ဝက်ပျင်းနှင့် ခွေးပျင်း

တခါတုန်းက လွင်ပြင်တခုမှာ ဝက်ကြီးတကောင် အစာရှာနေသတဲ့။ အဲဒီအခါမှာ ခွေးတကောင်က ရောက်လာပြီး ဝက်ကြီးကို မြင်တာနဲ့ ကိုက်စားမယ်ဆိုပြီး အပြေးလိုက်သတဲ့။ ဒါပေမယ့် ခွေးဟာ တိတ်တိတ်ကလေး မလိုက်ဘဲ ခွေးသံပေးပြီး ဟောင်ဖွာဟောင်ဖွာနဲ့ လိုက်တယ်။

အဲဒါနဲ့ ဝက်ကြီးကလည်း နောက်ကို လှည့်ကြည့်လိုက်တော့ ခွေးလိုက်လာတာ မြင်တာနဲ့ အော်ပြီး ပြေးတော့တာပဲ။ အဲဒီလို ဝက်ကြီးက ရှေ့ကနေပြီး အတော်အတန် ပြေးလိုက်ရင်ပဲ နောက်က လိုက်လာတဲ့ ခွေးက ဝက်ကို မိမှာ မဟုတ်တော့ပါဘူး ဆိုပြီး ဆက်မလိုက်တော့ဘဲ အရှိန်လျော့ပြီး ရပ်နေရစ်သတဲ့။

ဒီအခါ ရှေ့က ပြေးနေတဲ့ ဝက်ကြီးကလည်း နောက်က ခွေး ဆက်မလိုက်မှန်း သိတာနဲ့ ဒီခွေးလောက်များ ဘာအရေး စိုက်စရာ လိုသေးသလဲ ဆိုတဲ့ သဘောနဲ့ ဆက်ပြီး မပြေးတော့ဘဲ အေးအေးဆေးဆေး အစာရှာနေတယ်။

အဲဒီအခါ ခွေးက အနီး ရောက်လာပြီး တခါ ကိုက်စားမယ် ဆိုပြီး အပြေးလိုက် ပြန်တယ်။ ခွေးက လိုက်ပြန်တော့ ဝက်ကြီးကလည်း ပြေးပြန်တာပါပဲ။ ဝက်ကြီး ပြေးပြီ ဆိုရင် ခွေးကလည်း ဆက်မလိုက်တော့ဘဲ ရပ်နေရစ် ရောတဲ့။

ဒီလိုနဲ့ ခွေးက လိုက် လိုက်၊ ဝက်က ပြေးလိုက်၊ ခွေးက ရပ်လိုက်၊ ဝက်က ရပ်လိုက်နဲ့ ဝက်ကြီးကလည်း တကယ် လွတ်ကျွတ်အောင် မပြေးဘူး။ ခွေးကလည်း တကယ်မီအောင် မလိုက်ဘူး။ ခွေးရော ဝက်ကြီးပါ အပျင်းတွေ ချည်းပဲတဲ့။

ဤပုံပြင် အတိုင်းပင် လူ့စိတ်သဘာဝလည်း လောကဓံဒုက္ခ ခပ်ဆိုးဆိုးများ နောက်က ထပ်ကြပ်လိုက်လာမှ ကုသိုလ်ကို လုပ်လိုပေသည်။ ကုသိုလ်ကို အမြန် ပြေးယူလို ပေသည်။ တက်ကြွနိုးကြား လာတတ်ပေသည်။

လောကဓံ ဒုက္ခများ သက်သာ ရပ်တန့်သွားလျှင် ကုသိုလ်ကို မေ့သွားတတ်သည်။ အလုပ်လမ်းစ ပျောက်သွားတတ်သည်။ ပစ္စုပ္ပန် တမလွန် ကိုယ့်အကျိုးစီးပွား ကိုယ့်ကိစ္စများကို တိုးတက်အောင် မလုပ်လိုဘဲ အပို အလုပ်များ၊ အပျော်အပါး ကိစ္စများ ဖြင့်သာ အချိန် ဖြုန်းတီးနေတတ်ကြသည်။

