နောက်ဆုံးဆေးလုံး

တခါတုန်းက ရွာတရွာမှာ စုန်းမကြီး တယောက် သောင်းကျန်းနေ လေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်း ဆရာကြီးကို သွားပင့်ကြလေသည်။

မကြာမီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေသည်။

ဆရာကြီး "ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွား"

စုန်းမ "ဆရာစုတ် နင်ကရော ဘယ်လောက် စွမ်းလို့လဲ"

ဆရာကြီး "သိကြသေးတာပေါ့" ဟုဆိုက သူတပည့် ဘက်ကို လှည့် ပြီး "ပေးစမ်း ငါ့ရဲ့ ဆေးကြိမ်လုံး"

တပည့်ထံမှ ဆေးကြိမ်လုံးကို ယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီးတောင် ရီနေသေးသည်။

ထိုအခါ ဆရာကြီးက "တပည့် ပေးစမ်း ရေမန်း" ဟု ဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီးပင်။ ဆရာကြီး၏ တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေ ပြန်နေပြီ။

ဆရာကြီးမှ တဖန် ဆေးလုံး တလုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ ကုန်ပြီလား ဟုတောင် မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ ပြင်နေလေပြီ။

ဆရာကြီးက မကြောက်ရန် ပြောပြီး ပေးစမ်း ငါ့ ဆေးလွယ်အိတ် ဟု ဆိုကာ တပည့်ထံမှ လွယ်အိတ်ကို ယူ၍ အထဲမှ လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တလုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီးလျှင် စုန်းမကြီးထံသို့ ပစ်ပေါက်လိုက် လေသည်။

ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားလေ တော့သည်။ ရွာသူရွာသားများမှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင်များစွာ ကန်တော့လိုက်ကြလေသည်။ အပြန်ခရီးတွင် တပည့်က မေးလေသည်။

"ဆရာကြီး၊ ဆရာကြီး နောက်ဆုံး ထုတ်လိုက်တဲ့ ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တခါမှ မမြင်ဘူးပါလား"

ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး "ဘယ်သူ့မှာ လျှောက်မပြောနဲ့ကွ၊ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံးကွ" ဟူ၏။

ရှေးထုံးတွေ၊ မိရိုးဖလာ ယုံကြည်မှုတွေဟာ တချို့ကိစ္စတွေကို မဖြေရှင်းနိုင်ပါဘူး။

Crd

Zawgyi

ေနာက္ဆုံးေဆးလုံး

တခါတုန္းက ႐ြာတ႐ြာမွာ စုန္းမႀကီး တေယာက္ ေသာင္းက်န္းေန ေလသည္။ ႐ြာသားမ်ားသည္ ႀကံရာမရ သည့္ႏွင့္ တျခားနယ္မွ အထက္လမ္း ဆရာႀကီးကို သြားပင့္ၾကေလသည္။

မၾကာမီ ထိုဆရာႀကီး ႏွင့္ သူ၏ တပည့္ ေရာက္လာကာ စုန္းမႀကီးကို ပညာၿပိဳင္ရန္ ခ်ိန္းေလသည္။ စုန္းမႀကီး ႏွင့္ ဆရာႀကီးတို႔သည္ ႐ြာထိပ္ရွိ ကြင္းျပင္တြင္ ပညာၿပိဳင္ၾကမည္ ျဖစ္ေလရာ ႐ြာသားမ်ားလည္း ႐ြာလုံးကြၽတ္မွ် အားေပး ၾကေလသည္။

ဆရာႀကီး "ဟယ္ စုန္းစုတ္ ဒီ႐ြာက အျမန္ထြက္သြား"

စုန္းမ "ဆရာစုတ္ နင္ကေရာ ဘယ္ေလာက္ စြမ္းလို႔လဲ"

ဆရာႀကီး "သိၾကေသးတာေပါ့" ဟုဆိုက သူတပည့္ ဘက္ကို လွည့္ ၿပီး "ေပးစမ္း ငါ့ရဲ႕ ေဆးႀကိမ္လုံး"

တပည့္ထံမွ ေဆးႀကိမ္လုံးကို ယူၿပီး ပါးစပ္က ဂါထာ႐ြတ္ကာ ေဆးႀကိမ္လုံးျဖင့္ ေျမႀကီးကို ႐ိုက္လိုက္ ေလသည္။ သို႔ေသာ္ စုန္းမႀကီးက မၿဖဳံ။ ဘာမွမျဖစ္သည့္ အျပင္ တဟီးဟီးေတာင္ ရီေနေသးသည္။

ထိုအခါ ဆရာႀကီးက "တပည့္ ေပးစမ္း ေရမန္း" ဟု ဆိုကာ ေရမန္းျဖင့္ ပက္ျပန္ေလသည္။ သို႔ေသာ္ အခ်ည္း အႏွီးပင္။ ဆရာႀကီး၏ တပည့္ျဖစ္သူမွာ ေခြၽးသီးေခြၽးေပါက္ေတြ ျပန္ေနၿပီ။

ဆရာႀကီးမွ တဖန္ ေဆးလုံး တလုံးထုတ္ၿပီး မန္းျပန္ေလသည္။ ၿပီးေနာက္ ထိုေဆးလုံးျဖင့္ ေပါက္လိုက္ေသာ္လည္း စုန္းမႀကီး မွာ မၿဖဳံေခ်။ ဆရာစုတ္နင့္ ပညာ ကုန္ၿပီလား ဟုေတာင္ ေမးေနေသးသည္။ တပည့္ျဖစ္သူမွာ ေျပးဖို႔ ျပင္ေနေလၿပီ။

ဆရာႀကီးက မေၾကာက္ရန္ ေျပာၿပီး ေပးစမ္း ငါ့ ေဆးလြယ္အိတ္ ဟု ဆိုကာ တပည့္ထံမွ လြယ္အိတ္ကို ယူ၍ အထဲမွ လက္သီးဆုတ္ခန႔္ ရွိေသာ ေဆးလုံးႀကီး တလုံးကို ထုတ္ကာ ပါးစပ္နားေတ့ မန္းမႈတ္ၿပီးလွ်င္ စုန္းမႀကီးထံသို႔ ပစ္ေပါက္လိုက္ ေလသည္။

ထိုအခါမွ မီးလုံးႀကီးပြင့္ သြားၿပီး စုန္းမႀကီးမွာ အစိတ္စိတ္ အမႊာမႊာ ျဖစ္သြားေလ ေတာ့သည္။ ႐ြာသူ႐ြာသားမ်ားမွာ ဆရာႀကီးကို အလြန္ အမင္း ယုံၾကည္ ေလးစားသြားၾကၿပီး လက္ေဆာင္မ်ားစြာ ကန္ေတာ့လိုက္ၾကေလသည္။ အျပန္ခရီးတြင္ တပည့္က ေမးေလသည္။

"ဆရာႀကီး၊ ဆရာႀကီး ေနာက္ဆုံး ထုတ္လိုက္တဲ့ ေဆးက ဘာလဲဗ်။ ကြၽန္ေတာ္လည္း တခါမွ မျမင္ဘူးပါလား"

ထိုအခါ ဆရာႀကီးက ေဘးဘီကို ၾကည့္ကာ ေလသံကို ႏွိမ့္လိုက္ၿပီး "ဘယ္သူ႔မွာ ေလွ်ာက္မေျပာနဲ႔ကြ၊ အဲဒါ ဂ်ပန္ေတြဆီက ရလိုက္တဲ့ လက္ပစ္ဗုံးကြ" ဟူ၏။

ေရွးထုံးေတြ၊ မိ႐ိုးဖလာ ယုံၾကည္မႈေတြဟာ တခ်ိဳ႕ကိစၥေတြကို မေျဖရွင္းႏိုင္ပါဘူး။

Crd

Post a Comment

0 Comments