ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို တစ်နာရီအတွင်း ပျံသန်းနိုင်မယ့်လေယာဉ်ကို တီထွင်နေတဲ့ တရုတ်

တရုတ်နိုင်ငံက အင်ဂျင်နီယာတွေဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆို အချိန်တစ်နာရီအတွင်း ပျံသန်းနိုင်မယ့် လေယာဉ်ကို တည်ဆောက်နေကြပါပြီ။ အဲဒီလေယာဉ်က ၄၅ မီတာ ရှည်လျားပြီး ခရီးသည် ၁၀ ယောက် လိုက်ပါစီးနင်းနိုင်ပါတယ်။

Nanjing လေကြောင်းပညာတက္ကသိုလ်က ပါမောက္ခနဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ Jaingsu က အာကာသပညာရှင်တွေက ရှေ့ပြေးအင်ဂျင်တစ်ခုကို တီထွင်ထားပြီး စမ်းသပ်မောင်းနှင် ထားပြီးပါပြီ။

လေယာဉ်ဒီဇိုင်းအရ လေယာဉ်က အသံထက် ၅ ဆ မြန်ပါတယ်။ ၁၉၉၀ ခုနှစ်တွေတုန်းက Ming Han Tang ရဲ့ စိတ်ကူးတွေကို အခြေခံပြီး တီထွင်ထားတာပါ။ Ming Han Tang က အရင်က နာဆာမှာ hypersonic programme ရဲ့ အင်ဂျင်နီယာချုပ် တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

လေယာဉ်နာမည်ကို Boeing Manta X-47C လို့ နာမည်ပေးထားပါတယ်။ နည်းပညာ အခက်အခဲတွေကြောင့် ကုန်ကျစရိတ်ကတော့ မြင့်မားပါတယ်။

မူရင်းဒီဇိုင်းကို ၂၀၁၁ ခုနှစ်မှာ လျှို့ဝှက်အဆင့်အတန်း လျှော့ချသတ်မှတ် ခဲ့ပါတယ်။ အဲဒါကြောင့် ပါမောက္ခ Huijin နဲ့ သူ့အဖွဲ့က လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ခဲ့ပါတယ်။

တရုတ်ကတော့ ၂၀၃၅ ခုနှစ် မှာ ခရီးသည်တင်လေယာဉ် ပိုင်ဆိုင်လာဖို့ မျှော်လင့်နေပါတယ်။ ၂၀၄၅ ခုနှစ်ဆိုရင်တော့ ခရီးသည် ၁၀၀ အထိ တင်ဆောင်လာနိုင်ဖို့ ဆန္ဒရှိနေပါတယ်။

ဂျူလိုင်လတုန်းကတော့ အမေရိကန်လေတပ်က Hermeus ဆိုတဲ့ ကုမ္ပဏီနဲ့ ဒေါ်လာသန်း ၆၀တန်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ထဲမှာတော့ အင်ဂျင်တစ်လုံးတည်းနဲ့ အသံထက် ၅ ဆမြန်ပြီး တစ်နာရီကို 3800 mph ပျံသန်းနိုင်တဲ့ hypersonic prototype လေယာဉ်တစ်စီး တည်ဆောက်ပေးဖို့ ပါဝင်ပါတယ်။

Zombie (lovemedia)

for zawgyi

ကမာၻႀကီးရဲ႕ ဘယ္ေနရာကိုမဆို တစ္နာရီအတြင္း ပ်ံသန္းႏိုင္မယ့္ေလယာဥ္ကို တီထြင္ေနတဲ့ တ႐ုတ္

တ႐ုတ္ႏိုင္ငံက အင္ဂ်င္နီယာေတြဟာ ကမာၻႀကီးရဲ႕ဘယ္ေနရာကိုမဆို အခ်ိန္တစ္နာရီအတြင္း ပ်ံသန္းႏိုင္မယ့္ ေလယာဥ္ကို တည္ေဆာက္ေနၾကပါၿပီ။ အဲဒီေလယာဥ္က ၄၅ မီတာ ရွည္လ်ားၿပီး ခရီးသည္ ၁၀ ေယာက္ လိုက္ပါစီးနင္းႏိုင္ပါတယ္။

Nanjing ေလေၾကာင္းပညာတကၠသိုလ္က ပါေမာကၡနဲ႔ သူရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြ၊ Jaingsu က အာကာသပညာရွင္ေတြက ေရွ႕ေျပးအင္ဂ်င္တစ္ခုကို တီထြင္ထားၿပီး စမ္းသပ္ေမာင္းႏွင္ ထားၿပီးပါၿပီ။

ေလယာဥ္ဒီဇိုင္းအရ ေလယာဥ္က အသံထက္ ၅ ဆ ျမန္ပါတယ္။ ၁၉၉၀ ခုႏွစ္ေတြတုန္းက Ming Han Tang ရဲ႕ စိတ္ကူးေတြကို အေျခခံၿပီး တီထြင္ထားတာပါ။ Ming Han Tang က အရင္က နာဆာမွာ hypersonic programme ရဲ႕ အင္ဂ်င္နီယာခ်ဳပ္ တစ္ေယာက္အျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။

ေလယာဥ္နာမည္ကို Boeing Manta X-47C လို႔ နာမည္ေပးထားပါတယ္။ နည္းပညာ အခက္အခဲေတြေၾကာင့္ ကုန္က်စရိတ္ကေတာ့ ျမင့္မားပါတယ္။

မူရင္းဒီဇိုင္းကို ၂၀၁၁ ခုႏွစ္မွာ လွ်ိဳ႕ဝွက္အဆင့္အတန္း ေလွ်ာ့ခ်သတ္မွတ္ ခဲ့ပါတယ္။ အဲဒါေၾကာင့္ ပါေမာကၡ Huijin နဲ႔ သူ႔အဖြဲ႕က လြတ္လြတ္လပ္လပ္ ဖန္တီးႏိုင္ခဲ့ပါတယ္။

တ႐ုတ္ကေတာ့ ၂၀၃၅ ခုႏွစ္ မွာ ခရီးသည္တင္ေလယာဥ္ ပိုင္ဆိုင္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ၂၀၄၅ ခုႏွစ္ဆိုရင္ေတာ့ ခရီးသည္ ၁၀၀ အထိ တင္ေဆာင္လာႏိုင္ဖို႔ ဆႏၵရွိေနပါတယ္။

ဂ်ဴလိုင္လတုန္းကေတာ့ အေမရိကန္ေလတပ္က Hermeus ဆိုတဲ့ ကုမၸဏီနဲ႔ ေဒၚလာသန္း ၆၀တန္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ စာခ်ဳပ္ထဲမွာေတာ့ အင္ဂ်င္တစ္လုံးတည္းနဲ႔ အသံထက္ ၅ ဆျမန္ၿပီး တစ္နာရီကို 3800 mph ပ်ံသန္းႏိုင္တဲ့ hypersonic prototype ေလယာဥ္တစ္စီး တည္ေဆာက္ေပးဖို႔ ပါဝင္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments