ရုံးကဝန်ထမ်းတွေ စိတ်ဖိစီးမှု လျော့ကျအောင်လို့ ကြောင်လေးတွေကို လုပ်ငန်းခွင်ထဲ ယူခွင့်ပြုခဲ့တဲ့ ဂျပန်

ကုမ္ပဏီတစ်ခုမှာ နေ့ရက်တိုင်းကို "သင့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးကို အလုပ်ခေါ်သွားလို့ရတယ်" လို့ မြင်ယောင်ကြည့်ပါ။ အရမ်းကို ကြည်နူးစရာကောင်းပြီး သင့်ချစ်ရတဲ့ အကောင်လေးနဲ့လည်း အချိန်တိုင်းရှိနေရမှာပဲ ဖြစ်ပါတယ်။ အိမ်မှာလည်း တစ်ကောင်တည်း အထီးကျန်နေမလား ဆိုပြီးလည်း တွေးပူနေစရာမလိုပါဘူး။

ဒါပေမယ့် ဒီဂျပန်ကုမ္ပဏီက ၀န်ထမ်းတွေကတော့ အိမ်ကနေ ကိုယ်ချစ်တဲ့အကောင်လေးတွေကို ခေါ်လာလို့ရပါပြီ။ ကြောင်လေးတွေတင် မကပါဘူး။ ကိုယ်ချစ်တဲ့၊ ကိုယ်မွေးထားတဲ့ အကောင်လေးတွေ အကုန်လုံးကို ခေါ်လာလို့ ရပါတယ်။

ဂျပန်နိုင်ငံဟာ အလုပ်မှာ ပင်ပန်းမှုတွေနှင့် စိုးရိမ်ပူပန်မှုအကျပ်အတည်းတွေကြောင့် ကျော်ကြားတဲ့ နိုင်ငံတွေထဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီတစ်ခုက စိတ်ဖိစီးမှုတွေ လျော့ကျသွားအောင်လို့ ခေါ်ယူခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

တိုကျိုမှာရှိတဲ့ အင်တာနက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ferray ကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလိုပဲ ခေတ်မှီဆန်းသစ်နေရုံသာမကပဲ ကြောင်တွေပါ ရှိနေတာကြောင့် အရမ်းကို လှပနေပါတယ်။

ကုမ္ပဏီမှာရှိတဲ့ မန်နေဂျာတွေဟာ ဝန်ထမ်းတွေကို စိတ်ဖိစီးမှုတွေ ဖြစ်သွားမှာကို စိုးရိမ်ကြပါတယ်။ တိရိစ္ဆာန်လေးတွေ ရှိနေတာက စိတ်ပူပန်မှုကို လျော့ပါးစေနိုင်ကြောင်းကို သူတို့ကောင်းကောင်းကြီး သိထားပါတယ်။ တိုကျိုမှာ ငှားနေရတဲ့ တိုက်ခန်းတွေက အရမ်းသေးငယ်တဲ့အပြင် ပိုင်ရှင်တွေကလည်း ကြောင်လေးတွေ၊ ခွေးလေးတွေစတဲ့ အိမ်မွေးတိရစ္ဆာန်လေး မွေးမြူတာကို တားမြစ်ထားပါတယ်။

ဒါကြောင့် သူတို့ရဲ့ ဝန်ထမ်းတွေကို ရုံးမှာ ကြောင်မွေးဖို့ ခွင့်ပြုလိုက်ပါတယ်။ တစ်နေရာရာကနေ ဝယ်တာပဲဖြစ်ဖြစ်၊ လမ်းဘေးကနေ မွေးစားတာပဲ ဖြစ်ဖြစ်ခွင့်ပြုထားပါတယ်။ ကြောင်လေးတွေကို ရုံးမှာပဲ နေခိုင်းပြီးတော့ ဝန်ထမ်းတွေကလည်း နေ့တိုင်း ထိတွေ့နေကြတာကြောင့် အရမ်းကို ပျော်နေကြပါတယ်။

ဒီအကြံဟာ ဝန်ထမ်းတွေရဲ့ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့ပါတယ်။ လုပ်ငန်းရှင် အများအပြားကလည်း နောက်ပရောဂျက်တွေအတွက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့မွေးစား ဒါမှမဟုတ် ကယ်တင်ခဲ့တဲ့ကြောင် တစ်ကောင်ချင်းစီအတွက် ယန်းငွေ 45,000 ဝန်းကျင်အထိ ရရှိခဲ့ကြပါတယ်။ တချို့ကလည်း ကြောင်တစ်ကောင်ထက်ပိုပြီး မွေးခဲ့ကြပါတယ်။

ကြောင်လေးတွေကို ရုံးကို​ခေါ်ခွင့်ပြုခဲ့တာက လုပ်ငန်းမှာ တော်တော် အောင်မြင်ခဲ့ပါတယ်။ ဒီလိုကြောင်လေးတွေကို ပွေ့ဖက်ပြီး အလုပ်လုပ်နေရတာကြောင့် ကုန်ထုတ်စွမ်းအား တိုးလာပြီး စိတ်ဖိစီးမှု အဆင့်တွေ ကျဆင်းလာတဲ့အပြင် ရုံးတွင်း ဆက်သွယ်မှုတွေ ပိုမိုကောင်းမွန်လာကြောင်း မန်နေဂျာတွေက အစီရင်ခံတင်ပြခဲ့ကြပါတယ်။ အဲဒါကို ကောင်းမွန်တဲ့ ရုံးယဉ်ကျေးမှုလို့လည်း ခေါ်နေကြပါတယ်။

လူသားတွေရဲ့ အကြံဉာဏ်ကောင်းမှုကြောင့် လေလွင့်ကြောင်လေးတွေဟာ လမ်းဘေးမှာ မနေထိုင်ရတော့ပါဘူး။ အစာကိုလည်း ကောင်းကောင်းမွန်မွန်စားရတဲ့အပြင် အိပ်ရေးဝဝနဲ့ လုံလုံခြုံခြုံလည်း အိပ်ရပါတယ်။ ဒါပေမယ့်လည်း တချို့လူတွေကတော့ ဒီကြောင်လေးတွေမှာ ကိုယ်ပိုင်မိသားစုတွေ ရှိနေနိုင်လို့ ခေါ်မမွေးသင့်ဘူးလို့ ထင်ကြေးတွေပေးနေကြပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ ၊ ကြောင်လေးတွေဟာ လမ်းဘေးမှာ အေးအေးချမ်းချမ်းနဲ့ မအိပ်ရတော့ပါဘူး။ ဂျပန်လို ရာသီဥတု အရမ်းအေးတဲ့နေရာမှာ ကြောင်လေးတွေအတွက် နေထိုင်ရတာ အရမ်းကို ခက်ခဲလွန်းပါတယ်။

Zombie (lovemedia)

for zawgyi

႐ုံးကဝန္ထမ္းေတြ စိတ္ဖိစီးမႈ ေလ်ာ့က်ေအာင္လို႔ ေၾကာင္ေလးေတြကို လုပ္ငန္းခြင္ထဲ ယူခြင့္ျပဳခဲ့တဲ့ ဂ်ပန္

ကုမၸဏီတစ္ခုမွာ ေန႔ရက္တိုင္းကို "သင့္ရဲ႕အိမ္ေမြးတိရစာၦန္ေလးကို အလုပ္ေခၚသြားလို႔ရတယ္" လို႔ ျမင္ေယာင္ၾကည့္ပါ။ အရမ္းကို ၾကည္ႏူးစရာေကာင္းၿပီး သင့္ခ်စ္ရတဲ့ အေကာင္ေလးနဲ႔လည္း အခ်ိန္တိုင္းရွိေနရမွာပဲ ျဖစ္ပါတယ္။ အိမ္မွာလည္း တစ္ေကာင္တည္း အထီးက်န္ေနမလား ဆိုၿပီးလည္း ေတြးပူေနစရာမလိုပါဘူး။

ဒါေပမယ့္ ဒီဂ်ပန္ကုမၸဏီက ၀န္ထမ္းေတြကေတာ့ အိမ္ကေန ကိုယ္ခ်စ္တဲ့အေကာင္ေလးေတြကို ေခၚလာလို႔ရပါၿပီ။ ေၾကာင္ေလးေတြတင္ မကပါဘူး။ ကိုယ္ခ်စ္တဲ့၊ ကိုယ္ေမြးထားတဲ့ အေကာင္ေလးေတြ အကုန္လုံးကို ေခၚလာလို႔ ရပါတယ္။ ဂ်ပန္ႏိုင္ငံဟာ အလုပ္မွာ ပင္ပန္းမႈေတြႏွင့္ စိုးရိမ္ပူပန္မႈအက်ပ္အတည္းေတြေၾကာင့္ ေက်ာ္ၾကားတဲ့ ႏိုင္ငံေတြထဲ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကုမၸဏီတစ္ခုက စိတ္ဖိစီးမႈေတြ ေလ်ာ့က်သြားေအာင္လို႔ ေခၚယူခြင့္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။

တိုက်ိဳမွာရွိတဲ့ အင္တာနက္ ကုမၸဏီတစ္ခုျဖစ္တဲ့ Ferray ကုမၸဏီဟာ တျခားကုမၸဏီေတြလိုပဲ ေခတ္မွီဆန္းသစ္ေန႐ုံသာမကပဲ ေၾကာင္ေတြပါ ရွိေနတာေၾကာင့္ အရမ္းကို လွပေနပါတယ္။

ကုမၸဏီမွာရွိတဲ့ မန္ေနဂ်ာေတြဟာ ဝန္ထမ္းေတြကို စိတ္ဖိစီးမႈေတြ ျဖစ္သြားမွာကို စိုးရိမ္ၾကပါတယ္။ တိရိစာၦန္ေလးေတြ ရွိေနတာက စိတ္ပူပန္မႈကို ေလ်ာ့ပါးေစႏိုင္ေၾကာင္းကို သူတို႔ေကာင္းေကာင္းႀကီး သိထားပါတယ္။ တိုက်ိဳမွာ ငွားေနရတဲ့ တိုက္ခန္းေတြက အရမ္းေသးငယ္တဲ့အျပင္ ပိုင္ရွင္ေတြကလည္း ေၾကာင္ေလးေတြ၊ ေခြးေလးေတြစတဲ့ အိမ္ေမြးတိရစာၦန္ေလး ေမြးျမဴတာကို တားျမစ္ထားပါတယ္။

ဒါေၾကာင့္ သူတို႔ရဲ႕ ဝန္ထမ္းေတြကို ႐ုံးမွာ ေၾကာင္ေမြးဖို႔ ခြင့္ျပဳလိုက္ပါတယ္။ တစ္ေနရာရာကေန ဝယ္တာပဲျဖစ္ျဖစ္၊ လမ္းေဘးကေန ေမြးစားတာပဲ ျဖစ္ျဖစ္ခြင့္ျပဳထားပါတယ္။ ေၾကာင္ေလးေတြကို ႐ုံးမွာပဲ ေနခိုင္းၿပီးေတာ့ ဝန္ထမ္းေတြကလည္း ေန႔တိုင္း ထိေတြ႕ေနၾကတာေၾကာင့္ အရမ္းကို ေပ်ာ္ေနၾကပါတယ္။

ဒီအႀကံဟာ ဝန္ထမ္းေတြရဲ႕ အာ႐ုံကို ခ်က္ခ်င္း ဖမ္းစားႏိုင္ခဲ့ပါတယ္။ လုပ္ငန္းရွင္ အမ်ားအျပားကလည္း ေနာက္ပေရာဂ်က္ေတြအတြက္ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ဒါ့အျပင္ သူတို႔ေမြးစား ဒါမွမဟုတ္ ကယ္တင္ခဲ့တဲ့ေၾကာင္ တစ္ေကာင္ခ်င္းစီအတြက္ ယန္းေငြ 45,000 ဝန္းက်င္အထိ ရရွိခဲ့ၾကပါတယ္။

တခ်ိဳ႕ကလည္း ေၾကာင္တစ္ေကာင္ထက္ပိုၿပီး ေမြးခဲ့ၾကပါတယ္။

ေၾကာင္ေလးေတြကို ႐ုံးကို​ေခၚခြင့္ျပဳခဲ့တာက လုပ္ငန္းမွာ ေတာ္ေတာ္ ေအာင္ျမင္ခဲ့ပါတယ္။ ဒီလိုေၾကာင္ေလးေတြကို ေပြ႕ဖက္ၿပီး အလုပ္လုပ္ေနရတာေၾကာင့္ ကုန္ထုတ္စြမ္းအား တိုးလာၿပီး စိတ္ဖိစီးမႈ အဆင့္ေတြ က်ဆင္းလာတဲ့အျပင္ ႐ုံးတြင္း ဆက္သြယ္မႈေတြ ပိုမိုေကာင္းမြန္လာေၾကာင္း မန္ေနဂ်ာေတြက အစီရင္ခံတင္ျပခဲ့ၾကပါတယ္။ အဲဒါကို ေကာင္းမြန္တဲ့ ႐ုံးယဥ္ေက်းမႈလို႔လည္း ေခၚေနၾကပါတယ္။

လူသားေတြရဲ႕ အႀကံဉာဏ္ေကာင္းမႈေၾကာင့္ ေလလြင့္ေၾကာင္ေလးေတြဟာ လမ္းေဘးမွာ မေနထိုင္ရေတာ့ပါဘူး။ အစာကိုလည္း ေကာင္းေကာင္းမြန္မြန္စားရတဲ့အျပင္ အိပ္ေရးဝဝနဲ႔ လုံလုံၿခဳံၿခဳံလည္း အိပ္ရပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕လူေတြကေတာ့ ဒီေၾကာင္ေလးေတြမွာ ကိုယ္ပိုင္မိသားစုေတြ ရွိေနႏိုင္လို႔ ေခၚမေမြးသင့္ဘူးလို႔ ထင္ေၾကးေတြေပးေနၾကပါတယ္။

ဘယ္လိုပဲျဖစ္ေနပါေစ ၊ ေၾကာင္ေလးေတြဟာ လမ္းေဘးမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ မအိပ္ရေတာ့ပါဘူး။ ဂ်ပန္လို ရာသီဥတု အရမ္းေအးတဲ့ေနရာမွာ ေၾကာင္ေလးေတြအတြက္ ေနထိုင္ရတာ အရမ္းကို ခက္ခဲလြန္းပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments