ကိုယ့်ကိုယ်ကို အထင်ကြီးမိရင်

တခါတုန်းက လမ်းဘေးက အဘိုးအို တယောက်က သူနဲ့ ဘဝတူချင်း ဖြစ်တဲ့ ကလေးတယောက်ကို ပုံပြင်တပုဒ် ပြောပြဖူးတယ်။ ပုံပြင်လေးရဲ့နာမည်က "ကိုယ့်ကိုယ်ကို အထင်ကြီးရင် ရှုံးနိမ့်ရတယ်" တဲ့။

ဟိုတုန်းက မြို့တမြို့မှာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသား တယောက် ရှိခဲ့ဖူးတယ်။ သူဋ္ဌေးသားက အသက်ကလည်းငယ် ဘွဲ့ရ ပညာတတ်ဆိုတော့ မာန်မာနလေးတွေ ရှိနေတာပေါ့။

သူဋ္ဌေးသား ဆိုတဲ့အတိုင်း အလုပ်ကလည်း မလုပ်၊ တနေ့တနေ့ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတာ အချိန်တွေ ကုန်လာလိုက်တာ မိဘတွေတောင် နောက်ဆုံးအချိန်ကို ရောက်လာ ပါလေရော။

အဲဒါနဲ့ အိပ်ယာထဲ လဲနေတဲ့ မိဘတွေက သူတို့သားကို အလုပ် လုပ်ဖို့ ပြောပေမဲ့ သားက မလုပ်ဘူး။ နောက်တော့ မိဘတွေ သေတယ် ဆိုပါတော့။

မိဘတွေကလည်း သေ၊ သားကလည်း အပေါင်းအသင်းတွေနဲ့ ဟေးလာ ဝါးလာလုပ်နေတာ မိဘတွေ ရှာထားတဲ့ စည်းစိမ်တွေ ပြုတ်တဲ့အထိဆိုပါတော့။

နောက်တော့ ပိုက်ဆံမရှိတော့ အိမ်ပေါင် အိမ်ရောင်း လုပ်ပြီး နေလာလိုက်တာ နောက်ဆုံး နေစရာမရှိ ဖြစ်သွားပါတော့တယ်။

နောက်တော့ ကိုယ်ပိုင်အရည်အချင်းနဲ့ အလုပ် လုပ်မယ် ဆိုတော့လည်း သူဋ္ဌေးသားဘဝနဲ့ မောက်မောက်မာမာ နေလာတော့ သူတပါး ဆီမှာ အလုပ် လုပ်ဖို့လည်း မဖြစ်နိုင်ဘူးလေ။

ကလေးက "အဘိုး၊ အဲဒီသူဋ္ဌေးသားက နောက်တော့ ဘာဖြစ်သွားလဲ" မေးတော့ အဘိုးအိုက ရယ်ပြီးတော့ ပြောတယ်။

"အဲဒီ သူဋ္ဌေးသားက သူတောင်းစား ဖြစ်သွားတာပေါ့ကွယ်။ ဒါနဲ့ အဲဒီသူဋ္ဌေးသားက ဘယ်သူလဲ ဆိုတာ မသိချင်ဘူးလား"

"သိချင်တယ်"

"တကယ်တော့ အဲဒီသူဋ္ဌေးသားက တခြားသူ မဟုတ်ဘူး။ အဘိုးပဲ" လို့ ပြောလိုက်တော့ ကလေးက အရမ်းအံ့သြသွားတာပေါ့။ အဘိုအိုးက ထပ်ပြောပြန်တယ်။

"လောကမှာ ဆင်းရဲလို့လည်း စိတ်ဓာတ်မကျနဲ့၊ ချမ်းသာလို့လည်း မာန်မတတ်နဲ့။ ဆင်းရဲလို့ စိတ်ဓာတ်ကျနေရင် ဘယ်တော့မှ ထိပ်ရောက်မှာမဟုတ်ဘူး။ ချမ်းသာလို့ မာန်တတ်ပြီး ပြုတ်ကျရင်လည်း ဘယ်တော့မှ နလန်ထူနိုင်မှာ မဟုတ်ပါဘူး"

crd

Pink

Zawgyi

ကိုယ့္ကိုယ္ကို အထင္ႀကီးမိရင္

တခါတုန္းက လမ္းေဘးက အဘိုးအို တေယာက္က သူနဲ႔ ဘဝတူခ်င္း ျဖစ္တဲ့ ကေလးတေယာက္ကို ပုံျပင္တပုဒ္ ေျပာျပဖူးတယ္။ ပုံျပင္ေလးရဲ႕နာမည္က "ကိုယ့္ကိုယ္ကို အထင္ႀကီးရင္ ရႈံးနိမ့္ရတယ္" တဲ့။

ဟိုတုန္းက ၿမိဳ႕တၿမိဳ႕မွာ အရမ္းခ်မ္းသာတဲ့ သူေ႒းသား တေယာက္ ရွိခဲ့ဖူးတယ္။ သူေ႒းသားက အသက္ကလည္းငယ္ ဘြဲ႕ရ ပညာတတ္ဆိုေတာ့ မာန္မာနေလးေတြ ရွိေနတာေပါ့။

သူေ႒းသား ဆိုတဲ့အတိုင္း အလုပ္ကလည္း မလုပ္၊ တေန႔တေန႔ အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ပါးေနတာ အခ်ိန္ေတြ ကုန္လာလိုက္တာ မိဘေတြေတာင္ ေနာက္ဆုံးအခ်ိန္ကို ေရာက္လာ ပါေလေရာ။

အဲဒါနဲ႔ အိပ္ယာထဲ လဲေနတဲ့ မိဘေတြက သူတို႔သားကို အလုပ္ လုပ္ဖို႔ ေျပာေပမဲ့ သားက မလုပ္ဘူး။ ေနာက္ေတာ့ မိဘေတြ ေသတယ္ ဆိုပါေတာ့။

မိဘေတြကလည္း ေသ၊ သားကလည္း အေပါင္းအသင္းေတြနဲ႔ ေဟးလာ ဝါးလာလုပ္ေနတာ မိဘေတြ ရွာထားတဲ့ စည္းစိမ္ေတြ ျပဳတ္တဲ့အထိဆိုပါေတာ့။ ေနာက္ေတာ့ ပိုက္ဆံမရွိေတာ့ အိမ္ေပါင္ အိမ္ေရာင္း လုပ္ၿပီး ေနလာလိုက္တာ ေနာက္ဆုံး ေနစရာမရွိ ျဖစ္သြားပါေတာ့တယ္။

ေနာက္ေတာ့ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ အလုပ္ လုပ္မယ္ ဆိုေတာ့လည္း သူေ႒းသားဘဝနဲ႔ ေမာက္ေမာက္မာမာ ေနလာေတာ့ သူတပါး ဆီမွာ အလုပ္ လုပ္ဖို႔လည္း မျဖစ္ႏိုင္ဘူးေလ။

ကေလးက "အဘိုး၊ အဲဒီသူေ႒းသားက ေနာက္ေတာ့ ဘာျဖစ္သြားလဲ" ေမးေတာ့ အဘိုးအိုက ရယ္ၿပီးေတာ့ ေျပာတယ္။

"အဲဒီ သူေ႒းသားက သူေတာင္းစား ျဖစ္သြားတာေပါ့ကြယ္။ ဒါနဲ႔ အဲဒီသူေ႒းသားက ဘယ္သူလဲ ဆိုတာ မသိခ်င္ဘူးလား"

"သိခ်င္တယ္"

"တကယ္ေတာ့ အဲဒီသူေ႒းသားက တျခားသူ မဟုတ္ဘူး။ အဘိုးပဲ" လို႔ ေျပာလိုက္ေတာ့ ကေလးက အရမ္းအံ့ၾသသြားတာေပါ့။ အဘိုအိုးက ထပ္ေျပာျပန္တယ္။

"ေလာကမွာ ဆင္းရဲလို႔လည္း စိတ္ဓာတ္မက်နဲ႔၊ ခ်မ္းသာလို႔လည္း မာန္မတတ္နဲ႔။ ဆင္းရဲလို႔ စိတ္ဓာတ္က်ေနရင္ ဘယ္ေတာ့မွ ထိပ္ေရာက္မွာမဟုတ္ဘူး။ ခ်မ္းသာလို႔ မာန္တတ္ၿပီး ျပဳတ္က်ရင္လည္း ဘယ္ေတာ့မွ နလန္ထူႏိုင္မွာ မဟုတ္ပါဘူး"

crd

Pink

Post a Comment

0 Comments