စိတ်ပညာရှင်ပြောပြတဲ့ အချစ် (၇) မျိုး

ခေတ်အဆက်ဆက်မှာ အချစ်ကို အမျိုးမျိုး အဓိပ္ပါယ်တွေ ဖွင့်ဆိုခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်တွေမှာ အမေရိကန် စိတ်ပညာရှင် Robert Sternberg က အချစ်အကြောင်း အဓိက သီအိုရီ ၃ ခုကို ရေးသားခဲ့ပါတယ်။ အဲဒီကနေ အချစ်အမျိုးအစား ၇ မျိုး ထပ်ခွဲလိုက်ပါတယ်။ ဒီနေ့မှာတော့ Sternberg ရဲ့ အချစ်အမျိုးအစား ၇ မျိုးကို love media ကနေ ဖော်ပြလိုက်ပါတယ်နော်။

၁။ အရူးအမူး စွဲလမ်းတဲ့အချစ်

တစ်ယောက်ကို တစ်ယောက် သိရုံပဲ သိကြတဲ့ အချိန်မှာဆိုရင် အရူးအမူးကို ချစ်ကြပါတယ်။ ဒါပေမယ့် ဒီအချစ်မျိုးက အချိန်လည်း မကြာသလို ကြာရှည်လည်း မခံပါဘူး။ အချိန်တစ်ခုရောက်ရင် အားနည်းသွားပါတယ်။

၂။ သဘောကျခြင်း

လူတစ်ယောက်ရဲ့ စိတ်ဝင်စားတဲ့အရာ၊ ဘဝပုံစံ၊ အတွေးအခေါ်တွေကို သဘောကျရာကနေ လူကိုပါ သဘောကျသွားတာပါ။ ဒီလို အချစ်က ငယ်သူငယ်ချင်းတွေကြားမှာ ပိုတွေ့ရတတ်ပါတယ်။

၃။ အနှစ်သာရမရှိတဲ့အချစ်

ခံစားချက်တွေ၊ ရင်းနှီးမှုတွေ မရှိဘဲ ချစ်မိသွား တတ်တာမျိုးပါ။ တစ်ခါတရံမှာတော့ တကယ် ချစ်မိသွားတတ်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲမြန်တဲ့ အချစ်မျိုးပါ။

၄။ ပွင့်လင်းတဲ့အချစ်

ဒီအချစ်မျိုးမှာတော့ ဟိတ်ဟန်တွေမရှိဘဲ ပွင့်လင်းပါတယ်။ အတွဲအများစုက ဒီအချစ်မျိုးနဲ့ အချိန်အကြာကြီး ဖြတ်သန်းနိုင်ကြပါတယ်။ စိတ်တူကိုယ်တူနဲ့ ရည်မှန်းချက်ချင်း တူတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။

၅။ ကြည်နူးစရာ ကောင်းတဲ့အချစ်

တစ်ယောက်ဘေးမှာ တစ်ယောက်ရှိနေရရင် အဆင်ပြေတယ်လို့ ခံစားရရင် ကြည်နူးစရာကောင်းတဲ့ အချစ်ပါပဲ။ ဒါပေမယ့် ကံကြမ္မာက မမြင်ရတာကြောင့် ကြည်နူးစရာကောင်းတဲ့ အချစ်ဖြစ်ပေမယ့်လည်း လက်ထပ်တဲ့အထိ ရောက်ချင်မှ ရောက်မှာပါ။

၆။ ရဲဘော်ရဲဘက်အချစ်

ဒီလိုအချစ်က သူငယ်ချင်းအချစ်ထက် ပိုခိုင်မြဲပါတယ်။ ဘာပဲ ကြုံကြုံ ရဲဘော်ရဲဘက်စိတ်နဲ့ အတူတူ ကျော်ဖြတ်တာပါ။ ဒီအချစ်ကတော့ လက်ထပ်ပြီး နှစ်အတော်ကြာမှ ဖြစ်ပေါ်လာပါတယ်။

၇။ ပြီးပြည့်စုံတဲ့အချစ်

ဒီအချစ်မှာ သံယောဇဉ်တွေက ခိုင်မာပြီးသားပါ။ တကယ်ကို အစစ်အမှန် ချစ်တဲ့သူတွေမှာပဲ တွေ့ရတတ်ပါတယ်။ သူတို့အချစ်က နှစ်တွေကြာပေမယ့် မပြောင်းလဲသွားတဲ့ အချစ်မျိုးပါ။

Zombie (lovemedia)

for zawgyi

စိတ္ပညာရွင္ေျပာျပတဲ့ အခ်စ္ (၇) မ်ိဳး

ေခတ္အဆက္ဆက္မွာ အခ်စ္ကို အမ်ိဳးမ်ိဳး အဓိပၸါယ္ေတြ ဖြင့္ဆိုခဲ့ၾကပါတယ္။ ၁၉၈၀ ခုႏွစ္ေတြမွာ အေမရိကန္ စိတ္ပညာရွင္ Robert Sternberg က အခ်စ္အေၾကာင္း အဓိက သီအိုရီ ၃ ခုကို ေရးသားခဲ့ပါတယ္။ အဲဒီကေန အခ်စ္အမ်ိဳးအစား ၇ မ်ိဳး ထပ္ခြဲလိုက္ပါတယ္။ ဒီေန႔မွာေတာ့ Sternberg ရဲ႕ အခ်စ္အမ်ိဳးအစား ၇ မ်ိဳးကို love media ကေန ေဖာ္ျပလိုက္ပါတယ္ေနာ္။

၁။ အ႐ူးအမူး စြဲလမ္းတဲ့အခ်စ္

တစ္ေယာက္ကို တစ္ေယာက္ သိ႐ုံပဲ သိၾကတဲ့ အခ်ိန္မွာဆိုရင္ အ႐ူးအမူးကို ခ်စ္ၾကပါတယ္။ ဒါေပမယ့္ ဒီအခ်စ္မ်ိဳးက အခ်ိန္လည္း မၾကာသလို ၾကာရွည္လည္း မခံပါဘူး။ အခ်ိန္တစ္ခုေရာက္ရင္ အားနည္းသြားပါတယ္။

၂။ သေဘာက်ျခင္း

လူတစ္ေယာက္ရဲ႕ စိတ္ဝင္စားတဲ့အရာ၊ ဘဝပုံစံ၊ အေတြးအေခၚေတြကို သေဘာက်ရာကေန လူကိုပါ သေဘာက်သြားတာပါ။ ဒီလို အခ်စ္က ငယ္သူငယ္ခ်င္းေတြၾကားမွာ ပိုေတြ႕ရတတ္ပါတယ္။

၃။ အႏွစ္သာရမရွိတဲ့ အခ်စ္

ခံစားခ်က္ေတြ၊ ရင္းႏွီးမႈေတြ မရွိဘဲ ခ်စ္မိသြား တတ္တာမ်ိဳးပါ။ တစ္ခါတရံမွာေတာ့ တကယ္ ခ်စ္မိသြားတတ္ပါတယ္။ ဒါေပမယ့္ အေျပာင္းအလဲျမန္တဲ့ အခ်စ္မ်ိဳးပါ။

၄။ ပြင့္လင္းတဲ့ အခ်စ္

ဒီအခ်စ္မ်ိဳးမွာေတာ့ ဟိတ္ဟန္ေတြမရွိဘဲ ပြင့္လင္းပါတယ္။ အတြဲအမ်ားစုက ဒီအခ်စ္မ်ိဳးနဲ႔ အခ်ိန္အၾကာႀကီး ျဖတ္သန္းႏိုင္ၾကပါတယ္။ စိတ္တူကိုယ္တူနဲ႔ ရည္မွန္းခ်က္ခ်င္း တူတဲ့အခါ ျဖစ္ေပၚလာတတ္ပါတယ္။

၅။ ၾကည္ႏူးစရာ ေကာင္းတဲ့အခ်စ္

တစ္ေယာက္ေဘးမွာ တစ္ေယာက္ရွိေနရရင္ အဆင္ေျပတယ္လို႔ ခံစားရရင္ ၾကည္ႏူးစရာေကာင္းတဲ့ အခ်စ္ပါပဲ။ ဒါေပမယ့္ ကံၾကမၼာက မျမင္ရတာေၾကာင့္ ၾကည္ႏူးစရာေကာင္းတဲ့ အခ်စ္ျဖစ္ေပမယ့္လည္း လက္ထပ္တဲ့အထိ ေရာက္ခ်င္မွ ေရာက္မွာပါ။

၆။ ရဲေဘာ္ရဲဘက္အခ်စ္

ဒီလိုအခ်စ္က သူငယ္ခ်င္းအခ်စ္ထက္ ပိုခိုင္ၿမဲပါတယ္။ ဘာပဲ ႀကဳံႀကဳံ ရဲေဘာ္ရဲဘက္စိတ္နဲ႔ အတူတူ ေက်ာ္ျဖတ္တာပါ။ ဒီအခ်စ္ကေတာ့ လက္ထပ္ၿပီး ႏွစ္အေတာ္ၾကာမွ ျဖစ္ေပၚလာပါတယ္။

၇။ ၿပီးျပည့္စုံတဲ့အခ်စ္

ဒီအခ်စ္မွာ သံေယာဇဥ္ေတြက ခိုင္မာၿပီးသားပါ။ တကယ္ကို အစစ္အမွန္ ခ်စ္တဲ့သူေတြမွာပဲ ေတြ႕ရတတ္ပါတယ္။ သူတို႔အခ်စ္က ႏွစ္ေတြၾကာေပမယ့္ မေျပာင္းလဲသြားတဲ့ အခ်စ္မ်ိဳးပါ။

Zombie (lovemedia)

Post a Comment

0 Comments