ချစ်သူရည်းစားတွေကြား လမ်းခွဲသွားစေနိုင်တဲ့ အမူအကျင့် (၈) ခု

အချစ်ရေးမှာ ဘယ်လောက်ပဲ ချစ်ကြတဲ့သူတွေပဲဖြစ်ဖြစ် တစ်ခါတစ်လေမှာတောင် ပြဿနာ ဖြစ်တတ်ကြပါတယ်။ လူတွေမှာ မတူညီတဲ့ အမြင်တွေရှိကြပြီး ကြီးကြီးမားမား ငြင်းခုံမှုတွေ ဒါမှမဟုတ် နားလည်မှု လွဲမှားမှုတွေ ဖြစ်စေနိုင်ပါတယ်။

သင့်ဘက်က ဘာမှမဟုတ်သလိုနဲ့ ပြောလိုက်ပေမယ့်လည်း တစ်ဖက်မှာတော့ အရမ်းကို နာကျင်ရတာတွေ ရှိပါတယ်။ ဥပမာ သူ့သူငယ်ချင်းတစ်ယောက် မကောင်းကြောင်းကို ပြောမိတာမျိုး၊ နှုတ်မဆက်ဘဲ အိမ်ကနေ ထွက်သွားတာမျိုးတို့ပဲ ဖြစ်ပါတယ်။

၁။ စကားများတိုင်း အတိတ်ကအရာတွေ ပြန်ပြန်ဆွဲထည့်ခြင်း

ဘယ်လောက်ပဲ ချစ်တဲ့စုံတွဲတွေပဲဖြစ်ဖြစ် အရာအားလုံးကို အတူတူမြင်ဖို့ မဖြစ်နိုင်တဲ့အတွက် ရံဖန်ရံခါ ရန်ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဖြစ်လာမယ့် ပြဿနာတွေကို ကြိုတွေးပြီးတော့ အတတ်နိုင်ဆုံး စကားမများမိအောင် နေပါ။ တစ်ခုခုဆို ကိုယ့်ဘက်ကနေပဲ အလျှော့ပေးလိုက်ပါ။ ပြီးပြီးသားအကြောင်းအရာတွေကို ပြန်ပြောလို့ ဘာမှမထူးလာတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် စိတ်တိုစိတ်ပျက်စရာတွေပဲ ရရှိလာမှာပဲ ဖြစ်ပါတယ်။

၂။ ပြောသင့်တဲ့အချိန်မှာ စကားကို လေးလေးနက်နက်နဲ့ မပြောခြင်း

ငွေကြေးကိစ္စ၊ ရေရှည်ဆက်ဆံရေးစတဲ့ အရေးပါတဲ့ စကားတွေကို ပြောရင် လေးလေးနက်နက်နဲ့ ပြောဖို့လိုပါတယ်။ ပေါ့ပေါ့ချွတ်ချွတ်နဲ့ပြောရင် တစ်ဖက်ကလည်း နားထောင်ချင်စိတ် ရှိမှာမဟုတ်တဲ့အပြင် ဒီကိစ္စကိုပါ ပေါ့သေးသေးနဲ့ တွေးသွားနိုင်ပါတယ်။ ပြောရင်လည်း သင့်ချစ်သူရဲ့ စိတ်ဖိစီးမှု၊ ပင်ပန်းမှု ဒါမှမဟုတ် စိတ်ဆိုးခြင်းမရှိတဲ့ အချိန်မျိုးမှသာ ပြောသင့်ပါတယ်။ ပြီးတော့ လေသံကိုလည်း တည်ငြိမ်နေဖို့ လိုပါသေးတယ်။ အရမ်းမာနေဖို့လည်း မလိုတဲ့အပြင် ပျော့တော့တော့နဲ့ ပြောရင်လည်း အဆင်မပြေနိုင်ပါဘူး။

၃။ မေးခွန်းတွေကို တိုက်ရိုက်မေးမယ့်အစား သူဘာဖြစ်နေလဲ ဆိုတာကို အရင်ကြည့်ပါ။

သင့်ချစ်သူရဲ့ အကြောင်းကို သင်အကုန်လုံး မသိနိုင်ပါဘူး။ လူတွေရဲ့ စိတ်ဟာ မတူညီတဲ့ရှုထောင့်တွေနဲ့ ဖြစ်တည်နေတဲ့အပြင် အမြဲတမ်း ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် သူတစ်ခုခု ဖြစ်နေတယ်ဆိုရင် ကိုယ်စိတ်ထင်တဲ့ မေးခွန်းတွေနဲ့ မမေးသင့်ပဲ သူဘာတွေ ခံစားနေရတယ် ဆိုတာကို အရင်ကြည့်သင့်ပါတယ်။ သင်က နှစ်သိမ့်ပေးချင်စိတ်နဲ့ မေးပေမယ့်လည်း သူ့ဘက်က တစ်ခုခုကို စိတ်အလိုမကျ ဖြစ်နေတယ်ဆိုရင် ခံစားရမှာက သင်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ဘယ်အရာကိုမှ စိတ်လောလောနဲ့ ဆုံးဖြတ်ချက် မချပါနဲ့။

၄။ ရည်းစားရဲ့ မိသားစုတွေကို ဝေဖန်ခြင်း

မိသားစုကိစ္စ ဆိုတာကတော့ ဘယ်လို ဆက်ဆံရေးမှာမဆို အမြဲတမ်း ပါတတ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကို ကိုယ့်မိသားစုဝင်တွေရဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ လူဆိုတာ ဖြစ်တည်လာတဲ့ ပတ်ဝန်းကျင်က မတူညီတဲ့အပြင် စရိုက်တွေကပါ ကွဲပြားနေတတ်ပါတယ်။

ကိုယ့်ရဲ့ စကားတစ်ခွန်းကနေ နားလည်မှု လွဲမှားတာတွေ ဒါမှမဟုတ် ပဋိပက္ခတွေအထိပါ ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေနေ သူက ကိုယ့်ရည်းစားရဲ့ မိသားစုတွေပဲလေလို့ ဖြည့်တွေးပေးသင့်ပါတယ်။ ဒါကြောင့် အမြင်မတူတာတွေ ဖြစ်လာပြီဆိုရင် အရင်ဆုံး အပြစ်တင်ထာထက် ဘာကြောင့်ဆိုတဲ့အကြောင်းအရာကို သေချာလေး ရှင်းပြသင့်ပါတယ်။ ဒါမှ တစ်ယောက် ခံစားနေရာတွေကို တစ်ယောက်က မြင်ပြီးတော့ မတူညီတဲ့ အရာတွေကို တူတူဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

၅။ ငွေကိစ္စ စကားပြောခြင်း

စုံတွဲ 10 ယောက်မှာ 7 ယောက်လောက်က ငွေနဲ့ပတ်သက်တဲ့ ပြဿနာရှိတတ်တာမို့ ဒီကိစ္စက အရမ်းအရေးကြီးတယ် လို့ ပြောလို့ရပါတယ်။ ဘယ်သူမှ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ စကားမများ ချင်ကြပါဘူး။ ဒါပေမယ့်လည်း ရှောင်လွှဲလို့ မရနိုင်တာကြောင့် တစ်နေ့မဟုတ် တစ်နေ့မှာ

ဒီကိစ္စကို စကားပြောရမှာပါပဲ။ ကျွမ်းကျင်သူတွေကတော့ သင်တို့နှစ်ဦးစလုံးအတွက် အဆင်ပြေစေမယ့် သီးခြားစည်းမျဉ်းတွေ၊ သုံးစွဲမှုကန့်သတ်ချက်တွေနှင့် အငြင်းပွားဖွယ် ပြဿနာတွေကို အတူတကွ ဆွေးနွေးဖို့ အကြံပြုထားပါတယ်။

၆။ နှုတ်မဆက်ပဲ အပြင်သွားခြင်း

ဒီလိုလုပ်တာက ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့်လည်း တစ်ဖက်သားမှာတော့ ခံစားသွားတတ်ကြပါတယ်။ အချိန်တွေ ဘယ်လောက်ပဲ အကြာကြီး အတူတူရှိခဲ့ရှိခဲ့ ဒီလိုအမှုမှတ် အမှတ်မဲ့ နေလိုက်တာလေးက သင်တို့ဆက်ဆံရေးကို ပျက်ပြားသွားစေ နိုင်ပါတယ်။ ဒါကြောင့် တစ်နေရာရာကို သွားတော့မယ် ဆိုရင် ချစ်ခင်တဲ့ အထိအတွေ့ ဒါမှမဟုတ် နွေးထွေးတဲ့ စကားလုံးတချို့ကို ပြောပေးခဲ့သင့်ပါတယ်။

၇။ ဒေါသတွေကို ပုံချခြင်း

တစ်စုံတစ်ခုကို အချိန်ပြည့် ဒေါသထွက်နေတာက သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သင်နဲ့သင့်ရည်းစား ကြားမှာလည်း ပြဿနာ တက်စေနိုင်ပါတယ်။ ဒါကြောင့် ဒေါသတွေထွက်၊ အဆင်မပြေ ဖြစ်နေတယ်ဆိုရင် သင့်ရည်းစားကို ဒေါသတွေ ပုံမချသင့်ပါဘူး။ သင့်ရည်းစားကိုလည်း စိတ်တိုစေနိုင်တဲ့အပြင် သင်တို့ကြားမှာလည်း အဖုအထစ်တွေ ဖြစ်စေနိုင်ပါတယ်။

၈။ ရည်းစားရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို အပြစ်တင်ခြင်း

သင့်ချစ်သူနဲ့ အတင်းပြောတာက ဆက်ဆံရေးတွေကို ပိုပြီး ကောင်းမွန်စေပေမယ့် သူတို့ရဲ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို အပြစ်တင် ဖေဝန်နေတာက သင်တို့ကို ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်ဘက်က အမှန်အတိုင်း ထောက်ပြနေပေမယ့်လည်း သင့်ရည်းစားဘက်က သူ့သူငယ်ချင်းတွေကို ထိနေတာကြောင့် ကြိုက်မှာလည်း မဟုတ်ပါဘူး။ ဒီလိုနဲ့ သင်တို့တွေ အမြင်မတူ၊ လမ်းတွေ လွဲသွားပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်တာတွေ၊ စိုးရိမ်ပူပန်တာတွေပဲ ဖြစ်နေမှာ သေချာပါတယ်။

Zombie (lovemedia)

for zawgyi

ခ်စ္သူရည္းစားေတြၾကား လမ္းခြဲသြားေစႏိုင္တဲ့ အမူအက်င့္ (၈) ခု

အခ်စ္ေရးမွာ ဘယ္ေလာက္ပဲ ခ်စ္ၾကတဲ့သူေတြပဲျဖစ္ျဖစ္ တစ္ခါတစ္ေလမွာေတာင္ ျပႆနာ ျဖစ္တတ္ၾကပါတယ္။ လူေတြမွာ မတူညီတဲ့ အျမင္ေတြရွိၾကၿပီး ႀကီးႀကီးမားမား ျငင္းခုံမႈေတြ ဒါမွမဟုတ္ နားလည္မႈ လြဲမွားမႈေတြ ျဖစ္ေစႏိုင္ပါတယ္။ သင့္ဘက္က ဘာမွမဟုတ္သလိုနဲ႔ ေျပာလိုက္ေပမယ့္လည္း တစ္ဖက္မွာေတာ့ အရမ္းကို နာက်င္ရတာေတြ ရွိပါတယ္။ ဥပမာ သူ႔သူငယ္ခ်င္းတစ္ေယာက္ မေကာင္းေၾကာင္းကို ေျပာမိတာမ်ိဳး၊ ႏႈတ္မဆက္ဘဲ အိမ္ကေန ထြက္သြားတာမ်ိဳးတို႔ပဲ ျဖစ္ပါတယ္။

၁။ စကားမ်ားတိုင္း အတိတ္ကအရာေတြ ျပန္ျပန္ဆြဲထည့္ျခင္း

ဘယ္ေလာက္ပဲ ခ်စ္တဲ့စုံတြဲေတြပဲျဖစ္ျဖစ္ အရာအားလုံးကို အတူတူျမင္ဖို႔ မျဖစ္ႏိုင္တဲ့အတြက္ ရံဖန္ရံခါ ရန္ျဖစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ျဖစ္လာမယ့္ ျပႆနာေတြကို ႀကိဳေတြးၿပီးေတာ့ အတတ္ႏိုင္ဆုံး စကားမမ်ားမိေအာင္ ေနပါ။ တစ္ခုခုဆို ကိုယ့္ဘက္ကေနပဲ အေလွ်ာ့ေပးလိုက္ပါ။ ၿပီးၿပီးသားအေၾကာင္းအရာေတြကို ျပန္ေျပာလို႔ ဘာမွမထူးလာတဲ့အျပင္ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္တိုစိတ္ပ်က္စရာေတြပဲ ရရွိလာမွာပဲ ျဖစ္ပါတယ္။

၂။ ေျပာသင့္တဲ့အခ်ိန္မွာ စကားကို ေလးေလးနက္နက္နဲ႔ မေျပာျခင္း

ေငြေၾကးကိစၥ၊ ေရရွည္ဆက္ဆံေရးစတဲ့ အေရးပါတဲ့ စကားေတြကို ေျပာရင္ ေလးေလးနက္နက္နဲ႔ ေျပာဖို႔လိုပါတယ္။ ေပါ့ေပါ့ခြၽတ္ခြၽတ္နဲ႔ေျပာရင္ တစ္ဖက္ကလည္း နားေထာင္ခ်င္စိတ္ ရွိမွာမဟုတ္တဲ့အျပင္ ဒီကိစၥကိုပါ ေပါ့ေသးေသးနဲ႔ ေတြးသြားႏိုင္ပါတယ္။ ေျပာရင္လည္း သင့္ခ်စ္သူရဲ႕ စိတ္ဖိစီးမႈ၊ ပင္ပန္းမႈ ဒါမွမဟုတ္ စိတ္ဆိုးျခင္းမရွိတဲ့ အခ်ိန္မ်ိဳးမွသာ ေျပာသင့္ပါတယ္။ ၿပီးေတာ့ ေလသံကိုလည္း တည္ၿငိမ္ေနဖို႔ လိုပါေသးတယ္။ အရမ္းမာေနဖို႔လည္း မလိုတဲ့အျပင္ ေပ်ာ့ေတာ့ေတာ့နဲ႔ ေျပာရင္လည္း အဆင္မေျပႏိုင္ပါဘူး။

၃။ ေမးခြန္းေတြကို တိုက္႐ိုက္ေမးမယ့္အစား သူဘာျဖစ္ေနလဲ ဆိုတာကို အရင္ၾကည့္ပါ။

သင့္ခ်စ္သူရဲ႕ အေၾကာင္းကို သင္အကုန္လုံး မသိႏိုင္ပါဘူး။ လူေတြရဲ႕ စိတ္ဟာ မတူညီတဲ့ရႈေထာင့္ေတြနဲ႔ ျဖစ္တည္ေနတဲ့အျပင္ အၿမဲတမ္း ခန႔္မွန္းလို႔ မရႏိုင္ပါဘူး။ ဒါေၾကာင့္ သူတစ္ခုခု ျဖစ္ေနတယ္ဆိုရင္ ကိုယ္စိတ္ထင္တဲ့ ေမးခြန္းေတြနဲ႔ မေမးသင့္ပဲ သူဘာေတြ ခံစားေနရတယ္ ဆိုတာကို အရင္ၾကည့္သင့္ပါတယ္။ သင္က ႏွစ္သိမ့္ေပးခ်င္စိတ္နဲ႔ ေမးေပမယ့္လည္း သူ႔ဘက္က တစ္ခုခုကို စိတ္အလိုမက် ျဖစ္ေနတယ္ဆိုရင္ ခံစားရမွာက သင္ကိုယ္တိုင္ပါပဲ။ ဒါေၾကာင့္ ဘယ္အရာကိုမွ စိတ္ေလာေလာနဲ႔ ဆုံးျဖတ္ခ်က္ မခ်ပါနဲ႔။

၄။ ရည္းစားရဲ႕ မိသားစုေတြကို ေဝဖန္ျခင္း

မိသားစုကိစၥ ဆိုတာကေတာ့ ဘယ္လို ဆက္ဆံေရးမွာမဆို အၿမဲတမ္း ပါတတ္ပါတယ္။ သူ႔ရဲ႕ မိသားစုဝင္ေတြကို ကိုယ့္မိသားစုဝင္ေတြရဲ႕ မႏႈိင္းယွဥ္သင့္ပါဘူး။ လူဆိုတာ ျဖစ္တည္လာတဲ့ ပတ္ဝန္းက်င္က မတူညီတဲ့အျပင္ စ႐ိုက္ေတြကပါ ကြဲျပားေနတတ္ပါတယ္။

ကိုယ့္ရဲ႕ စကားတစ္ခြန္းကေန နားလည္မႈ လြဲမွားတာေတြ ဒါမွမဟုတ္ ပဋိပကၡေတြအထိပါ ျဖစ္လာႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ေနေန သူက ကိုယ့္ရည္းစားရဲ႕ မိသားစုေတြပဲေလလို႔ ျဖည့္ေတြးေပးသင့္ပါတယ္။ ဒါေၾကာင့္ အျမင္မတူတာေတြ ျဖစ္လာၿပီဆိုရင္ အရင္ဆုံး အျပစ္တင္ထာထက္ ဘာေၾကာင့္ဆိုတဲ့အေၾကာင္းအရာကို ေသခ်ာေလး ရွင္းျပသင့္ပါတယ္။ ဒါမွ တစ္ေယာက္ ခံစားေနရာေတြကို တစ္ေယာက္က ျမင္ၿပီးေတာ့ မတူညီတဲ့ အရာေတြကို တူတူေျဖရွင္းႏိုင္မွာပဲ ျဖစ္ပါတယ္။

၅။ ေငြကိစၥ စကားေျပာျခင္း

စုံတြဲ 10 ေယာက္မွာ 7 ေယာက္ေလာက္က ေငြနဲ႔ပတ္သက္တဲ့ ျပႆနာရွိတတ္တာမို႔ ဒီကိစၥက အရမ္းအေရးႀကီးတယ္ လို႔ ေျပာလို႔ရပါတယ္။ ဘယ္သူမွ ေငြေၾကးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ စကားမမ်ား ခ်င္ၾကပါဘူး။ ဒါေပမယ့္လည္း ေရွာင္လႊဲလို႔ မရႏိုင္တာေၾကာင့္ တစ္ေန႔မဟုတ္ တစ္ေန႔မွာ

ဒီကိစၥကို စကားေျပာရမွာပါပဲ။ ကြၽမ္းက်င္သူေတြကေတာ့ သင္တို႔ႏွစ္ဦးစလုံးအတြက္ အဆင္ေျပေစမယ့္ သီးျခားစည္းမ်ဥ္းေတြ၊ သုံးစြဲမႈကန႔္သတ္ခ်က္ေတြႏွင့္ အျငင္းပြားဖြယ္ ျပႆနာေတြကို အတူတကြ ေဆြးေႏြးဖို႔ အႀကံျပဳထားပါတယ္။

၆။ ႏႈတ္မဆက္ပဲ အျပင္သြားျခင္း

ဒီလိုလုပ္တာက ဘာမွမျဖစ္ဘူးလို႔ ထင္ရေပမယ့္လည္း တစ္ဖက္သားမွာေတာ့ ခံစားသြားတတ္ၾကပါတယ္။ အခ်ိန္ေတြ ဘယ္ေလာက္ပဲ အၾကာႀကီး အတူတူရွိခဲ့ရွိခဲ့ ဒီလိုအမႈမွတ္ အမွတ္မဲ့ ေနလိုက္တာေလးက သင္တို႔ဆက္ဆံေရးကို ပ်က္ျပားသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ေနရာရာကို သြားေတာ့မယ္ ဆိုရင္ ခ်စ္ခင္တဲ့ အထိအေတြ႕ ဒါမွမဟုတ္ ေႏြးေထြးတဲ့ စကားလုံးတခ်ိဳ႕ကို ေျပာေပးခဲ့သင့္ပါတယ္။

၇။ ေဒါသေတြကို ပုံခ်ျခင္း

တစ္စုံတစ္ခုကို အခ်ိန္ျပည့္ ေဒါသထြက္ေနတာက သင့္စိတ္က်န္းမာေရးကို ထိခိုက္ေစတဲ့အျပင္ သင္နဲ႔သင့္ရည္းစား ၾကားမွာလည္း ျပႆနာ တက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေဒါသေတြထြက္၊ အဆင္မေျပ ျဖစ္ေနတယ္ဆိုရင္ သင့္ရည္းစားကို ေဒါသေတြ ပုံမခ်သင့္ပါဘူး။ သင့္ရည္းစားကိုလည္း စိတ္တိုေစႏိုင္တဲ့အျပင္ သင္တို႔ၾကားမွာလည္း အဖုအထစ္ေတြ ျဖစ္ေစႏိုင္ပါတယ္။

၈။ ရည္းစားရဲ႕ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြကို အျပစ္တင္ျခင္း

သင့္ခ်စ္သူနဲ႔ အတင္းေျပာတာက ဆက္ဆံေရးေတြကို ပိုၿပီး ေကာင္းမြန္ေစေပမယ့္ သူတို႔ရဲ႕မိတ္ေဆြေတြ၊ သူငယ္ခ်င္းေတြကို အျပစ္တင္ ေဖဝန္ေနတာက သင္တို႔ကို ျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ သင့္ဘက္က အမွန္အတိုင္း ေထာက္ျပေနေပမယ့္လည္း သင့္ရည္းစားဘက္က သူ႔သူငယ္ခ်င္းေတြကို ထိေနတာေၾကာင့္ ႀကိဳက္မွာလည္း မဟုတ္ပါဘူး။ ဒီလိုနဲ႔ သင္တို႔ေတြ အျမင္မတူ၊ လမ္းေတြ လြဲသြားၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မေက်နပ္တာေတြ၊ စိုးရိမ္ပူပန္တာေတြပဲ ျဖစ္ေနမွာ ေသခ်ာပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments