အကောင်းဆုံးအသားနှင့် အဆိုးဆုံးအသား

တခါက အာဖရိက တောတွင်းမှာရှိတဲ့ လူမျိုးစုခေါင်းဆောင် တယောက်ဟာ သူ့ရဲ့ ငယ်ကျွန်တယောက်ကို ခေါ်ပြီး ခိုင်းစေတယ်။ "ငယ်ကျွန်ကြီး မြို့က အနီးဆုံးဈေးမှာ ငါ့အတွက် အကောင်းဆုံးအသား သွားဝယ်ချေ"

အဲဒီလိုနဲ့ ငယ်ကျွန်ဟာ ဈေးကို ထွက်ခွာသွားတယ်။ တခဏ အကြာမှာတော့ သူဟာ တိရစ္ဆာန်တကောင်ရဲ့ လျှာကို ယူဆောင်ပြီး ပြန်လာခဲ့တယ်။

အဲဒီလိုနဲ့ နောက်တနေ့မှာလည်း ခေါင်းဆောင်ကြီးဟာ တပည့်ကို ခေါ်ပြန်တယ်။ "ဟေ့ကောင် လျှာက တော်တော် စားကောင်းတာပဲကွ၊ ဒီတခါတော့ အညံ့ဆုံးအသား ရှာဝယ်ခဲ့"

ငယ်ကျွန်ဟာ "ဟုတ်ကဲ့" ဆိုတဲ့ စကားတခွန်းကိုသာ ပြောပြီး ထွက်ခွာသွားပြန်တယ်။ ဒီတကြိမ်မှာလည်း သူဟာ လျှာကိုသာ ဝယ်ယူလာခဲ့ ပြန်တယ်။

အဲဒီအခါမှာတော့ ခေါင်းဆောင်ကြီးက "ဟေ့ကောင် မင့်ဟာက အကောင်းဆုံး အသားကလည်း လျှာပဲ အဆိုးဆုံးအသား ဝယ်ခဲ့ပါ ဆိုတော့လည်း ဒီလျှာပဲ။ မင်းငါကို ငတုံးများ မှတ်နေလား" လို့ ပြောတယ်။

အဲဒီလို ခေါင်းဆောင်ရဲ့စကားကို ကြားတဲ့အခါ ငယ်ကျွန်က "ခေါင်းဆောင်ကြီးခင်ဗျား၊ လူတယောက်ဟာ လျှာကြောင့် တပါးသူတွေကို ပျော်ရွှင်စေပါတယ်။ အဲဒါကြောင့် လျှာဟာ အကောင်းဆုံးအသား ပါပဲ။ အဲဒီလျှာကြောင့်ပဲ တဖက်လူကို ဝမ်းနည်း အားငယ်အောင်၊ စိတ်ဓါတ်ပျက်ပြားအောင် လုပ်လို့ရပါတယ်။ အဲဒါကြောင့် လျှာဟာ အဆိုးဆုံးသော အသားပါပဲ"

ကျနော်တို့ အားလုံးဟာလည်း လျှာနဲ့တင်စားတဲ့ နှုတ်ထွက်စကား တွေကို ပိုင်ဆိုင်ကြသူချည်းပဲ ဖြစ်ပါတယ်။ လျှာကိုယ်စီ ပိုင်ဆိုင်ကြပေမယ့်လည်း တချို့တွေကတော့ အမုန်းတရား၊ လိမ်ညာခြင်း၊ အပုပ်ချခြင်း၊ ခြောက်လှန့်ခြင်း၊ ကြွားဝါခြင်း၊ ဆဲရေးခြင်း၊ မုသားပြောခြင်း၊ တလွဲအထင်ရောက်စေခြင်း၊ ကုန်းချောခြင်း စတဲ့ မကောင်းသော အရာတွေကိုသာ ပွင့်အံ ထွက်ကျလာလေ့ ရှိကြပါတယ်။

တနည်းအားဖြင့် မိမိစိတ်ရဲ့ သိမ်ဖျင်းခြင်းကို ဖော်ပြနေတဲ့ လျှာပိုင်ရှင်တွေပဲ ဖြစ်တယ်။ ဆန့်ကျင်ဘက် အားဖြင့် ကောင်းသောလျှာ ပိုင်ရှင်တွေဟာ လမ်းညွှန်ခြင်း၊ အားပေးခြင်း၊ နှုတ်အားဖြင့် စောင်မခြင်း၊ တပါးသူ ခွန်အားတက်ကြွဖွယ် စကားကိုသာ ပြောဆိုခြင်း၊ မှန်သောစကားကိုသာ ပြောခြင်း စတဲ့ ကောင်းသော နှုတ်ထွက်စကားတွေကို ပြောကြားကြပြန်တယ်။

သူတို့ရဲ့ စိတ်နေစိတ်ထားကိုလည်း သူတို့လျှာက ကိုယ်စားပြုကြ ပြန်တယ်။ အဲဒီလို ကောင်းခြင်း၊ ဆိုးခြင်း အစွန်းနှစ်ပါးကို ပိုင်ဆိုင်တဲ့ လျှာကနေ ပွင့်အံလာတဲ့ စကားတခွန်းကြောင့် အများသူငါ ကဲ့ရဲ့စရာ ဖြစ်ပေးလာသလို၊ အဲဒီလျှာကြောင့်ပဲ အများသူငါ ချီးမွမ်းဖွယ် ဖြစ်လာကြပြန်တယ်။

လျှာကြောင့် ဂုဏ်သိက္ခာ ကျဆင်းနိုင်သလို၊ အဲဒီလျှာကြောင့်ပဲ လူ့လောကအလည် ပွဲလည်တင့်နိုင် ပြန်တယ်။ Words can hurt or heal. Be sure to taste your words before you spit them out. စကားလုံးတွေဟာ တဖက်သားကို ကုစားပေးနိုင်သလို၊ နာလည်း နာကျင်စေနိုင်တယ်။ သင့်ပါးစပ်ထဲက စကားလုံးတွေ ထွေးမထုတ်ခင် သေချာအောင် အရသာခံ ကြည့်လိုက်ပါ။

ကျနော်တို့ ပြောသမျှ နှုတ်ထွက် စကားတိုင်းဟာ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိနေတတ်ကြပါတယ်။ အဲဒီစကားလုံးတွေဟာ တဖက်သားရဲ့ ဘဝကို စုတ်ပြတ်နိမ့်ကျ သွားစေနိုင်သလို ကိုယ့်စကားကြောင့် တဖက်လူရဲ့ ဘဝတခုလုံးကိုတောင် ပြောင်းလဲ မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကျနော်တို့တွေလည်း ကိုယ့်လျှာကိုယ် ပြန်လည် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

Phyo Thuta

Zawgyi

အေကာင္းဆုံးအသားႏွင့္ အဆိုးဆုံးအသား

တခါက အာဖရိက ေတာတြင္းမွာရွိတဲ့ လူမ်ိဳးစုေခါင္းေဆာင္ တေယာက္ဟာ သူ႔ရဲ႕ ငယ္ကြၽန္တေယာက္ကို ေခၚၿပီး ခိုင္းေစတယ္။ "ငယ္ကြၽန္ႀကီး ၿမိဳ႕က အနီးဆုံးေဈးမွာ ငါ့အတြက္ အေကာင္းဆုံးအသား သြားဝယ္ေခ်"

အဲဒီလိုနဲ႔ ငယ္ကြၽန္ဟာ ေဈးကို ထြက္ခြာသြားတယ္။ တခဏ အၾကာမွာေတာ့ သူဟာ တိရစာၦန္တေကာင္ရဲ႕ လွ်ာကို ယူေဆာင္ၿပီး ျပန္လာခဲ့တယ္။

အဲဒီလိုနဲ႔ ေနာက္တေန႔မွာလည္း ေခါင္းေဆာင္ႀကီးဟာ တပည့္ကို ေခၚျပန္တယ္။ "ေဟ့ေကာင္ လွ်ာက ေတာ္ေတာ္ စားေကာင္းတာပဲကြ၊ ဒီတခါေတာ့ အညံ့ဆုံးအသား ရွာဝယ္ခဲ့"

ငယ္ကြၽန္ဟာ "ဟုတ္ကဲ့" ဆိုတဲ့ စကားတခြန္းကိုသာ ေျပာၿပီး ထြက္ခြာသြားျပန္တယ္။ ဒီတႀကိမ္မွာလည္း သူဟာ လွ်ာကိုသာ ဝယ္ယူလာခဲ့ ျပန္တယ္။

အဲဒီအခါမွာေတာ့ ေခါင္းေဆာင္ႀကီးက "ေဟ့ေကာင္ မင့္ဟာက အေကာင္းဆုံး အသားကလည္း လွ်ာပဲ အဆိုးဆုံးအသား ဝယ္ခဲ့ပါ ဆိုေတာ့လည္း ဒီလွ်ာပဲ။ မင္းငါကို ငတုံးမ်ား မွတ္ေနလား" လို႔ ေျပာတယ္။

အဲဒီလို ေခါင္းေဆာင္ရဲ႕စကားကို ၾကားတဲ့အခါ ငယ္ကြၽန္က "ေခါင္းေဆာင္ႀကီးခင္ဗ်ား၊ လူတေယာက္ဟာ လွ်ာေၾကာင့္ တပါးသူေတြကို ေပ်ာ္႐ႊင္ေစပါတယ္။ အဲဒါေၾကာင့္ လွ်ာဟာ အေကာင္းဆုံးအသား ပါပဲ။ အဲဒီလွ်ာေၾကာင့္ပဲ တဖက္လူကို ဝမ္းနည္း အားငယ္ေအာင္၊ စိတ္ဓါတ္ပ်က္ျပားေအာင္ လုပ္လို႔ရပါတယ္။ အဲဒါေၾကာင့္ လွ်ာဟာ အဆိုးဆုံးေသာ အသားပါပဲ"

က်ေနာ္တို႔ အားလုံးဟာလည္း လွ်ာနဲ႔တင္စားတဲ့ ႏႈတ္ထြက္စကား ေတြကို ပိုင္ဆိုင္ၾကသူခ်ည္းပဲ ျဖစ္ပါတယ္။ လွ်ာကိုယ္စီ ပိုင္ဆိုင္ၾကေပမယ့္လည္း တခ်ိဳ႕ေတြကေတာ့ အမုန္းတရား၊ လိမ္ညာျခင္း၊ အပုပ္ခ်ျခင္း၊ ေျခာက္လွန႔္ျခင္း၊ ႂကြားဝါျခင္း၊ ဆဲေရးျခင္း၊ မုသားေျပာျခင္း၊ တလြဲအထင္ေရာက္ေစျခင္း၊ ကုန္းေခ်ာျခင္း စတဲ့ မေကာင္းေသာ အရာေတြကိုသာ ပြင့္အံ ထြက္က်လာေလ့ ရွိၾကပါတယ္။

တနည္းအားျဖင့္ မိမိစိတ္ရဲ႕ သိမ္ဖ်င္းျခင္းကို ေဖာ္ျပေနတဲ့ လွ်ာပိုင္ရွင္ေတြပဲ ျဖစ္တယ္။ ဆန႔္က်င္ဘက္ အားျဖင့္ ေကာင္းေသာလွ်ာ ပိုင္ရွင္ေတြဟာ လမ္းၫႊန္ျခင္း၊ အားေပးျခင္း၊ ႏႈတ္အားျဖင့္ ေစာင္မျခင္း၊ တပါးသူ ခြန္အားတက္ႂကြဖြယ္ စကားကိုသာ ေျပာဆိုျခင္း၊ မွန္ေသာစကားကိုသာ ေျပာျခင္း စတဲ့ ေကာင္းေသာ ႏႈတ္ထြက္စကားေတြကို ေျပာၾကားၾကျပန္တယ္။

သူတို႔ရဲ႕ စိတ္ေနစိတ္ထားကိုလည္း သူတို႔လွ်ာက ကိုယ္စားျပဳၾက ျပန္တယ္။ အဲဒီလို ေကာင္းျခင္း၊ ဆိုးျခင္း အစြန္းႏွစ္ပါးကို ပိုင္ဆိုင္တဲ့ လွ်ာကေန ပြင့္အံလာတဲ့ စကားတခြန္းေၾကာင့္ အမ်ားသူငါ ကဲ့ရဲ႕စရာ ျဖစ္ေပးလာသလို၊ အဲဒီလွ်ာေၾကာင့္ပဲ အမ်ားသူငါ ခ်ီးမြမ္းဖြယ္ ျဖစ္လာၾကျပန္တယ္။

လွ်ာေၾကာင့္ ဂုဏ္သိကၡာ က်ဆင္းႏိုင္သလို၊ အဲဒီလွ်ာေၾကာင့္ပဲ လူ႔ေလာကအလည္ ပြဲလည္တင့္ႏိုင္ ျပန္တယ္။ Words can hurt or heal. Be sure to taste your words before you spit them out. စကားလုံးေတြဟာ တဖက္သားကို ကုစားေပးႏိုင္သလို၊ နာလည္း နာက်င္ေစႏိုင္တယ္။ သင့္ပါးစပ္ထဲက စကားလုံးေတြ ေထြးမထုတ္ခင္ ေသခ်ာေအာင္ အရသာခံ ၾကည့္လိုက္ပါ။

က်ေနာ္တို႔ ေျပာသမွ် ႏႈတ္ထြက္ စကားတိုင္းဟာ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ရွိေနတတ္ၾကပါတယ္။ အဲဒီစကားလုံးေတြဟာ တဖက္သားရဲ႕ ဘဝကို စုတ္ျပတ္နိမ့္က် သြားေစႏိုင္သလို ကိုယ့္စကားေၾကာင့္ တဖက္လူရဲ႕ ဘဝတခုလုံးကိုေတာင္ ေျပာင္းလဲ ျမႇင့္တင္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ က်ေနာ္တို႔ေတြလည္း ကိုယ့္လွ်ာကိုယ္ ျပန္လည္ ဆန္းစစ္ၾကည့္ဖို႔ လိုပါတယ္။

Phyo Thuta

Post a Comment

0 Comments