ပါရမီဖြည့်ဖက် (အောင်မြင်မှုရဲ့ လမ်းစ)

တခါက အမျိုးသားတဦး ရှိတယ်။ သူဟာ တက္ကသိုလ်ဘွဲ့ မရခဲ့ပါ။ အရွယ်ရောက်လာတဲ့ အခါမှာတော့ မိဘတွေဟာ သူ့အတွက် မိန်းမတယောက် ရှာပြီး ပေးစားလိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီးနောက် ထိုရွာလေးမှာပဲ ကျောင်းဆရာ အဖြစ် စာသင်ပြပေး ပါတယ်။

ဒါပေမယ့် သူဟာ စာသင်ကြားရာမှာ အတွေ့အကြုံ မရှိသောကြောင့် တပတ်တောင် မခံပါဘူး။ ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်း ခံရပါတယ်။ ဒါ့ကြောင့် သူဟာ အိမ်ကို ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီးနောက် အိမ်သူသက်ထားက သူ့ကို မျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ်။

"အတွေ့အကြုံ ဝမ်းစာမပြည့်သေးတဲ့ အချိန်မှာ တချို့လူတွေကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်တာလည်း ရှိသလို မထုတ်ပြနိုင်တာလည်း ရှိတတ်ပါတယ်။ ဒီ့အတွက်နဲ့တော့ ဝမ်းနည်းဖို့ မလိုပါဘူး။ ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ စောင့်ရင်စောင့်နေမှာပါ" လို့ ပြောခဲ့ပါတယ်။

နောက်တော့ သူဟာ အပြင်ထွက်ပြီး အလုပ်တခုမှာ ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။ အကြောင်းကတော့ အလုပ်လုပ်တာ နှေးလို့ပါတဲ့။ အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ဇနီးက အားပေးစကား ပြောပြန်တယ်။

"ခြေ လက် ဆိုတာ နှေးတာလဲ ရှိသလို မြန်တာလဲ ရှိတာပဲလေ။ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။ ရှင်ကျတော့ တသက်လုံး စာဖတ်လာတော့ ဒီလို အလုပ်မျိုး လုပ်တဲ့အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ"

သူဟာ ဇွဲမလျော့ပဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ်။ ဒါပေမယ့် သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်း တခုမဟုတ် တခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ သူ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာတဲ့ အခါတိုင်း သူ့ဇနီးက အမြဲ နှစ်သိမ်လေ့ ရှိပြီး သူ့အပေါ်မှာလည်း တခါမှ မညည်းညူခဲ့ ပါဘူး။

ဒီလိုနဲ့ သူရဲ့ အသက် ၃၀ ကျော်တဲ့ အခါမှာ သူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီ အထုံရှိသူ ဖြစ်တဲ့အတွက် မသန်စွမ်းသူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြအလုပ် ဝင်လုပ်ပါတယ်။ နောက်တော့ သူဟာ မသန်စွမ်းသူများ သင်တန်းကျောင်း တခုကို ထူထောင်လိုက်ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ မြို့အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်း အရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးတဦး ဖြစ်လာပါတယ်။

တနေ့မှာတော့ "အောင်မြင်သူတို့ရဲ့ စကားသံများ" အစီအစဉ်ကနေ စီစဉ်တင်ဆက်သူက သူ့ဇနီးကို မေးပါတယ်။ "မိမိကိုယ်တိုင်တောင် ရှေ့ရေး မရေရာ ဝေဝေါးတဲ့ အချိန်အခါမှာ ဘယ်လို အကြောင်းကများ သူ့အပေါ်ယုံကြည်ကိုစားချက် ရှိစေခဲ့ပါသလဲ"

သူ့ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူလှပါတယ်။ သူမ ပြန်ဖြေလိုက်တာကတော့

"မြေတကွက်ဟာ ဂျုံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက်ကြည့်လို့ ရတာပေါ့။ ပဲထွက် မကောင်းရင် သစ်သီးပင် စားပင် စိုက်လည်း ရတာပဲ။အကယ်လို့ သစ်သီးပင် စားပင် မဖြစ်ထွန်းလည်း ပန်းမျိုးစေ့တွေ နဲနဲကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ။ အကြောင်းကတော့ မြေတကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိုးစေ့ တစေ့စေ့ကတော့ ရှိလာမှာပါ။ နောက်ဆုံးမှာ သူနဲ့ သက်ဆိုင်တဲ့ ရိတ်သိမ်းမှုကတော့ ရှိလာမှာပေါ့"

အိမ်သူသက်ထားရဲ့ စကားလည်းကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည်ကျလာပါတယ်။

တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက်မပြတ်တဲ့ ယုံကြည်ကိုးစားမှုနှင့် ချစ်ခြင်းမေတ္တာတို့သည် မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိုးစေ့ပင် ဖြစ်နေလေသည်။ သူ၏ ဆန်းကြယ်မှုတို့သည် ထိုမျိုးစေ့လေးကို မှီခိုပြီးမှ ရှင်သန်ကြီးထွားခဲ့သော ဆန်းကြယ်မှု တို့ပင် ဖြစ်သည်။ လောကမှာ သုံးစား၍ မရသောသူ ဟူ၍ မရှိပါ။ လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။

၁။ တန်ဖိုးထားရကောင်းမှန်း မသိလျှင်၊ သင့်ကို ရွှေတောင်ကြီး ပုံအပ်လည်း ပျော်ရွှင်လိမ့်မည် မဟုတ်။

၂။ ခွင့်လွတ်ရကောင်းမှန်း မသိလျှင်၊ မိတ်ဆွေ ဘယ်လောက်ပဲ များပါစေ ထွက်ခွာသွားကြမည်သာ။

၃။ ကျေးဇူးမှန်း မသိတက်လျှင်၊ မိုးပျံအောင် တော်နေပါစေ အောင်မြင်လိမ့်မည် မဟုတ်။

၄။ နှိုးကြား ထကြွမှု မရှိလျှင်၊ ဖြတ်ထိုးဉာဏ် ကောင်းစေအုံးတော့ အိပ်မက်ကိုပင် အကောင်ထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။

၅။ ပူးပေါင်းလုပ်ဆောင်ရမှန်း မသိလျှင်၊ အစွမ်းကုန် ကြိုးစားစေဦး အောင်မြင်ရန် ခဲယဉ်းသည်။

၆။ စုဆောင်းရကောင်းမှန်း မသိလျှင်၊ ငွေပိုရှာနိုင်စေ ဦးတော့ ကြွယ်ဝသူ ဖြစ်ခဲသည်။

၇။ ဘဝရောင့်ရဲမှု မရှိလျှင်၊ ပိုချမ်းသာစေဦးတော့ ဘဝမှာ ကျေနပ်ပျော်ရွှင်သူ ဖြစ်ခဲသည်။

၈။ ကျန်းမာရေးကို ဂရုစိုက်ရကောင်းမှန်း မသိလျှင်၊ ကုသမှုစရိတ် တတ်နိုင်စေဦးတော့ အသက်ရှည်အနာမဲ့ခြင်း မဖြစ်နိုင်။

Crd

Zawgyi

ပါရမီျဖည့္ဖက္ (ေအာင္ျမင္မႈရဲ႕ လမ္းစ)

တခါက အမ်ိဳးသားတဦး ရွိတယ္။ သူဟာ တကၠသိုလ္ဘြဲ႕ မရခဲ့ပါ။ အ႐ြယ္ေရာက္လာတဲ့ အခါမွာေတာ့ မိဘေတြဟာ သူ႔အတြက္ မိန္းမတေယာက္ ရွာၿပီး ေပးစားလိုက္ပါတယ္။ ဒီလိုနဲ႔ သူဟာ မိဘေတြ ေပးစားတဲ့ မိန္းကေလးနဲ႔ လက္ထပ္ၿပီးေနာက္ ထို႐ြာေလးမွာပဲ ေက်ာင္းဆရာ အျဖစ္ စာသင္ျပေပး ပါတယ္။

ဒါေပမယ့္ သူဟာ စာသင္ၾကားရာမွာ အေတြ႕အႀကဳံ မရွိေသာေၾကာင့္ တပတ္ေတာင္ မခံပါဘူး။ ေက်ာင္းသားေတြရဲ႕ သေဘာထား မွတ္ခ်က္ေတြေၾကာင့္ ထုတ္ပယ္ျခင္း ခံရပါတယ္။ ဒါ့ေၾကာင့္ သူဟာ အိမ္ကို ဝမ္းနည္းစြာနဲ႔ ျပန္လာခဲ့ပါတယ္။ အိမ္ျပန္ေရာက္ၿပီးေနာက္ အိမ္သူသက္ထားက သူ႔ကို မ်က္ရည္ သုတ္ေပးၿပီး ႏွစ္သိမ့္စကား ေျပာေပးပါတယ္။

"အေတြ႕အႀကဳံ ဝမ္းစာမျပည့္ေသးတဲ့ အခ်ိန္မွာ တခ်ိဳ႕လူေတြကေတာ့ သူတို႔ရဲ႕ အရည္အေသြးကို ထုတ္ျပႏိုင္တာလည္း ရွိသလို မထုတ္ျပႏိုင္တာလည္း ရွိတတ္ပါတယ္။ ဒီ့အတြက္နဲ႔ေတာ့ ဝမ္းနည္းဖို႔ မလိုပါဘူး။ ရွင္နဲ႔ ပိုသင့္ေတာ္မယ့္ အလုပ္ေတြက ရွင္လုပ္ေဆာင္ဖို႔ ေစာင့္ရင္ေစာင့္ေနမွာပါ" လို႔ ေျပာခဲ့ပါတယ္။

ေနာက္ေတာ့ သူဟာ အျပင္ထြက္ၿပီး အလုပ္တခုမွာ ဝင္လုပ္ပါတယ္။ သိပ္မၾကာခင္မွာပဲ သူေဌးရဲ႕ အလုပ္ထုတ္တာ ခံလိုက္ရပါတယ္။ အေၾကာင္းကေတာ့ အလုပ္လုပ္တာ ေႏွးလို႔ပါတဲ့။ အိမ္ျပန္ေရာက္တဲ့ အခါမွာ ထုံးစံအတိုင္း သူ႔ဇနီးက အားေပးစကား ေျပာျပန္တယ္။

"ေျခ လက္ ဆိုတာ ေႏွးတာလဲ ရွိသလို ျမန္တာလဲ ရွိတာပဲေလ။ တျခားလူေတြက လုပ္လာတာ ႏွစ္ေတြ အမ်ားႀကီး ၾကာခဲ့ၿပီေလ။ ရွင္က်ေတာ့ တသက္လုံး စာဖတ္လာေတာ့ ဒီလို အလုပ္မ်ိဳး လုပ္တဲ့အခါမွာ ဘယ္လိုလုပ္ ျမန္လိမ့္မလဲ"

သူဟာ ဇြဲမေလ်ာ့ပဲ အလုပ္ေတြ အမ်ားႀကီး ထပ္လုပ္ခဲ့တယ္။ ဒါေပမယ့္ သူလုပ္သမွ် အလုပ္တိုင္းဟာ အေၾကာင္း တခုမဟုတ္ တခုေၾကာင့္ အဆင္မေျပ ျဖစ္ခဲ့ရၿပီး ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္။ သူ စိတ္ပ်က္လက္ပ်က္နဲ႔ အိမ္ျပန္လာတဲ့ အခါတိုင္း သူ႔ဇနီးက အၿမဲ ႏွစ္သိမ္ေလ့ ရွိၿပီး သူ႔အေပၚမွာလည္း တခါမွ မညည္းညဴခဲ့ ပါဘူး။

ဒီလိုနဲ႔ သူရဲ႕ အသက္ ၃၀ ေက်ာ္တဲ့ အခါမွာ သူဟာ ဘာသာစကား သင္ၾကားေရးမွာ ပါရမီ အထုံရွိသူ ျဖစ္တဲ့အတြက္ မသန္စြမ္းသူေတြအတြက္ ဖြင့္ထားတဲ့ သင္တန္းေက်ာင္းမွာ နည္းျပအလုပ္ ဝင္လုပ္ပါတယ္။ ေနာက္ေတာ့ သူဟာ မသန္စြမ္းသူမ်ား သင္တန္းေက်ာင္း တခုကို ထူေထာင္လိုက္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူဟာ ၿမိဳ႕အမ်ားအျပားမွာ မသန္စြမ္းသူသုံး ပစၥည္း အေရာင္းဆိုင္ခြဲမ်ား ဖြင့္လွစ္ခဲ့ပါတယ္။ ဒီလိုနဲ႔ သူဟာ တျဖည္းျဖည္းနဲ႔ ခ်မ္းသာႂကြယ္ဝတဲ့ သူေဌးတဦး ျဖစ္လာပါတယ္။

တေန႔မွာေတာ့ "ေအာင္ျမင္သူတို႔ရဲ႕ စကားသံမ်ား" အစီအစဥ္ကေန စီစဥ္တင္ဆက္သူက သူ႔ဇနီးကို ေမးပါတယ္။ "မိမိကိုယ္တိုင္ေတာင္ ေရွ႕ေရး မေရရာ ေဝေဝါးတဲ့ အခ်ိန္အခါမွာ ဘယ္လို အေၾကာင္းကမ်ား သူ႔အေပၚယုံၾကည္ကိုစားခ်က္ ရွိေစခဲ့ပါသလဲ"

သူ႔ခ်စ္ဇနီး ျပန္ေျဖတဲ့ အေျဖမွာ ႐ိုးရွင္းၿပီး လြယ္ကူလွပါတယ္။ သူမ ျပန္ေျဖလိုက္တာကေတာ့

"ေျမတကြက္ဟာ ဂ်ဳံစိုက္လို႔ မသင့္ေတာ္ရင္ ပဲစမ္းစိုက္ၾကည့္လို႔ ရတာေပါ့။ ပဲထြက္ မေကာင္းရင္ သစ္သီးပင္ စားပင္ စိုက္လည္း ရတာပဲ။အကယ္လို႔ သစ္သီးပင္ စားပင္ မျဖစ္ထြန္းလည္း ပန္းမ်ိဳးေစ့ေတြ နဲနဲႀကဲၾကည့္ၿပီး ပန္းပြင့္ေအာင္ စိုက္ႏိုင္တာပဲ။ အေၾကာင္းကေတာ့ ေျမတကြက္မွာ သူနဲ႔ ကိုက္ညီမယ့္ မ်ိဳးေစ့ တေစ့ေစ့ကေတာ့ ရွိလာမွာပါ။ ေနာက္ဆုံးမွာ သူနဲ႔ သက္ဆိုင္တဲ့ ရိတ္သိမ္းမႈကေတာ့ ရွိလာမွာေပါ့"

အိမ္သူသက္ထားရဲ႕ စကားလည္းၾကားေရာ ေယာက်ာ္းျဖစ္သူဟာ မ်က္ရည္က်လာပါတယ္။

တကယ္ေတာ့ သူ႔ဇနီးသည္ရဲ႕ ဇြဲေကာင္းၿပီး စဥ္ဆက္မျပတ္တဲ့ ယုံၾကည္ကိုးစားမႈႏွင့္ ခ်စ္ျခင္းေမတၱာတို႔သည္ မာေက်ာႀကံ့ခိုင္သည့္ စစ္မွန္ေသာ မ်ိဳးေစ့ပင္ ျဖစ္ေနေလသည္။ သူ၏ ဆန္းၾကယ္မႈတို႔သည္ ထိုမ်ိဳးေစ့ေလးကို မွီခိုၿပီးမွ ရွင္သန္ႀကီးထြားခဲ့ေသာ ဆန္းၾကယ္မႈ တို႔ပင္ ျဖစ္သည္။ ေလာကမွာ သုံးစား၍ မရေသာသူ ဟူ၍ မရွိပါ။ လူမွန္ ေနရာမွန္ ေနရာခ်ထားမႈ မမွန္ျခင္းသာ ျဖစ္ေပလိမ့္မည္။

၁။ တန္ဖိုးထားရေကာင္းမွန္း မသိလွ်င္၊ သင့္ကို ေ႐ႊေတာင္ႀကီး ပုံအပ္လည္း ေပ်ာ္႐ႊင္လိမ့္မည္ မဟုတ္။

၂။ ခြင့္လြတ္ရေကာင္းမွန္း မသိလွ်င္၊ မိတ္ေဆြ ဘယ္ေလာက္ပဲ မ်ားပါေစ ထြက္ခြာသြားၾကမည္သာ။

၃။ ေက်းဇူးမွန္း မသိတက္လွ်င္၊ မိုးပ်ံေအာင္ ေတာ္ေနပါေစ ေအာင္ျမင္လိမ့္မည္ မဟုတ္။

၄။ ႏႈိးၾကား ထႂကြမႈ မရွိလွ်င္၊ ျဖတ္ထိုးဉာဏ္ ေကာင္းေစအုံးေတာ့ အိပ္မက္ကိုပင္ အေကာင္ထည္ ေဖာ္ႏိုင္လိမ့္မည္ မဟုတ္ပါ။

၅။ ပူးေပါင္းလုပ္ေဆာင္ရမွန္း မသိလွ်င္၊ အစြမ္းကုန္ ႀကိဳးစားေစဦး ေအာင္ျမင္ရန္ ခဲယဥ္းသည္။

၆။ စုေဆာင္းရေကာင္းမွန္း မသိလွ်င္၊ ေငြပိုရွာႏိုင္ေစ ဦးေတာ့ ႂကြယ္ဝသူ ျဖစ္ခဲသည္။

၇။ ဘဝေရာင့္ရဲမႈ မရွိလွ်င္၊ ပိုခ်မ္းသာေစဦးေတာ့ ဘဝမွာ ေက်နပ္ေပ်ာ္႐ႊင္သူ ျဖစ္ခဲသည္။

၈။ က်န္းမာေရးကို ဂ႐ုစိုက္ရေကာင္းမွန္း မသိလွ်င္၊ ကုသမႈစရိတ္ တတ္ႏိုင္ေစဦးေတာ့ အသက္ရွည္အနာမဲ့ျခင္း မျဖစ္ႏိုင္။

Crd

Post a Comment

0 Comments