မျောက်လေးတွေ အန္တရာယ်ကင်းကင်း လမ်းကူးနိုင်အောင်လို့ အမြန်လမ်းပေါ်မှာ တံတားတည်ဆောက်ပေးလိုက်တဲ့ နိုင်ငံ

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးယိုးမြို့က သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေဟာ အမြန်လမ်းမကြီးပေါ်မှာ ကုန်းကျော်တံတားတစ်ခု ဆောက်လုပ်လိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီတံတားကနေ မျောက်တွေ လမ်းကူးနိုင်ဖို့ အတွက်ပါ။

ရီယိုဒီဂျနေးယိုး ပြည်နယ်မှာရှိတဲ့ အတ္တလန်းတိတ်သစ်တောက ခြင်္သေ့လည်ဆံမွေးရှိတဲ့ tamarin မျောက်တွေ နေထိုင်ရာ ကမ္ဘာပေါ်က တစ်ခုတည်းသောတောဖြစ်ပါတယ်။ အဲဒီသစ်တောထဲမှာ tamarin မျောက်တွေက မျောက်ကောင်ရေ ရှားပါးလာမှု ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

သူတို့နေရတဲ့ သစ်တောက အရမ်းကို ကျဉ်းပြီး သီးသန့်ဖြစ်နေပါတယ်။ အမြန်လမ်းပေါ် ထိုးထားတဲ့ တံတားကနေ မျောက်တွေ လမ်းဖြတ်ကူးတဲ့အခါ ပိုကျယ်တဲ့ သစ်တောဆီကို ရောက်မှာပါ။

၂၀၁၈ ခုနှစ်တုန်းက အဝါရောင်အဆင့်ရှိတဲ့ အဖျားရောဂါ ဖြစ်ပွားခဲ့တာကြောင့် tamarin မျောက်ကောင်ရေ ၃၂ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ ၂၀၁၈ ခုနှစ်ကစပြီး တောထဲမှာ tamarin မျောက် ၂၅၀၀ ခန့်သာ ကျန်ရှိပါတော့တယ်။

" သူတို့နေတဲ့ သစ်တောက သီးသန့်ဆန်နေပြီးတော့ မျောက်ကောင်ရေ ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ Tamarin မျောက်တွေကို ကာကွယ်ဖို့ သစ်တောအကြီးကြီးတစ်ခု လိုအပ်ပါတယ်။

အဲဒါကြောင့် တောရိုင်းတိရစ္ဆာန်လေးတွေကို ထိန်းသိမ်းဖို့အတွက် တံတားတည်ဆောက် လိုက်တာပါ" လို့ သဘာဝ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပရောဂျက်နဲ့ အမှုဆောင် ဒါရိုက်တာ Luis Paulo က ပြောပါတယ်။

တံတားကို မနှစ်က ဆောက်လုပ် ပြီးခဲ့ပါတယ်။ တံတားပေါ်မှာ သဘာဝဆန်ဆန် ဖြစ်သွားအောင် သစ်ပင်တွေ၊ ချုံတွေ စိုက်ထားပြီးပြီ။ အခုတော့ သစ်ပင်တွေက သေးငယ်သးတာကြောင့် မျောက်တွေ ဆော့ကစားသွားလာနိုင်တဲ့အထိ ကြီးထွားလာအောင် အချိန်ယူနေပါတယ်။

Zombie (lovemedia)

for zawgyi

ေမ်ာက္ေလးေတြ အႏၲရာယ္ကင္းကင္း လမ္းကူးႏိုင္ေအာင္လို႔ အျမန္လမ္းေပၚမွာ တံတားတည္ေဆာက္ေပးလိုက္တဲ့ ႏိုင္ငံ

ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်ေနးယိုးၿမိဳ႕က သဘာဝပတ္ဝန္းက်င္ ခ်စ္ျမတ္ႏိုးသူေတြဟာ အျမန္လမ္းမႀကီးေပၚမွာ ကုန္းေက်ာ္တံတားတစ္ခု ေဆာက္လုပ္လိုက္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ အဲဒီတံတားကေန ေမ်ာက္ေတြ လမ္းကူးႏိုင္ဖို႔ အတြက္ပါ။

ရီယိုဒီဂ်ေနးယိုး ျပည္နယ္မွာရွိတဲ့ အတၱလန္းတိတ္သစ္ေတာက ျခေသၤ့လည္ဆံေမြးရွိတဲ့ tamarin ေမ်ာက္ေတြ ေနထိုင္ရာ ကမာၻေပၚက တစ္ခုတည္းေသာေတာျဖစ္ပါတယ္။ အဲဒီသစ္ေတာထဲမွာ tamarin ေမ်ာက္ေတြက ေမ်ာက္ေကာင္ေရ ရွားပါးလာမႈ ျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။

သူတို႔ေနရတဲ့ သစ္ေတာက အရမ္းကို က်ဥ္းၿပီး သီးသန႔္ျဖစ္ေနပါတယ္။ အျမန္လမ္းေပၚ ထိုးထားတဲ့ တံတားကေန ေမ်ာက္ေတြ လမ္းျဖတ္ကူးတဲ့အခါ ပိုက်ယ္တဲ့ သစ္ေတာဆီကို ေရာက္မွာပါ။

၂၀၁၈ ခုႏွစ္တုန္းက အဝါေရာင္အဆင့္ရွိတဲ့ အဖ်ားေရာဂါ ျဖစ္ပြားခဲ့တာေၾကာင့္ tamarin ေမ်ာက္ေကာင္ေရ ၃၂ ရာခိုင္ႏႈန္း နည္းပါးသြားပါတယ္။ ၂၀၁၈ ခုႏွစ္ကစၿပီး ေတာထဲမွာ tamarin ေမ်ာက္ ၂၅၀၀ ခန႔္သာ က်န္ရွိပါေတာ့တယ္။

" သူတို႔ေနတဲ့ သစ္ေတာက သီးသန႔္ဆန္ေနၿပီးေတာ့ ေမ်ာက္ေကာင္ေရ ရွားပါးမႈ ျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။ Tamarin ေမ်ာက္ေတြကို ကာကြယ္ဖို႔ သစ္ေတာအႀကီးႀကီးတစ္ခု လိုအပ္ပါတယ္။ အဲဒါေၾကာင့္ ေတာ႐ိုင္းတိရစာၦန္ေလးေတြကို ထိန္းသိမ္းဖို႔အတြက္ တံတားတည္ေဆာက္ လိုက္တာပါ" လို႔ သဘာဝ ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရး ပေရာဂ်က္နဲ႔ အမႈေဆာင္ ဒါ႐ိုက္တာ Luis Paulo က ေျပာပါတယ္။

တံတားကို မႏွစ္က ေဆာက္လုပ္ ၿပီးခဲ့ပါတယ္။ တံတားေပၚမွာ သဘာဝဆန္ဆန္ ျဖစ္သြားေအာင္ သစ္ပင္ေတြ၊ ခ်ဳံေတြ စိုက္ထားၿပီးၿပီ။ အခုေတာ့ သစ္ပင္ေတြက ေသးငယ္သးတာေၾကာင့္ ေမ်ာက္ေတြ ေဆာ့ကစားသြားလာႏိုင္တဲ့အထိ ႀကီးထြားလာေအာင္ အခ်ိန္ယူေနပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments