ပညာမတတ်ဘဲ မြန်မာတွေ မာန်တက်နေဦးမှာလား

စင်္ကာပူကို ကြက်ဥ၊ ဘဲဥတွေ ယူမိရင် ဒဏ်ငွေ အပြင် ထောင်ဒဏ်ပါ ကျနိုင်ကြောင်း သတင်းကို တွေ့တော့ မချိပြုံး ပြုံးမိတယ်။ စိုက်ပျိုးရေး ဆေးရောင်းသူ ကျွန်တော်ဟာ ပရဟိတ အလုပ်တွေနဲ့ တနိုင်ငံလုံး ခြေဆန့်မိတဲ့အခါ ဒေသပေါင်းစုံက စိုက်ပျိုးရေး အခြေအနေ လေးတွေကို ဂရုစိုက်ပြီး ကြည့်မိတယ်။

ကယန်းဒေသမှာ အဓိက ထွက်ကုန်ဟာ ငရုတ်သီး ဖြစ်ပါတယ်။ ဘဝတလျှောက် စားဖူးသမျှ ငရုတ်သီးတွေထဲ ကယန်း ငရုတ်သီးလောက် စပ်တာ မတွေ့ဖူးပါ။ ဒါ့အပြင် ကယန်းငရုတ်သီးရဲ့ ထူးခြားချက်က "ဘယ်လောက်စားစား ပါးစပ်ကသာ စပ်တာ၊ ဝမ်းထဲ မပူပါဘူး" တဲ့။အဟုတ်ပါပဲ။ ငရုတ်သီး အစားများလို့ ဗိုက်ထဲ ပူနေတာတို့ မစင်စွန့်တဲ့အခါ ပူနေတာတို့ မရှိပါဘူး။

ဒီလောက် စပါယ်ရှယ် ကောင်းတဲ့ငရုတ်သီးကို ဘယ်ကို ရောင်းတာလဲ ဆိုတော့ ထိုင်းကို တင်ပို့တာပါတဲ့။ ပြည်တွင်းမှာက သာမန်ငရုတ်သီးထက် ဈေးကြီးလို့ ဆိုပြီး ကယန်းငရုတ်သီးကို သိပ်မဝယ်နိုင် ကြဘူးတဲ့။

ငရုပ်ဆုံကြီး ထောင်းကာ ထောင်းကာနဲ့ ပင်လယ်စာတွေကို ငရုတ်သီး နိုင်းချင်းထည့်ပြီး တရူးရူး တရှဲရှဲ စားပြတဲ့ ထိုင်းဆယ်လီ ကိုတောင် မျက်လုံးထဲ မြင်ယောင်မိပြီး သူစားနေတာ ငါတို့ မြန်မာပြည်က ကယန်း ငရုတ်သီးများလားရယ်လို့ တွေးမိသေးတယ်။

အခုတော့ ကယန်းဒေသက ငရုတ်သီးကို ထိုင်းက မဝယ်တော့ဘူး အကိုရေ တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကယန်း ငရုတ်သီးမျိုးကို ထိုင်းမှာစိုက်ပျိုးတာ အောင်မြင်သွားလို့တဲ့။

အော် မနေ့က ညီမလေး ခင်နှင်းကြည်သာနဲ့ အဲဒီအကြောင်းတွေ ပြောမိတဲ့အခါ သူကလည်း ပြန်ပြောတယ်။ စိန်တလုံး သရက်သီးကို အရင်က တရုတ်က အရမ်းဝယ်တာလေ။ အခုတော့ မဝယ်တော့ဘူး တရုတ်မှာ စိုက်လို့ ဖြစ်သွားပြီ အကို တဲ့။

ကိုယ့်နိုင်ငံက အဖိုးတန်တဲ့ အရာတွေကို တခြားနိုင်ငံကနေ အသာလေး ယူပြီး မျိုးပွား အောင်မြင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ကရော သူတို့ နိုင်ငံကနေ ဘာတွေ ပြန်မျိုးပွား နိုင်ပြီလဲ။

ငယ်ငယ်က ကြားဖူးတဲ့ အကြောင်းအရာလေး။ အစ္စရေးက စိုက်ပျိုးရေး ပညာရှင်ကြီးကို မြန်မာနိုင်ငံက ငှါးတဲ့အခါ သူ လာကြည့်ပြီး စိတ်ဆိုးပြီး ပြန်သွားတယ် တဲ့။ မင်းတို့နိုင်ငံက ဘာစိုက်စိုက် ဖြစ်တဲ့ဟာကို ငါ့ကို ဘာဖြစ်လို့ ခေါ်တာလဲ တဲ့။

ဂျင်းတွေ ဂျင်းတွေ။ ကိုယ်တို့ မြန်မာတွေ မာန်တွေ တက်နေကြတာ။ အခု ကျွန်တော်တို့ နိုင်ငံကနေ ပြည်ပကို ဂုဏ်ရှိရှိ ပို့နိုင်တဲ့ အသီးအနှံက ဘာရှိလို့လဲ။ ပို့နိုင်လည်း ခဏပဲ။ ဟိုက စမ်းသပ်ပြီး မျိုးယူသွားကြတာပဲ။

သူတို့နိုင်ငံက သီးနှံတွေ ကျတော့ အဆင့်မြင့် နည်းပညာတွေ သုံးပြီး တခြားနိုင်ငံက ပုံတူ ကူးမရအောင် ကာကွယ်ထား ကြတယ်။ ထိုင်းက ကမ္ဘာကျော်အုန်းသီး အပါအဝင် သီးနှံတွေရဲ့ မျိုးတွေကို သူများနိုင်ငံက ယူမရအောင် အထူး စီမံထားကြတယ်။ ပညာ နိမ့်သွားတဲ့အခါ ပတ်ဝန်းကျင် နိုင်ငံက အစစ အရာရာ အနိုင်ကျင့်သမျှ ခံရတော့တာပဲ။ ဘယ်လောက် နာကျင်ဖို့ကောင်းလဲ။

ကျွန်တော့်တပည့် လယ်သမား တယောက် ကိုရီးယားကို သွားတယ်။ သူ့မှာ လယ်ပိုင် ၁၀ ဧက ရှိပါတယ်။ အဲဒါကို အငှါးချပြီး ကိုရီးယားသွားတော့လည်း ဟိုမှာ စိုက်ပျိုးရေးပဲ လုပ်ရတာ တဲ့။ တလကို သိန်း ၂၀ ကျော် အိမ်ပြန် ပို့နေတဲ့သူ့ကို ကျွန်တော်က ဖုန်းဆက်တဲ့ အခါ စပ်စုတယ်။

မင်း အဲဒီမှာ လယ်လုပ်ရတာ ပင်ပန်းလား ဆိုတော့ မပင်ပန်းပါဘူး အကို ချမ်းတာပဲ ရှိတယ် တဲ့။ မင်းတို့သူဌေးက လယ် ဘယ်နှစ်ဧက ရှိလဲ ဆိုတော့ "၅ ဧကလောက် ရှိမယ်" တဲ့။

"ဟာ လယ်လေး ၅ ဧက နဲ့ မင်းကို တလ သိန်း ၃၀ လောက် ပေးနိုင်တယ်နော်" ဆိုတော့ "ဟာ အကိုကလည်း ကျွန်တော် တယောက်ထဲတောင် မဟုတ်ဘူး အလုပ်သမား ၆ ယောက်လောက် ရှိသေးတယ်ဗျ" တဲ့။

တရုတ်နိုင်ငံ ကနေ လှလို့ ဆိုပြီး ယူလာခဲ့တဲ့ ရွှေရောင် ခရုမျိုးစိတ်ဟာ မြန်မာပြည်မှာ စပါးပင်ကို အကြီးအကျယ် ဖျက်စီးတဲ့ ခရု ကပ်ရောဂါတခု ဖြစ်သွားတယ်။ ဂျပန်ကို မြန်မာပြည်က သစ်သီးတွေ ကုန်ကူးခွင့် မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဂျပန်မှာ သီးလုံးဖောက်ပိုး မရှိလို့။ မြန်မာပြည်က သစ်သီးတွေမှာ သီးလုံးဖောက်ပိုး ပါလာရင် သူတို့တိုင်းပြည်က တခြားသီးနှံတွေကို မျိုးပွားကုန်မှာ စိုးလို့။

အခုလည်း စင်္ကာပူမှာ မြန်မာပြည်က ကြက်ဥ ဘဲဥတွေ ယူလို့မရ။ ကိုယ့်ဆီက အဆီအနှစ်တွေ လုပ်အားတွေ ကောင်းပေ့ ဆိုတဲ့ အရာတွေကိုကျတော့ ပေါ်တင်တမျိုး၊ ခိုးပြီးတသွယ် ယူသွားကြလိုက်တာ။ သူတို့ဆီက ကောင်းတဲ့ အရာတွေကျ ကိုယ်တွေက ပြန်ယူခွင့် မရှိ။

သူတို့ဆီက မကောင်းမကန်း တွေကျ ကိုယ့်ဆီ ဒလဟော ဝင်လာလိုက်တာ ကိုယ့်ဆီက မကောင်းတာတွေကျ သူတို့ဆီ ဝင်လာမှာ အသေအလဲ ကာကွယ်။ ဆက်မရေးချင်၊ ရေးနေရင်း ရင်နာရပါတယ်။

အဖက်ဖက်က နိမ့်ပြီး ကျန်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံ ရှေ့လည်း တိုးတက်ဖို့ ရာလည်း လမ်းမမြင်သေး။ သူများ အနိုင်ကျင့်သမျှသာ လူးလိမ့်နေအောင် ခံနေရတယ်။

KoSoeHtike (Phado)

Zawgyi

ပညာမတတ္ဘဲ ျမန္မာေတြ မာန္တက္ေနဦးမွာလား

စကၤာပူကို ၾကက္ဥ၊ ဘဲဥေတြ ယူမိရင္ ဒဏ္ေငြ အျပင္ ေထာင္ဒဏ္ပါ က်ႏိုင္ေၾကာင္း သတင္းကို ေတြ႕ေတာ့ မခ်ိၿပဳံး ၿပဳံးမိတယ္။ စိုက္ပ်ိဳးေရး ေဆးေရာင္းသူ ကြၽန္ေတာ္ဟာ ပရဟိတ အလုပ္ေတြနဲ႔ တႏိုင္ငံလုံး ေျခဆန႔္မိတဲ့အခါ ေဒသေပါင္းစုံက စိုက္ပ်ိဳးေရး အေျခအေန ေလးေတြကို ဂ႐ုစိုက္ၿပီး ၾကည့္မိတယ္။

ကယန္းေဒသမွာ အဓိက ထြက္ကုန္ဟာ င႐ုတ္သီး ျဖစ္ပါတယ္။ ဘဝတေလွ်ာက္ စားဖူးသမွ် င႐ုတ္သီးေတြထဲ ကယန္း င႐ုတ္သီးေလာက္ စပ္တာ မေတြ႕ဖူးပါ။ ဒါ့အျပင္ ကယန္းင႐ုတ္သီးရဲ႕ ထူးျခားခ်က္က "ဘယ္ေလာက္စားစား ပါးစပ္ကသာ စပ္တာ၊ ဝမ္းထဲ မပူပါဘူး" တဲ့။အဟုတ္ပါပဲ။ င႐ုတ္သီး အစားမ်ားလို႔ ဗိုက္ထဲ ပူေနတာတို႔ မစင္စြန႔္တဲ့အခါ ပူေနတာတို႔ မရွိပါဘူး။

ဒီေလာက္ စပါယ္ရွယ္ ေကာင္းတဲ့င႐ုတ္သီးကို ဘယ္ကို ေရာင္းတာလဲ ဆိုေတာ့ ထိုင္းကို တင္ပို႔တာပါတဲ့။ ျပည္တြင္းမွာက သာမန္င႐ုတ္သီးထက္ ေဈးႀကီးလို႔ ဆိုၿပီး ကယန္းင႐ုတ္သီးကို သိပ္မဝယ္ႏိုင္ ၾကဘူးတဲ့။

င႐ုပ္ဆုံႀကီး ေထာင္းကာ ေထာင္းကာနဲ႔ ပင္လယ္စာေတြကို င႐ုတ္သီး ႏိုင္းခ်င္းထည့္ၿပီး တ႐ူး႐ူး တရွဲရွဲ စားျပတဲ့ ထိုင္းဆယ္လီ ကိုေတာင္ မ်က္လုံးထဲ ျမင္ေယာင္မိၿပီး သူစားေနတာ ငါတို႔ ျမန္မာျပည္က ကယန္း င႐ုတ္သီးမ်ားလားရယ္လို႔ ေတြးမိေသးတယ္။

အခုေတာ့ ကယန္းေဒသက င႐ုတ္သီးကို ထိုင္းက မဝယ္ေတာ့ဘူး အကိုေရ တဲ့။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကယန္း င႐ုတ္သီးမ်ိဳးကို ထိုင္းမွာစိုက္ပ်ိဳးတာ ေအာင္ျမင္သြားလို႔တဲ့။

ေအာ္ မေန႔က ညီမေလး ခင္ႏွင္းၾကည္သာနဲ႔ အဲဒီအေၾကာင္းေတြ ေျပာမိတဲ့အခါ သူကလည္း ျပန္ေျပာတယ္။ စိန္တလုံး သရက္သီးကို အရင္က တ႐ုတ္က အရမ္းဝယ္တာေလ။ အခုေတာ့ မဝယ္ေတာ့ဘူး တ႐ုတ္မွာ စိုက္လို႔ ျဖစ္သြားၿပီ အကို တဲ့။

ကိုယ့္ႏိုင္ငံက အဖိုးတန္တဲ့ အရာေတြကို တျခားႏိုင္ငံကေန အသာေလး ယူၿပီး မ်ိဳးပြား ေအာင္ျမင္ေနတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ ကေရာ သူတို႔ ႏိုင္ငံကေန ဘာေတြ ျပန္မ်ိဳးပြား ႏိုင္ၿပီလဲ။

ငယ္ငယ္က ၾကားဖူးတဲ့ အေၾကာင္းအရာေလး။ အစၥေရးက စိုက္ပ်ိဳးေရး ပညာရွင္ႀကီးကို ျမန္မာႏိုင္ငံက ငွါးတဲ့အခါ သူ လာၾကည့္ၿပီး စိတ္ဆိုးၿပီး ျပန္သြားတယ္ တဲ့။ မင္းတို႔ႏိုင္ငံက ဘာစိုက္စိုက္ ျဖစ္တဲ့ဟာကို ငါ့ကို ဘာျဖစ္လို႔ ေခၚတာလဲ တဲ့။

ဂ်င္းေတြ ဂ်င္းေတြ။ ကိုယ္တို႔ ျမန္မာေတြ မာန္ေတြ တက္ေနၾကတာ။ အခု ကြၽန္ေတာ္တို႔ ႏိုင္ငံကေန ျပည္ပကို ဂုဏ္ရွိရွိ ပို႔ႏိုင္တဲ့ အသီးအႏွံက ဘာရွိလို႔လဲ။ ပို႔ႏိုင္လည္း ခဏပဲ။ ဟိုက စမ္းသပ္ၿပီး မ်ိဳးယူသြားၾကတာပဲ။

သူတို႔ႏိုင္ငံက သီးႏွံေတြ က်ေတာ့ အဆင့္ျမင့္ နည္းပညာေတြ သုံးၿပီး တျခားႏိုင္ငံက ပုံတူ ကူးမရေအာင္ ကာကြယ္ထား ၾကတယ္။ ထိုင္းက ကမာၻေက်ာ္အုန္းသီး အပါအဝင္ သီးႏွံေတြရဲ႕ မ်ိဳးေတြကို သူမ်ားႏိုင္ငံက ယူမရေအာင္ အထူး စီမံထားၾကတယ္။ ပညာ နိမ့္သြားတဲ့အခါ ပတ္ဝန္းက်င္ ႏိုင္ငံက အစစ အရာရာ အႏိုင္က်င့္သမွ် ခံရေတာ့တာပဲ။ ဘယ္ေလာက္ နာက်င္ဖို႔ေကာင္းလဲ။

ကြၽန္ေတာ့္တပည့္ လယ္သမား တေယာက္ ကိုရီးယားကို သြားတယ္။ သူ႔မွာ လယ္ပိုင္ ၁၀ ဧက ရွိပါတယ္။ အဲဒါကို အငွါးခ်ၿပီး ကိုရီးယားသြားေတာ့လည္း ဟိုမွာ စိုက္ပ်ိဳးေရးပဲ လုပ္ရတာ တဲ့။ တလကို သိန္း ၂၀ ေက်ာ္ အိမ္ျပန္ ပို႔ေနတဲ့သူ႔ကို ကြၽန္ေတာ္က ဖုန္းဆက္တဲ့ အခါ စပ္စုတယ္။

မင္း အဲဒီမွာ လယ္လုပ္ရတာ ပင္ပန္းလား ဆိုေတာ့ မပင္ပန္းပါဘူး အကို ခ်မ္းတာပဲ ရွိတယ္ တဲ့။ မင္းတို႔သူေဌးက လယ္ ဘယ္ႏွစ္ဧက ရွိလဲ ဆိုေတာ့ "၅ ဧကေလာက္ ရွိမယ္" တဲ့။

"ဟာ လယ္ေလး ၅ ဧက နဲ႔ မင္းကို တလ သိန္း ၃၀ ေလာက္ ေပးႏိုင္တယ္ေနာ္" ဆိုေတာ့ "ဟာ အကိုကလည္း ကြၽန္ေတာ္ တေယာက္ထဲေတာင္ မဟုတ္ဘူး အလုပ္သမား ၆ ေယာက္ေလာက္ ရွိေသးတယ္ဗ်" တဲ့။

တ႐ုတ္ႏိုင္ငံ ကေန လွလို႔ ဆိုၿပီး ယူလာခဲ့တဲ့ ေ႐ႊေရာင္ ခ႐ုမ်ိဳးစိတ္ဟာ ျမန္မာျပည္မွာ စပါးပင္ကို အႀကီးအက်ယ္ ဖ်က္စီးတဲ့ ခ႐ု ကပ္ေရာဂါတခု ျဖစ္သြားတယ္။ ဂ်ပန္ကို ျမန္မာျပည္က သစ္သီးေတြ ကုန္ကူးခြင့္ မရွိဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဂ်ပန္မွာ သီးလုံးေဖာက္ပိုး မရွိလို႔။ ျမန္မာျပည္က သစ္သီးေတြမွာ သီးလုံးေဖာက္ပိုး ပါလာရင္ သူတို႔တိုင္းျပည္က တျခားသီးႏွံေတြကို မ်ိဳးပြားကုန္မွာ စိုးလို႔။

အခုလည္း စကၤာပူမွာ ျမန္မာျပည္က ၾကက္ဥ ဘဲဥေတြ ယူလို႔မရ။ ကိုယ့္ဆီက အဆီအႏွစ္ေတြ လုပ္အားေတြ ေကာင္းေပ့ ဆိုတဲ့ အရာေတြကိုက်ေတာ့ ေပၚတင္တမ်ိဳး၊ ခိုးၿပီးတသြယ္ ယူသြားၾကလိုက္တာ။ သူတို႔ဆီက ေကာင္းတဲ့ အရာေတြက် ကိုယ္ေတြက ျပန္ယူခြင့္ မရွိ။

သူတို႔ဆီက မေကာင္းမကန္း ေတြက် ကိုယ့္ဆီ ဒလေဟာ ဝင္လာလိုက္တာ ကိုယ့္ဆီက မေကာင္းတာေတြက် သူတို႔ဆီ ဝင္လာမွာ အေသအလဲ ကာကြယ္။ ဆက္မေရးခ်င္၊ ေရးေနရင္း ရင္နာရပါတယ္။

အဖက္ဖက္က နိမ့္ၿပီး က်န္ခဲ့တဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံ ေရွ႕လည္း တိုးတက္ဖို႔ ရာလည္း လမ္းမျမင္ေသး။ သူမ်ား အႏိုင္က်င့္သမွ်သာ လူးလိမ့္ေနေအာင္ ခံေနရတယ္။

KoSoeHtike (Phado)

Post a Comment

0 Comments