တချက်ခုတ် ဆယ်ချက်ပြတ်

တခါတုန်းက ထင်းခုတ်သမား လူငယ်တဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအို တဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသော ထင်းအရေအတွက်မှာ လူငယ်ထက် ပိုများနေခဲ့သည်။

အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသော လူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်တနေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။

စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည် ဟုလည်း တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။

သို့နှင့် လေး၊ ငါးရက် ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ ရောက်နှင့်နေပြီး မိုးချုပ်နေဝင်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ ထင်းမှာ အဘိုးအိုထက် အမြဲတမ်း လိုလိုပင် နည်းနေခဲ့သည်။ ခြောက်ရက်မြောက် နေ့တွင် သူသည် မအောင့်နိုင် တော့သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။

"အဘိုး၊ ကျွန်တော်က အဘိုးထက် အားသန်တယ်၊ အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်၊ နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော် ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ် ဘာကြောင့်ပါလဲ"

"ဒီလို လူလေးရဲ့ အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်းခဲ့တယ်။

ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်မြက်နေတဲ့ အတွက် အဘိုး လေး ငါးချက် ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက် ခုတ်ယူရတယ်။ ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေရတာပါ"ကွာ တဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ထင်းပဲ ခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တဝက်ပဲ ခံစားရမယ် ဆိုတာကို တချိန်ချိန် ကျရင် သိလာလိမ့်မယ်။ လူ့ဘဝလမ်း တလျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တဖက်ကလည်း ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။

အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တဖက်က ထင်းခုတ်ရင်း တဖက်ကလည်း ပုဆိန်ကို သွေးနေသင့် ပါတယ်။

နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့ ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ် ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ တချက်ခုတ် ဆယ်ချက် ပြတ်ဖို့ရာ အချိန်တွေ ရှိတုန်း ပုဆိန် သွေးကြပါစို့။

Crd

Zawgyi

တခ်က္ခုတ္ ဆယ္ခ်က္ျပတ္

တခါတုန္းက ထင္းခုတ္သမား လူငယ္တဦး ေတာင္တက္ၿပီး ထင္းခုတ္ေလသည္။ မၾကာမီ ထင္းခုတ္သမား အဘိုးအို တဦးလည္း ေရာက္လာခဲ့သည္။ ထင္းမ်ားကို ခုတ္ၾကရင္း ညေနေစာင္းခ်ိန္တြင္ အဘိုးအို ခုတ္ၿပီးေသာ ထင္းအေရအတြက္မွာ လူငယ္ထက္ ပိုမ်ားေနခဲ့သည္။

အဘိုးအိုမွာ ေနာက္က်မွ ေရာက္လာၿပီး သူ႔ထက္ ထင္းပိုမ်ားေနသည္ကို သတိျပဳမိေသာ လူငယ္က ေနာက္ရက္တြင္ ေစာေစာထၿပီး ထင္းခုတ္ထြက္ရန္ ဆုံးျဖတ္လိုက္သည္။ ေနာက္တေန႔တြင္ လူငယ္မွာ အဘိုးအိုထက္ ေစာၿပီး ထင္းခုတ္ရန္ ထြက္ခဲ့သည္။ စိတ္ထဲတြင္ အဘိုးအိုထက္ ထင္းပိုရမည္ ဟုလည္း ေတြးေနမိသည္။

သို႔ေသာ္ အလုပ္သိမ္းခ်ိန္တြင္ အဘိုးအို၏ ထင္းမွာ သူ႔ထက္ ပိုမ်ားေနသည္ကို ေတြ႕ျပန္သည္။ သို႔ႏွင့္ ေလး၊ ငါးရက္ ဆက္တိုက္ ေတာင္ေပၚသို႔ ေစာစီးစြာ ေရာက္ႏွင့္ေနၿပီး မိုးခ်ဳပ္ေနဝင္မွ အိမ္ျပန္ခဲ့ ေသာ္လည္း သူ၏ ထင္းမွာ အဘိုးအိုထက္ အၿမဲတမ္း လိုလိုပင္ နည္းေနခဲ့သည္။

ေျခာက္ရက္ေျမာက္ ေန႔တြင္ သူသည္ မေအာင့္ႏိုင္ ေတာ့သည့္အဆုံး အဘိုးအိုအား ေမးျမန္းခဲ့သည္။ "အဘိုး၊ ကြၽန္ေတာ္က အဘိုးထက္ အားသန္တယ္၊ အဘိုးထက္ ေစာၿပီး ေတာင္ေပၚေရာက္ေအာင္ လာခဲ့တယ္၊ ေနာက္က်မွ အိမ္ျပန္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ခုတ္ရတဲ့ ထင္းက အဘိုးထက္ နည္းေနခဲ့တယ္ ဘာေၾကာင့္ပါလဲ"

"ဒီလို လူေလးရဲ႕ အဘိုးက ထင္းခုတ္ၿပီး အိမ္ျပန္ေရာက္တိုင္း အဘိုးရဲ႕ ပုဆိန္ကို အၿမဲေသြးတယ္။ လူေလးက မေသြးခဲ့ဘူး။ ထင္းခုတ္ၿပီး ဒီအတိုင္း ပစ္ထားခဲ့တယ္။ အဘိုးက အသက္ႀကီးၿပီ။ ေနာက္က်မွ ေတာင္ေပၚေရာက္သလို လူေလးထက္ ေစာၿပီး အလုပ္သိမ္းခဲ့တယ္။

ဒါေပမယ့္ အဘိုးရဲ႕ ပုဆိန္က လူေလးပုဆိန္ထက္ ထက္ျမက္ေနတဲ့ အတြက္ အဘိုး ေလး ငါးခ်က္ ခုတ္လို႔ ျပတ္တဲ့ သစ္ပင္ကို လူေလးက ဆယ္ခ်က္ေလာက္ ခုတ္ယူရတယ္။ ဒါေၾကာင့္ လူေလးရဲ႕ ထင္းေတြ နည္းေနရတာပါ"ကြာ တဲ့။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ ထင္းပဲ ခုတ္ေနၿပီး ပုဆိန္ေသြးဖို႔ ေမ့ေနၾကရင္ အလုပ္အျပည့္ လုပ္ၿပီး ရလဒ္တဝက္ပဲ ခံစားရမယ္ ဆိုတာကို တခ်ိန္ခ်ိန္ က်ရင္ သိလာလိမ့္မယ္။ လူ႔ဘဝလမ္း တေလ်ာက္မွာ ရွင္သန္ႀကီးျပင္းဖို႔ ႀကိဳးစားေနသလို တဖက္ကလည္း ကိုယ့္ပညာ ဗဟုသုတေတြကို ျမႇင့္တင္ယူရမွာ ျဖစ္ပါတယ္။

အရင္ေခတ္တုန္းကေတာ့ ထင္းခုတ္ၿပီး အသက္ေမြးဝမ္းလို႔ ရေပမယ့္ ေျပာင္းလဲေနတဲ့ ဒီေခတ္မွာ ထင္းပဲခုတ္ေနလို႔ မလုံေလာက္ေတာ့ဘူး။ တဖက္က ထင္းခုတ္ရင္း တဖက္ကလည္း ပုဆိန္ကို ေသြးေနသင့္ ပါတယ္။ ႏို႔မဟုတ္ရင္ ေခတ္ေနာက္ မလိုက္ႏိုင္တဲ့ ကိုယ့္ကို အဲဒီေခတ္ကပဲ ပယ္ထုတ္ ဖယ္ရွားသြားမွာ ျဖစ္ပါတယ္။ တခ်က္ခုတ္ ဆယ္ခ်က္ ျပတ္ဖို႔ရာ အခ်ိန္ေတြ ရွိတုန္း ပုဆိန္ ေသြးၾကပါစို႔။

Crd

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရေးသားတင်ပြသူ ကျေးဇူး။

    ReplyDelete