စိတ်ဓါတ်ကျခြင်းကြောင်း ခန္ဓာကိုယ်မှာ ထိခိုက်လာမယ့် အရာ (၈) ခု

စိတ်ဓါတ်ကျတဲ့ ဝေဒနာကို ကမ္ဘာပေါ်က လူပေါင်း ၂၆၄ သန်းက ခံစားနေရပါတယ်။ စိတ်ဓါတ်ကျတာက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေရုံမက ခန္ဓာကိုယ်ကိုပါ ထိခိုက်စေပါတယ်။ စိတ်ဓါတ်ကျခြင်းက ခန္ဓာကိုယ်ကို ဘယ်လို ဆိုးဆိုးဝါးဝါး ထိခိုက်စေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကျောက်ကပ်

စိတ်ဓါတ်ကျတာက ကျောက်ကပ်ရောဂါ အခံရှိသူရော၊ မရှိသူကိုပါ ထိခိုက်စေပါတယ်။ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ များလာရင် ကျောက်ကပ်ကနေ အဒရီနလင်းဟော်မုန်း ထွက်ပါတယ်။ အချိန်တွေ ကြာလာတဲ့အခါ စိတ်ဓါတ်ကျခြင်းက ကျောက်ကပ်ကို ဒုက္ခပေး လာပါတော့တယ်။

၂။ အစာအိမ် အူလမ်းကြောင်း

ဦးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းက ဆက်စပ်နေပါတယ်။ စိတ်ခံစားရတဲ့အခါ အစာအိမ်ကလည်း နေရခက်လာပါတယ်။ စိတ်ဓါတ်ကျတာက အူလမ်းကြောင်းတွေကို ကျဉ်းလာစေပါတယ်။

၃။ ဆီးချို

စိတ်ဓါတ်ကျတဲ့အခါ သွေးတွင်းသကြားဓါတ်နဲ့ အင်ဆူလင်တွေကို သက်ရောက်မှု ရှိစေပါတယ်။ ဆီးချိုရောဂါနဲ့ စိတ်ဓါတ်ကျတာက အပြန်အလှန် ဆက်စပ်နေပါတယ်။ ဆီးချိုရောဂါရှိသူကလည်း စိတ်ဓါတ်ကျတာကို ခံစားရပါတယ်။

၄။ နှလုံးရောဂါ

စိတ်ဓါတ်ကျတဲ့အခါ သွေးဖိအားတွေ တက်လာပြီး နှလုံးခုန်တာတွေလည်း မြန်လာပါတယ်။ အဲဒီကနေ နှလုံးရောဂါကို ဖြစ်စေတာပါ။

၅။ သွေးကြော

သွေးဖိအားတွေမြင့်လာရင် သွေးကြောတွေထဲက သွေးစီးဆင်းမှုတွေ လျော့လာပါတယ်။ အဲဒီအခါ သွေးကြောတွေက ကျုံ့လာပါတယ်။ သွေးကြောတွေက ကျုံ့လာတဲ့အခါ ဆဲလ်နဲ့တစ်သျှူးတွေအတွက် လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ လုံလုံလောက်လောက် မရောက်တော့ပါဘူး။

၆။ ခါးနာခြင်း

ခါးနာက စိတ်ဓါတ်ကျတာနဲ့ အမြဲ မဆက်စပ်နေပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ကျတာက နာတာရှည် နာကျင်ခံစားရတာကိုတော့ ဖြစ်စေပါတယ်။ စိတ်ဓါတ်ကျရင် ခန္ဓာကိုယ်လည်း ရောင်ရမ်းလာတတ်တာကြောင့် ခါးနာလေ့ရှိသူအတွက် ပိုခံစားရမှာပါ။

၇။ မှတ်ဉာဏ်

စိတ်ဓါတ်ကျတာ ရေတိုမှတ်ဉာဏ် ပျောက်ဆုံးတာ ဖြစ်စေပါတယ်။ စိတ်ဓါတ်ကျနေသူ တစ်ယောက်က ပိုပြီးမေ့လွယ်လာပြီး အာရုံစူးစိုက်နိုင်မှုအားလည်း လျော့လာပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာကိုလည်း ခံစားရမှာပါ။

၈။ အဆစ်ရောင်နာ

စိတ်ဓါတ်ကျတာနဲ့ အဆစ်ရောင်နာက အပြန်အလှန် ဆက်စပ်နေပါတယ်။ စိတ်ဓါတ်ကျခြင်းကြောင့် အဆစ်ရောင်နာ ဖြစ်စေသလို အဆစ်ရောင်နာကြောင့်လည်း စိတ်ဓါတ်ကျတာကို ခံစားရပါတယ်။ ခန္ဓာကိုယ် ရောင်ရမ်းတာက အဓိက အကြောင်းအရင်း ဖြစ်နေတာကြောင့် စိတ်ဓါတ်ကျနေတဲ့အချိန်မှာ အဆစ်ရောင်နာက ပိုပြီးခံစားရမှာပါ။

Zombie (lovemedia)

for zawgyi

စိတ္ဓါတ္က်ျခင္းေၾကာင္း ခႏၶာကိုယ္မွာ ထိခိုက္လာမယ့္ အရာ (၈) ခု

စိတ္ဓါတ္က်တဲ့ ေဝဒနာကို ကမာၻေပၚက လူေပါင္း ၂၆၄ သန္းက ခံစားေနရပါတယ္။ စိတ္ဓါတ္က်တာက စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစ႐ုံမက ခႏၶာကိုယ္ကိုပါ ထိခိုက္ေစပါတယ္။ စိတ္ဓါတ္က်ျခင္းက ခႏၶာကိုယ္ကို ဘယ္လို ဆိုးဆိုးဝါးဝါး ထိခိုက္ေစလဲ ဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေက်ာက္ကပ္

စိတ္ဓါတ္က်တာက ေက်ာက္ကပ္ေရာဂါ အခံရွိသူေရာ၊ မရွိသူကိုပါ ထိခိုက္ေစပါတယ္။ ေၾကာက္စိတ္ေတြ၊ စိုးရိမ္စိတ္ေတြ မ်ားလာရင္ ေက်ာက္ကပ္ကေန အဒရီနလင္းေဟာ္မုန္း ထြက္ပါတယ္။ အခ်ိန္ေတြ ၾကာလာတဲ့အခါ စိတ္ဓါတ္က်ျခင္းက ေက်ာက္ကပ္ကို ဒုကၡေပး လာပါေတာ့တယ္။

၂။ အစာအိမ္ အူလမ္းေၾကာင္း

ဦးေႏွာက္နဲ႔ အစာအိမ္အူလမ္းေၾကာင္းက ဆက္စပ္ေနပါတယ္။ စိတ္ခံစားရတဲ့အခါ အစာအိမ္ကလည္း ေနရခက္လာပါတယ္။ စိတ္ဓါတ္က်တာက အူလမ္းေၾကာင္းေတြကို က်ဥ္းလာေစပါတယ္။

၃။ ဆီးခ်ိဳ

စိတ္ဓါတ္က်တဲ့အခါ ေသြးတြင္းသၾကားဓါတ္နဲ႔ အင္ဆူလင္ေတြကို သက္ေရာက္မႈ ရွိေစပါတယ္။ ဆီးခ်ိဳေရာဂါနဲ႔ စိတ္ဓါတ္က်တာက အျပန္အလွန္ ဆက္စပ္ေနပါတယ္။ ဆီးခ်ိဳေရာဂါရွိသူကလည္း စိတ္ဓါတ္က်တာကို ခံစားရပါတယ္။

၄။ ႏွလုံးေရာဂါ

စိတ္ဓါတ္က်တဲ့အခါ ေသြးဖိအားေတြ တက္လာၿပီး ႏွလုံးခုန္တာေတြလည္း ျမန္လာပါတယ္။ အဲဒီကေန ႏွလုံးေရာဂါကို ျဖစ္ေစတာပါ။

၅။ ေသြးေၾကာ

ေသြးဖိအားေတြျမင့္လာရင္ ေသြးေၾကာေတြထဲက ေသြးစီးဆင္းမႈေတြ ေလ်ာ့လာပါတယ္။ အဲဒီအခါ ေသြးေၾကာေတြက က်ဳံ႕လာပါတယ္။ ေသြးေၾကာေတြက က်ဳံ႕လာတဲ့အခါ ဆဲလ္နဲ႔တစ္သွ်ဴးေတြအတြက္ လိုအပ္တဲ့ အာဟာရနဲ႔ ေအာက္ဆီဂ်င္ေတြ လုံလုံေလာက္ေလာက္ မေရာက္ေတာ့ပါဘူး။

၆။ ခါးနာျခင္း

ခါးနာက စိတ္ဓါတ္က်တာနဲ႔ အၿမဲ မဆက္စပ္ေနပါဘူး။ ဒါေပမယ့္ စိတ္ဓါတ္က်တာက နာတာရွည္ နာက်င္ခံစားရတာကိုေတာ့ ျဖစ္ေစပါတယ္။ စိတ္ဓါတ္က်ရင္ ခႏၶာကိုယ္လည္း ေရာင္ရမ္းလာတတ္တာေၾကာင့္ ခါးနာေလ့ရွိသူအတြက္ ပိုခံစားရမွာပါ။

၇။ မွတ္ဉာဏ္

စိတ္ဓါတ္က်တာ ေရတိုမွတ္ဉာဏ္ ေပ်ာက္ဆုံးတာ ျဖစ္ေစပါတယ္။ စိတ္ဓါတ္က်ေနသူ တစ္ေယာက္က ပိုၿပီးေမ့လြယ္လာၿပီး အာ႐ုံစူးစိုက္ႏိုင္မႈအားလည္း ေလ်ာ့လာပါတယ္။ ဒါ့အျပင္ ေခါင္းကိုက္တာကိုလည္း ခံစားရမွာပါ။

၈။ အဆစ္ေရာင္နာ

စိတ္ဓါတ္က်တာနဲ႔ အဆစ္ေရာင္နာက အျပန္အလွန္ ဆက္စပ္ေနပါတယ္။ စိတ္ဓါတ္က်ျခင္းေၾကာင့္ အဆစ္ေရာင္နာ ျဖစ္ေစသလို အဆစ္ေရာင္နာေၾကာင့္လည္း စိတ္ဓါတ္က်တာကို ခံစားရပါတယ္။ ခႏၶာကိုယ္ ေရာင္ရမ္းတာက အဓိက အေၾကာင္းအရင္း ျဖစ္ေနတာေၾကာင့္ စိတ္ဓါတ္က်ေနတဲ့အခ်ိန္မွာ အဆစ္ေရာင္နာက ပိုၿပီးခံစားရမွာပါ။

Zombie (lovemedia)

Post a Comment

0 Comments