သေရမှာ ကြောက်နေရင် ရှင်သန်ဖို့ ခက်ခဲတယ်

Joker ကို ငယ်ငယ်က ကျွန်တော် သိပ်မုန်းခဲ့ ဖူးတယ်။ ဒီကောင့်ကို ကြည့်လိုက်ရင် ရူးသလိုလို ပေါသလိုလိုနဲ့ ဘာကောင်မှန်းမသိ၊ ပြီးတော့ ဘာစွမ်းအားမှလည်း မရှိဘူးဆိုပြီး အထင်သေးခဲ့မိတာ။

နောက်ပိုင်း Joker က တခု သင်ပေးခဲ့တယ်။ အဲ့ဒါက ယုံကြည်ချက် ရှိစေဖို့ပဲ။

Joker ဟာ စိတ်ဒါဏ်ရာ ရနေတဲ့ သူတွေကို ကိုယ်စားပြုတယ်။ မိဘမေတ္တာ အလုံအလောက် မရခဲ့သူ‌တွေ၊ အပေါင်းအသင်း‌တွေရဲ့ အစွန့်ပစ် ခံရသူတွေ၊ အချစ်ရေးဆို အမြဲ ရှုံးနိမ့်ခြင်းတွေ၊ စိတ်ဒါဏ်ရာတွေကြား လှောင်ပိတ် ခံထားရတာတွေ၊ အကုန်လုံး သူ့ဆီမှာ မြင်တွေ့နိုင်တယ်။

သူ့ကို သဘောကျမိတဲ့ အချက်က သူက ရဲရင့်တယ်။ သူ ခံစားနေရတာ တွေကို ထုတ်မပြဘူး။ သီချင်းတွေ ဖွင့်ပြီး မ Feel ဘူး။ အရက်တွေသောက်ပြီး မနာကျင်ဘူး။ ဆေးတွေ သုံးပြီး မကုစားဘူး။ ရယ်တယ်။ သူ့ကို သဘောကျမိတာ အဲ့အချက်လေး။

ငေးမှိုင်နေလို့ ထူးလာမှာ မဟုတ်တဲ့ အတွက် ရယ်ပစ်လိုက်တာ အရသာ ပိုရှိကြောင်း သူ သင်ပေးခဲ့တယ်။

လူတချို့က ကိုယ့်ကိုယ်ကို မသိမသာလေး ညာနေကြတာ။ ဟိုလူ မရှိရင် ငါအဆင်မပြေဘူး၊ ဒီလူ မရှိရင် ငါ့မနက်ဖြန်တွေ ဘယ်လိုဖြစ်မှာ၊ သူသာ မရှိရင်တော့ ငါ့အနာဂတ် သွားပြီဆိုပြီး စသည်ဖြင့်ပေါ့။

တကယ်တော့ သူတို့ မေ့နေတာက အဓိက အချက်ကို ကိုယ့်အနားမှာ ရှိတဲ့ လူတိုင်းက ကိုယ့်ကို လိုအပ်နေတာ မဟုတ်သလို ကိုယ့်ကို လိုအပ်နေတဲ့ သူတိုင်းကလည်း ကိုယ့်အနားမှာ ရှိချင်မှ ရှိနေမှာ။

လုပ်ခဲ့မိတဲ့ အမှားတွေကို နောင်တ ရနေဖို့ထက် အမှားတွေထဲက သင်ခန်းစာ ပြန်ယူတယ်။ ဖြစ်မလာသေးတဲ့ ကိစ္စတွေကို တွေးပူနေခြင်းက လက်ရှိ အချိန်တွေကို ဖြုန်းတီးနေကြောင်း သိစေခဲ့တယ်။

ပိုင်ဆိုင်ခြင်တဲ့ အရာတွေနောက် လိုက်ခြင်းက ပိုင်ဆိုင်သင့်တာ တွေနဲ့ ဝေးသွားတတ်ကြောင်း ပြခဲ့တယ်။ အဲ့အချက်တွေကြောင့် Joker ကို Respect မိတယ်။

နောက်ဆုံး Joker ဆီက ရခဲ့တဲ့ အချက်လေးက "သေဆုံးရမှာ ကြောက်နေရင် ရှင်သန်ဖို့ ခက်ခဲတယ်" ဆိုတာပဲ။

Old but Joker

Crd

Zawgyi

ေသရမွာ ေၾကာက္ေနရင္ ရွင္သန္ဖို႔ ခက္ခဲတယ္

Joker ကို ငယ္ငယ္က ကြၽန္ေတာ္ သိပ္မုန္းခဲ့ ဖူးတယ္။ ဒီေကာင့္ကို ၾကည့္လိုက္ရင္ ႐ူးသလိုလို ေပါသလိုလိုနဲ႔ ဘာေကာင္မွန္းမသိ၊ ၿပီးေတာ့ ဘာစြမ္းအားမွလည္း မရွိဘူးဆိုၿပီး အထင္ေသးခဲ့မိတာ။

ေနာက္ပိုင္း Joker က တခု သင္ေပးခဲ့တယ္။ အဲ့ဒါက ယုံၾကည္ခ်က္ ရွိေစဖို႔ပဲ။

Joker ဟာ စိတ္ဒါဏ္ရာ ရေနတဲ့ သူေတြကို ကိုယ္စားျပဳတယ္။ မိဘေမတၱာ အလုံအေလာက္ မရခဲ့သူ‌ေတြ၊ အေပါင္းအသင္း‌ေတြရဲ႕ အစြန႔္ပစ္ ခံရသူေတြ၊ အခ်စ္ေရးဆို အၿမဲ ရႈံးနိမ့္ျခင္းေတြ၊ စိတ္ဒါဏ္ရာေတြၾကား ေလွာင္ပိတ္ ခံထားရတာေတြ၊ အကုန္လုံး သူ႔ဆီမွာ ျမင္ေတြ႕ႏိုင္တယ္။

သူ႔ကို သေဘာက်မိတဲ့ အခ်က္က သူက ရဲရင့္တယ္။ သူ ခံစားေနရတာ ေတြကို ထုတ္မျပဘူး။ သီခ်င္းေတြ ဖြင့္ၿပီး မ Feel ဘူး။ အရက္ေတြေသာက္ၿပီး မနာက်င္ဘူး။ ေဆးေတြ သုံးၿပီး မကုစားဘူး။ ရယ္တယ္။ သူ႔ကို သေဘာက်မိတာ အဲ့အခ်က္ေလး။

ေငးမႈိင္ေနလို႔ ထူးလာမွာ မဟုတ္တဲ့ အတြက္ ရယ္ပစ္လိုက္တာ အရသာ ပိုရွိေၾကာင္း သူ သင္ေပးခဲ့တယ္။

လူတခ်ိဳ႕က ကိုယ့္ကိုယ္ကို မသိမသာေလး ညာေနၾကတာ။ ဟိုလူ မရွိရင္ ငါအဆင္မေျပဘူး၊ ဒီလူ မရွိရင္ ငါ့မနက္ျဖန္ေတြ ဘယ္လိုျဖစ္မွာ၊ သူသာ မရွိရင္ေတာ့ ငါ့အနာဂတ္ သြားၿပီဆိုၿပီး စသည္ျဖင့္ေပါ့။

တကယ္ေတာ့ သူတို႔ ေမ့ေနတာက အဓိက အခ်က္ကို ကိုယ့္အနားမွာ ရွိတဲ့ လူတိုင္းက ကိုယ့္ကို လိုအပ္ေနတာ မဟုတ္သလို ကိုယ့္ကို လိုအပ္ေနတဲ့ သူတိုင္းကလည္း ကိုယ့္အနားမွာ ရွိခ်င္မွ ရွိေနမွာ။

လုပ္ခဲ့မိတဲ့ အမွားေတြကို ေနာင္တ ရေနဖို႔ထက္ အမွားေတြထဲက သင္ခန္းစာ ျပန္ယူတယ္။ ျဖစ္မလာေသးတဲ့ ကိစၥေတြကို ေတြးပူေနျခင္းက လက္ရွိ အခ်ိန္ေတြကို ျဖဳန္းတီးေနေၾကာင္း သိေစခဲ့တယ္။

ပိုင္ဆိုင္ျခင္တဲ့ အရာေတြေနာက္ လိုက္ျခင္းက ပိုင္ဆိုင္သင့္တာ ေတြနဲ႔ ေဝးသြားတတ္ေၾကာင္း ျပခဲ့တယ္။ အဲ့အခ်က္ေတြေၾကာင့္ Joker ကို Respect မိတယ္။

ေနာက္ဆုံး Joker ဆီက ရခဲ့တဲ့ အခ်က္ေလးက "ေသဆုံးရမွာ ေၾကာက္ေနရင္ ရွင္သန္ဖို႔ ခက္ခဲတယ္" ဆိုတာပဲ။

Old but Joker

Crd

Post a Comment

0 Comments