ကျားအိုဥပုသ်

ဟိုးရှေးရှေးတုန်းက အသက်အရွယ် ကြီးရင့်လာပြီး အိုမင်းမစွမ်းတော့လို့ သားကောင်တွေကို ဖျတ်လတ်စွာ ရှာဖွေ မစားနိုင်တော့တဲ့ ကျားအို ကြီးတကောင်ရှိတယ်။ တောထဲက တိရိစ္ဆာန်တွေက မစွမ်းမသန်တော့တဲ့ သူ့ကို မလေးမခန့် လုပ်လာကြတော့ စိတ်ဓာတ်ကျပြီး တောကနေ ပင်လယ် ကမ်းစပ်တခုကို စိတ်ပျက်လက်ပျက်နဲ့ ထွက်ခဲ့ပါတယ်။

ပင်လယ်ကမ်းစပ်က ကျောက်ဆောင်တွေ ပေါ်မှာ နေပူဆာ လှုံနေရင်း ကျားအိုဟာ သူ့ကို ဘယ်ကောင်မှ မလေးစားတော့ပါလား ဆိုပြီး သူ့ဘဝ သူပြန်တွေးရင်း ဝမ်းနည်းနေမိတယ်။

သူ့ဘဝ တလျှောက်လုံး ပြန်ကြည့်တော့လည်း စွမ်းသန်နေတုန်း ကာလတလျှောက် သူများအသက် သတ်ခြင်းနဲ့ဘဲ ကုန်လွန်ခဲ့ပါလား၊ ဘာကုသိုလ်မှ မရှိ အကုသိုလ်တွေချည်း ရှိခဲ့ပါလား ဆိုတာ တရေးရေး မြင်လာပြီး ခုနေခါ ကောင်းမှု ကုသိုလ်လေးတခုခု လုပ်အုံးမှပါလေ ဆိုပြီး ဗိုက်ဆာဆာနဲ့ ဥပုသ်စောင့်ဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။

ကျောက်ဆောင်တွေပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းရင်း ဥပုသ်စောင့်နေတဲ့ ကျားအိုကို သိကြားမင်းက တွေ့တဲ့အခါ ဒီကျားအိုကြီးကို သီလဘယ်လောက် မြဲ မမြဲ ငါစမ်းသပ်ဦးမယ် ဆိုကာ ငြိမ်သက်နေတဲ့ ကျားအိုကြီးရဲ့ရှေ့ မလှမ်းမကမ်းမှာ ဆိတ်ငယ်လေးတကောင် အဖြစ်ဖန်ဆင်းပြီး လျှောက်ပြေးနေပြ လိုက်တယ်။

ငြိမ်မှိန်းနေတဲ့ ကျားအိုကြီးဟာ သူ့ရှေ့ကို လာပြီး ခုန်ဆွ ခုန်ဆွ လုပ်ပြနေတဲ့ ဆိတ်ပေါက်ကလေးလည်း တွေ့ရော ဆာလောင်နေတဲ့ အချိန်မို့ သွားရည် တမြားမြား ဖြစ်လာပြီး "အို ဥပုသ်စောင့်မယ် လို့သာဆိုရ ငါမှ သီလ မဆောက်တည် ရသေးတာပဲ၊ သီလ မတည်သေးရင် ဥပုသ်မမည်သေးဘူး။ ဆာလောင် မွတ်သိပ်နေချိန် ဥပုသ်စောင့်လည်း ဟန်မကျပါဘူး။

ခုနေခါ ဒီဆိတ်ကလေးသာ စားလိုက်ရရင် ဆာလောင်နေတဲ့ ငါ့ဝမ်းလည်း ပြည့်သွားမှာ။ ဒီခါကျတော့မှ စိတ်ဖြောင့်ဖြောင့် ဥပုသ်သီလ စောင့်နိုင်တော့မှာပေါ့။ ဒါကြောင့် အရင်ဆုံး ဒီဆိတ်ကို ဖမ်းပြီး စားလိုက်ဦးမှပါလေ" ဟု တွေးပြီး ဆိတ်ကလေးကို အပြေးလိုက်ဖမ်း ပါတော့တယ်။

သိကြားမင်း ဖန်ဆင်းထားတဲ့ ဆိတ်ဆိုတော့ လွယ်လွယ်နဲ့ မဖမ်းနိုင်ဘူးလေ။ ခုန်ဆွခုန်ဆွ ရှောင်ရှား ပြေးနေတဲ့ ဆိတ်လေးကို ဖမ်းမမိနိုင်တဲ့ ကျားအိုကြီးဟာ တဖြည်းဖြည်း မောဟိုက်နွမ်းနယ် လာတော့တာပေါ့။ နောက်ဆုံး မဟန်နိုင်အောင် မောပမ်းလာတဲ့အပြင် သူလိုက် ဖမ်းနေတဲ့ဆိတ်ကလေးဟာလဲ ဖျတ်ကနဲ ပျောက်သွားပါတော့တယ်။

ဒီခါကျမှ ကျားအိုကြီးဟာ "အင်း ဆိတ်ကလေးလည်း ဖမ်းလို့မှ မမိသေးတာဘဲဟာ။ ငါ့ရဲ့ ဥပုသ်လည်း မပျက်လောက်သေး ပါဘူးလေ၊ ဒီတော့ ဥပုသ်ပဲ ပြန်စောင့်တာ ကောင်းပါတယ်" ဆိုပြီး စောစောကလိုပဲ ပြန်ပြီး ငြိမ်သက်စွာ လဲလျောင်းနေလိုက် ပြန်ပါတယ်။

ဒီတော့မှ သိကြားမင်းကြီးဟာ ကိုယ်ထင် ပြလိုက်ပြီး သီလကြောင် ကျားအိုကြီးကို ကဲ့ရဲ့ရှုံ့ချ ဆိုဆုံးမ ပါတော့တယ်။ သီလ မတည်ခဲ့တဲ့ ကျားအိုကြီးလည်း ရှက်ရှက်နဲ့ သိကြားမင်းရဲ့ ဆိုဆုံးမမှုကို ငြိမ်ခံနေရတော့တာပေါ့။

ဒီပုံပြင်ကို လူတိုင်း ကြားဖူးကြမှာပါ။ ကျနော်တို့ လူ့လောကကြီးထဲမှာလည်း ကျားအိုကြီးလို ဥပုသ်စောင့်ချင်ဟန် ဆောင်နေတဲ့ ဟန်ဆောင်ကောင်းတဲ့ သီလမရှိ ကျားအိုးကြီးတွေ၊ လူဆိုး လူမိုက် လူလိမ်တွေလည်း ရှိနေပါတယ်။ လူတိုင်းဟာ ဆိတ်သူငယ် အဖြစ် ဖန်ဆင်းနိုင်တဲ့ သိကြားမင်း မဟုတ်တဲ့အတွက် သီလမရှိတဲ့ ကျားအိုကြီးများရဲ့ မာယာကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။

Crd

Zawgyi

က်ားအိုဥပုသ္

ဟိုးေရွးေရွးတုန္းက အသက္အ႐ြယ္ ႀကီးရင့္လာၿပီး အိုမင္းမစြမ္းေတာ့လို႔ သားေကာင္ေတြကို ဖ်တ္လတ္စြာ ရွာေဖြ မစားႏိုင္ေတာ့တဲ့ က်ားအို ႀကီးတေကာင္ရွိတယ္။ ေတာထဲက တိရိစာၦန္ေတြက မစြမ္းမသန္ေတာ့တဲ့ သူ႔ကို မေလးမခန႔္ လုပ္လာၾကေတာ့ စိတ္ဓာတ္က်ၿပီး ေတာကေန ပင္လယ္ ကမ္းစပ္တခုကို စိတ္ပ်က္လက္ပ်က္နဲ႔ ထြက္ခဲ့ပါတယ္။

ပင္လယ္ကမ္းစပ္က ေက်ာက္ေဆာင္ေတြ ေပၚမွာ ေနပူဆာ လႈံေနရင္း က်ားအိုဟာ သူ႔ကို ဘယ္ေကာင္မွ မေလးစားေတာ့ပါလား ဆိုၿပီး သူ႔ဘဝ သူျပန္ေတြးရင္း ဝမ္းနည္းေနမိတယ္။

သူ႔ဘဝ တေလွ်ာက္လုံး ျပန္ၾကည့္ေတာ့လည္း စြမ္းသန္ေနတုန္း ကာလတေလွ်ာက္ သူမ်ားအသက္ သတ္ျခင္းနဲ႔ဘဲ ကုန္လြန္ခဲ့ပါလား၊ ဘာကုသိုလ္မွ မရွိ အကုသိုလ္ေတြခ်ည္း ရွိခဲ့ပါလား ဆိုတာ တေရးေရး ျမင္လာၿပီး ခုေနခါ ေကာင္းမႈ ကုသိုလ္ေလးတခုခု လုပ္အုံးမွပါေလ ဆိုၿပီး ဗိုက္ဆာဆာနဲ႔ ဥပုသ္ေစာင့္ဖို႔ ဆုံးျဖတ္လိုက္ ပါေတာ့တယ္။

ေက်ာက္ေဆာင္ေတြေပၚမွာ ၿငိမ္သက္စြာ လဲေလ်ာင္းရင္း ဥပုသ္ေစာင့္ေနတဲ့ က်ားအိုကို သိၾကားမင္းက ေတြ႕တဲ့အခါ ဒီက်ားအိုႀကီးကို သီလဘယ္ေလာက္ ၿမဲ မၿမဲ ငါစမ္းသပ္ဦးမယ္ ဆိုကာ ၿငိမ္သက္ေနတဲ့ က်ားအိုႀကီးရဲ႕ေရွ႕ မလွမ္းမကမ္းမွာ ဆိတ္ငယ္ေလးတေကာင္ အျဖစ္ဖန္ဆင္းၿပီး ေလွ်ာက္ေျပးေနျပ လိုက္တယ္။

ၿငိမ္မွိန္းေနတဲ့ က်ားအိုႀကီးဟာ သူ႔ေရွ႕ကို လာၿပီး ခုန္ဆြ ခုန္ဆြ လုပ္ျပေနတဲ့ ဆိတ္ေပါက္ကေလးလည္း ေတြ႕ေရာ ဆာေလာင္ေနတဲ့ အခ်ိန္မို႔ သြားရည္ တျမားျမား ျဖစ္လာၿပီး "အို ဥပုသ္ေစာင့္မယ္ လို႔သာဆိုရ ငါမွ သီလ မေဆာက္တည္ ရေသးတာပဲ၊ သီလ မတည္ေသးရင္ ဥပုသ္မမည္ေသးဘူး။ ဆာေလာင္ မြတ္သိပ္ေနခ်ိန္ ဥပုသ္ေစာင့္လည္း ဟန္မက်ပါဘူး။

ခုေနခါ ဒီဆိတ္ကေလးသာ စားလိုက္ရရင္ ဆာေလာင္ေနတဲ့ ငါ့ဝမ္းလည္း ျပည့္သြားမွာ။ ဒီခါက်ေတာ့မွ စိတ္ေျဖာင့္ေျဖာင့္ ဥပုသ္သီလ ေစာင့္ႏိုင္ေတာ့မွာေပါ့။ ဒါေၾကာင့္ အရင္ဆုံး ဒီဆိတ္ကို ဖမ္းၿပီး စားလိုက္ဦးမွပါေလ" ဟု ေတြးၿပီး ဆိတ္ကေလးကို အေျပးလိုက္ဖမ္း ပါေတာ့တယ္။

သိၾကားမင္း ဖန္ဆင္းထားတဲ့ ဆိတ္ဆိုေတာ့ လြယ္လြယ္နဲ႔ မဖမ္းႏိုင္ဘူးေလ။ ခုန္ဆြခုန္ဆြ ေရွာင္ရွား ေျပးေနတဲ့ ဆိတ္ေလးကို ဖမ္းမမိႏိုင္တဲ့ က်ားအိုႀကီးဟာ တျဖည္းျဖည္း ေမာဟိုက္ႏြမ္းနယ္ လာေတာ့တာေပါ့။ ေနာက္ဆုံး မဟန္ႏိုင္ေအာင္ ေမာပမ္းလာတဲ့အျပင္ သူလိုက္ ဖမ္းေနတဲ့ဆိတ္ကေလးဟာလဲ ဖ်တ္ကနဲ ေပ်ာက္သြားပါေတာ့တယ္။

ဒီခါက်မွ က်ားအိုႀကီးဟာ "အင္း ဆိတ္ကေလးလည္း ဖမ္းလို႔မွ မမိေသးတာဘဲဟာ။ ငါ့ရဲ႕ ဥပုသ္လည္း မပ်က္ေလာက္ေသး ပါဘူးေလ၊ ဒီေတာ့ ဥပုသ္ပဲ ျပန္ေစာင့္တာ ေကာင္းပါတယ္" ဆိုၿပီး ေစာေစာကလိုပဲ ျပန္ၿပီး ၿငိမ္သက္စြာ လဲေလ်ာင္းေနလိုက္ ျပန္ပါတယ္။

ဒီေတာ့မွ သိၾကားမင္းႀကီးဟာ ကိုယ္ထင္ ျပလိုက္ၿပီး သီလေၾကာင္ က်ားအိုႀကီးကို ကဲ့ရဲ႕ရႈံ႕ခ် ဆိုဆုံးမ ပါေတာ့တယ္။ သီလ မတည္ခဲ့တဲ့ က်ားအိုႀကီးလည္း ရွက္ရွက္နဲ႔ သိၾကားမင္းရဲ႕ ဆိုဆုံးမမႈကို ၿငိမ္ခံေနရေတာ့တာေပါ့။

ဒီပုံျပင္ကို လူတိုင္း ၾကားဖူးၾကမွာပါ။ က်ေနာ္တို႔ လူ႔ေလာကႀကီးထဲမွာလည္း က်ားအိုႀကီးလို ဥပုသ္ေစာင့္ခ်င္ဟန္ ေဆာင္ေနတဲ့ ဟန္ေဆာင္ေကာင္းတဲ့ သီလမရွိ က်ားအိုးႀကီးေတြ၊ လူဆိုး လူမိုက္ လူလိမ္ေတြလည္း ရွိေနပါတယ္။ လူတိုင္းဟာ ဆိတ္သူငယ္ အျဖစ္ ဖန္ဆင္းႏိုင္တဲ့ သိၾကားမင္း မဟုတ္တဲ့အတြက္ သီလမရွိတဲ့ က်ားအိုႀကီးမ်ားရဲ႕ မာယာကို ေရွာင္ရွားႏိုင္ဖို႔ လိုအပ္ပါတယ္။

Crd

Post a Comment

0 Comments