအားေပးႏိုင္တယ္။ ဒါဟာ ေကာင္းတဲ့ အက်င့္ေလးတခု ပါတဲ့”

စ႐ိုက္က အက်င့္တခု ျဖစ္ေစတယ္။ အဲဒီအက်င့္က ေအာင္ျမင္မႈကို ဆုံးျဖတ္ေပးတယ္။ ေအာင္ျမင္တဲ့သူနဲ႔ က်ရႈံးတဲ့သူရဲ႕ အဓိက ကြာျခားတဲ့ ေနရာကေတာ့ ေအာင္ျမင္တဲ့သူမွာ ပန္းတိုင္ကို သတ္မွတ္ထားၿပီးရင္ ရဲရဲခ်ီတက္တယ္။ အခက္အခဲေတြ႕ရင္ နည္းလမ္းကို ေျပာင္းၿပီး ထပ္ႀကိဳးစားတယ္။

ရႈံးနိမ့္တဲ့သူ ကေတာ့ ပန္းတိုင္ကို သတ္မွတ္ၿပီးရင္ အခက္အခဲေတြ႕တာနဲ႔ ပန္းတိုင္ကို ေျပာင္းပစ္တယ္။ လမ္းေၾကာင္းကို ေျပာင္းပစ္တယ္။ အစီအစဥ္က ေျပာင္းလဲမႈေတြကို ဘယ္လိုမွ လိုက္မမွီဘူး ေပါ့။ ဒါဟာ ဆင္းရဲျခင္း၏ အေၾကာင္းရင္း အမွန္ေတြပဲ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments