ကိုယ်အလေးချိန် ကျချင်သူတွေအတွက် oatmeal ကို ဘယ်လိုစားသုံးမလဲ

အုတ်ဂျုံမှုန့်က ကိုယ်အလေးချိန် ကျချင်သူတွေအတွက် အရမ်းကို အဆင်ပြေတဲ့ အစားအစာပါပဲ။ အုတ်ဂျုံမှုန့်မှာ သတ္တုဓါတ်တွေ၊ ဗီတာမင်တွေ၊ တခြားအာဟာရတွေ အများကြီး ပါဝင်ပါသေးတယ်။ ဒါ့အပြင် ကိုလက်စထရောကို ထိန်းညှိပေးပြီး အစာချေဖျက်မှုကို တိုးတက်စေပါတယ်။

ကိုယ်အလေးချိန်လျှော့ရာမှာ အုတ်ဂျုံမှုန့်က ဘယ်လို ကောင်းကျိုးပြုပေးလဲ။

၁။ ဗိုက်ပြည့်တယ်လို့ ခံစားရစေခြင်း

အုတ်ဂျုံမှုန့်ကို စားပြီးရင် ဗိုက်ပြည့်သလို ခံစားရတာကြောင့် တခြား အစားအစာတွေကို မစားဖြစ်တော့ပါဘူး။ အုတ်ဂျုံမှုန့်မှာ ပါဝင်တဲ့ beta-glucan ဆိုတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ကြောင့် ဗိုက်ပြည့်သလို ဖြစ်စေတာပါ။ အုတ်ဂျုံမှုန့်ကို မနက်ပိုင်းမှာစားရင် တစ်နေ့လုံး အားပြည့်သလို ခံစားရစေပါတယ်။

၂။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း

အုတ်ဂျုံမှုန့်က သွေးတွင်းသကြားဓါတ်ကို နည်းစေနိုင်တာကြောင့် အဝလွန်သူတွေနဲ့ ဆီးချိုရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အဲဒါကြောင့် မနက်ခင်းမှာ အုတ်ဂျုံမှုန့် တစ်ပန်းကန်လုံးစားရင် အဆာခံတာကြောင့် အရွေးချယ်သင့်ဆုံး မနက်စာပါပဲ။

ကိုယ်အလေးချိန် ကျချင်သူတွေအတွက် အုတ်ဂျုံမှုန့်ကို ဘယ်လိုစားမလဲ

- အုတ်ဂျုံမှုန့်က ကိုယ်အလေးချိန်ကို ကျစေတယ် ဆိုပေမယ့် ပြင်ဆင်နည်းအပေါ် မူတည်ပါသေးတယ်။ အုတ်ဂျုံမှုန့်ထဲမှာ မြေပဲယိုတွေ၊ ချောကလက်ချောင်းတွေ ထည့်စားမယ်ဆိုရင် ကိုယ်အလေးချိန်က မကျမယ့်အပြင် ပိုပြီးတော့ တက်လာမှာပါ။ ဒါပေမယ့် အုတ်ဂျုံမှုန့်ကို ရေနွေးနဲ့ဖျော်ပြီး အသီးအနှံနဲ့ သကြားအနည်းငယ်ထည့်စားရင်တော့ ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။

- အုတ်ဂျုံမှုန့်ကို စားတဲ့အခါ ကယ်လိုရီတွေ အများကြီး မစားဖြစ်အောင်လို့ လိုအပ်သလောက်သာစားသင့်ပါတယ်။ အညွှန်းမှာ ရေးထားတဲ့အတိုင်း သူ့အတိုင်းအတာနဲ့ သူသာ စားသုံးပေးပါ။

- ချက်ချင်းစားလို့ရတဲ့ instant oatmeal တွေမှာ သကြားပါဝင်မှု များပြီး အမျှင်ဓါတ်ပါဝင်မှု နည်းပါတယ်။ သင်က ဝိတ်ချနေသူ ဆိုရင်တော့ rolled oatmeal နဲ့ steel cut oats တို့ကိုသာ ရွေးသင့်ပါတယ်။

Zombie (lovemedia)

for zawgyi

ကိုယ္အေလးခ်ိန္ က်ခ်င္သူေတြအတြက္ oatmeal ကို ဘယ္လိုစားသုံးမလဲ

အုတ္ဂ်ဳံမႈန႔္က ကိုယ္အေလးခ်ိန္ က်ခ်င္သူေတြအတြက္ အရမ္းကို အဆင္ေျပတဲ့ အစားအစာပါပဲ။ အုတ္ဂ်ဳံမႈန႔္မွာ သတၱဳဓါတ္ေတြ၊ ဗီတာမင္ေတြ၊ တျခားအာဟာရေတြ အမ်ားႀကီး ပါဝင္ပါေသးတယ္။ ဒါ့အျပင္ ကိုလက္စထေရာကို ထိန္းညႇိေပးၿပီး အစာေခ်ဖ်က္မႈကို တိုးတက္ေစပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ရာမွာ အုတ္ဂ်ဳံမႈန႔္က ဘယ္လို ေကာင္းက်ိဳးျပဳေပးလဲ။

၁။ ဗိုက္ျပည့္တယ္လို႔ ခံစားရေစျခင္း

အုတ္ဂ်ဳံမႈန႔္ကို စားၿပီးရင္ ဗိုက္ျပည့္သလို ခံစားရတာေၾကာင့္ တျခား အစားအစာေတြကို မစားျဖစ္ေတာ့ပါဘူး။ အုတ္ဂ်ဳံမႈန႔္မွာ ပါဝင္တဲ့ beta-glucan ဆိုတဲ့ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓါတ္ေၾကာင့္ ဗိုက္ျပည့္သလို ျဖစ္ေစတာပါ။ အုတ္ဂ်ဳံမႈန႔္ကို မနက္ပိုင္းမွာစားရင္ တစ္ေန႔လုံး အားျပည့္သလို ခံစားရေစပါတယ္။

၂။ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညႇိေပးျခင္း

အုတ္ဂ်ဳံမႈန႔္က ေသြးတြင္းသၾကားဓါတ္ကို နည္းေစႏိုင္တာေၾကာင့္ အဝလြန္သူေတြနဲ႔ ဆီးခ်ိဳေရာဂါရွိသူေတြအတြက္ သင့္ေတာ္ပါတယ္။ အဲဒါေၾကာင့္ မနက္ခင္းမွာ အုတ္ဂ်ဳံမႈန႔္ တစ္ပန္းကန္လုံးစားရင္ အဆာခံတာေၾကာင့္ အေ႐ြးခ်ယ္သင့္ဆုံး မနက္စာပါပဲ။

ကိုယ္အေလးခ်ိန္ က်ခ်င္သူေတြအတြက္ အုတ္ဂ်ဳံမႈန႔္ကို ဘယ္လိုစားမလဲ

- အုတ္ဂ်ဳံမႈန႔္က ကိုယ္အေလးခ်ိန္ကို က်ေစတယ္ ဆိုေပမယ့္ ျပင္ဆင္နည္းအေပၚ မူတည္ပါေသးတယ္။ အုတ္ဂ်ဳံမႈန႔္ထဲမွာ ေျမပဲယိုေတြ၊ ေခ်ာကလက္ေခ်ာင္းေတြ ထည့္စားမယ္ဆိုရင္ ကိုယ္အေလးခ်ိန္က မက်မယ့္အျပင္ ပိုၿပီးေတာ့ တက္လာမွာပါ။ ဒါေပမယ့္ အုတ္ဂ်ဳံမႈန႔္ကို ေရေႏြးနဲ႔ေဖ်ာ္ၿပီး အသီးအႏွံနဲ႔ သၾကားအနည္းငယ္ထည့္စားရင္ေတာ့ ကိုယ္အေလးခ်ိန္က်ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

- အုတ္ဂ်ဳံမႈန႔္ကို စားတဲ့အခါ ကယ္လိုရီေတြ အမ်ားႀကီး မစားျဖစ္ေအာင္လို႔ လိုအပ္သေလာက္သာစားသင့္ပါတယ္။ အၫႊန္းမွာ ေရးထားတဲ့အတိုင္း သူ႔အတိုင္းအတာနဲ႔ သူသာ စားသုံးေပးပါ။

- ခ်က္ခ်င္းစားလို႔ရတဲ့ instant oatmeal ေတြမွာ သၾကားပါဝင္မႈ မ်ားၿပီး အမွ်င္ဓါတ္ပါဝင္မႈ နည္းပါတယ္။ သင္က ဝိတ္ခ်ေနသူ ဆိုရင္ေတာ့ rolled oatmeal နဲ႔ steel cut oats တို႔ကိုသာ ေ႐ြးသင့္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments