တသက်လုံး မုံ့ဟင်းခါး ချက်မှာလား

တခါတုန်းက ကောင်လေးတယောက်ဟာ မုံ့ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်။ သူက မုံ့ဟင်းခါးကို ကျကျ နန ချက်တတ်တော့ သူ့မုံ့ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်။

စားကောင်းလွန်း အားကြီးတော့ သူ့မုံ့ဟင်းခါးက အစောကြီး ကုန်ကုန်သွားတယ်။ သူက မုံ့ဟင်းခါးကို စေတနာ ပါပါနဲ့ ချက်တယ်။ သူ့မုံ့ဟင်းခါးက နာမည် ရလာတယ်။

ဒီလိုနဲ့ တနေ့ ခါတိုင်းထက် စောပြီး မုံ့ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်။ ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့ သူ့မှာ ပါလာတဲ့ ဂီတာ ထိုင်တီးတယ်။

ကောင်လေးက ဂီတာတီးတာ ဝါသနာ ပါတယ်။ ဒါပေမဲ့ ပညာရှင် တယောက်လို တီးတတ်တာတော့ မဟုတ်ဘူး။ နားထောင်လို့ ကောင်းရုံ အသင့်အတင့် တီးတတ်တယ်။

အဲဒီတော့ သူဂီတာ ထိုင်တီးနေတုန်းမှာ ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက သတိထားမိပြီး လာနားထောင် ကြတယ်။ လက်ခုပ်သြဘာ ပေးကြတယ်။ ဟိုသီချင်းလေး တီးပြပါ၊ ဒီသီချင်းလေး တီးပြပါပေါ့။ သူကလည်း ကြိုးကြိုးစားစားနဲ့ တီးပြတယ်။ လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ်။

ဒီလိုနဲ့ သူက တနေ့ တနေ့ အိမ်ပြန်ရောက်ရင် မုံ့ဟင်းခါး ချက်ဖို့ကို စိတ်မပါတော့ဘူး။ ဂီတာကို ဘယ်သီချင်းတွေနဲ့ တီးရမလဲပဲ စဉ်းစားတော့တယ်။ အဲ့ဒီမှာပဲ စိတ်က ရောက်နေတယ်။

မုံ့ဟင်းခါးကို ခါတိုင်းလို စိတ်ပါ လက်ပါနဲ့ မချက်တော့ဘူး။ လူတွေ လက်ခုပ် သြဘာပေးတဲ့ ဂီတာ ထိုင်တီးတာကိုပဲ သာယာပြီး ပျော်မွေ့နေတယ်။ အဲ့ဒီမှာ သူ့မုံ့ဟင်းခါး နာမည် ပျက်သွားတယ်။ အရင်လို မရောင်းရတော့ဘူး။

ဂီတာကလည်း ပညာရှင်အဆင့် မဟုတ်ဘူး။ ဒီအတိုင်း ဝါသနာရှင် အဆင့် တီးတတ်ရုံ ဆိုတော့ အဲ့ဒါနဲ့လည်း အလုပ် မဖြစ်ဘူး။ နောက်ဆုံးမှာ ကောင်လေးဟာ မျောက်သစ်ကိုင်း လွတ်ပြီး ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွား ပါတော့တယ်။

အလုပ်တခု လုပ်တော့မယ်ဆို ပေါက်ရောက်အောင် လုပ်ပါ။ ဟိုအလုပ်လည်း စိတ်မပါ၊ ဒီအလုပ်လည်း ဝါးတားတား ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့ လက်ရှိ အလုပ်ကို တသက်လုံး လုပ်မှာလား၊ ကိုယ်ဝါသနာ ပါတဲ့ အလုပ်မှာ ပေါက်မြောက်အောက် လုပ်မှာလား၊ ၂ ခုလုံးကိုပဲ ထူးချွန်အောင် လုပ်မှာလား ဆိုတာကို အချိန်မလွန်ခင် စဉ်းစား ဆုံးဖြတ်သင့်ပါတယ်။

Crd

Zawgyi

တသက္လုံး မုံ့ဟင္းခါး ခ်က္မွာလား

တခါတုန္းက ေကာင္ေလးတေယာက္ဟာ မုံ႔ဟင္းခါးကို အထမ္းနဲ႔ လိုက္ေရာင္းတယ္။ သူက မုံ႔ဟင္းခါးကို က်က် နန ခ်က္တတ္ေတာ့ သူ႔မုံ႔ဟင္းခါးက အင္မတန္ ေရာင္းေကာင္းတယ္။

စားေကာင္းလြန္း အားႀကီးေတာ့ သူ႔မုံ႔ဟင္းခါးက အေစာႀကီး ကုန္ကုန္သြားတယ္။ သူက မုံ႔ဟင္းခါးကို ေစတနာ ပါပါနဲ႔ ခ်က္တယ္။ သူ႔မုံ႔ဟင္းခါးက နာမည္ ရလာတယ္။

ဒီလိုနဲ႔ တေန႔ ခါတိုင္းထက္ ေစာၿပီး မုံ႔ဟင္းခါးက ေရာင္းလို႔ ကုန္သြားတယ္။ ဒီေတာ့ ေကာင္ေလးလည္း ပ်င္းပ်င္းရွိတာနဲ႔ သူ႔မွာ ပါလာတဲ့ ဂီတာ ထိုင္တီးတယ္။

ေကာင္ေလးက ဂီတာတီးတာ ဝါသနာ ပါတယ္။ ဒါေပမဲ့ ပညာရွင္ တေယာက္လို တီးတတ္တာေတာ့ မဟုတ္ဘူး။ နားေထာင္လို႔ ေကာင္း႐ုံ အသင့္အတင့္ တီးတတ္တယ္။

အဲဒီေတာ့ သူဂီတာ ထိုင္တီးေနတုန္းမွာ ေဘးနားက ျဖတ္သြားျဖတ္လာ လူေတြက သတိထားမိၿပီး လာနားေထာင္ ၾကတယ္။ လက္ခုပ္ၾသဘာ ေပးၾကတယ္။ ဟိုသီခ်င္းေလး တီးျပပါ၊ ဒီသီခ်င္းေလး တီးျပပါေပါ့။ သူကလည္း ႀကိဳးႀကိဳးစားစားနဲ႔ တီးျပတယ္။ လူေတြကလည္း ဝိုင္းလို႔ နားေထာင္ၾကတယ္။

ဒီလိုနဲ႔ သူက တေန႔ တေန႔ အိမ္ျပန္ေရာက္ရင္ မုံ႔ဟင္းခါး ခ်က္ဖို႔ကို စိတ္မပါေတာ့ဘူး။ ဂီတာကို ဘယ္သီခ်င္းေတြနဲ႔ တီးရမလဲပဲ စဥ္းစားေတာ့တယ္။ အဲ့ဒီမွာပဲ စိတ္က ေရာက္ေနတယ္။

မုံ႔ဟင္းခါးကို ခါတိုင္းလို စိတ္ပါ လက္ပါနဲ႔ မခ်က္ေတာ့ဘူး။ လူေတြ လက္ခုပ္ ၾသဘာေပးတဲ့ ဂီတာ ထိုင္တီးတာကိုပဲ သာယာၿပီး ေပ်ာ္ေမြ႕ေနတယ္။ အဲ့ဒီမွာ သူ႔မုံ႔ဟင္းခါး နာမည္ ပ်က္သြားတယ္။ အရင္လို မေရာင္းရေတာ့ဘူး။

ဂီတာကလည္း ပညာရွင္အဆင့္ မဟုတ္ဘူး။ ဒီအတိုင္း ဝါသနာရွင္ အဆင့္ တီးတတ္႐ုံ ဆိုေတာ့ အဲ့ဒါနဲ႔လည္း အလုပ္ မျဖစ္ဘူး။ ေနာက္ဆုံးမွာ ေကာင္ေလးဟာ ေမ်ာက္သစ္ကိုင္း လြတ္ၿပီး ဟိုမေရာက္ ဒီမေရာက္နဲ႔ ဒုကၡေရာက္သြား ပါေတာ့တယ္။

အလုပ္တခု လုပ္ေတာ့မယ္ဆို ေပါက္ေရာက္ေအာင္ လုပ္ပါ။ ဟိုအလုပ္လည္း စိတ္မပါ၊ ဒီအလုပ္လည္း ဝါးတားတား ဆိုရင္ေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ ကိုယ့္ရဲ႕ လက္ရွိ အလုပ္ကို တသက္လုံး လုပ္မွာလား၊ ကိုယ္ဝါသနာ ပါတဲ့ အလုပ္မွာ ေပါက္ေျမာက္ေအာက္ လုပ္မွာလား၊ ၂ ခုလုံးကိုပဲ ထူးခြၽန္ေအာင္ လုပ္မွာလား ဆိုတာကို အခ်ိန္မလြန္ခင္ စဥ္းစား ဆုံးျဖတ္သင့္ပါတယ္။

Crd

Post a Comment

0 Comments