ကျနော့်မိန်းမ အလုပ်မလုပ်ဘူး

ပီတာဟာ သူတယောက်တည်း အလုပ်လုပ်ပြီး အိမ်အတွက် ဝင်ငွေ ရှာနေရတာ ပင်ပန်းတယ်လို့ အလုပ်က ပြန်လာတိုင်း ညည်းညူနေတတ်တယ်။ ပြီးတော့ အိမ်အတွက် ဝင်ငွေပိုရအောင် အိမ်မှုကိစ္စ လုပ်ရတဲ့ မိန်းမကိုလည်း အလုပ် ထွက်လုပ်ဖို့ တိုက်တွန်းနေတယ်။

ဒါပေမဲ့ မိန်းမက အလုပ်ထွက်လုပ်လို့ မဖြစ်ဘူး ဆိုပြီး အမြဲတမ်း ပီတာပြောတာကို ငြင်းပယ်နေတယ်။ ကြာတော့ ပီတာဟာ သူတယောက်တည်း အလုပ်လုပ်နေရတယ် ဆိုပြီး စိတ်ဓာတ်ကျတဲ့ ဝေဒနာ ခံစားလာရတယ်။ ဒါကြောင့် စိတ်ရောဂါကု ဆရာဝန်တယောက်နဲ့ သွားတွေ့ပြီး အကြံတောင်းပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေဟာ ပီတာနဲ့ စိတ်ရောဂါကုဆရာဝန်တို့ရဲ့ ပြောဆိုချက်တွေပါ။

ဆရာဝန် "ခများ ဘာအလုပ် လုပ်သလဲ"

ပီတာ "ကျွန်တော် အင်ဂျင်နီယာ တယောက်ပါ"

ဆရာဝန် "ခများမိန်းမရော ဘာအလုပ် လုပ်သလဲ"

ပီတာ "သူ အလုပ် မလုပ်ပါဘူး။ အိမ်ရှင်မတယောက်ပါ"

ဆရာဝန် "မနက်တိုင်း မနက်စာအတွက် ဘယ်သူ ချက်ပြုတ် ပြင်ဆင်ပေးသလဲ"

ပီတာ "ကျွန်တော့်မိန်းမပါ။ သူ အလုပ် မလုပ်ပါ"

ဆရာဝန် "ခများမိန်းမ မနက် ချက်ပြုတ်ဖို့ အတွက် မနက် ဘယ်နှနာရီမှာ အိပ်ရာထသလဲ"

ပီတာ "သူမနက် ၆ နာရီလောက် ထတတ်ပါတယ်။ မနက်စာ မချက်ခင်မှာ အိမ်ကို တံမြက်စည်းလှည်း ကြမ်းတိုက် လုပ်ပါတယ်"

ဆရာဝန် "ခင်များကလေးတွေ ကျောင်းကို ဘယ်လိုသွားကြသလဲ။ ကျောင်းကား လာကြိုသလား"

ပီတာ "ကျောင်းကား လာမကြိုပါ။ မိန်းမက သူ့တို့ကို ကျောင်းကို လိုက်ပို့ပေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူအလုပ် မလုပ်လို့ပါ"

ဆရာဝန် "ခများမိန်းမ ကလေးတွေ ကျောင်းပို့ပြီး အိမ်ပြန်လာတော့ ဘာလုပ်သလဲ"

ပီတာ "သူ ဈေးသွားတယ်။ ဈေးက ပြန်လာတော့ ထမင်းဟင်း ချက်ပြုတ်တယ်။ အဝတ်တွေ လျှော်တယ်။ ခြောက်တဲ့ အဝတ်တွေကို မီးပူတိုက်တယ်။ အိမ်သန့်ရှင်းရေး လုပ်တယ်။ သူ အလုပ် မလုပ်တော့ ဒါတွေကို သူလုပ်နိုင်တာပေါ့"

ဆရာဝန် "ခများ ညနေ ရုံးကပြန်လို့ အိမ်ရောက်တော့ ဘာလုပ်သလဲ"

ပီတာ "အနားယူတာပေါ့ ဆရာရယ်။ ရုံးမှာ တနေ့လုံး ပင်ပန်းထားခဲ့လို့လေ"

ဆရာဝန် "ခများ အနားယူနေတုန်း ခများမိန်းမ ဘာလုပ်နေသလဲ"

ပီတာ "သူ ညနေစာအတွက် ထမင်းဟင်း ချက်တယ်။ ကျောင်းက ပြန်လာတဲ့ ကလေးတွေကို ရေမိုးချိုးပြီး အဝတ်အစား လဲပေးတယ်။ ကလေးတွေကို ထမင်းကျွေးတယ်။ ကျောင်းက အိမ်စာတွေ လုပ်ခိုင်းတယ်။ ညမိုးချုပ်တော့ ကလေးတွေကို အိပ်ရာထဲမှာ သိပ်ပေးတယ်"

အခုလောက်ဆိုရင် သူတို့ ပြောနေခဲ့ကြတဲ့ စကားတွေအရ ဘယ်သူဟာ အလုပ် ပိုလုပ်ရသလဲ ဆိုတာ သိသာပေါ်လွင် ပါတယ်။ အိမ်ရှင်မတွေ မနက်မိုးလင်း ကတည်းကနေ ညအတော် မိုးချုပ်တဲ့အထိ အလုပ်တွေကို မနားတမ်း တကုတ်ကုတ်နဲ့ လုပ်နေကြရရှာတယ်။

ဒါတောင် သူတို့ယောကျ်ားတွေက သူတို့မိန်းမတွေ အလုပ် မလုပ်ဘူးလို့ ပြောကြသေးတယ်။ ဘယ်လောက်များ မတရားပါသလဲ။ သူတို့လုပ်နေရတဲ့ အလုပ်တွေဟာ အင်မတန် အရေးကြီး ပါတယ်။

တကယ်လို့ အရေးမကြီးဘူးလို့ ထင်တဲ့ ယောက်ျားတွေကို အိမ်ရှင်မ အလုပ်ကို တလလောက် လုပ်ကြည့်စေချင်ပါတယ်။ ကျွန်တော် ပြောရဲပါတယ်။ သူတို့ဟာ တလ မပြောပါနဲ့၊ တပတ်လောက်နဲ့ အိမ်ရှင်မအလုပ်ကို လက်မြှောက် အရှုံးပေးသွားမှာ သေချာပါတယ်။

ဒါကြောင့် အလုပ် မလုပ်ဘူးဆိုတဲ့ မိမိတို့ရဲ့ ဇနီးသည် အိမ်ရှင်မတွေကို လေးလေးစားစား ဆက်ဆံပါ။ ကျေးဇူးတင်ကြောင်း ပြောပါ။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးပါ။

BamawTheinPhe

Zawgyi

က်ေနာ့္မိန္းမ အလုပ္မလုပ္ဘူး

ပီတာဟာ သူတေယာက္တည္း အလုပ္လုပ္ၿပီး အိမ္အတြက္ ဝင္ေငြ ရွာေနရတာ ပင္ပန္းတယ္လို႔ အလုပ္က ျပန္လာတိုင္း ညည္းညဴေနတတ္တယ္။ ၿပီးေတာ့ အိမ္အတြက္ ဝင္ေငြပိုရေအာင္ အိမ္မႈကိစၥ လုပ္ရတဲ့ မိန္းမကိုလည္း အလုပ္ ထြက္လုပ္ဖို႔ တိုက္တြန္းေနတယ္။

ဒါေပမဲ့ မိန္းမက အလုပ္ထြက္လုပ္လို႔ မျဖစ္ဘူး ဆိုၿပီး အၿမဲတမ္း ပီတာေျပာတာကို ျငင္းပယ္ေနတယ္။ ၾကာေတာ့ ပီတာဟာ သူတေယာက္တည္း အလုပ္လုပ္ေနရတယ္ ဆိုၿပီး စိတ္ဓာတ္က်တဲ့ ေဝဒနာ ခံစားလာရတယ္။ ဒါေၾကာင့္ စိတ္ေရာဂါကု ဆရာဝန္တေယာက္နဲ႔ သြားေတြ႕ၿပီး အႀကံေတာင္းပါတယ္။

ေအာက္ေဖၚျပပါ အခ်က္ေတြဟာ ပီတာနဲ႔ စိတ္ေရာဂါကုဆရာဝန္တို႔ရဲ႕ ေျပာဆိုခ်က္ေတြပါ။

ဆရာဝန္ "ခမ်ား ဘာအလုပ္ လုပ္သလဲ"

ပီတာ "ကြၽန္ေတာ္ အင္ဂ်င္နီယာ တေယာက္ပါ"

ဆရာဝန္ "ခမ်ားမိန္းမေရာ ဘာအလုပ္ လုပ္သလဲ"

ပီတာ "သူ အလုပ္ မလုပ္ပါဘူး။ အိမ္ရွင္မတေယာက္ပါ"

ဆရာဝန္ "မနက္တိုင္း မနက္စာအတြက္ ဘယ္သူ ခ်က္ျပဳတ္ ျပင္ဆင္ေပးသလဲ"

ပီတာ "ကြၽန္ေတာ့္မိန္းမပါ။ သူ အလုပ္ မလုပ္ပါ"

ဆရာဝန္ "ခမ်ားမိန္းမ မနက္ ခ်က္ျပဳတ္ဖို႔ အတြက္ မနက္ ဘယ္ႏွနာရီမွာ အိပ္ရာထသလဲ"

ပီတာ "သူမနက္ ၆ နာရီေလာက္ ထတတ္ပါတယ္။ မနက္စာ မခ်က္ခင္မွာ အိမ္ကို တံျမက္စည္းလွည္း ၾကမ္းတိုက္ လုပ္ပါတယ္"

ဆရာဝန္ "ခင္မ်ားကေလးေတြ ေက်ာင္းကို ဘယ္လိုသြားၾကသလဲ။ ေက်ာင္းကား လာႀကိဳသလား"

ပီတာ "ေက်ာင္းကား လာမႀကိဳပါ။ မိန္းမက သူ႔တို႔ကို ေက်ာင္းကို လိုက္ပို႔ေပးပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူအလုပ္ မလုပ္လို႔ပါ"

ဆရာဝန္ "ခမ်ားမိန္းမ ကေလးေတြ ေက်ာင္းပို႔ၿပီး အိမ္ျပန္လာေတာ့ ဘာလုပ္သလဲ"

ပီတာ "သူ ေဈးသြားတယ္။ ေဈးက ျပန္လာေတာ့ ထမင္းဟင္း ခ်က္ျပဳတ္တယ္။ အဝတ္ေတြ ေလွ်ာ္တယ္။ ေျခာက္တဲ့ အဝတ္ေတြကို မီးပူတိုက္တယ္။ အိမ္သန႔္ရွင္းေရး လုပ္တယ္။ သူ အလုပ္ မလုပ္ေတာ့ ဒါေတြကို သူလုပ္ႏိုင္တာေပါ့"

ဆရာဝန္ "ခမ်ား ညေန ႐ုံးကျပန္လို႔ အိမ္ေရာက္ေတာ့ ဘာလုပ္သလဲ"

ပီတာ "အနားယူတာေပါ့ ဆရာရယ္။ ႐ုံးမွာ တေန႔လုံး ပင္ပန္းထားခဲ့လို႔ေလ"

ဆရာဝန္ "ခမ်ား အနားယူေနတုန္း ခမ်ားမိန္းမ ဘာလုပ္ေနသလဲ"

ပီတာ "သူ ညေနစာအတြက္ ထမင္းဟင္း ခ်က္တယ္။ ေက်ာင္းက ျပန္လာတဲ့ ကေလးေတြကို ေရမိုးခ်ိဳးၿပီး အဝတ္အစား လဲေပးတယ္။ ကေလးေတြကို ထမင္းေကြၽးတယ္။ ေက်ာင္းက အိမ္စာေတြ လုပ္ခိုင္းတယ္။ ညမိုးခ်ဳပ္ေတာ့ ကေလးေတြကို အိပ္ရာထဲမွာ သိပ္ေပးတယ္"

အခုေလာက္ဆိုရင္ သူတို႔ ေျပာေနခဲ့ၾကတဲ့ စကားေတြအရ ဘယ္သူဟာ အလုပ္ ပိုလုပ္ရသလဲ ဆိုတာ သိသာေပၚလြင္ ပါတယ္။ အိမ္ရွင္မေတြ မနက္မိုးလင္း ကတည္းကေန ညအေတာ္ မိုးခ်ဳပ္တဲ့အထိ အလုပ္ေတြကို မနားတမ္း တကုတ္ကုတ္နဲ႔ လုပ္ေနၾကရရွာတယ္။

ဒါေတာင္ သူတို႔ေယာက်္ားေတြက သူတို႔မိန္းမေတြ အလုပ္ မလုပ္ဘူးလို႔ ေျပာၾကေသးတယ္။ ဘယ္ေလာက္မ်ား မတရားပါသလဲ။ သူတို႔လုပ္ေနရတဲ့ အလုပ္ေတြဟာ အင္မတန္ အေရးႀကီး ပါတယ္။

တကယ္လို႔ အေရးမႀကီးဘူးလို႔ ထင္တဲ့ ေယာက္်ားေတြကို အိမ္ရွင္မ အလုပ္ကို တလေလာက္ လုပ္ၾကည့္ေစခ်င္ပါတယ္။ ကြၽန္ေတာ္ ေျပာရဲပါတယ္။ သူတို႔ဟာ တလ မေျပာပါနဲ႔၊ တပတ္ေလာက္နဲ႔ အိမ္ရွင္မအလုပ္ကို လက္ေျမႇာက္ အရႈံးေပးသြားမွာ ေသခ်ာပါတယ္။

ဒါေၾကာင့္ အလုပ္ မလုပ္ဘူးဆိုတဲ့ မိမိတို႔ရဲ႕ ဇနီးသည္ အိမ္ရွင္မေတြကို ေလးေလးစားစား ဆက္ဆံပါ။ ေက်းဇူးတင္ေၾကာင္း ေျပာပါ။ ရင္ထဲကေန လႈိက္လႈိက္လွဲလွဲ ခ်ီးက်ဴးပါ။

BamawTheinPhe

Post a Comment

0 Comments