ဖုန်းသုံးတဲ့အခါ လူအများစု မှားယွင်းလုပ်မိတဲ့အချက် (၅) ချက်

အခုခေတ်မှာ ဖုန်းက လူတွေရဲ့နေ့စဉ်ဘဝထဲ မရှိမဖြစ် အရေးပါလာပါပြီ။ ဖုန်းနဲ့ alarm ပေးတာက အဆင်ပြေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဖုန်းသုံးတဲ့အခါ လူအများစု မှားယွင်းစွာ လုပ်မိတဲ့ အချက်လေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဖုန်းနှင့်အတူ အိပ်ခြင်း

ဖုန်းက ရေဒီယိုလှိုင်းတွေကို ထုတ်လွှတ်ပါတယ်။ ဖုန်းနဲ့ နာရီပေါင်းများစွာ ထိတွေတဲ့အခါ အဲဒီလှိုင်းတွေက ဦးနှောက်ကို ထိခိုက်စေမှာပါ။ ညဘက်အိပ်တဲ့အခါ ဖုန်းပိတ်ထားဖို့ အဆင်မပြေရင် airplane mode လုပ်ထားပါ။

၂။ ဖုန်းက ထွက်တဲ့ အပြာရောင် အလင်းတွေနဲ့ နာရီပေါင်းများစွာ ထိတွေ့ခြင်း

ဖုန်းက ထွက်တဲ့အပြာရောင် အလင်းတွေနဲ့ အချိန်ကြာကြာ ထိတွေ့ရင် တော်တော်နဲ့ အိပ်မပျော်တော့ပါဘူး။ အပြာရောင် အလင်းက ခေါင်းကိုက်တာနဲ့ မျက်လုံးကိုက်တာ၊ မျက်ရည်ကျတာကိုလည်း ဖြစ်စေပါသေးတယ်။ ညဘက်မှာ ဖုန်းသုံးရင် blue light filter ကို ဖွင့်ထားသင့်ပါတယ်။

၃။ Signal တိုင် နည်းနေချိန်မှာ အသုံးပြုခြင်း

ဖုန်းမှာ signal တိုင်နည်းနေတာကို မြင်လိုက်ရရင် ဖုန်းကို ဝေးဝေးမှာထားဖို့ Dr Devra Davis က အကြံပြုထားပါတယ်။ Signal တိုင် နည်းတာက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ဖုန်းကိုလည်း ပိုပူစေပါတယ်။

၄။ ဖုန်းကို အရေပြားနဲ့ ကပ်ထားခြင်း

Cell phone တွေရဲ့ လှိုင်းထုတ်လွှတ်မှုက 900MHz ပတ်ဝန်းကျင် ရှိတယ်ဆိုရင် ကင်ဆာနဲ့ နီးလာပြီလို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ 900MHz ဆ်ုရင် ဖုန်းက တော်တော်ပူနေပါပြီ။ ဖုန်းနဲ့လူနဲ့ ကပ်ထားရင် အရေပြားက ဖုန်းဆီက အပူကို အလွယ်တကူ စုပ်ယူပါတယ်။ ဖုန်းပြောတဲ့အခါ ဖုန်းနဲ့ နားကို နည်းနည်းလေး ဝေးပြီးမှ ပြောသင့်သလို ဖုန်းမသုံးဖြစ်တဲ့ အခါမှာလည်း ဖုန်းနဲ့လူနဲ့ ဝေးဝေးနေသင့်ပါတယ်။

၅။ ဖုန်းသုံးတဲ့အခါ ကိုယ်အနေအထား မမှန်ခြင်း

ဖုန်းသုံးတဲ့အခါ ထိုင်ပြီးသုံးရင် လည်ပင်းနဲ့ ကျောရိုးမှာ ဖိအားတွေ ဖြစ်လာပါတယ်။ အချိန်ကြာလာရင် လည်ပင်းပေါ်မှာရှိတဲ့ အလေးချိန် ဖိအားက ခေါင်းအျလူချိန်ရဲ့ ၅ ဆလောက် ဖြစ်လာတယ်လို့ ခံစားလာရပါတယ်။ အဲဒီကနေ လည်ပင်းနာတာ၊ အကြောတက်တာ၊ ကိုယ်အနေအထား မမှန်တာတွေ ဖြစ်လာမှာပါ။ အဲဒါကြောင့် ဖုန်းကို မျက်လုံးနဲ့ တန်းတူအမြင့်မှာ ထားပါ။ လည်ပင်းကို ငုံ့ပြီးတော့လည်း မသုံးသင့်ပါဘူးနော်။

Zombie (lovemedia)

for zawgyi

ဖုန္းသုံးတဲ့အခါ လူအမ်ားစု မွားယြင္းလုပ္မိတဲ့အခ်က္ (၅) ခ်က္

အခုေခတ္မွာ ဖုန္းက လူေတြရဲ႕ေန႔စဥ္ဘဝထဲ မရွိမျဖစ္ အေရးပါလာပါၿပီ။ ဖုန္းနဲ႔ alarm ေပးတာက အဆင္ေျပမယ့္ က်န္းမာေရးအတြက္ေတာ့ မေကာင္းပါဘူး။ ဖုန္းသုံးတဲ့အခါ လူအမ်ားစု မွားယြင္းစြာ လုပ္မိတဲ့ အခ်က္ေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ဖုန္းႏွင့္အတူ အိပ္ျခင္း

ဖုန္းက ေရဒီယိုလႈိင္းေတြကို ထုတ္လႊတ္ပါတယ္။ ဖုန္းနဲ႔ နာရီေပါင္းမ်ားစြာ ထိေတြတဲ့အခါ အဲဒီလႈိင္းေတြက ဦးေႏွာက္ကို ထိခိုက္ေစမွာပါ။ ညဘက္အိပ္တဲ့အခါ ဖုန္းပိတ္ထားဖို႔ အဆင္မေျပရင္ airplane mode လုပ္ထားပါ။

၂။ ဖုန္းက ထြက္တဲ့ အျပာေရာင္ အလင္းေတြနဲ႔ နာရီေပါင္းမ်ားစြာ ထိေတြ႕ျခင္း

ဖုန္းက ထြက္တဲ့အျပာေရာင္ အလင္းေတြနဲ႔ အခ်ိန္ၾကာၾကာ ထိေတြ႕ရင္ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ေတာ့ပါဘူး။ အျပာေရာင္ အလင္းက ေခါင္းကိုက္တာနဲ႔ မ်က္လုံးကိုက္တာ၊ မ်က္ရည္က်တာကိုလည္း ျဖစ္ေစပါေသးတယ္။ ညဘက္မွာ ဖုန္းသုံးရင္ blue light filter ကို ဖြင့္ထားသင့္ပါတယ္။

၃။ Signal တိုင္ နည္းေနခ်ိန္မွာ အသုံးျပဳျခင္း

ဖုန္းမွာ signal တိုင္နည္းေနတာကို ျမင္လိုက္ရရင္ ဖုန္းကို ေဝးေဝးမွာထားဖို႔ Dr Devra Davis က အႀကံျပဳထားပါတယ္။ Signal တိုင္ နည္းတာက ဦးေႏွာက္က်န္းမာေရးကို ထိခိုက္ေစတဲ့အျပင္ ဖုန္းကိုလည္း ပိုပူေစပါတယ္။

၄။ ဖုန္းကို အေရျပားနဲ႔ ကပ္ထားျခင္း

Cell phone ေတြရဲ႕ လႈိင္းထုတ္လႊတ္မႈက 900MHz ပတ္ဝန္းက်င္ ရွိတယ္ဆိုရင္ ကင္ဆာနဲ႔ နီးလာၿပီလို႔ ေလ့လာခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။ 900MHz ဆ္ုရင္ ဖုန္းက ေတာ္ေတာ္ပူေနပါၿပီ။ ဖုန္းနဲ႔လူနဲ႔ ကပ္ထားရင္ အေရျပားက ဖုန္းဆီက အပူကို အလြယ္တကူ စုပ္ယူပါတယ္။ ဖုန္းေျပာတဲ့အခါ ဖုန္းနဲ႔ နားကို နည္းနည္းေလး ေဝးၿပီးမွ ေျပာသင့္သလို ဖုန္းမသုံးျဖစ္တဲ့ အခါမွာလည္း ဖုန္းနဲ႔လူနဲ႔ ေဝးေဝးေနသင့္ပါတယ္။

၅။ ဖုန္းသုံးတဲ့အခါ ကိုယ္အေနအထား မမွန္ျခင္း

ဖုန္းသုံးတဲ့အခါ ထိုင္ၿပီးသုံးရင္ လည္ပင္းနဲ႔ ေက်ာ႐ိုးမွာ ဖိအားေတြ ျဖစ္လာပါတယ္။ အခ်ိန္ၾကာလာရင္ လည္ပင္းေပၚမွာရွိတဲ့ အေလးခ်ိန္ ဖိအားက ေခါင္းအ်လူခ်ိန္ရဲ႕ ၅ ဆေလာက္ ျဖစ္လာတယ္လို႔ ခံစားလာရပါတယ္။ အဲဒီကေန လည္ပင္းနာတာ၊ အေၾကာတက္တာ၊ ကိုယ္အေနအထား မမွန္တာေတြ ျဖစ္လာမွာပါ။ အဲဒါေၾကာင့္ ဖုန္းကို မ်က္လုံးနဲ႔ တန္းတူအျမင့္မွာ ထားပါ။ လည္ပင္းကို ငုံ႔ၿပီးေတာ့လည္း မသုံးသင့္ပါဘူးေနာ္။

Zombie (lovemedia)

Post a Comment

0 Comments