အသက် ၁၀၈ နှစ်အရွယ် ဘွားဘွားရဲ့ အသက်ရှည်ရခြင်း လျှို့ဝှက်ချက်

Jessie Gallan လို့ခေါ်တဲ့ အမျိုးသမီးဟာအသက် ၁၀၈ နှစ် ရှိပြီးတော့ အရမ်းအရမ်းကို ကျန်းမာသွက်လက်ပါတယ်။ မနက်ခင်းတိုင်းကိုလည်း ဆန်ပြုတ်တစ်ပန်းကန်နဲ့ စတင်ပြီးတော့ အချိန်တိုင်း ပြုံးရွှင်နေတတ်ပါတယ်။

ပတ်ဝန်းကျင်မှာလည်း သူဟာ အရမ်းကို ငယ်ရွယ်သေးကြောင်း၊ အသက်မကြီးသေးကြောင်း လိုက်ပြောပြလေ့ ရှိပါတယ်။ သူမဟာ အပတ်တိုင်းလည်း လေ့ကျင့်ခန်း သင်တန်းတွေကို တက်ရောက်ပါတယ်။ ဘယ်သူမှလည်း တွဲကူနေစရာမလိုပဲ အရမ်းကို သွက်ပါတယ်။

အသက်ရှည်ဖို့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးတဲ့အခါ "မင်းရဲ့ နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန် ဖြတ်သန်းပါ" လို့ ပြောလေ့ရှိပါတယ်။

သူမဟာ ချည်ထည်ပေါင်းများစွာကိုလည်း ရက်လုပ်ခဲ့ဖူးပါတယ်။ အိမ်ထောင် မပြုဖူးသေးဘဲ ဘယ်သူ့ကိုမှ အားကိုးစရာ မလိုဘူးလို့လည်း ဆိုပါတယ်။

အသက်ရှည်ခြင်းရဲ့ တကယ့် လျှို့ဝှက်ချက်ကတော့ အမျိုးသားတွေကို ရှောင်ကြဉ်ခြင်း ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“ ကျွန်မရဲ့ အသက်ရှည်ဖို့အတွက် လျှို့ဝှက်ချက်က ယောက်ျားတွေနဲ့ ဝေးဝေးနေခဲ့တာပါ။ သူတို့တွေက လိုတာထက် ပိုပြီးတော့ ဒုက္ခပေးတတ် ကြတယ်။ ဒါကြောင့် လုံးဝကို မပတ်သက်ခဲ့ပါဘူး” လို့ Jessie Gallan က ပြောပါတယ်။

ဘဝဆိုတာဟာ အတက်အကျတွေ ရှိပါတယ်၊ ယောကျ်ားတိုင်းက မတူညီပါဘူးလို့ သူမကို ထောက်ပြခဲ့တာ လက်ခံပါတယ်။ ဒါပေမယ့် သူမကတော့ ယောကျာ်းဆို ဘယ်ယောကျ်ားမှကို အလိုမရှိတာပါ။ တကယ်တမ်း အသက်ရှည်နေရခြင်းရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်နိုင်ပါသလဲ။

မနက်တိုင်း သောက်နေတဲ့ ဆန်ပြုတ်လား။ တစ်ယောက်တည်း နေနေတာကြောင့်လား။ မနက်ခင်းတိုင်း ပြုံးပြီး နိုးထနေတာကြောင့်လား။ ဒါမှမဟုတ် ယောကျာ်းမရှိလို့ပဲ အသက်ရှည်နေတာများလား စတဲ့မေးခွန်းတွေ အများကြီး ထွက်လာပါတယ်။ ဘာပဲဖြစ်ဖြစ် Jessie Gallan ကတော့ အခုချိန်ထိ ပြုံးပြုံးရွှင်ရွှင်နဲ့ တစ်ယောက်တည်း ဘဝကြီးကို ဖြတ်သန်းနေပါတယ်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

အသက္ ၁၀၈ ႏွစ္အ႐ြယ္ ဘြားဘြားရဲ႕ အသက္ရွည္ရျခင္း လွ်ိဳ႕ဝွက္ခ်က္

Jessie Gallan လို႔ေခၚတဲ့ အမ်ိဳးသမီးဟာအသက္ ၁၀၈ ႏွစ္ ရွိၿပီးေတာ့ အရမ္းအရမ္းကို က်န္းမာသြက္လက္ပါတယ္။ မနက္ခင္းတိုင္းကိုလည္း ဆန္ျပဳတ္တစ္ပန္းကန္နဲ႔ စတင္ၿပီးေတာ့ အခ်ိန္တိုင္း ၿပဳံး႐ႊင္ေနတတ္ပါတယ္။

ပတ္ဝန္းက်င္မွာလည္း သူဟာ အရမ္းကို ငယ္႐ြယ္ေသးေၾကာင္း၊ အသက္မႀကီးေသးေၾကာင္း လိုက္ေျပာျပေလ့ ရွိပါတယ္။ သူမဟာ အပတ္တိုင္းလည္း ေလ့က်င့္ခန္း သင္တန္းေတြကို တက္ေရာက္ပါတယ္။ ဘယ္သူမွလည္း တြဲကူေနစရာမလိုပဲ အရမ္းကို သြက္ပါတယ္။

အသက္ရွည္ဖို႔ လွ်ိဳ႕ဝွက္ခ်က္က ဘာလဲလို႔ ေမးတဲ့အခါ "မင္းရဲ႕ ေန႔ရက္ေတြကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေကာင္းေကာင္းမြန္မြန္ ျဖတ္သန္းပါ" လို႔ ေျပာေလ့ရွိပါတယ္။

သူမဟာ ခ်ည္ထည္ေပါင္းမ်ားစြာကိုလည္း ရက္လုပ္ခဲ့ဖူးပါတယ္။ အိမ္ေထာင္ မျပဳဖူးေသးဘဲ ဘယ္သူ႔ကိုမွ အားကိုးစရာ မလိုဘူးလို႔လည္း ဆိုပါတယ္။

အသက္ရွည္ျခင္းရဲ႕ တကယ့္ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ အမ်ိဳးသားေတြကို ေရွာင္ၾကဥ္ျခင္း ျဖစ္တယ္လို႔ သူမက ဆိုပါတယ္။

“ ကြၽန္မရဲ႕ အသက္ရွည္ဖို႔အတြက္ လွ်ိဳ႕ဝွက္ခ်က္က ေယာက္်ားေတြနဲ႔ ေဝးေဝးေနခဲ့တာပါ။ သူတို႔ေတြက လိုတာထက္ ပိုၿပီးေတာ့ ဒုကၡေပးတတ္ ၾကတယ္။ ဒါေၾကာင့္ လုံးဝကို မပတ္သက္ခဲ့ပါဘူး” လို႔ Jessie Gallan က ေျပာပါတယ္။

ဘဝဆိုတာဟာ အတက္အက်ေတြ ရွိပါတယ္၊ ေယာက်္ားတိုင္းက မတူညီပါဘူးလို႔ သူမကို ေထာက္ျပခဲ့တာ လက္ခံပါတယ္။ ဒါေပမယ့္ သူမကေတာ့ ေယာက်ာ္းဆို ဘယ္ေယာက်္ားမွကို အလိုမရွိတာပါ။ တကယ္တမ္း အသက္ရွည္ေနရျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္က ဘာမ်ားျဖစ္ႏိုင္ပါသလဲ။

မနက္တိုင္း ေသာက္ေနတဲ့ ဆန္ျပဳတ္လား။ တစ္ေယာက္တည္း ေနေနတာေၾကာင့္လား။ မနက္ခင္းတိုင္း ၿပဳံးၿပီး ႏိုးထေနတာေၾကာင့္လား။ ဒါမွမဟုတ္ ေယာက်ာ္းမရွိလို႔ပဲ အသက္ရွည္ေနတာမ်ားလား စတဲ့ေမးခြန္းေတြ အမ်ားႀကီး ထြက္လာပါတယ္။ ဘာပဲျဖစ္ျဖစ္ Jessie Gallan ကေတာ့ အခုခ်ိန္ထိ ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ တစ္ေယာက္တည္း ဘဝႀကီးကို ျဖတ္သန္းေနပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments