နေ့စဉ် ခြေထောက်တစ်ဖက်နဲ့ရပ်ပြီး လေ့ကျင့်ခန်းလုပ်ရုံနဲ့ ခန္ဓာကိုယ်မှာ ရရှိမယ့် အကျိုးထူး (၅) ခု

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေက အရမ်းကို ရိုးစင်းပြီးတော့ လွယ်ကူပါတယ်။ သင်သွားတိုက်နေတဲ့ အချိန်မှာတောင် ဒီလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ ဒါကို နေ့စဉ်နေ့တိုင်း ပြုလုပ်ပေးသွားရင် သင့်ကို လှပလာစေမှာပါ။

အိမ်ပြင်ထွက်ပြီး တကူးတကလည်း လုပ်စရာ မလိုပါဘူး။ အချိန်ကုန်လည်း သက်သာစေတဲ့အပြင် အားတဲ့အချိန်တိုင်းမှာလည်း လုပ်လို့ရပါတယ်။

၁။ သင့်နှလုံးသွေးကြော ကျန်းမာရေးကို စမ်းသပ်ပြီးသားဖြစ်စေပါတယ်။

လေ့လာမှုတစ်ခုအရ ခြေထောက်တစ်ဖက်ကို အနည်းဆုံး စက္ကန့် 20 ခန့် ဟန်ချက်ညီအောင် ထိန်းနိုင်တာဟာ နှလုံးသွေးကြောကျန်းမာရေး ကောင်းမွန်တာနေတာကို ညွှန်ပြတယ်လို့ ဆိုပါတယ်။ ဟန်ချက်ညီအောင် မထိန်းနိုင်တဲ့ လူတွေကတော့ နှလုံးဖောက်ခြင်း ဒါမှမဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထားကို ညီအောင်ထိန်းခြင်းဟာ ရောဂါတစ်ခုကို ဖော်ထုတ်ဖို့ အမြန်ဆုံး စမ်းသပ်မှုလည်း တစ်ခုဖြစ်ပါတယ်။

၂။ Dementia ကိုကာကွယ်ပေးပါတယ်။

ခြေထောက် တစ်ဖက်တည်းနဲ့ ရပ်နိုင်ခြင်းက သင့်ကိုယ်တွင်း အင်္ဂါတွေကို ဟန်ချက်ညီစေပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို တားဆီးပေးပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ဖို့ မလွယ်ကူတဲ့ သူတွေကတော့ သွေးကြောလေးတွေ ပျက်စီးနိုင်ခြေ ပိုများပြီး အသက်ကြီးလာရင် မှတ်ဉာဏ်တွေ နည်းပါးလာတတ်ပါတယ်။

၃။ ကျောရိုးကို သန်မာစေပါတယ်။

သာမန် မတ်တပ်ရပ်တာထက် ခြေထောက် တစ်ဖက်တည်းကို အားပြုပြီး ရပ်ထားတာက သင့်ကို အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ခြေထောက်တစ်ဖက်ထဲပေါ် မတ်တပ်ရပ်ခြင်းဟာ သင့်ရဲ့ ကျောရိုးကို အားကောင်းစေပြီး အထိုင်များသူတွေအတွက် အရမ်းသင့်တော်တဲ့ လေ့ကျင့်ခန်းပါပဲ။

၄။ ကိုယ်ဟန်အနေအထားက ပြောင်းလဲလာပါတယ်။

 ခြေထောက် တစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ပေးတာက သင့်ပခုံးတွေ ကျယ်လာပြီး နှလုံးကို အားကောင်းစေပါတယ်။ ဒါ့အပြင် သင့်မှာ သင့်ကိုယ်ဟန် အနေအထားနှင့် ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို တစ်ဖက်တည်းနဲ့ရပ်ပါများရင်လည်း သင့်ရဲ့ ပုံစံမမှန်တဲ့ ကိုယ်ဟန်အနေအထားကို ပြောင်းလဲသွားစေပါတယ်။

၅။ သင့်ရဲ့ မှတ်ဉာဏ်အခြေအနေကို ဖော်ပြပေးနိုင်ပါတယ်။

မှတ်ဉာဏ်လျော့ခြင်းရဲ့ အစောပိုင်းအဆင့်တွေကို ခြေထောက်တစ်ဖက်ပေါ်မှာ မတ်တပ်ရပ်ရုံနဲ့ ဖော်ထုတ်နိုင်ပါတယ်။ ဥပမာ သင်ဟာ ခြေထောက်တစ်ဖက်ထဲနဲ့ ဟန်ချက်ထိန်းဖို့ ခက်ခဲနေရင် ဒါဟာ Parkinson လိုရောဂါမျိုး ဖြစ်လာနိုင်တဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။

Zombie (lovemedia)

for zawgyi

ေန႔စဥ္ ေျခေထာက္တစ္ဖက္နဲ႔ရပ္ၿပီး ေလ့က်င့္ခန္းလုပ္႐ုံနဲ႔ ခႏၶာကိုယ္မွာ ရရွိမယ့္ အက်ိဳးထူး (၅) ခု

အခုေဖာ္ျပေပးမယ့္ ေလ့က်င့္ခန္းေလးေတြက အရမ္းကို ႐ိုးစင္းၿပီးေတာ့ လြယ္ကူပါတယ္။ သင္သြားတိုက္ေနတဲ့ အခ်ိန္မွာေတာင္ ဒီေလ့က်င့္ခန္းကို လုပ္လို႔ရပါတယ္။ ဒါကို ေန႔စဥ္ေန႔တိုင္း ျပဳလုပ္ေပးသြားရင္ သင့္ကို လွပလာေစမွာပါ။

အိမ္ျပင္ထြက္ၿပီး တကူးတကလည္း လုပ္စရာမလိုပါဘူး။ အခ်ိန္ကုန္လည္း သက္သာေစတဲ့အျပင္ အားတဲ့အခ်ိန္တိုင္းမွာလည္း လုပ္လို႔ရပါတယ္။

၁။ သင့္ႏွလုံးေသြးေၾကာ က်န္းမာေရးကို စမ္းသပ္ၿပီးသားျဖစ္ေစပါတယ္။

ေလ့လာမႈတစ္ခုအရ ေျခေထာက္တစ္ဖက္ကို အနည္းဆုံး စကၠန႔္ 20 ခန႔္ ဟန္ခ်က္ညီေအာင္ ထိန္းႏိုင္တာဟာ ႏွလုံးေသြးေၾကာက်န္းမာေရး ေကာင္းမြန္တာေနတာကို ၫႊန္ျပတယ္လို႔ ဆိုပါတယ္။ ဟန္ခ်က္ညီေအာင္ မထိန္းႏိုင္တဲ့ လူေတြကေတာ့ ႏွလုံးေဖာက္ျခင္း ဒါမွမဟုတ္ ေလျဖတ္ျခင္း ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ကိုယ္ဟန္အေနအထားကို ညီေအာင္ထိန္းျခင္းဟာ ေရာဂါတစ္ခုကို ေဖာ္ထုတ္ဖို႔ အျမန္ဆုံး စမ္းသပ္မႈလည္း တစ္ခုျဖစ္ပါတယ္။

၂။ Dementia ကိုကာကြယ္ေပးပါတယ္။

ေျခေထာက္ တစ္ဖက္တည္းနဲ႔ ရပ္ႏိုင္ျခင္းက သင့္ကိုယ္တြင္း အဂၤါေတြကို ဟန္ခ်က္ညီေစၿပီး စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြကို တားဆီးေပးပါတယ္။ ေျခေထာက္တစ္ဖက္တည္းနဲ႔ မတ္တပ္ရပ္ဖို႔ မလြယ္ကူတဲ့ သူေတြကေတာ့ ေသြးေၾကာေလးေတြ ပ်က္စီးႏိုင္ေျခ ပိုမ်ားၿပီး အသက္ႀကီးလာရင္ မွတ္ဉာဏ္ေတြ နည္းပါးလာတတ္ပါတယ္။

၃။ ေက်ာ႐ိုးကို သန္မာေစပါတယ္။

သာမန္ မတ္တပ္ရပ္တာထက္ ေျခေထာက္ တစ္ဖက္တည္းကို အားျပဳၿပီး ရပ္ထားတာက သင့္ကို အက်ိဳးေက်းဇူးမ်ားစြာ ရရွိေစပါတယ္။ ေျခေထာက္တစ္ဖက္ထဲေပၚ မတ္တပ္ရပ္ျခင္းဟာ သင့္ရဲ႕ ေက်ာ႐ိုးကို အားေကာင္းေစၿပီး အထိုင္မ်ားသူေတြအတြက္ အရမ္းသင့္ေတာ္တဲ့ ေလ့က်င့္ခန္းပါပဲ။

၄။ ကိုယ္ဟန္အေနအထားက ေျပာင္းလဲလာပါတယ္။

 ေျခေထာက္ တစ္ဖက္တည္းနဲ႔ မတ္တပ္ရပ္ေပးတာက သင့္ပခုံးေတြ က်ယ္လာၿပီး ႏွလုံးကို အားေကာင္းေစပါတယ္။ ဒါ့အျပင္ သင့္မွာ သင့္ကိုယ္ဟန္ အေနအထားႏွင့္ ပတ္သက္ၿပီး ျပႆနာတစ္စုံတစ္ရာ ရွိမရွိ စစ္ေဆးဖို႔ နည္းလမ္းေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ ဒီလို တစ္ဖက္တည္းနဲ႔ရပ္ပါမ်ားရင္လည္း သင့္ရဲ႕ ပုံစံမမွန္တဲ့ ကိုယ္ဟန္အေနအထားကို ေျပာင္းလဲသြားေစပါတယ္။

၅။ သင့္ရဲ႕ မွတ္ဉာဏ္အေျခအေနကို ေဖာ္ျပေပးႏိုင္ပါတယ္။

မွတ္ဉာဏ္ေလ်ာ့ျခင္းရဲ႕ အေစာပိုင္းအဆင့္ေတြကို ေျခေထာက္တစ္ဖက္ေပၚမွာ မတ္တပ္ရပ္႐ုံနဲ႔ ေဖာ္ထုတ္ႏိုင္ပါတယ္။ ဥပမာ သင္ဟာ ေျခေထာက္တစ္ဖက္ထဲနဲ႔ ဟန္ခ်က္ထိန္းဖို႔ ခက္ခဲေနရင္ ဒါဟာ Parkinson လိုေရာဂါမ်ိဳး ျဖစ္လာႏိုင္တဲ့ လကၡဏာေတြထဲက တစ္ခုပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments