ပန်းချီကားပေါ်က အမှား

တခါတုန်းက သင်တန်းဆင်းခါစ ပန်းချီဆရာပေါက်စ တယောက်ဟာ သုံးရက်တိတိ အချိန်ယူပြီး အလွန်လှပတဲ့ ရှုခင်းပန်းချီကား တခုကို ရေးဆွဲခဲ့တယ်။ ပြီးနောက်မှာတော့ သူ့ရဲ့လက်ရာနဲ့ ကျွမ်းကျင်မှုကို လူတွေဘယ်လိုများ အကဲဖြတ်ကြမလဲ ဆိုတာ သိချင်တာနဲ့ အဲဒီ ပန်းချီကားချပ်ကို လူသွားလူလာ များတဲ့ လမ်းဘေးမှာ ခင်းကျင်းလိုက်တယ်။

ပန်းချီကား အောက်မှာလည်း အောက်ပါအတိုင်း ရေးထားလိုက်တယ်။ "ကျွန်တော်ဟာ လက်သစ်ပန်းချီဆရာ တယောက်ပါ။ အတွေ့အကြုံနုနယ်သေးလို့ ကျွန်တော် ဆွဲထားတဲ့ ဟောဒီ ပန်းချီကားထဲမှာ အမှားများ၊ အမြင်မတော်တာများ တွေ့ခဲ့ရင် ကြက်ခြေခတ် ခြစ်ပြီး ညွှန်ပြပေးပါ"

ညနေ ပန်းချီကား ပြန်သိမ်းဖို့လာတဲ့ ပန်းချီဆရာလေးဟာ အလွန်ကို ကြေကွဲဝမ်းနည်း သွားရှာတယ်။ သူ့ပန်းချီကား တခုလုံး ကြက်ခြေခတ်ရာတွေနဲ့ ပြည့်နေတာကိုး။ တချို့ဆို ပန်းချီကားပေါ် စာတွေတောင် ရေးသွားသေးတယ်။ စိတ်ပျက်ကြေကွဲလို့ ပန်းချီဆရာငယ်ဟာ သူ့ဆရာအိမ်ကို မျက်ရည်တွေနဲ့ ရောက်လာတယ်။

ဟောဟဲဆိုက်နေတဲ့ သူဟာ အသံတုန်တုန်ရီရီနဲ့ "ကျွန်တော် အသုံးမကျသူပါ ဆရာ။ ကျွန်တော် ကြိုးစား သင်ခဲ့သမျှ ပန်းချီပညာဟာ ဒီအဆင့်ပဲ ဆိုရင်တော့ ပန်းချီဆရာ မဖြစ်ထိုက်တော့ ပါဘူး ဆရာရယ်။ အခုလူတွေက ကျွန်တော့် လက်ရာကို ဒီလို ဝေဖန်လိုက်ကြတာ ကျွန်တော် သေမလောက် ခံစားရပါတယ် ဆရာ"

ဆရာကြီးက ပြုံးတယ်။ "ဒီမယ်ကောင်လေး၊ မင်းဟာ ပြီးပြည့်စုံတဲ့ ပန်းချီပညာကို ဆည်းပူးခဲ့တဲ့ ပန်းချီပညာရှင် တယောက် ဖြစ်ကြောင်း ငါ သက်သေပြမယ်။ ငါပြောသလိုလုပ်။ ပြန်မမေးနဲ့။ ပြီးမှ မင်းသိရလိမ့်မယ်"

ပန်းချီဆရာငယ်ဟာ စိတ်မပါတပါနဲ့ သဘောတူလိုက်တယ်။ နောက်နှစ်ရက် အကြာမှာ အရှေ့က ဆွဲခဲ့တဲ့ ပုံနဲ့ တထပ်တည်း ကျတဲ့ ပန်းချီကားကိုပဲ ထပ်ဆွဲပြီး ဆရာကြီးဆီ ယူလာတယ်။ ပန်းချီဆရာကြီးက ပန်းချီကားကို အသေအချာ ကိုင်တွယ်ကြည့်ပြီး ပြုံးလိုက်တယ်။

နောက်ပြီး သူ့ကို အရင် သူပန်းချီကား ခင်းခဲ့တဲ့ လမ်းဆီကိုပဲ ပြန်သွားစေတယ်။ နောက်ပြီး အရင်က ခင်းတဲ့နေရာ အတိအကျမှာပဲ ဒီပန်းချီကားကို ထပ်ခင်းစေပြီး အောက်မှာ အောက်ပါအတိုင်း ရေးသားလိုက်တယ်။

"လူကြီးမင်းများခင်ဗျာ၊ ကျွန်တော်ဟာ လက်သစ် ပန်းချီဆရာ တယောက်ပါ။ အတွေ့အကြုံ နုနယ်သေးလို့ ကျွန်တော် ဆွဲထားတဲ့ ဟောဒီ ပန်းချီကားထဲမှာ အမှားများ၊ အမြင်မတော်တာများ တွေ့ခဲ့ရင် အသင့်ချထားတဲ့ စုတ်တံများနဲ့ ဆေးရောင်စုံများ သုံးပြီး ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်"

ပြီးနောက် ဆရာတပည့်နှစ်ယောက် အိမ်ကို ပြန်သွားကြတယ်။ ညနေ ပြန်လာတော့ တပည့်ဖြစ်သူမှာ အံ့သြလို့ သွားတယ်။ ပန်းချီကားပေါ်မှာ ခြစ်ရာ တခုတလေမှ ရေးထားတာ မတွေ့ရဘူး။

နောက်နေ့ ပြန်ကြည့်ပြန်တော့လဲ ဒီအတိုင်းပဲ မတို့ မထိထားကြဘူး။ တလတိတိ အဲဒီနေရာမှာ ထားသော်လည်း တစုံတယောက်ကမျှ ပြင်ဆင်ခြင်း မပြုကြပါဘူး။

ပုံပြင်ရဲ့ အနှစ်ချုပ် ကတော့ အပြစ်တင် ဝေဖန်ဖို့ လွယ်ပါတယ်။ ကောင်းအောင် ပြုပြင်ဖို့ ခက်ပါတယ်။ ဒါကြောင့် တပါးသူရဲ့ ပြစ်တင် ဝေဖန်မှုမှာ မျောပါပြီး ကိုယ့်ကိုယ်ကို စိတ်ဓါတ် မကျစေပါနဲ့။ ကိုယ့်ကိုယ်ကိုသာ စီရင်ပါ။ သင်ဟာ အကောင်းဆုံး တရားသူကြီးပါပဲ။

crd

Zawgyi

ပန္းခ်ီကားေပၚက အမွား

တခါတုန္းက သင္တန္းဆင္းခါစ ပန္းခ်ီဆရာေပါက္စ တေယာက္ဟာ သုံးရက္တိတိ အခ်ိန္ယူၿပီး အလြန္လွပတဲ့ ရႈခင္းပန္းခ်ီကား တခုကို ေရးဆြဲခဲ့တယ္။ ၿပီးေနာက္မွာေတာ့ သူ႔ရဲ႕လက္ရာနဲ႔ ကြၽမ္းက်င္မႈကို လူေတြဘယ္လိုမ်ား အကဲျဖတ္ၾကမလဲ ဆိုတာ သိခ်င္တာနဲ႔ အဲဒီ ပန္းခ်ီကားခ်ပ္ကို လူသြားလူလာ မ်ားတဲ့ လမ္းေဘးမွာ ခင္းက်င္းလိုက္တယ္။

ပန္းခ်ီကား ေအာက္မွာလည္း ေအာက္ပါအတိုင္း ေရးထားလိုက္တယ္။ "ကြၽန္ေတာ္ဟာ လက္သစ္ပန္းခ်ီဆရာ တေယာက္ပါ။ အေတြ႕အႀကဳံႏုနယ္ေသးလို႔ ကြၽန္ေတာ္ ဆြဲထားတဲ့ ေဟာဒီ ပန္းခ်ီကားထဲမွာ အမွားမ်ား၊ အျမင္မေတာ္တာမ်ား ေတြ႕ခဲ့ရင္ ၾကက္ေျခခတ္ ျခစ္ၿပီး ၫႊန္ျပေပးပါ"

ညေန ပန္းခ်ီကား ျပန္သိမ္းဖို႔လာတဲ့ ပန္းခ်ီဆရာေလးဟာ အလြန္ကို ေၾကကြဲဝမ္းနည္း သြားရွာတယ္။ သူ႔ပန္းခ်ီကား တခုလုံး ၾကက္ေျခခတ္ရာေတြနဲ႔ ျပည့္ေနတာကိုး။ တခ်ိဳ႕ဆို ပန္းခ်ီကားေပၚ စာေတြေတာင္ ေရးသြားေသးတယ္။ စိတ္ပ်က္ေၾကကြဲလို႔ ပန္းခ်ီဆရာငယ္ဟာ သူ႔ဆရာအိမ္ကို မ်က္ရည္ေတြနဲ႔ ေရာက္လာတယ္။

ေဟာဟဲဆိုက္ေနတဲ့ သူဟာ အသံတုန္တုန္ရီရီနဲ႔ "ကြၽန္ေတာ္ အသုံးမက်သူပါ ဆရာ။ ကြၽန္ေတာ္ ႀကိဳးစား သင္ခဲ့သမွ် ပန္းခ်ီပညာဟာ ဒီအဆင့္ပဲ ဆိုရင္ေတာ့ ပန္းခ်ီဆရာ မျဖစ္ထိုက္ေတာ့ ပါဘူး ဆရာရယ္။ အခုလူေတြက ကြၽန္ေတာ့္ လက္ရာကို ဒီလို ေဝဖန္လိုက္ၾကတာ ကြၽန္ေတာ္ ေသမေလာက္ ခံစားရပါတယ္ ဆရာ"

ဆရာႀကီးက ၿပဳံးတယ္။ "ဒီမယ္ေကာင္ေလး၊ မင္းဟာ ၿပီးျပည့္စုံတဲ့ ပန္းခ်ီပညာကို ဆည္းပူးခဲ့တဲ့ ပန္းခ်ီပညာရွင္ တေယာက္ ျဖစ္ေၾကာင္း ငါ သက္ေသျပမယ္။ ငါေျပာသလိုလုပ္။ ျပန္မေမးနဲ႔။ ၿပီးမွ မင္းသိရလိမ့္မယ္"

ပန္းခ်ီဆရာငယ္ဟာ စိတ္မပါတပါနဲ႔ သေဘာတူလိုက္တယ္။ ေနာက္ႏွစ္ရက္ အၾကာမွာ အေရွ႕က ဆြဲခဲ့တဲ့ ပုံနဲ႔ တထပ္တည္း က်တဲ့ ပန္းခ်ီကားကိုပဲ ထပ္ဆြဲၿပီး ဆရာႀကီးဆီ ယူလာတယ္။ ပန္းခ်ီဆရာႀကီးက ပန္းခ်ီကားကို အေသအခ်ာ ကိုင္တြယ္ၾကည့္ၿပီး ၿပဳံးလိုက္တယ္။

ေနာက္ၿပီး သူ႔ကို အရင္ သူပန္းခ်ီကား ခင္းခဲ့တဲ့ လမ္းဆီကိုပဲ ျပန္သြားေစတယ္။ ေနာက္ၿပီး အရင္က ခင္းတဲ့ေနရာ အတိအက်မွာပဲ ဒီပန္းခ်ီကားကို ထပ္ခင္းေစၿပီး ေအာက္မွာ ေအာက္ပါအတိုင္း ေရးသားလိုက္တယ္။

"လူႀကီးမင္းမ်ားခင္ဗ်ာ၊ ကြၽန္ေတာ္ဟာ လက္သစ္ ပန္းခ်ီဆရာ တေယာက္ပါ။ အေတြ႕အႀကဳံ ႏုနယ္ေသးလို႔ ကြၽန္ေတာ္ ဆြဲထားတဲ့ ေဟာဒီ ပန္းခ်ီကားထဲမွာ အမွားမ်ား၊ အျမင္မေတာ္တာမ်ား ေတြ႕ခဲ့ရင္ အသင့္ခ်ထားတဲ့ စုတ္တံမ်ားနဲ႔ ေဆးေရာင္စုံမ်ား သုံးၿပီး ျပင္ဆင္ေပးပါရန္ ေမတၱာရပ္ခံ အပ္ပါတယ္"

ၿပီးေနာက္ ဆရာတပည့္ႏွစ္ေယာက္ အိမ္ကို ျပန္သြားၾကတယ္။ ညေန ျပန္လာေတာ့ တပည့္ျဖစ္သူမွာ အံ့ၾသလို႔ သြားတယ္။ ပန္းခ်ီကားေပၚမွာ ျခစ္ရာ တခုတေလမွ ေရးထားတာ မေတြ႕ရဘူး။ ေနာက္ေန႔ ျပန္ၾကည့္ျပန္ေတာ့လဲ ဒီအတိုင္းပဲ မတို႔ မထိထားၾကဘူး။ တလတိတိ အဲဒီေနရာမွာ ထားေသာ္လည္း တစုံတေယာက္ကမွ် ျပင္ဆင္ျခင္း မျပဳၾကပါဘူး။

ပုံျပင္ရဲ႕ အႏွစ္ခ်ဳပ္ ကေတာ့ အျပစ္တင္ ေဝဖန္ဖို႔ လြယ္ပါတယ္။ ေကာင္းေအာင္ ျပဳျပင္ဖို႔ ခက္ပါတယ္။ ဒါေၾကာင့္ တပါးသူရဲ႕ ျပစ္တင္ ေဝဖန္မႈမွာ ေမ်ာပါၿပီး ကိုယ့္ကိုယ္ကို စိတ္ဓါတ္ မက်ေစပါနဲ႔။ ကိုယ့္ကိုယ္ကိုသာ စီရင္ပါ။ သင္ဟာ အေကာင္းဆုံး တရားသူႀကီးပါပဲ။

crd

Post a Comment

0 Comments