ဖယောင်းတိုင် ၄ တိုင်

တခါတုန်းက အခန်းလေး တခန်းထဲမှာ ဖယောင်းတိုင်လေး လေးတိုင် ထွန်းလင်းတောက်ပ နေကြပါသတဲ့။ ပတ်ဝန်းကျင် ကလည်း တိတ်ဆိတ် ငြိမ်သက်နေတာကြောင့် သူတို့လေးတွေ စကားပြောနေ ကြတာကို အတိုင်းသား ကြားနေရတာပေါ့။

ပထမဖယောင်းတိုင်လေးက "ငါက ငြိမ်းချမ်းမှု ဖယောင်းတိုင်လေးပါ၊ ဘာပဲဖြစ်ဖြစ် ငါ့ကို ဘယ်သူမှ ဂရုမစိုက်ကြတော့ရင် ငါ့မီးတောက်ကလေး ငြိမ်းသွားမှာ သေချာတယ်" လို့ ပြောတယ်။ ဒီလိုနဲ့ ပထမ ဖယောင်းတိုင်လေးရဲ့ မီးတောက်လေးဟာ တဖြည်းဖြည်း မှိန်လာပြီး လုံးဝ ငြိမ်းသွားပါတော့တယ်။

ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်။ "ငါကတော့ ယုံကြည်ချက် ဆိုတဲ့ ဖယောင်းတိုင်လေးပါ ငါက မရှိမဖြစ်အရာ မဟုတ်ပါဘူး။ ငါ့အလင်းရောင် ထွန်းလင်းနေလို့လည်း ဘာမှ ထူးခြားမှု ဖြစ်လာမှာ မဟုတ်ပါဘူး" လို့ ပြောပြီးမကြာခင် လေပြေလေး တချက် အဝေ့မှာ ဒုတိယဖယောင်းတိုင် မီးစလေးလည်း ငြိမ်းသွားပါတယ်။

တတိယဖယောင်းတိုင်လေးကလည်း သူ့အလှည့် ရောက်လာတော့ ဝမ်းနည်းစွာနဲ့ ပြောတယ်။ "ငါက ချစ်ခြင်းမေတ္တာတရားပါ။ ငါလည်း ဆက်လက် ထွန်းလင်းနေဖို့ အင်အား မရှိတော့ဘူး။

လူတွေက ငါ့ကို ဥပေက္ခာ ပြုထားကြပြီး ငါ့ရဲ့ အရေးပါမှုကို နားမလည် ကြတော့ဘူး။ သူတို့နဲ့ အနီးဆုံး လူတွေကိုတောင် မေတ္တာထားဖို့ မေ့လျော့နေ ကြကုန်ပြီ" လို့ ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့။

ရုတ်တရက် အခန်းထဲကို ကလေးလေး တယောက် ဝင်လာတယ်။ ကလေးဟာ ဖယောင်းတိုင် သုံးတိုင်က မီးငြိမ်းနေတာ တွေ့လိုက်တယ်။ "ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင် ကုန်တဲ့အထိ မလင်းဘဲ ငြိမ်းသွားတာလဲ" လို့ ဆိုပြီး ကလေးလေးက ငိုပါသတဲ့။

ဒီတော့ စတုတ္ထ ဖယောင်းတိုင်လေးက ပြောတယ်။ "ဘာမှ မပူပါနဲ့ ကလေး ငါ့အလင်းရောင်တွေ မငြိမ်းသေးသ၍ ဟို ငြိမ်းသွားတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလို့ ရပါတယ်။ ငါကတော့ မျှော်လင့်ချက် ဖယောင်းတိုင်လေးပါ" လို့ ဆိုသတဲ့။

ကလေးလေးရဲ့ မျက်ဝန်းမှာ အရောင်လေးတွေ တောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလိုက် ပါတော့တယ်။

လောကကြီးမှာလည်း ဒီလိုပါပဲ။ မျှော်လင့်ချက် ဆိုတဲ့ မီးတောက်လေးကို ကျနော်တို့ရဲ့ ဘဝတွေထဲက ပျောက်ကွယ် မသွားပါစေနဲ့ဦး။ ဒါမှသာ ကျနော်တို့ တတွေရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတရား တွေကို ထာဝရ ထိန်းသိမ်းထား နိုင်မှာပေါ့။

ကိုယ်ကသာ မျှော်လင့်ချက်တွေကို ဥပေက္ခာ ပြုချင် ပြုမိပါလိမ့်မယ်။ မျှော်လင့်ချက် ကတော့ ကိုယ့်ကို ဘယ်တော့မှ စွန့်ပြစ် မသွားပါဘူး။ ကိုယ့်ရဲ့ အကြောက်တရားက ပြောတာတွေ နားမထောင်ပါနဲ့။ ကိုယ့်ရဲ့မျှော်လင့်ချက်နဲ့ အိပ်မက်တွေက ပြတဲ့လမ်း ကိုသာ ဆက်လျှောက်ပါ။

အခက်အခဲ ပြဿနာတွေကို မတွေးပါနဲ့။ ဖြစ်လာနိုင်မယ့် အလားအလာ ကောင်းတွေ ကိုသာ တွေးပါ။ ကိုယ့်ရဲ့ ပင်ပန်းမှုတွေ ကျရှုံးမှုတွေကို မကြည့်ပါနဲ့။ ဘာကြောင့် ရှေ့ဆက်သင့်တာလဲဆိုတဲ့ အကြောင်းကိုသာ စိတ်ဝင်စားပါ။

Crd

U ThuNya

phoomyatchal

Zawgyi

ဖေယာင္းတိုင္ ၄ တိုင္

တခါတုန္းက အခန္းေလး တခန္းထဲမွာ ဖေယာင္းတိုင္ေလး ေလးတိုင္ ထြန္းလင္းေတာက္ပ ေနၾကပါသတဲ့။ ပတ္ဝန္းက်င္ ကလည္း တိတ္ဆိတ္ ၿငိမ္သက္ေနတာေၾကာင့္ သူတို႔ေလးေတြ စကားေျပာေန ၾကတာကို အတိုင္းသား ၾကားေနရတာေပါ့။

ပထမဖေယာင္းတိုင္ေလးက "ငါက ၿငိမ္းခ်မ္းမႈ ဖေယာင္းတိုင္ေလးပါ၊ ဘာပဲျဖစ္ျဖစ္ ငါ့ကို ဘယ္သူမွ ဂ႐ုမစိုက္ၾကေတာ့ရင္ ငါ့မီးေတာက္ကေလး ၿငိမ္းသြားမွာ ေသခ်ာတယ္" လို႔ ေျပာတယ္။ ဒီလိုနဲ႔ ပထမ ဖေယာင္းတိုင္ေလးရဲ႕ မီးေတာက္ေလးဟာ တျဖည္းျဖည္း မွိန္လာၿပီး လုံးဝ ၿငိမ္းသြားပါေတာ့တယ္။

ဒုတိယဖေယာင္းတိုင္ေလးကလည္း ေျပာတယ္။ "ငါကေတာ့ ယုံၾကည္ခ်က္ ဆိုတဲ့ ဖေယာင္းတိုင္ေလးပါ ငါက မရွိမျဖစ္အရာ မဟုတ္ပါဘူး။ ငါ့အလင္းေရာင္ ထြန္းလင္းေနလို႔လည္း ဘာမွ ထူးျခားမႈ ျဖစ္လာမွာ မဟုတ္ပါဘူး" လို႔ ေျပာၿပီးမၾကာခင္ ေလေျပေလး တခ်က္ အေဝ့မွာ ဒုတိယဖေယာင္းတိုင္ မီးစေလးလည္း ၿငိမ္းသြားပါတယ္။

တတိယဖေယာင္းတိုင္ေလးကလည္း သူ႔အလွည့္ ေရာက္လာေတာ့ ဝမ္းနည္းစြာနဲ႔ ေျပာတယ္။ "ငါက ခ်စ္ျခင္းေမတၱာတရားပါ။ ငါလည္း ဆက္လက္ ထြန္းလင္းေနဖို႔ အင္အား မရွိေတာ့ဘူး။ လူေတြက ငါ့ကို ဥေပကၡာ ျပဳထားၾကၿပီး ငါ့ရဲ႕ အေရးပါမႈကို နားမလည္ ၾကေတာ့ဘူး။ သူတို႔နဲ႔ အနီးဆုံး လူေတြကိုေတာင္ ေမတၱာထားဖို႔ ေမ့ေလ်ာ့ေန ၾကကုန္ၿပီ" လို႔ ဆိုၿပီး ခဏအၾကာမွာ ၿငိမ္းသြားျပန္သတဲ့။

႐ုတ္တရက္ အခန္းထဲကို ကေလးေလး တေယာက္ ဝင္လာတယ္။ ကေလးဟာ ဖေယာင္းတိုင္ သုံးတိုင္က မီးၿငိမ္းေနတာ ေတြ႕လိုက္တယ္။ "ဒီဖေယာင္းတိုင္ေလးေတြက ဘာလို႔ ဖေယာင္းတိုင္ ကုန္တဲ့အထိ မလင္းဘဲ ၿငိမ္းသြားတာလဲ" လို႔ ဆိုၿပီး ကေလးေလးက ငိုပါသတဲ့။

ဒီေတာ့ စတုတၳ ဖေယာင္းတိုင္ေလးက ေျပာတယ္။ "ဘာမွ မပူပါနဲ႔ ကေလး ငါ့အလင္းေရာင္ေတြ မၿငိမ္းေသးသ၍ ဟို ၿငိမ္းသြားတဲ့ ဖေယာင္းတိုင္ေလးေတြကို ျပန္ထြန္းညႇိလို႔ ရပါတယ္။ ငါကေတာ့ ေမွ်ာ္လင့္ခ်က္ ဖေယာင္းတိုင္ေလးပါ" လို႔ ဆိုသတဲ့။

ကေလးေလးရဲ႕ မ်က္ဝန္းမွာ အေရာင္ေလးေတြ ေတာက္ပလာၿပီး ေမွ်ာ္လင့္ခ်က္ ဖေယာင္းတိုင္ေလးကို ယူကာ ၿငိမ္းေနတဲ့ ဖေယာင္းတိုင္ေလးေတြကို ျပန္ထြန္းညႇိလိုက္ ပါေတာ့တယ္။

ေလာကႀကီးမွာလည္း ဒီလိုပါပဲ။ ေမွ်ာ္လင့္ခ်က္ ဆိုတဲ့ မီးေတာက္ေလးကို က်ေနာ္တို႔ရဲ႕ ဘဝေတြထဲက ေပ်ာက္ကြယ္ မသြားပါေစနဲ႔ဦး။ ဒါမွသာ က်ေနာ္တို႔ တေတြရဲ႕ ေမွ်ာ္လင့္ခ်က္၊ ယုံၾကည္ခ်က္၊ ၿငိမ္းခ်မ္းမႈနဲ႔ ခ်စ္ျခင္းေမတၱာတရား ေတြကို ထာဝရ ထိန္းသိမ္းထား ႏိုင္မွာေပါ့။

ကိုယ္ကသာ ေမွ်ာ္လင့္ခ်က္ေတြကို ဥေပကၡာ ျပဳခ်င္ ျပဳမိပါလိမ့္မယ္။ ေမွ်ာ္လင့္ခ်က္ ကေတာ့ ကိုယ့္ကို ဘယ္ေတာ့မွ စြန႔္ျပစ္ မသြားပါဘူး။ ကိုယ့္ရဲ႕ အေၾကာက္တရားက ေျပာတာေတြ နားမေထာင္ပါနဲ႔။ ကိုယ့္ရဲ႕ေမွ်ာ္လင့္ခ်က္နဲ႔ အိပ္မက္ေတြက ျပတဲ့လမ္း ကိုသာ ဆက္ေလွ်ာက္ပါ။

အခက္အခဲ ျပႆနာေတြကို မေတြးပါနဲ႔။ ျဖစ္လာႏိုင္မယ့္ အလားအလာ ေကာင္းေတြ ကိုသာ ေတြးပါ။ ကိုယ့္ရဲ႕ ပင္ပန္းမႈေတြ က်ရႈံးမႈေတြကို မၾကည့္ပါနဲ႔။ ဘာေၾကာင့္ ေရွ႕ဆက္သင့္တာလဲဆိုတဲ့ အေၾကာင္းကိုသာ စိတ္ဝင္စားပါ။

Crd

U ThuNya

phoomyatchal

Post a Comment

0 Comments