မေတ္တာဆိုတာ ရောင်ပြန်ဟပ်စမြဲပါ

ကျမတို့ ရပ်ကွက်မှာ မနက်ဈေးလေး တခု ရှိတယ်။ ဈေးကြီးကြီးတွေနဲ့ စူပါ မားကက်တွေ ကလည်း တော်တော်ဝေးတော့ အလောတကြီး ဝယ်စရာ ရှိရင် အဲဒီ ဈေးမှာပဲ ဝယ်လေ့ ရှိကြပါတယ်။

အလုပ်သွား ကျောင်းသွား မနက် ထမင်းဘူး ထည့်ရမယ့် သူတွေအတွက် အိမ်ရှင်မတွေ အပြေးအလွှား ဈေးဝယ်ရင် ကြုံရတာ တခုက အသားဆိုင်က မျက်နှာထားတင်းတင်း ဈေးသည်ရဲ့ မချေမငံ အပြုအမူကို ပါပဲ။

အသားဆိုင် ကလည်း အဲဒီ တဆိုင်တည်း၊ အသားကလည်း စုံပြီး လတ်ဆတ်တော့ ဝယ်ချင်သူတွေ များတယ်လေ။ ဒါနဲ့ပဲ ဒင်းက ဘဝင်လေဟပ်ပြီး ဝယ်သူတွေ ပြောရင် နည်းနည်းမှ သည်းမခံဘူး။

ကျွန်မ အပါအဝင် ရပ်ကွက်ထဲက အိမ်ရှင်မ တော်တော်များများနဲ့ မတည့်ကြဘူး။ သူက အသားညံ့ညံ့တွေပဲ ထည့်ထည့်ပေးလို့ စကားများရတာ ခဏခဏပဲလေ။

တနေ့မှာ ကျွန်မ အမျိုးသား တခြားနယ်မှာ တာဝန်ကျတော့ ကျမကို ကူညီရင်း အဖော်ပြုပေးဖို့ ကျွန်မ ညီမလေးက လာနေပေးတယ်။ သူက ကျောင်းပြီးခါစ ဒေသန္တရ ဗဟုသုတတွေ စုဆောင်းနေဆဲ အပျိုလေးပေါ့။

မနက်တိုင်း သူပဲ ဈေးသွားတော့ ကျွန်မလည်း အမှုမဲ့ အမှတ်မဲ့ပဲ နေခဲ့ပေမဲ့ တပတ်ကျော်လောက် ကြာတော့ သူဝယ်လာတာ နေ့တိုင်း အသားတွေ သိပ်ကောင်းပြီး အလေးလည်း ပြည့်တယ်။

ကျွန်မ ဝယ်တုန်းကထက် ပိုများများ ရပြီး ပိုလတ်ဆတ်တဲ့ အသားကောင်းတွေပဲ နေ့တိုင်း ရနေတယ်။ ကျမလည်း ညီမလေးကို ဘယ်လိုများ ဝယ်ခဲ့တာလဲ မေးကြည့်တော့ သူက ပြောပြတယ်။

"သမီးကတော့ သူ အသား ညံ့ညံ့တွေ ပေးတဲ့နေ့လည်း ပြုံးပြလိုက်တာ ပါပဲ။ သူလည်း သူ့မှာ ရှိတာပဲ ပေးရတာပဲလေ။ ဘာလို့ စိတ်ဆိုးရမှာလဲ။ သူ အသား ကောင်းကောင်းတွေ ပေးတဲ့နေ့ ဆိုရင်တော့ ဝမ်းသားအားရ ကျေးဇူးတင်စကား ပြောပေးတာပေါ့ မမရဲ့။

အဲဒီလို လုပ်လို့ ထင်တယ်။ သမီးကို သူ အခု နေ့တိုင်း အသားကောင်းကောင်း တွေပဲ ပေးတော့တယ်"

သူပြောတာတွေ နားထောင်ရင်း ကျွန်မ နားလည်သွားခဲ့ မိတယ်။ မေတ္တာ ဆိုတာ ရောင်ပြန် ဟပ်စမြဲ ပါပဲလား။

Crd

Zawgyi

ေမတၱာဆိုတာ ေရာင္ျပန္ဟပ္စျမဲပါ

က်မတို႔ ရပ္ကြက္မွာ မနက္ေဈးေလး တခု ရွိတယ္။ ေဈးႀကီးႀကီးေတြနဲ႔ စူပါ မားကက္ေတြ ကလည္း ေတာ္ေတာ္ေဝးေတာ့ အေလာတႀကီး ဝယ္စရာ ရွိရင္ အဲဒီ ေဈးမွာပဲ ဝယ္ေလ့ ရွိၾကပါတယ္။

အလုပ္သြား ေက်ာင္းသြား မနက္ ထမင္းဘူး ထည့္ရမယ့္ သူေတြအတြက္ အိမ္ရွင္မေတြ အေျပးအလႊား ေဈးဝယ္ရင္ ႀကဳံရတာ တခုက အသားဆိုင္က မ်က္ႏွာထားတင္းတင္း ေဈးသည္ရဲ႕ မေခ်မငံ အျပဳအမူကို ပါပဲ။

အသားဆိုင္ ကလည္း အဲဒီ တဆိုင္တည္း၊ အသားကလည္း စုံၿပီး လတ္ဆတ္ေတာ့ ဝယ္ခ်င္သူေတြ မ်ားတယ္ေလ။ ဒါနဲ႔ပဲ ဒင္းက ဘဝင္ေလဟပ္ၿပီး ဝယ္သူေတြ ေျပာရင္ နည္းနည္းမွ သည္းမခံဘူး။

ကြၽန္မ အပါအဝင္ ရပ္ကြက္ထဲက အိမ္ရွင္မ ေတာ္ေတာ္မ်ားမ်ားနဲ႔ မတည့္ၾကဘူး။ သူက အသားညံ့ညံ့ေတြပဲ ထည့္ထည့္ေပးလို႔ စကားမ်ားရတာ ခဏခဏပဲေလ။

တေန႔မွာ ကြၽန္မ အမ်ိဳးသား တျခားနယ္မွာ တာဝန္က်ေတာ့ က်မကို ကူညီရင္း အေဖာ္ျပဳေပးဖို႔ ကြၽန္မ ညီမေလးက လာေနေပးတယ္။ သူက ေက်ာင္းၿပီးခါစ ေဒသႏၲရ ဗဟုသုတေတြ စုေဆာင္းေနဆဲ အပ်ိဳေလးေပါ့။

မနက္တိုင္း သူပဲ ေဈးသြားေတာ့ ကြၽန္မလည္း အမႈမဲ့ အမွတ္မဲ့ပဲ ေနခဲ့ေပမဲ့ တပတ္ေက်ာ္ေလာက္ ၾကာေတာ့ သူဝယ္လာတာ ေန႔တိုင္း အသားေတြ သိပ္ေကာင္းၿပီး အေလးလည္း ျပည့္တယ္။ ကြၽန္မ ဝယ္တုန္းကထက္ ပိုမ်ားမ်ား ရၿပီး ပိုလတ္ဆတ္တဲ့ အသားေကာင္းေတြပဲ ေန႔တိုင္း ရေနတယ္။

က်မလည္း ညီမေလးကို ဘယ္လိုမ်ား ဝယ္ခဲ့တာလဲ ေမးၾကည့္ေတာ့ သူက ေျပာျပတယ္။

"သမီးကေတာ့ သူ အသား ညံ့ညံ့ေတြ ေပးတဲ့ေန႔လည္း ၿပဳံးျပလိုက္တာ ပါပဲ။ သူလည္း သူ႔မွာ ရွိတာပဲ ေပးရတာပဲေလ။ ဘာလို႔ စိတ္ဆိုးရမွာလဲ။ သူ အသား ေကာင္းေကာင္းေတြ ေပးတဲ့ေန႔ ဆိုရင္ေတာ့ ဝမ္းသားအားရ ေက်းဇူးတင္စကား ေျပာေပးတာေပါ့ မမရဲ႕။

အဲဒီလို လုပ္လို႔ ထင္တယ္။ သမီးကို သူ အခု ေန႔တိုင္း အသားေကာင္းေကာင္း ေတြပဲ ေပးေတာ့တယ္"

သူေျပာတာေတြ နားေထာင္ရင္း ကြၽန္မ နားလည္သြားခဲ့ မိတယ္။ ေမတၱာ ဆိုတာ ေရာင္ျပန္ ဟပ္စၿမဲ ပါပဲလား။

Crd

Post a Comment

0 Comments