မိဘမေတ္တာ

တခါတုန်းက ငန်းမိသားစု တစုဟာ ကျောက်တုံးကြီး ကြားမှာ နေထိုင်ကြတယ်။ ငန်းမနဲ့ ငန်းပေါက်လေး ခြောက်ကောင် တို့ ရှိကြပြီး သူတို့ထဲက အငယ်ဆုံး ငန်းပေါက်ပိစိလေးဟာ သိပ်ကို ဆိုးတယ်။ သူ့အကို ငန်းတွေကိုလည်း အနိုင်ကျင့်ပြီး အစာစားရင် သူများ ပါးစပ်ထဲကလုယက်ပြီး စားလေ့ရှိတယ်။

တနေ့တော့ ငန်းပေါက်လေးတွေ ဆော့ကစားနေ ကြတဲ့အချိန် အငယ်ဆုံး ငန်းပေါက်လေးဟာ ကျောက်တုံးကြီးပေါ် တကောင်တည်း တက်ဆော့တယ်။ ငန်းမကြီး ပြန်လာတော့ ကျန်တဲ့ အကောင်လေးတွေက ပိစိကို တိုင်တော့ အဆူခံရတာပေါ့။

အဲဒီအပေါ်မှာ စွန်တွေ၊ သိန်းငှက်တွေရဲ့ အန္တရာယ် ရှိတယ်။ အဲ့ဒီပေါ်မှာ ဆော့အုန်းမလား ဆိုပြီး ငန်းအမေကြီးဟာ ငန်းပိစိကို ရိုက်တာပေါ့။ ငန်းပေါက်လေးပိစိဟာ ချောင်မှာ သွားငိုနေတယ်။ နေ့လည်ရောက်တော့ စိတ်ဆိုးနေတဲ့ ပိစိလည်း ဘယ်သူမှ မသိအောင် တကောင်တည်း တောထဲကို ထွက်လာခဲ့တာပေါ့။

ဒီလိုနဲ့ သူဟာ လျှောက်သွားနေရင်းက တနေရာကို ရောက်တော့ မြေခွေး ခြေရာတွေကို တွေ့လိုက်ရတယ်။ ဒီတော့ ပိစိဟာ အကြံရသွားတယ်။ ငါ့ကို အဆူခံရအောင်လုပ်တဲ့ ငါ့အကို အမတွေကို ပြန်ဒုက္ခပေးရမယ်။ ဒီလိုနဲ့ ပိစိဟာ မြေခွေးခြေရာအတိုင်း လိုက်သွားတယ်။

တနေရာရောက်တော့ သစ်ပင်အောက်မှာ အိပ်နေတဲ့ မြေခွေးကို တွေ့လိုက်ရတယ်။ ဒီအခါ မြေခွေးကို နှိုးလိုက်တာပေါ့။ "ခင်ဗျား၊ ငန်းသားစားချင်လား၊ စားချင်တယ်ဆိုရင် ကျွန်တော်လိုက်ပြမယ်" ဆိုပြီး ငန်းပိစိလေးဟာ ရှေ့ကနေ မြေခွေးကို လမ်းပြကာ ခေါ်ဆောင်ခဲ့တယ်။

မကြာခင်မှာ သူ့အမေတွေ ရှိတဲ့ ကျောက်တုံးနဲ့ မလှမ်းမကမ်းက ခြုံတွေနား ရောက်လာတယ်။ "ဟိုနားက ကျောက်တုံးကြားမှာ ငန်းလေးတွေ ငါးကောင်တောင် ရှိတယ်။ ပြီးတော့ အသိုက်ထဲမှာ ငန်းဥတွေလည်း ရှိတယ်။ ခင်ဗျား သွားစားပေတော့" ဆိုပြီး မြေခွေးကို ပြောလိုက်တယ်။

ဒါပေမယ့် မြေခွေးက "နေဦး ပြီးတော့မှ ငါသွားစားမယ်၊ ခုလောလောဆယ် မင်းက ငါ့ပါးစပ်ရှေ့ အရင်ရောက်နေတဲ့ မင်းကို အရင်စားမယ်" ဆိုပြီး ပိစိကို ပြေးဟပ်လိုက်တယ်။

အဲ့ဒီအချိန်မှာဘဲ ခြုံနောက်ကနေ သူ့အမေ ငန်းမကြီးနဲ့ သူ့အကို ဘဲငန်းလေးတွေ ပြေးထွက်လာပြီး မြေခွေးကို ထိုးဆိတ် တိုက်ခိုက်ကြတော့တယ်။

မြေခွေးလည်း ငန်းပေါက်ကို ချပြီး တောထဲကို ပြန်ပြေးရတာပေါ့။ အဲ့ဒီနောက် မြေခွေး အစွယ်ကြောင့် ဒဏ်ရာရသွားတဲ့ ပိစိကို ပြန်ခေါ်လာ ကြပါတယ်။ ပြီးတော့ ဒဏ်ရာတွေကို ဆေးထည့်ပေးကြတယ်။ "မေမေတို့ ဘယ်တုန်းက ရောက်လာကြတာလဲဟင်"

"သား ထွက်သွားပြီး ကတည်းက နောက်ကနေ တချိန်လုံး လိုက်ကြည့်နေတာ၊ ခုတော့ လောကကြီး အကြောင်း သိပြီမဟုတ်လား" လို့ ပိစိလေးကို ပြောလိုက်ပါတော့တယ်။

ဒီပုံပြင်ရဲ့ သင်ခန်းစာလေးကတော့ မိဘတွေက သားသမီးတွေကို ဆူတာ ရိုက်တာဟာ ဒုက္ခမရောက်အောင် စေတနာနဲ့ ပြောကြ၊ ဆုံးမကြတယ် ဆိုတာကို သားသမီးတိုင်း နားလည် သဘောပေါက်စေဖို့ပါ။

Crd

Zawgyi

မိဘေမတၱာ

တခါတုန္းက ငန္းမိသားစု တစုဟာ ေက်ာက္တုံးႀကီး ၾကားမွာ ေနထိုင္ၾကတယ္။ ငန္းဖို၊ ငန္းမနဲ႔ ငန္းေပါက္ေလး ေျခာက္ေကာင္ တို႔ ရွိၾကၿပီး သူတို႔ထဲက အငယ္ဆုံး ငန္းေပါက္ပိစိေလးဟာ သိပ္ကို ဆိုးတယ္။ သူ႔အကို ငန္းေတြကိုလည္း အႏိုင္က်င့္ၿပီး အစာစားရင္ သူမ်ား ပါးစပ္ထဲကလုယက္ၿပီး စားေလ့ရွိတယ္။

တေန႔ေတာ့ ငန္းေပါက္ေလးေတြ ေဆာ့ကစားေန ၾကတဲ့အခ်ိန္ အငယ္ဆုံး ငန္းေပါက္ေလးဟာ ေက်ာက္တုံးႀကီးေပၚ တေကာင္တည္း တက္ေဆာ့တယ္။ ငန္းမႀကီး ျပန္လာေတာ့ က်န္တဲ့ အေကာင္ေလးေတြက ပိစိကို တိုင္ေတာ့ အဆူခံရတာေပါ့။

အဲဒီအေပၚမွာ စြန္ေတြ၊ သိန္းငွက္ေတြရဲ႕ အႏၲရာယ္ ရွိတယ္။ အဲ့ဒီေပၚမွာ ေဆာ့အုန္းမလား ဆိုၿပီး ငန္းအေမႀကီးဟာ ငန္းပိစိကို ႐ိုက္တာေပါ့။ ငန္းေပါက္ေလးပိစိဟာ ေခ်ာင္မွာ သြားငိုေနတယ္။ ေန႔လည္ေရာက္ေတာ့ စိတ္ဆိုးေနတဲ့ ပိစိလည္း ဘယ္သူမွ မသိေအာင္ တေကာင္တည္း ေတာထဲကို ထြက္လာခဲ့တာေပါ့။

ဒီလိုနဲ႔ သူဟာ ေလွ်ာက္သြားေနရင္းက တေနရာကို ေရာက္ေတာ့ ေျမေခြးေျခရာေတြကို ေတြ႕လိုက္ရတယ္။ ဒီေတာ့ ပိစိဟာ အႀကံရသြားတယ္။ ငါ့ကို အဆူခံရေအာင္လုပ္တဲ့ ငါ့အကို အမေတြကို ျပန္ဒုကၡေပးရမယ္။ ဒီလိုနဲ႔ ပိစိဟာ ေျမေခြးေျခရာအတိုင္း လိုက္သြားတယ္။

တေနရာေရာက္ေတာ့ သစ္ပင္ေအာက္မွာ အိပ္ေနတဲ့ ေျမေခြးကို ေတြ႕လိုက္ရတယ္။ ဒီအခါ ေျမေခြးကို ႏႈိးလိုက္တာေပါ့။ "ခင္ဗ်ား၊ ငန္းသားစားခ်င္လား၊ စားခ်င္တယ္ဆိုရင္ ကြၽန္ေတာ္လိုက္ျပမယ္" ဆိုၿပီး ငန္းပိစိေလးဟာ ေရွ႕ကေန ေျမေခြးကို လမ္းျပကာ ေခၚေဆာင္ခဲ့တယ္။

မၾကာခင္မွာ သူ႔အေမေတြ ရွိတဲ့ ေက်ာက္တုံးနဲ႔ မလွမ္းမကမ္းက ၿခဳံေတြနား ေရာက္လာတယ္။ "ဟိုနားက ေက်ာက္တုံးၾကားမွာ ငန္းေလးေတြ ငါးေကာင္ေတာင္ ရွိတယ္။ ၿပီးေတာ့ အသိုက္ထဲမွာ ငန္းဥေတြလည္း ရွိတယ္။ ခင္ဗ်ား သြားစားေပေတာ့" ဆိုၿပီး ေျမေခြးကို ေျပာလိုက္တယ္။

ဒါေပမယ့္ ေျမေခြးက "ေနဦး ၿပီးေတာ့မွ ငါသြားစားမယ္၊ ခုေလာေလာဆယ္ မင္းက ငါ့ပါးစပ္ေရွ႕ အရင္ေရာက္ေနတဲ့ မင္းကို အရင္စားမယ္" ဆိုၿပီး ပိစိကို ေျပးဟပ္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာဘဲ ၿခဳံေနာက္ကေန သူ႔အေမ ငန္းမႀကီးနဲ႔ သူ႔အကို ဘဲငန္းေလးေတြ ေျပးထြက္လာၿပီး ေျမေခြးကို ထိုးဆိတ္ တိုက္ခိုက္ၾကေတာ့တယ္။

ေျမေခြးလည္း ငန္းေပါက္ကို ခ်ၿပီး ေတာထဲကို ျပန္ေျပးရတာေပါ့။ အဲ့ဒီေနာက္ ေျမေခြး အစြယ္ေၾကာင့္ ဒဏ္ရာရသြားတဲ့ ပိစိကို ျပန္ေခၚလာ ၾကပါတယ္။ ၿပီးေတာ့ ဒဏ္ရာေတြကို ေဆးထည့္ေပးၾကတယ္။ "ေမေမတို႔ ဘယ္တုန္းက ေရာက္လာၾကတာလဲဟင္"

"သား ထြက္သြားၿပီးကတည္းက ေနာက္ကေန တခ်ိန္လုံး လိုက္ၾကည့္ေနတာ၊ ခုေတာ့ ေလာကႀကီး အေၾကာင္း သိၿပီမဟုတ္လား" လို႔ ပိစိေလးကို ေျပာလိုက္ပါေတာ့တယ္။

ဒီပုံျပင္ရဲ႕ သင္ခန္းစာေလးကေတာ့ မိဘေတြက သားသမီးေတြကို ဆူတာ ႐ိုက္တာဟာ ဒုကၡမေရာက္ေအာင္ ေစတနာနဲ႔ ေျပာၾက၊ ဆုံးမၾကတယ္ ဆိုတာကို သားသမီးတိုင္း နားလည္ သေဘာေပါက္ေစဖို႔ပါ။

Crd

Post a Comment

1 Comments

  1. (သတ်ပုံမှန်နဲ့ ရေးသားတင်ထားသူ ကွန်ဂရက်ကျူလေးရှင်း။)

    ReplyDelete