ခရုခွံလေးခု

တနေ့သောအခါ လူစည်ကားတဲ့ ဈေးကြီးတခု အတွင်းမှာ အသက် ၆ နှစ် အရွယ် ကောင်လေးတယောက် သူ့ညီမလေးကို ခေါ်ပြီး လက်ဆွဲလို့ လမ်းလျှောက် လာခဲ့တယ်။ ရုတ်တရက် ကောင်လေးက သူ့ညီမလေး နောက်မှာကျန်ခဲ့တာကို သတိထားမိလို့ ပြန်လှည့်ကြည့်လိုက်တော့ ညီမလေးက စတိုးဆိုင်ကြီး တခုရဲ့ မှန်တံခါးတွေကို လက်ညှိုးထိုးပြ နေတာ တွေ့လိုက်ရတယ်။ "ညီမလေး ဘာလိုချင်လို့လဲ"

ညီမလေးဖြစ်သူက စတိုးဆိုင်ကြီးထဲက အရုပ်လေး တခုကို လက်ညိုး ထိုးပြတယ်။ ဆိုင်ထဲက ဆိုင်ရှင် အမျိုးသားကြီးကလည်း သူတို့အဖြစ်အပျက်တွေကို အကုန် မြင်နေရတယ်။ ကောင်လေး ကြည့်ရတာလဲ ပိုက်ဆံပါမယ့်ပုံ မရဘူး။ သူ့ညီမလေး ပူဆာတာကို အကိုတယောက် အနေနဲ့ ဒီကောင်လေး ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို စိတ်ဝင်စားနေ မိတယ်။ အဲ့ဒီမှာ ထူးဆန်းတာ တခုကို သူမြင်လိုက်ရတယ်။

ကောင်လေးက သူ့ညီမလေး လက်ကို ရဲရဲကြီး ဆွဲခေါ်ပြီး ဆိုင်ထဲကို ဦးဆောင်ပြီး ဝင်လာခဲ့တာပါပဲ။ တကယ့်ကို သူ့ညီမလေးအတွက် ဦးဆောင်သူ အုပ်ထိန်းသူ တယောက်လို ယုံကြည်ချက် အပြည့် ရှိနေပုံပါပဲ။ သူ့ညီမ ကြိုက်တယ်ဆိုတဲ့ အရုပ်လေးကို လက်ညိုးထိုးပြီး ဆိုင်ရှင်အမျိုးသားကြီးကို အရုပ်ရဲ့တန်ဖိုးက ဘယ်လောက်လဲလို့ မေးလိုက်ပါတယ်။ ဆိုင်ရှင်က "မင်းမှာ ဘယ်လောက် ပါလဲကွဲ့"

ကောင်လေးလည်း သူ့အင်္ကျီအိတ်ကပ်ရော၊ ဘောင်းဘီအိတ်ကပ်တွေပါ အကုန် နှိုတ်ထုတ်လိုက်တယ်။ သူ့လက်ထဲမှာ ပါလာတာတွေကတော့ ပင်လယ်ကမ်းခြေ တလျှောက် သူကိုယ်တိုင် လိုက်ကောက်ထားတဲ့ ပင်လယ်ခရု ကမာခွံတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေ အကုန် ကောင်တာပေါ် တင်လိုက်ပြီး ကောင်လေးက ပြောတယ်။ "ဒါ ကျွန်တော့်မှာ ပါတာ အကုန်ပဲဗျာ"

ဆိုင်ရှင်ကြီးက ပြုံးလိုက်ပြီးတော့ ကောင်လေးပေးတဲ့ ခရုခွံတွေကို ပိုက်ဆံရေသလို တခုချင်းစီ ရေတွက်လိုက်တယ်။ ထို့နောက် ကောင်လေးကို မော့ကြည့်လိုက်တော့ ကောင်လေးခမျာ စိုးရိမ်တဲ့ မျက်နှာလေးနဲ့ "အရုပ်တန်ဖိုးအတွက် မလောက်သေး လို့လားဗျ။ အဲ့ဒါကျွန်တော့်မှာ ရှိသမျှ အကုန်ပါပဲဗျာ"

ဆိုင်ရှင်ကြီးက သဘောကျစွာ ရယ်လျက် "ဟား ဟား၊ လောက်ပါတယ်ကွ။ မလိုတဲ့အပြင် အများကြီးတောင် ပိုနေပါသေးတယ်ကွာ" လို့ဆိုကာ ခရုခွံလေးခု ကိုသာ ယူထားလိုက်ပြီး ကျန်တာတွေကို ကောင်လေးကို ပြန်ပေးလိုက်ပြီး အရုပ်လေးကိုပါ ထုတ်ပေးလိုက်ပါတယ်။ ကောင်လေးလည်း အရုပ်ရလို့ ပျော်သွားတဲ့ ညီမလေးကို ခေါ်ပြီး ဆိုင်ထဲက ထွက်သွားပါတော့တယ်။

ဒီအဖြစ်အပျက် အစအဆုံးကို ဘေးက ကြည့်နေသူကတော့ စတိုးဆိုင်က ဝန်ထမ်းလေးပါပဲ။ သူ့ဆရာရဲ့ လုပ်ရပ်ကိုလည်း အထူးအဆန်းဖြစ်နေပုံ ပေါ်တယ်။ ဝန်ထမ်းက "ဆရာ ဘယ်လိုဖြစ်တာလဲ။ အရုပ်တခုလုံးကို ဘာတန်ဖိုးမှ မရှိတဲ့ ခရုခွံလေး လေးခုပဲ ယူပြီး ရောင်းပစ်လိုက်ရသလား။ တပည့်ကို ရှင်းပြပါဦး"

ဆိုင်ရှင်က "အေး နားထောင်။ အဲ့ခရုခွံလေးတွေက မင်းတို့ ငါတို့အတွက် ဘာမှမဟုတ်ပေမဲ့ ကောင်လေးအတွက်က သူ့ပိုင်ဆိုင်မှု အကုန်ပဲကွ။ အဲ့ဒါကြောင့် ငါ့အတွက် အသုံးမဝင်မဲ့ အတူ လေးခုပဲ ယူပြီး ကျန်တာအကုန် သူ့ကို ပြန်ပေးခဲ့တာပဲ။

တနေ့ အဲ့ဒီကောင်လေး အရွယ်ရောက်လာတဲ့အခါ သူငယ်စဉ် အချိန်က ဘာတန်ဖိုးမှ မရှိတဲ့ ခရုခွံလေးတွေကို ငွေလိုသဘောထား လက်ခံပေးပြီး သူလိုအပ်နေတဲ့ အရုပ်လေးကို စေတနာနဲ့ ပေးခဲ့တဲ့ ဆိုင်ရှင်တယောက် အကြောင်းကို ပြန်တွေးမိလိမ့်မယ်။

အဲ့ဒီအခါ လောကကြီးမှာ ဒီလို လူကောင်းတွေလည်း ရှိနေသေးပါလားလို့ သဘောပေါက်ပြီး အလားတူ အဖြစ်အပျက်တွေ သူကြုံရတဲ့အခါ စာနာတတ်ပြီး စေတနာထားတတ်တဲ့ လူကောင်းတယောက် ဖြစ်လာနိုင်တယ်ကွ။

မှတ်ထားပါ။ အခုလို သူတော်ကောင်း စိတ်ဓာတ်နဲ့ အပြုအမူလေးတွေကို ကိုယ့်ပတ်ဝန်းကျင်က လူတွေကို တယောက်ကနေ တယောက် လက်ဆင့်ကမ်း ဝေမျှ ကြရင်း လောကကြီးမှာ စိတ်ထားကောင်းတဲ့ လူတွေ ပိုများလာလိမ့်မယ်ကွ၊ ပိုများလာလိမ့်မယ်"

Allin1Myanmar

Knowledge Village

Zawgyi

ခ႐ုခြံေလးခု

တေန႔ေသာအခါ လူစည္ကားတဲ့ ေဈးႀကီးတခု အတြင္းမွာ အသက္ ၆ ႏွစ္ အ႐ြယ္ ေကာင္ေလးတေယာက္ သူ႔ညီမေလးကို ေခၚၿပီး လက္ဆြဲလို႔ လမ္းေလွ်ာက္ လာခဲ့တယ္။ ႐ုတ္တရက္ ေကာင္ေလးက သူ႔ညီမေလး ေနာက္မွာက်န္ခဲ့တာကို သတိထားမိလို႔ ျပန္လွည့္ၾကည့္လိုက္ေတာ့ ညီမေလးက စတိုးဆိုင္ႀကီး တခုရဲ႕ မွန္တံခါးေတြကို လက္ညႇိဳးထိုးျပ ေနတာ ေတြ႕လိုက္ရတယ္။ "ညီမေလး ဘာလိုခ်င္လို႔လဲ"