ပုံပြင်ထဲက ဝက်ပျင်းပမာ လောကဓံ ဒုက္ခဆိုးများ မိမိနောက်က အဆက်မပြတ် လိုက်နေမှ ကုသိုလ်ကောင်းမှုကို အဆက်မပြတ် လုပ်တတ်သည့်သဘော သက်ရောက်နေ တတ်ပေသည်။ အမှန်မှာ ဤသို့ မဖြစ်သင့်ပေ။

"ဆင်းရဲ၏နောက် ချမ်းသာရောက်" ဟူသော သဘောအရ ဆင်းရဲတွေ့လျှင် လက်မှိုင်ချ မနေဘဲ ကြိုးစားရမည် ဖြစ်သကဲ့သို့ တကယ်တမ်း ချမ်းသာသုခ ဖြစ်ပေါ်လာသော ကာလတွင်လည်း မမေ့မလျော့ ကြိုးစားရမည် ဖြစ်ပေသည်။

လောက၏ သဘာဝမှာ ကြီးမားသော ချမ်းသာကို ရလိုလျှင် ချမ်းသာငယ်ကို ရဲရဲအနစ်နာခံ စွန့်ရမည်သာ ဖြစ်၍ ကြီးမားလှသော ဆင်းရဲကို ကြောက်လျှင်လည်း ဆင်းရဲငယ်ကို ချုပ်တည်းအောင့်အည်း သည်းခံရမည်သာ ဖြစ်ပေသည်။ (တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး)

ဤအကြောင်းနှင့် ပတ်သက်၍ မြင်းလေးမျိုးနှင့် တူသော လူလေးမျိုးကို နာယူမှတ်သား ထားသင့်၏။

(၁) မြင်းလိမ္မာသည် မြင်းလှည်းမောင်းသူက တုတ်ကို ထောင်ပြလျှင် အရိပ်အကဲ နားလည်၍ အလိုက်သိစွာ ပြေးသွားသကဲ့သို့ ဒုက္ခရောက်သူ၊ သေဆုံးသူအကြောင်းကို တဆင့်စကား ကြားရလျှင်ပင် အချို့ပုဂ္ဂိုလ်များသည် အသိဉာဏ်၊ သံဝေဂ ပေါ်ပေါက်လာ၍ တရားအလုပ်ကို အချိန်မဆွဲဘဲ ချက်ချင်း အားထုတ်တတ်လေသည်။

(၂) အချို့မြင်းသည် တုတ်ထောင်ပြရုံ မျှဖြင့် မြင်းလှည်းကို မဆွဲသေးဘဲ အမွေးကျွတ်အောင် ရိုက်သော အခါမှသာ နာသဖြင့် ပြေးတတ်၊ ရုန်းတတ်သကဲ့သို့ အချို့လူတို့သည် တဆင့်ကြားမျှဖြင့် တရားအသိ မပေါ်သေးဘဲ ဒုက္ခရောက်သူ၊ သေဆုံးသူကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရခါမှသာ

"ဟယ်၊ ဆင်းရဲဒုက္ခကြီး ငါ့မျက်စိအောက် ရောက်နေပါပြီကော။ တော်နေကြာတော့ ငါ့ထံလည်း ရောက်လာလိမ့်မယ်။ မရောက်သေးမီ အမြန် အားထုတ်မှဖြစ်မယ်" ဟု အသိဉာဏ် လေးနက်စွာ ပေါ်ပေါက်ကာ ကောင်းမှုအလုပ်ကို အချိန်မီ ကြိုးစား လုပ်ဆောင်တတ်ပေသည်။

(၃) အချို့မြင်းကား အမွေးကျွတ်အောင် ရိုက်ရုံမျှဖြင့် မပြေးဘဲ ပေကတ်နေကာ အရေစုတ်အောင် အရိုက်ခံရမှသာ အလွန်နာသဖြင့် ရုန်းတတ်၊ ပြေးတတ်သကဲ့သို့ အချို့လူသည်လည်း မိမိမျက်စိဖြင့် သေသူ၊ ဒုက္ခရောက်သူကို မြင်တွေ့ရစေကာမူ တရားအသိ၊ သံဝေဂ မျက်စိဖြင့် မြင်အောင် မကြည့်နိုင်ဘဲ ပြီးပြီးပျောက်ပျောက် ဖြစ်သွားကာ မိမိ၏ သွေးသားအရင်း ဆွေမျိုးပုဂ္ဂိုလ်များ ဒုက္ခရောက်လာ၊ သေဆုံးကာမှသာ "ဟယ်၊ ဆင်းရဲဒုက္ခကြီး ငါ့လက်တလှမ်း ရောက်နေပါပြီကော။ မကြာမီ ငါ့ဆီလည်း ရောက်ရတော့မည်" ဟု ဉာဏ်အမြင် ပေါ်လာ၍ အချိန်မနှောင်းမီ လျင်မြန်စွာ ကြိုးစားတတ်လေသည်။

(၄) အချို့မြင်းမှာ အရေစုတ်အောင် အရိုက်ခံရသော်လည်း မရုန်းမပြေးဘဲ အလွန် ပေကတ် နေတတ်သည်။ အရိုးကွဲအောင် အရိုက်ခံရသောအခါ၌သာ အလွန်နာလွန်းသဖြင့် "တော်နေကြာတော့ သေအောင် ရိုက်ချေရဲ့။ ရုန်းတာပဲ ကောင်းတယ်" ဟု မြင်းလှည်းကို ဆွဲတတ်ရှာသည်။ သို့သော်လည်း အလွန်ပင်ပန်း၍ ခရီးလည်း မတွင်ကျယ်တော့ချေ။

ထို့အတူ အချို့လူသည်လည်း ဆွေမျိုးရင်းများ ဒုက္ခရောက်၍ မိမိရှေ့မှောက်၌ သေဆုံးစေကာမူ တရားအသိ သံဝေဂဉာဏ် မပေါ်လာဘဲ မေ့မေ့ပျောက်ပျောက် နေလာရာက မိမိ၏ ခန္ဓာကိုယ်ပေါ်၌ သေလုမတတ် ဆိုးဝါးပြင်းထန်သော အနာရောဂါကြီး ရောက်ရှိလာသော အခါမှသာ "ဆင်းရဲဒုက္ခကြီး ငါ့အပေါ် ရောက်လာပါပြီကော။ တော်နေကြာတော့ ရောဂါက သေအောင် နှိပ်စက် ဖျက်ဆီးချေရဲ့။ အားကိုးစရာ အမြန်ရှာမှဖြစ်မယ်" ဟု အသိတရား ပေါ်ကာ ကောင်းမှုကို ပြုတတ်ပေသည်။

သို့ရာတွင် ကျန်းမာသန်စွမ်း တုန်းကကဲ့သို့ တွင်လည်း မတွင်၊ အလွန်လည်း ပင်ပန်းသည့်ပြင် ကြည်ကြည်လင်လင် အားတက်သရောလည်း မရှိတော့ချေ။ သို့ဖြစ်၍ စာရှုသူအပေါင်းလည်း ဝက်ပျင်းပမာ မကျင့်ကြံဘဲ ကျန်းမာသန်စွမ်းတုန်း၊ ခန္ဓာကို လိုသလို ခိုင်း၍ ဖြစ်နေတုန်း သတိဉာဏ် ရှေ့ထား၍ အမြန်ကြိုးစားနိုင်ကြပါစေ။

တော်ဝင်နွယ် (ယောဆရာတော်၏ ဓမ္မပုံပြင်များ)

Zawgyi

ဝက္ပ်င္းႏွင့္ ေခြးပ်င္း

တခါတုန္းက လြင္ျပင္တခုမွာ ဝက္ႀကီးတေကာင္ အစာရွာေနသတဲ့။ အဲဒီအခါမွာ ေခြးတေကာင္က ေရာက္လာၿပီး ဝက္ႀကီးကို ျမင္တာနဲ႔ ကိုက္စားမယ္ဆိုၿပီး အေျပးလိုက္သတဲ့။ ဒါေပမယ့္ ေခြးဟာ တိတ္တိတ္ကေလး မလိုက္ဘဲ ေခြးသံေပးၿပီး ေဟာင္ဖြာေဟာင္ဖြာနဲ႔ လိုက္တယ္။

