ပညာရှင်သုံးယောက်နှင့် မီးဖို

တခါတုန်းက သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တအိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ခက်တာက သူတို့နေတဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖိုတလုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးတွေဟာ ထမင်းစားချိန် ကျရင် ဘေးအိမ်တွေ ဆီကနေ ထမင်းနည်းနည်း၊ ဟင်းနည်းနည်း လိုက်တောင်းစားရတယ် ဆိုပဲ။

တနေ့လည်း မဟုတ်၊ နှစ်နေ့လည်း မဟုတ်၊ နေ့တိုင်း နေ့တိုင်း။ မနက်စာ တောင်းလိုက်၊ ညစာ တောင်းလိုက်နဲ့ ဆိုတော့ ပေးရတဲ့ အိမ်တွေကလည်း ငြိုငြင်လာတယ်။

"ခင်ဗျားတို့ ကလည်းဗျာ၊ တသက်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့ မှာလား။ ကိုယ့်ဘာသာ ကိုယ်လည်း ချက်စားကြဦးမှပေါ့" လို့ လူတွေက ပြောကြတဲ့အခါ သိပ္ပံပညာရှင်တွေက "ချက်တော့ စားချင်ပါတယ်ဗျာ၊ ဒါပေမယ့် မီးဖို မရှိလို့ပေါ့ဗျာ"

"မီးဖို မရှိရင် ဝယ်ပေါ့ဗျာ။ ဒါမှမဟုတ် ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ ကိုယ့်ဘာသာကိုယ် မီးဖိုလေး တလုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား" လို့ လူတွေက ပြောကြပါတယ်။

ဒီလို အပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီး ငါတို့အိမ်မှာ မီးဖိုတလုံးတော့ ရှိဖို့လိုပြီ လို့ ဆုံးဖြတ်လိုက်တယ်။ ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောင်ကြမယ် ပေါ့လေ။ ဒီလိုနဲ့ အားလုံး သဘောတူလိုက်ကြတယ်။

မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တယောက်က အကြံတခု ရလာတယ်။ "ကျူပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီး ကြီးနေတော့ တနေရာက တနေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား"

အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေ တပ်ဖြစ်သွားတယ်။ အဲဒီမှာတင် နောက်တယောက်က "ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့ အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်ဗျာ။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား"

ဒါနဲ့ပဲ မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက် ကြတယ်။ တတိယ သိပ္ပံပညာရှင်က "စက်လည်း တပ်ပြီးပြီ။ ဘီးတွေလည်း ရှိပြီ။ မောင်းလို့လည်း ရနေပြီ ဆိုတော့ တခါတည်း လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့" လို့ အကြံပေးတယ်။ ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။

သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတခု ဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူတယေက်က အဲဒီမီးဖိုလည်း မြင်ရော ရင်သပ် ရှုမောဖြစ်သွားပြီး "အို၊ အံ့မခန်း လက်ရာပဲ" လို့ ချီးကျူးတယ်။ အဲဒီလူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူ မှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရောတဲ့။

ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေ ကြားလေလေ၊ သိပ္ပံပညာရှင်ကြီးတွေ ကလည်း ပိုပြီး ကျေနပ် အားရလာလေလေ၊ သူတို့လက်စွမ်းကို ပြချင်လာလေလေပေါ့။

ဒါနဲ့ သိပ္ပံပညာရှင် တယောက်က မီးဖိုကြီးမှာ နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေ ကိုပါ အလိုအလျောက် စနစ်နဲ့ ဖွဲ့စည်းပြောင်းလဲလို့ ရအောင် တပ်ဆင်လိုက်တယ်။

နောက်တယောက်ကတော့ လေဖိအားသုံး စနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ ဒါ့အပြင် မီးဖိုကြီးဟာ မိုးလေဝသ အခြေအနေ ကိုလည်း တိုင်းတာပေးနိုင်တယ်။

တတိယ သိပ္ပံပညာရှင် ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာ တလုံး ဆင်လိုက်တယ်။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ် တဲ့။

လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ သိပ်မှန်တာပဲ လို့ ချီးမွမ်းကြတယ်။ နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ အထူးခြား အဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။

ဒါပေမယ့် ချွတ်ယွင်းချက်ကလေး တခုတော့ ရှိတယ်။ အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး တဲ့။ သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေဟင်းတွေ လိုက်တောင်းစားနေ ရတာပါ ပဲတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ကျွန်တော် ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး စဉ်းစားနေမိတယ်။ ဘဝမှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ ကြပါလိမ့်လို့။ ကျွန်တော်လည်း စဉ်းစားမိတယ်။

အချစ်ကို လိုချင်ပါတယ် ဆိုပြီး ချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ ပါသလား။ ချစ်ခြင်းမေတ္တာကို ဗန်းပြ အမည်တပ်ပြီး အပို စာသားတွေပဲ တည်ဆောက်ခဲ့ ပါသလား။

အောင်မြင်မှုကို လိုချင်ပါတယ် ဆိုပြီး အောင်မြင်မှု နောက်ကို လျှောက်လှမ်းခဲ့ ပါသလား။ အောင်မြင်မှုအတွက် လို့ ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို အလွဲသုံးစား လုပ်ခဲ့ပါသလား။

ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူး ဆပ်ခဲ့ပါသလား။ ကျေးဇူးပါပဲ စကားကို ထည်လဲ သုံးပြီး တရစ်ပြီးတရစ် စားသုံးခြင်းသာ ပြုခဲ့ပါသလား။

ကျွန်တော်တို့တတွေ ဘာတွေမှန်းသာ မသိတာ တခုခုတော့ လုပ်တော့ လုပ်နေကြတာပါပဲ။ ပုံပြင်ထဲက သိပ္ပံပညာရှင်ကြီးတွေလို နားရတယ် မရှိပါဘူး။ တကုပ်ကုပ်နဲ့ လုပ်နေရတယ်။ တည်ဆောက်ရင်း ဆက်ပြီး တည်ဆောက်ရင်း။

ဘေးနားက မြှောက်ပြောတဲ့ အခါ၊ ခြောက်ပြောတဲ့အခါ အပိုစာသားတွေ ထပ်ကာ ထပ်ကာ ထည့်ရင်း။ ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ ရနေပြီလား။ ဒါမှမဟုတ်ခဲ့ရင် ဘဝမှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ ကြပါလိမ့်။

crd

Zawgyi

ပညာရွင္သုံးေယာက္ႏွင့္ မီးဖို

တခါတုန္းက သိပၸံပညာရွင္ႀကီး သုံးေယာက္ဟာ အိမ္တအိမ္ထဲမွာ အတူတူ စုေပါင္း ေနထိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ခက္တာက သူတို႔ေနတဲ့ အိမ္မွာ ခ်က္ျပဳတ္စားေသာက္ဖို႔ မီးဖိုတလုံးမွ မရွိဘူး။ ဒါေၾကာင့္ သိပၸံပညာရွင္ႀကီးေတြဟာ ထမင္းစားခ်ိန္ က်ရင္ ေဘးအိမ္ေတြ ဆီကေန ထမင္းနည္းနည္း၊ ဟင္းနည္းနည္း လိုက္ေတာင္းစားရတယ္ ဆိုပဲ။

တေန႔လည္း မဟုတ္၊ ႏွစ္ေန႔လည္း မဟုတ္၊ ေန႔တိုင္း ေန႔တိုင္း။ မနက္စာ ေတာင္းလိုက္၊ ညစာ ေတာင္းလိုက္နဲ႔ ဆိုေတာ့ ေပးရတဲ့ အိမ္ေတြကလည္း ၿငိဳျငင္လာတယ္။

"ခင္ဗ်ားတို႔ ကလည္းဗ်ာ၊ တသက္လုံး ဒီလိုခ်ည္းပဲ ေတာင္းစားေနေတာ့ မွာလား။ ကိုယ့္ဘာသာ ကိုယ္လည္း ခ်က္စားၾကဦးမွေပါ့" လို႔ လူေတြက ေျပာၾကတဲ့အခါ သိပၸံပညာရွင္ေတြက "ခ်က္ေတာ့ စားခ်င္ပါတယ္ဗ်ာ၊ ဒါေပမယ့္ မီးဖို မရွိလို႔ေပါ့ဗ်ာ"

"မီးဖို မရွိရင္ ဝယ္ေပါ့ဗ်ာ။ ဒါမွမဟုတ္ ခင္ဗ်ားတို႔လည္း သိပၸံပညာရွင္ေတြပဲ ကိုယ့္ဘာသာကိုယ္ မီးဖိုေလး တလုံးေလာက္ ျဖစ္ေအာင္ မလုပ္တတ္ၾကဘူးလား" လို႔ လူေတြက ေျပာၾကပါတယ္။

ဒီလို အေျပာခံရေတာ့ သိပၸံပညာရွင္ သုံးေယာက္ဟာ ေလးေလးနက္နက္ စဥ္းစားၾကၿပီး ငါတို႔အိမ္မွာ မီးဖိုတလုံးေတာ့ ရွိဖို႔လိုၿပီ လို႔ ဆုံးျဖတ္လိုက္တယ္။ ဒါျဖင့္ ဘယ္လိုလုပ္မလဲ။ စိတ္တိုင္းက် ျဖစ္ေအာင္ သူတို႔ကိုယ္တိုင္ ပုံစံဆြဲၿပီး တည္ေဆာင္ၾကမယ္ ေပါ့ေလ။ ဒီလိုနဲ႔ အားလုံး သေဘာတူလိုက္ၾကတယ္။

မီးဖိုႀကီး မၿပီးခင္မွာ ပညာရွင္တေယာက္က အႀကံတခု ရလာတယ္။ "က်ဴပ္တို႔ လုပ္တဲ့ မီးဖိုက သိပ္ၿပီး ႀကီးေနေတာ့ တေနရာက တေနရာကို ေ႐ႊ႕လို႔လြယ္ေအာင္ ဘီးေတြ တပ္လိုက္ရင္ မေကာင္းဘူးလား"

အဲဒီ အႀကံေၾကာင့္ မီးဖိုေအာက္ေျခမွာ ဘီးေတြ တပ္ျဖစ္သြားတယ္။ အဲဒီမွာတင္ ေနာက္တေယာက္က "ဘီးေတြခ်ည္းပဲ ရွိေနရင္ မီးဖိုကို ေ႐ႊ႕ခ်င္တဲ့ အခါ တြန္းေနရမွာေပါ့။ ပင္ပန္းပါတယ္ဗ်ာ။ ေမာင္းၿပီး ယူသြားလို႔ ရေအာင္ ေမာ္ေတာ္ကားလို စက္တပ္လိုက္ရင္ မေကာင္းဘူးလား"

ဒါနဲ႔ပဲ မီးဖိုမွာ အင္ဂ်င္ေတြ စက္ေတြ တပ္ဆင္လိုက္ ၾကတယ္။ တတိယ သိပၸံပညာရွင္က "စက္လည္း တပ္ၿပီးၿပီ။ ဘီးေတြလည္း ရွိၿပီ။ ေမာင္းလို႔လည္း ရေနၿပီ ဆိုေတာ့ တခါတည္း လူေတြပါ လိုက္စီးလို႔ ရေအာင္ လုပ္ၾကစို႔" လို႔ အႀကံေပးတယ္။ ဒါနဲ႔ပဲ မီးဖိုဟာ လူစီးလို႔ရတဲ့ ယာဥ္ႀကီး ျဖစ္သြားေရာ။

သိပၸံပညာရွင္ႀကီးေတြ မီးဖိုတခု ေဆာက္ေနတယ္ ၾကားလို႔ လာၾကည့္တဲ့ လူတေယက္က အဲဒီမီးဖိုလည္း ျမင္ေရာ ရင္သပ္ ရႈေမာျဖစ္သြားၿပီး "အို၊ အံ့မခန္း လက္ရာပဲ" လို႔ ခ်ီးက်ဴးတယ္။ အဲဒီလူက စၿပီး သတင္းျဖန႔္လိုက္လို႔ ၾကားရတဲ့သူ မွန္သမွ် မီးဖိုႀကီးကို က်ိတ္က်ိတ္တိုး လုယက္တိုးေဝွ႔ ၾကည့္ၾကပါေရာတဲ့။

ၾကည့္တဲ့သူတိုင္းကလည္း မီးဖိုႀကီးကို အမ်ိဳးမ်ိဳး ခ်ီးမြမ္းၾကတယ္။ ခ်ီးမြမ္းသံေတြ ၾကားေလေလ၊ သိပၸံပညာရွင္ႀကီးေတြ ကလည္း ပိုၿပီး ေက်နပ္ အားရလာေလေလ၊ သူတို႔လက္စြမ္းကို ျပခ်င္လာေလေလေပါ့။

ဒါနဲ႔ သိပၸံပညာရွင္ တေယာက္က မီးဖိုႀကီးမွာ ေနာက္တြဲတပ္ၿပီး ေရခ်ိဳးခန္း၊ ဧည့္ခန္းေတြ၊ အိမ္သာေတြ ကိုပါ အလိုအေလ်ာက္ စနစ္နဲ႔ ဖြဲ႕စည္းေျပာင္းလဲလို႔ ရေအာင္ တပ္ဆင္လိုက္တယ္။

ေနာက္တေယာက္ကေတာ့ ေလဖိအားသုံး စနစ္နဲ႔ မီးဖိုႀကီးကို စီးၿပီး ေကာင္းကင္ေပၚ ပ်ံလို႔ရေအာင္ လုပ္တယ္။ ဒါ့အျပင္ မီးဖိုႀကီးဟာ မိုးေလဝသ အေျခအေန ကိုလည္း တိုင္းတာေပးႏိုင္တယ္။

တတိယ သိပၸံပညာရွင္ ကေတာ့ မီးဖိုႀကီးအတြင္းမွာ ကြန္ပ်ဴတာ တလုံး ဆင္လိုက္တယ္။ မီးဖိုႀကီးကို လာၾကည့္ၾကတဲ့ လူေတြက ေမြးေန႔သကၠရာဇ္ကို စာ႐ြက္တ႐ြက္မွာ ေရးၿပီး မီးဖိုထဲ ထည့္လိုက္ရင္ ကြန္ပ်ဴတာက ေဗဒင္ေဟာေပးတယ္ တဲ့။

လူေတြက မီးဖိုႀကီးရဲ႕ ကြန္ပ်ဴတာ ေဗဒင္ဟာ သိပ္မွန္တာပဲ လို႔ ခ်ီးမြမ္းၾကတယ္။ ေနာက္ဆုံးေတာ့ မီးဖိုႀကီးကို အစစအရာရာ တပ္ဆင္လို႔ ၿပီးသြားၾကတယ္။ ကမာၻေပၚမွာ အထူးျခား အဆန္းသစ္ဆုံး အျပည့္စုံဆုံး မီးဖိုႀကီးပါ။

ဒါေပမယ့္ ခြၽတ္ယြင္းခ်က္ကေလး တခုေတာ့ ရွိတယ္။ အဲဒီ မီးဖိုမွာ မီးေမႊးလို႔ မရဘူး တဲ့။ သိပၸံပညာရွင္ႀကီး သုံးေယာက္ဟာ အရင္ကလိုပဲ ထမင္းေတြဟင္းေတြ လိုက္ေတာင္းစားေန ရတာပါ ပဲတဲ့။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ ကြၽန္ေတာ္ ကေတာ့ ပုံျပင္ကို နားေထာင္ၿပီး အမ်ားႀကီး စဥ္းစားေနမိတယ္။ ဘဝမွာ ကြၽန္ေတာ္တို႔ဟာ ဘာေတြကို တည္ေဆာက္ေနခဲ့ ၾကပါလိမ့္လို႔။ ကြၽန္ေတာ္လည္း စဥ္းစားမိတယ္။

အခ်စ္ကို လိုခ်င္ပါတယ္ ဆိုၿပီး ခ်စ္ျခင္းေမတၱာကို တည္ေဆာက္ခဲ့ ပါသလား။ ခ်စ္ျခင္းေမတၱာကို ဗန္းျပ အမည္တပ္ၿပီး အပို စာသားေတြပဲ တည္ေဆာက္ခဲ့ ပါသလား။

ေအာင္ျမင္မႈကို လိုခ်င္ပါတယ္ ဆိုၿပီး ေအာင္ျမင္မႈ ေနာက္ကို ေလွ်ာက္လွမ္းခဲ့ ပါသလား။ ေအာင္ျမင္မႈအတြက္ လို႔ ေခါင္းစဥ္တပ္ၿပီး အခြင့္အေရးေတြကို အလြဲသုံးစား လုပ္ခဲ့ပါသလား။

ေက်းဇူးတင္ပါတယ္ ဆိုၿပီး ေက်းဇူး ဆပ္ခဲ့ပါသလား။ ေက်းဇူးပါပဲ စကားကို ထည္လဲ သုံးၿပီး တရစ္ၿပီးတရစ္ စားသုံးျခင္းသာ ျပဳခဲ့ပါသလား။

ကြၽန္ေတာ္တို႔တေတြ ဘာေတြမွန္းသာ မသိတာ တခုခုေတာ့ လုပ္ေတာ့ လုပ္ေနၾကတာပါပဲ။ ပုံျပင္ထဲက သိပၸံပညာရွင္ႀကီးေတြလို နားရတယ္ မရွိပါဘူး။ တကုပ္ကုပ္နဲ႔ လုပ္ေနရတယ္။ တည္ေဆာက္ရင္း ဆက္ၿပီး တည္ေဆာက္ရင္း။

ေဘးနားက ေျမႇာက္ေျပာတဲ့ အခါ၊ ေျခာက္ေျပာတဲ့အခါ အပိုစာသားေတြ ထပ္ကာ ထပ္ကာ ထည့္ရင္း။ ကြၽန္ေတာ္တို႔ တည္ေဆာက္ေနတဲ့ မီးဖိုႀကီးဟာ မီးေမႊးလို႔ ရေနၿပီလား။ ဒါမွမဟုတ္ခဲ့ရင္ ဘဝမွာ ကြၽန္ေတာ္တို႔ဟာ ဘာေတြကို တည္ေဆာက္ေနခဲ့ ၾကပါလိမ့္။

crd

Post a Comment

0 Comments