ညီမေလးျဖစ္သူက စတိုးဆိုင္ႀကီးထဲက အ႐ုပ္ေလး တခုကို လက္ညိဳး ထိုးျပတယ္။ ဆိုင္ထဲက ဆိုင္ရွင္ အမ်ိဳးသားႀကီးကလည္း သူတို႔အျဖစ္အပ်က္ေတြကို အကုန္ ျမင္ေနရတယ္။ ေကာင္ေလး ၾကည့္ရတာလဲ ပိုက္ဆံပါမယ့္ပုံ မရဘူး။ သူ႔ညီမေလး ပူဆာတာကို အကိုတေယာက္ အေနနဲ႔ ဒီေကာင္ေလး ဘယ္လို ေျဖရွင္းမလဲ ဆိုတာကို စိတ္ဝင္စားေန မိတယ္။ အဲ့ဒီမွာ ထူးဆန္းတာ တခုကို သူျမင္လိုက္ရတယ္။

ေကာင္ေလးက သူ႔ညီမေလး လက္ကို ရဲရဲႀကီး ဆြဲေခၚၿပီး ဆိုင္ထဲကို ဦးေဆာင္ၿပီး ဝင္လာခဲ့တာပါပဲ။ တကယ့္ကို သူ႔ညီမေလးအတြက္ ဦးေဆာင္သူ အုပ္ထိန္းသူ တေယာက္လို ယုံၾကည္ခ်က္ အျပည့္ ရွိေနပုံပါပဲ။ သူ႔ညီမ ႀကိဳက္တယ္ဆိုတဲ့ အ႐ုပ္ေလးကို လက္ညိဳးထိုးၿပီး ဆိုင္ရွင္အမ်ိဳးသားႀကီးကို အ႐ုပ္ရဲ႕တန္ဖိုးက ဘယ္ေလာက္လဲလို႔ ေမးလိုက္ပါတယ္။ ဆိုင္ရွင္က "မင္းမွာ ဘယ္ေလာက္ ပါလဲကြဲ႕"

ေကာင္ေလးလည္း သူ႔အက်ႌအိတ္ကပ္ေရာ၊ ေဘာင္းဘီအိတ္ကပ္ေတြပါ အကုန္ ႏႈိတ္ထုတ္လိုက္တယ္။ သူ႔လက္ထဲမွာ ပါလာတာေတြကေတာ့ ပင္လယ္ကမ္းေျခ တေလွ်ာက္ သူကိုယ္တိုင္ လိုက္ေကာက္ထားတဲ့ ပင္လယ္ခ႐ု ကမာခြံေတြပဲ ျဖစ္ပါတယ္။ အဲ့ဒါေတြ အကုန္ ေကာင္တာေပၚ တင္လိုက္ၿပီး ေကာင္ေလးက ေျပာတယ္။ "ဒါ ကြၽန္ေတာ့္မွာ ပါတာ အကုန္ပဲဗ်ာ"

ဆိုင္ရွင္ႀကီးက ၿပဳံးလိုက္ၿပီးေတာ့ ေကာင္ေလးေပးတဲ့ ခ႐ုခြံေတြကို ပိုက္ဆံေရသလို တခုခ်င္းစီ ေရတြက္လိုက္တယ္။ ထို႔ေနာက္ ေကာင္ေလးကို ေမာ့ၾကည့္လိုက္ေတာ့ ေကာင္ေလးခမ်ာ စိုးရိမ္တဲ့ မ်က္ႏွာေလးနဲ႔ "အ႐ုပ္တန္ဖိုးအတြက္ မေလာက္ေသး လို႔လားဗ်။ အဲ့ဒါကြၽန္ေတာ့္မွာ ရွိသမွ် အကုန္ပါပဲဗ်ာ"

ဆိုင္ရွင္ႀကီးက သေဘာက်စြာ ရယ္လ်က္ "ဟား ဟား၊ ေလာက္ပါတယ္ကြ။ မလိုတဲ့အျပင္ အမ်ားႀကီးေတာင္ ပိုေနပါေသးတယ္ကြာ" လို႔ဆိုကာ ခ႐ုခြံေလးခု ကိုသာ ယူထားလိုက္ၿပီး က်န္တာေတြကို ေကာင္ေလးကို ျပန္ေပးလိုက္ၿပီး အ႐ုပ္ေလးကိုပါ ထုတ္ေပးလိုက္ပါတယ္။ ေကာင္ေလးလည္း အ႐ုပ္ရလို႔ ေပ်ာ္သြားတဲ့ ညီမေလးကို ေခၚၿပီး ဆိုင္ထဲက ထြက္သြားပါေတာ့တယ္။

ဒီအျဖစ္အပ်က္ အစအဆုံးကို ေဘးက ၾကည့္ေနသူကေတာ့ စတိုးဆိုင္က ဝန္ထမ္းေလးပါပဲ။ သူ႔ဆရာရဲ႕ လုပ္ရပ္ကိုလည္း အထူးအဆန္းျဖစ္ေနပုံ ေပၚတယ္။ ဝန္ထမ္းက "ဆရာ ဘယ္လိုျဖစ္တာလဲ။ အ႐ုပ္တခုလုံးကို ဘာတန္ဖိုးမွ မရွိတဲ့ ခ႐ုခြံေလး ေလးခုပဲ ယူၿပီး ေရာင္းပစ္လိုက္ရသလား။ တပည့္ကို ရွင္းျပပါဦး"

ဆိုင္ရွင္က "ေအး နားေထာင္။ အဲ့ခ႐ုခြံေလးေတြက မင္းတို႔ ငါတို႔အတြက္ ဘာမွမဟုတ္ေပမဲ့ ေကာင္ေလးအတြက္က သူ႔ပိုင္ဆိုင္မႈ အကုန္ပဲကြ။ အဲ့ဒါေၾကာင့္ ငါ့အတြက္ အသုံးမဝင္မဲ့ အတူ ေလးခုပဲ ယူၿပီး က်န္တာအကုန္ သူ႔ကို ျပန္ေပးခဲ့တာပဲ။

တေန႔ အဲ့ဒီေကာင္ေလး အ႐ြယ္ေရာက္လာတဲ့အခါ သူငယ္စဥ္ အခ်ိန္က ဘာတန္ဖိုးမွ မရွိတဲ့ ခ႐ုခြံေလးေတြကို ေငြလိုသေဘာထား လက္ခံေပးၿပီး သူလိုအပ္ေနတဲ့ အ႐ုပ္ေလးကို ေစတနာနဲ႔ ေပးခဲ့တဲ့ ဆိုင္ရွင္တေယာက္ အေၾကာင္းကို ျပန္ေတြးမိလိမ့္မယ္။

အဲ့ဒီအခါ ေလာကႀကီးမွာ ဒီလို လူေကာင္းေတြလည္း ရွိေနေသးပါလားလို႔ သေဘာေပါက္ၿပီး အလားတူ အျဖစ္အပ်က္ေတြ သူႀကဳံရတဲ့အခါ စာနာတတ္ၿပီး ေစတနာထားတတ္တဲ့ လူေကာင္းတေယာက္ ျဖစ္လာႏိုင္တယ္ကြ။

မွတ္ထားပါ။ အခုလို သူေတာ္ေကာင္း စိတ္ဓာတ္နဲ႔ အျပဳအမူေလးေတြကို ကိုယ့္ပတ္ဝန္းက်င္က လူေတြကို တေယာက္ကေန တေယာက္ လက္ဆင့္ကမ္း ေဝမွ် ၾကရင္း ေလာကႀကီးမွာ စိတ္ထားေကာင္းတဲ့ လူေတြ ပိုမ်ားလာလိမ့္မယ္ကြ၊ ပိုမ်ားလာလိမ့္မယ္"

Allin1Myanmar

Knowledge Village

Post a Comment

0 Comments