အဲဒါနဲ႔ ဝက္ႀကီးကလည္း ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ေခြးလိုက္လာတာ ျမင္တာနဲ႔ ေအာ္ၿပီး ေျပးေတာ့တာပဲ။ အဲဒီလို ဝက္ႀကီးက ေရွ႕ကေနၿပီး အေတာ္အတန္ ေျပးလိုက္ရင္ပဲ ေနာက္က လိုက္လာတဲ့ ေခြးက ဝက္ကို မိမွာ မဟုတ္ေတာ့ပါဘူး ဆိုၿပီး ဆက္မလိုက္ေတာ့ဘဲ အရွိန္ေလ်ာ့ၿပီး ရပ္ေနရစ္သတဲ့။

ဒီအခါ ေရွ႕က ေျပးေနတဲ့ ဝက္ႀကီးကလည္း ေနာက္က ေခြး ဆက္မလိုက္မွန္း သိတာနဲ႔ ဒီေခြးေလာက္မ်ား ဘာအေရး စိုက္စရာ လိုေသးသလဲ ဆိုတဲ့ သေဘာနဲ႔ ဆက္ၿပီး မေျပးေတာ့ဘဲ ေအးေအးေဆးေဆး အစာရွာေနတယ္။

အဲဒီအခါ ေခြးက အနီး ေရာက္လာၿပီး တခါ ကိုက္စားမယ္ ဆိုၿပီး အေျပးလိုက္ ျပန္တယ္။ ေခြးက လိုက္ျပန္ေတာ့ ဝက္ႀကီးကလည္း ေျပးျပန္တာပါပဲ။ ဝက္ႀကီး ေျပးၿပီ ဆိုရင္ ေခြးကလည္း ဆက္မလိုက္ေတာ့ဘဲ ရပ္ေနရစ္ ေရာတဲ့။

ဒီလိုနဲ႔ ေခြးက လိုက္ လိုက္၊ ဝက္က ေျပးလိုက္၊ ေခြးက ရပ္လိုက္၊ ဝက္က ရပ္လိုက္နဲ႔ ဝက္ႀကီးကလည္း တကယ္ လြတ္ကြၽတ္ေအာင္ မေျပးဘူး။ ေခြးကလည္း တကယ္မီေအာင္ မလိုက္ဘူး။ ေခြးေရာ ဝက္ႀကီးပါ အပ်င္းေတြ ခ်ည္းပဲတဲ့။

ဤပုံျပင္ အတိုင္းပင္ လူ႔စိတ္သဘာဝလည္း ေလာကဓံဒုကၡ ခပ္ဆိုးဆိုးမ်ား ေနာက္က ထပ္ၾကပ္လိုက္လာမွ ကုသိုလ္ကို လုပ္လိုေပသည္။ ကုသိုလ္ကို အျမန္ ေျပးယူလို ေပသည္။ တက္ႂကြႏိုးၾကား လာတတ္ေပသည္။

ေလာကဓံ ဒုကၡမ်ား သက္သာ ရပ္တန႔္သြားလွ်င္ ကုသိုလ္ကို ေမ့သြားတတ္သည္။ အလုပ္လမ္းစ ေပ်ာက္သြားတတ္သည္။ ပစၥဳပၸန္ တမလြန္ ကိုယ့္အက်ိဳးစီးပြား ကိုယ့္ကိစၥမ်ားကို တိုးတက္ေအာင္ မလုပ္လိုဘဲ အပို အလုပ္မ်ား၊ အေပ်ာ္အပါး ကိစၥမ်ား ျဖင့္သာ အခ်ိန္ ျဖဳန္းတီးေနတတ္ၾကသည္။

ပုံျပင္ထဲက ဝက္ပ်င္းပမာ ေလာကဓံ ဒုကၡဆိုးမ်ား မိမိေနာက္က အဆက္မျပတ္ လိုက္ေနမွ ကုသိုလ္ေကာင္းမႈကို အဆက္မျပတ္ လုပ္တတ္သည့္သေဘာ သက္ေရာက္ေန တတ္ေပသည္။ အမွန္မွာ ဤသို႔ မျဖစ္သင့္ေပ။

"ဆင္းရဲ၏ေနာက္ ခ်မ္းသာေရာက္" ဟူေသာ သေဘာအရ ဆင္းရဲေတြ႕လွ်င္ လက္မႈိင္ခ် မေနဘဲ ႀကိဳးစားရမည္ ျဖစ္သကဲ့သို႔ တကယ္တမ္း ခ်မ္းသာသုခ ျဖစ္ေပၚလာေသာ ကာလတြင္လည္း မေမ့မေလ်ာ့ ႀကိဳးစားရမည္ ျဖစ္ေပသည္။

ေလာက၏ သဘာဝမွာ ႀကီးမားေသာ ခ်မ္းသာကို ရလိုလွ်င္ ခ်မ္းသာငယ္ကို ရဲရဲအနစ္နာခံ စြန႔္ရမည္သာ ျဖစ္၍ ႀကီးမားလွေသာ ဆင္းရဲကို ေၾကာက္လွ်င္လည္း ဆင္းရဲငယ္ကို ခ်ဳပ္တည္းေအာင့္အည္း သည္းခံရမည္သာ ျဖစ္ေပသည္။ (တိပိဋကဓရ၊ ဓမၼဘ႑ာဂါရိက ေယာ ဆရာေတာ္ႀကီး)

ဤအေၾကာင္းႏွင့္ ပတ္သက္၍ ျမင္းေလးမ်ိဳးႏွင့္ တူေသာ လူေလးမ်ိဳးကို နာယူမွတ္သား ထားသင့္၏။

(၁) ျမင္းလိမၼာသည္ ျမင္းလွည္းေမာင္းသူက တုတ္ကို ေထာင္ျပလွ်င္ အရိပ္အကဲ နားလည္၍ အလိုက္သိစြာ ေျပးသြားသကဲ့သို႔ ဒုကၡေရာက္သူ၊ ေသဆုံးသူအေၾကာင္းကို တဆင့္စကား ၾကားရလွ်င္ပင္ အခ်ိဳ႕ပုဂၢိဳလ္မ်ားသည္ အသိဉာဏ္၊ သံေဝဂ ေပၚေပါက္လာ၍ တရားအလုပ္ကို အခ်ိန္မဆြဲဘဲ ခ်က္ခ်င္း အားထုတ္တတ္ေလသည္။

(၂) အခ်ိဳ႕ျမင္းသည္ တုတ္ေထာင္ျပ႐ုံ မွ်ျဖင့္ ျမင္းလွည္းကို မဆြဲေသးဘဲ အေမြးကြၽတ္ေအာင္ ႐ိုက္ေသာ အခါမွသာ နာသျဖင့္ ေျပးတတ္၊ ႐ုန္းတတ္သကဲ့သို႔ အခ်ိဳ႕လူတို႔သည္ တဆင့္ၾကားမွ်ျဖင့္ တရားအသိ မေပၚေသးဘဲ ဒုကၡေရာက္သူ၊ ေသဆုံးသူကို ကိုယ္တိုင္ မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရခါမွသာ

"ဟယ္၊ ဆင္းရဲဒုကၡႀကီး ငါ့မ်က္စိေအာက္ ေရာက္ေနပါၿပီေကာ။ ေတာ္ေနၾကာေတာ့ ငါ့ထံလည္း ေရာက္လာလိမ့္မယ္။ မေရာက္ေသးမီ အျမန္ အားထုတ္မွျဖစ္မယ္" ဟု အသိဉာဏ္ ေလးနက္စြာ ေပၚေပါက္ကာ ေကာင္းမႈအလုပ္ကို အခ်ိန္မီ ႀကိဳးစား လုပ္ေဆာင္တတ္ေပသည္။

(၃) အခ်ိဳ႕ျမင္းကား အေမြးကြၽတ္ေအာင္ ႐ိုက္႐ုံမွ်ျဖင့္ မေျပးဘဲ ေပကတ္ေနကာ အေရစုတ္ေအာင္ အ႐ိုက္ခံရမွသာ အလြန္နာသျဖင့္ ႐ုန္းတတ္၊ ေျပးတတ္သကဲ့သို႔ အခ်ိဳ႕လူသည္လည္း မိမိမ်က္စိျဖင့္ ေသသူ၊ ဒုကၡေရာက္သူကို ျမင္ေတြ႕ရေစကာမူ တရားအသိ၊ သံေဝဂ မ်က္စိျဖင့္ ျမင္ေအာင္ မၾကည့္ႏိုင္ဘဲ ၿပီးၿပီးေပ်ာက္ေပ်ာက္ ျဖစ္သြားကာ မိမိ၏ ေသြးသားအရင္း ေဆြမ်ိဳးပုဂၢိဳလ္မ်ား ဒုကၡေရာက္လာ၊ ေသဆုံးကာမွသာ "ဟယ္၊ ဆင္းရဲဒုကၡႀကီး ငါ့လက္တလွမ္း ေရာက္ေနပါၿပီေကာ။ မၾကာမီ ငါ့ဆီလည္း ေရာက္ရေတာ့မည္" ဟု ဉာဏ္အျမင္ ေပၚလာ၍ အခ်ိန္မေႏွာင္းမီ လ်င္ျမန္စြာ ႀကိဳးစားတတ္ေလသည္။

(၄) အခ်ိဳ႕ျမင္းမွာ အေရစုတ္ေအာင္ အ႐ိုက္ခံရေသာ္လည္း မ႐ုန္းမေျပးဘဲ အလြန္ ေပကတ္ ေနတတ္သည္။ အ႐ိုးကြဲေအာင္ အ႐ိုက္ခံရေသာအခါ၌သာ အလြန္နာလြန္းသျဖင့္ "ေတာ္ေနၾကာေတာ့ ေသေအာင္ ႐ိုက္ေခ်ရဲ႕။ ႐ုန္းတာပဲ ေကာင္းတယ္" ဟု ျမင္းလွည္းကို ဆြဲတတ္ရွာသည္။ သို႔ေသာ္လည္း အလြန္ပင္ပန္း၍ ခရီးလည္း မတြင္က်ယ္ေတာ့ေခ်။

ထို႔အတူ အခ်ိဳ႕လူသည္လည္း ေဆြမ်ိဳးရင္းမ်ား ဒုကၡေရာက္၍ မိမိေရွ႕ေမွာက္၌ ေသဆုံးေစကာမူ တရားအသိ သံေဝဂဉာဏ္ မေပၚလာဘဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနလာရာက မိမိ၏ ခႏၶာကိုယ္ေပၚ၌ ေသလုမတတ္ ဆိုးဝါးျပင္းထန္ေသာ အနာေရာဂါႀကီး ေရာက္ရွိလာေသာ အခါမွသာ "ဆင္းရဲဒုကၡႀကီး ငါ့အေပၚ ေရာက္လာပါၿပီေကာ။ ေတာ္ေနၾကာေတာ့ ေရာဂါက ေသေအာင္ ႏွိပ္စက္ ဖ်က္ဆီးေခ်ရဲ႕။ အားကိုးစရာ အျမန္ရွာမွျဖစ္မယ္" ဟု အသိတရား ေပၚကာ ေကာင္းမႈကို ျပဳတတ္ေပသည္။

သို႔ရာတြင္ က်န္းမာသန္စြမ္း တုန္းကကဲ့သို႔ တြင္လည္း မတြင္၊ အလြန္လည္း ပင္ပန္းသည့္ျပင္ ၾကည္ၾကည္လင္လင္ အားတက္သေရာလည္း မရွိေတာ့ေခ်။ သို႔ျဖစ္၍ စာရႈသူအေပါင္းလည္း ဝက္ပ်င္းပမာ မက်င့္ႀကံဘဲ က်န္းမာသန္စြမ္းတုန္း၊ ခႏၶာကို လိုသလို ခိုင္း၍ ျဖစ္ေနတုန္း သတိဉာဏ္ ေရွ႕ထား၍ အျမန္ႀကိဳးစားႏိုင္ၾကပါေစ။

ေတာ္ဝင္ႏြယ္ (ေယာဆရာေတာ္၏ ဓမၼပုံျပင္မ်ား)

Post a Comment

0 Comments