ဉာဏ်ပညာထက်မြက်သော မိန်းမ

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဉ်ကာလ နယ်စပ်ကျေးရွာလေး တွေမှာ ခိုးသားဓားပြတွေ သောင်းကျန်းနေလို့ ဘုရင့် စစ်သည်တော်တွေကို လွှတ်ပြီး နှိမ်နင်းစေခဲ့ ပါတယ်။ ခိုးသားဓားပြတွေဟာ ဘုရင့်စစ်တပ် လာမယ်ဆိုတာ ကြားကတည်းက အားလုံး တောထဲပြေးဝင် ခိုအောင်းသွားကြ ပါတော့တယ်။

ဘုရင့် စစ်သည်တော်တွေ ရောက်လာတော့ ဘယ်ခိုးသားဓားပြမှ မတွေ့ရတော့ပါဘူး။ ဒီအတိုင်း ပြန်သွားရင်လည်း မင်းပြစ်မင်းဒဏ် သင့်မှာဆိုတော့ စစ်သည်တွေဟာ နယ်စပ် ဇနပုဒ်လေးတစ်ခုမှာ လယ်လုပ်ကိုင်း ခုတ်နေကြတဲ့ မိသားတစုကို အကြောင်းရှာပြီး ဖမ်းဆီးလိုက်ကြပါတယ်။

ယောက်ျားကြီးတယောက် ၊ လူလတ်ပိုင်း တယောက်၊ လူငယ်လေးက တယောက်နဲ့ မိန်းမတယောက်မှာ မိန်းမကိုတော့ မဖမ်းဘူး။ ကျန်သုံးယောက်စလုံးကို တုပ်နှောင်ဖမ်းဆီးပြီး မင်းနေပြည်ကို ခေါ်ဆောင် သွားပါတော့တယ်။ မိန်းမက ငိုယို တောင်းပန်ပေမယ့် မရပါဘူး။ ခိုးသားဓားပြ အကြောင်းပြ၍ ဖမ်းဆီးသွားတယ် လို့ ဆိုပါတယ်။

စစ်သည်တော်တို့ ဖမ်းဆီးခဲ့သူ များအနက် လူကြီးကတော့ အဲ့ဒီမိန်းမရဲ့ လင်ယောက်ျား ဖြစ်တယ်။ လူလတ်မှာ သူမ၏ မောင်ငယ် ဖြစ်ပြီး လူငယ်လေးမှာ သူမ၏သား ဖြစ်ပါတယ်။ မတရားခံခဲ့ရတဲ့ မိန်းမဟာ မကျေနပ်နိုင်လို့ မင်းနေပြည်ကို လိုက်သွားပြီး နန်းရင်ပြင်က ဟစ်တိုင်မှာ စည်ကြီးကို ထုပြီး အောက်ပါအတိုင်း ဟစ်ကြွေးနေတော့တာပေါ့။

"ကျွန်တော်မျိုးမကို အဝတ် ပေးတော်မူပါဘုရား၊ အဝတ်ပေးတော်မူပါ" တစာစာ ဟစ်ကြွေးနေသံကို ကြားတော့ ဘုရင်မင်းတရားက အမတ်တွေလွှတ်ပြီး အဝတ်တွေ ပေးခိုင်း လိုက်ပါတယ်။ ဒီလို ပေးပြန် တော့လည်း မဟုတ်သေးဘဲ အောက်ပါအတိုင်း ပြောပြန်ပါတယ်။

"ကျွန်တော်မျိုးမ လိုချင်တာ ဒီအဝတ်တွေ မဟုတ်ပါဘူး။ လင်ယောက်ျားဆိုတဲ့ အဝတ်ကို တောင်းခံနေတာ ဖြစ်ပါတယ် ဘိုးဘိုးတို့"

မိန်းမငယ်ရဲ့ စကားက အဆန်းဖြစ်နေတော့ ဉာဏ်ရည်မြင့်တဲ့ ဘိုးဘိုးတောင် လိုက်မမှီနိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံး မင်းကြီးကိုယ်တိုင် ရောက်လာပြီး မေးယူရတော့တယ်။ "သင်ဘာကို ဆိုလိုတာလဲ အမိငယ်" ဒီတော့မှ မိန်းမငယ်က မင်းကြီးကို အောက်ပါအတိုင်း ရှင်းလင်း ပြောကြားပါတော့တယ်။

"မှန်လှပါ အရှင်မင်းကြီး၊ မြစ်ရေတို့ မည်သည်မှာ တည်ငြိမ်နေလို့ မတင့်တယ်၊ စီးဆင်းနေမှသာ တင့်တယ်ပါတယ်။ တိုင်းပြည်တပြည်မှာလည်း အုပ်ချုပ်မယ့် ဘုရင်မရှိလျှင် မဖြစ်၊ ဘုရင်ရှိမှ ပြည့်စုံပါတယ်။ ဒီလိုပါပဲ ကျွန်တော်မျိုးမတို့ မိန်းမသားတွေ ဘဝမှာလည်း မောင်တကျိပ်ပင် ရှိလင့်ကစား လင်တယောက်မှ မရှိလျှင် အဝတ်မဲ့သလို လုံခြုံမှု မရှိပါဘုရား။ သို့ဖြစ်ပါ၍ လင်ယောက်ျားဆိုသည့် အဝတ်ကို တောင်းဆိုနေရခြင်း ဖြစ်ပါတယ်ဘုရား"

"အိမ်း ကောင်းလေစွ ကောင်းလေစွ။ ဒါနဲ့ အမိငယ်ကို ငါက ဘယ်လင်ကို ရှာပေးစားရမှာလဲ။ ဘုရင်ကို လင် တက်ရှာခိုင်းတာ နင်တယောက်ပဲ တွေ့ဘူးသေးတယ်"

ဉာဏ်လိုက်မမှီတဲ့ ဘုရင်ကို မိန်းမငယ်က အဖြစ်မှန်တွေ ရှင်းပြလိုက်ပါတယ်။ ဒီတော့မှ ဘုရင်ဟာ အပြစ်မရှိပဲ ဖမ်းဆီးခံရတဲ့ လူသုံးယောက်အကြောင်းကို သိသွားပါတော့တယ်။ ဒါပေမယ့် ဒီမိန်းမငယ်ရဲ့ ဉာဏ်ကို စမ်းသပ်ချင်သေးတာနဲ့ အမတ်များနဲ့ တိုင်ပင်ပြီး အမိန့်တော်တခု ချမှတ်လိုက် ပါတယ်။

"ဒီမှာ အမိငယ်၊ ငါမင်းကြီးအနေနဲ့ အပြစ်သား သုံးယောက်စလုံးတော့ လွှတ်မပေးနိုင်ဘူး။ ဒီအထဲက တယောက်ကိုပဲ လွှတ်ပေးနိုင်မယ်။ ဒါကြောင့် အဘယ်တယောက်ကို သင်တောင်းဆိုမလဲ"

ထိုအခါ မိန်းမငယ်က မဆိုင်းမတွပင် "လွှတ်ပေးနိုင်မယ် ဆိုရင်လည်း အကုန် လွှတ်ပေးတော် မူပါဘုရား။ တယောက်ထဲကိုပဲ လွှတ်ပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်မျိုးမ၏ မောင်ငယ်ကိုသာ လွှတ်ပေးတော်မူပါ အရှင်မင်းကြီး"

မိန်းမငယ်၏ စကားကြောင့် မင်းကြီး အံ့အားသင့်ကာ "အလို ခုနကတော့ လင်ယောက်ျားအဝတ်ကို တောင်းဆိုခဲ့တယ်။ အခုတယောက်ပဲ ရွေးရမယ် ဆိုပြန်တော့ မောင်ငယ်ဖြစ်သွားပြန်ရော။ အပြောင်းအလဲ မြန်လှချည်လားအမိရဲ့"

"ဒီလိုရှိပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးမဟာ ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးသည့် အတွက် လင်ယောက်ျား တယောက်ကို အချိန်မရွေး ထပ်၍ ယူနိုင်သလို သားသမီးလည်း ထပ်ယူလို့ ရနိုင်ပါသေးတယ် ဘုရား။ မောင်ငယ်ကတော့ တမိပေါက် ဒီတယောက်သာ ရှိတာမို့ နောက် ထပ် မောင်အစား မရှိနိုင်တော့သည့် အတွက် မောင်ငယ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်ဘုရား"

မိန်းမငယ်၏ အဖြေစကားကို မင်းကြီး သဘောကျတော် မူသွားပါတယ်။ "ပညာဉာဏ် ထက်မြက်လှပါပေတယ် အမိ။ သင့်မိသားစုမှာ တကယ် အပြစ်မရှိတာကိုလည်း ငါကိုယ်တော် ယုံကြည် ခန့်မှန်းမိပါတယ်။ ဒါကြောင့် အားလုံးကို လွှတ်ပေးလိုက်ပါတော့မယ်" ဟု မိန့်တော်မူကာ ဆုတော်ငွေများနှင့် တကွ သုံးယောက်စလုံးကို လွှတ်ပေးလိုက် ပါတော့တယ်။

ဒီဇာတ်လမ်းအရ မိန်းမတယောက်ရဲ့ တကယ် လိမ်မာပါးနပ်တယ် ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ဉာဏ်ပညာ ထက်မြက်မှု ဆိုလိုတာကို တွေ့မြင်နိုင်မှာပါ။ ဉာဏ်ပညာ ပြည့်စုံတဲ့ မိန်းမတယောက်ဟာ ဉာဏ်အမြင်နဲ့ အရာရာကို ဆင်ခြင် သုံးသပ်နိုင်လိမ့်မယ်၊ ဝေဖန်ပိုင်းခြားနိုင်မယ်၊ အကောင်းနဲ့ အဆိုးခွဲခြားဆုံးဖြတ် နိုင်မယ်။

ဒီလို မိန်းမမျိုးဟာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့လည်း အလိုလို စိတ်ချနေရမှာပဲ ဖြစ်ပါတယ်။ အစစ အရာရာ ဝေဖန်ပိုင်းခြား နိုင်ပြီး ဆင်ခြင်သုံးသပ်နိုင်သော အမျိုးသမီးကောင်းများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။

ဣထိဝဂ် ဥစ္ဆင်္ဂ ဇာတ်တော်အား မိမိစိတ်ကူးမိသလို ပြန်လည် ရေးသားထားပါသည်။

crd

Zawgyi

ဉာဏ္ပညာထက္ျမက္ေသာ မိန္းမ

ဟိုးေရွးေရွးတုန္းက ဗာရာဏသီျပည္ ျဗဟၼဒတ္မင္းႀကီး အုပ္ခ်ဳပ္စဥ္ကာလ နယ္စပ္ေက်း႐ြာေလး ေတြမွာ ခိုးသားဓားျပေတြ ေသာင္းက်န္းေနလို႔ ဘုရင့္ စစ္သည္ေတာ္ေတြကို လႊတ္ၿပီး ႏွိမ္နင္းေစခဲ့ ပါတယ္။ ခိုးသားဓားျပေတြဟာ ဘုရင့္စစ္တပ္ လာမယ္ဆိုတာ ၾကားကတည္းက အားလုံး ေတာထဲေျပးဝင္ ခိုေအာင္းသြားၾက ပါေတာ့တယ္။

ဘုရင့္ စစ္သည္ေတာ္ေတြ ေရာက္လာေတာ့ ဘယ္ခိုးသားဓားျပမွ မေတြ႕ရေတာ့ပါဘူး။ ဒီအတိုင္း ျပန္သြားရင္လည္း မင္းျပစ္မင္းဒဏ္ သင့္မွာဆိုေတာ့ စစ္သည္ေတြဟာ နယ္စပ္ ဇနပုဒ္ေလးတစ္ခုမွာ လယ္လုပ္ကိုင္း ခုတ္ေနၾကတဲ့ မိသားတစုကို အေၾကာင္းရွာၿပီး ဖမ္းဆီးလိုက္ၾကပါတယ္။

ေယာက္်ားႀကီးတေယာက္ ၊ လူလတ္ပိုင္း တေယာက္၊ လူငယ္ေလးက တေယာက္နဲ႔ မိန္းမတေယာက္မွာ မိန္းမကိုေတာ့ မဖမ္းဘူး။ က်န္သုံးေယာက္စလုံးကို တုပ္ေႏွာင္ဖမ္းဆီးၿပီး မင္းေနျပည္ကို ေခၚေဆာင္ သြားပါေတာ့တယ္။ မိန္းမက ငိုယို ေတာင္းပန္ေပမယ့္ မရပါဘူး။ ခိုးသားဓားျပ အေၾကာင္းျပ၍ ဖမ္းဆီးသြားတယ္ လို႔ ဆိုပါတယ္။

စစ္သည္ေတာ္တို႔ ဖမ္းဆီးခဲ့သူ မ်ားအနက္ လူႀကီးကေတာ့ အဲ့ဒီမိန္းမရဲ႕ လင္ေယာက္်ား ျဖစ္တယ္။ လူလတ္မွာ သူမ၏ ေမာင္ငယ္ ျဖစ္ၿပီး လူငယ္ေလးမွာ သူမ၏သား ျဖစ္ပါတယ္။ မတရားခံခဲ့ရတဲ့ မိန္းမဟာ မေက်နပ္ႏိုင္လို႔ မင္းေနျပည္ကို လိုက္သြားၿပီး နန္းရင္ျပင္က ဟစ္တိုင္မွာ စည္ႀကီးကို ထုၿပီး ေအာက္ပါအတိုင္း ဟစ္ေႂကြးေနေတာ့တာေပါ့။

"ကြၽန္ေတာ္မ်ိဳးမကို အဝတ္ ေပးေတာ္မူပါဘုရား၊ အဝတ္ေပးေတာ္မူပါ" တစာစာ ဟစ္ေႂကြးေနသံကို ၾကားေတာ့ ဘုရင္မင္းတရားက အမတ္ေတြလႊတ္ၿပီး အဝတ္ေတြ ေပးခိုင္း လိုက္ပါတယ္။ ဒီလို ေပးျပန္ ေတာ့လည္း မဟုတ္ေသးဘဲ ေအာက္ပါအတိုင္း ေျပာျပန္ပါတယ္။

"ကြၽန္ေတာ္မ်ိဳးမ လိုခ်င္တာ ဒီအဝတ္ေတြ မဟုတ္ပါဘူး။ လင္ေယာက္်ားဆိုတဲ့ အဝတ္ကို ေတာင္းခံေနတာ ျဖစ္ပါတယ္ ဘိုးဘိုးတို႔"

မိန္းမငယ္ရဲ႕ စကားက အဆန္းျဖစ္ေနေတာ့ ဉာဏ္ရည္ျမင့္တဲ့ ဘိုးဘိုးေတာင္ လိုက္မမွီႏိုင္ဘူး ျဖစ္ေနတယ္။ ေနာက္ဆုံး မင္းႀကီးကိုယ္တိုင္ ေရာက္လာၿပီး ေမးယူရေတာ့တယ္။ "သင္ဘာကို ဆိုလိုတာလဲ အမိငယ္" ဒီေတာ့မွ မိန္းမငယ္က မင္းႀကီးကို ေအာက္ပါအတိုင္း ရွင္းလင္း ေျပာၾကားပါေတာ့တယ္။

"မွန္လွပါ အရွင္မင္းႀကီး၊ ျမစ္ေရတို႔ မည္သည္မွာ တည္ၿငိမ္ေနလို႔ မတင့္တယ္၊ စီးဆင္းေနမွသာ တင့္တယ္ပါတယ္။ တိုင္းျပည္တျပည္မွာလည္း အုပ္ခ်ဳပ္မယ့္ ဘုရင္မရွိလွ်င္ မျဖစ္၊ ဘုရင္ရွိမွ ျပည့္စုံပါတယ္။ ဒီလိုပါပဲ ကြၽန္ေတာ္မ်ိဳးမတို႔ မိန္းမသားေတြ ဘဝမွာလည္း ေမာင္တက်ိပ္ပင္ ရွိလင့္ကစား လင္တေယာက္မွ မရွိလွ်င္ အဝတ္မဲ့သလို လုံၿခဳံမႈ မရွိပါဘုရား။ သို႔ျဖစ္ပါ၍ လင္ေယာက္်ားဆိုသည့္ အဝတ္ကို ေတာင္းဆိုေနရျခင္း ျဖစ္ပါတယ္ဘုရား"

"အိမ္း ေကာင္းေလစြ ေကာင္းေလစြ။ ဒါနဲ႔ အမိငယ္ကို ငါက ဘယ္လင္ကို ရွာေပးစားရမွာလဲ။ ဘုရင္ကို လင္ တက္ရွာခိုင္းတာ နင္တေယာက္ပဲ ေတြ႕ဘူးေသးတယ္"

ဉာဏ္လိုက္မမွီတဲ့ ဘုရင္ကို မိန္းမငယ္က အျဖစ္မွန္ေတြ ရွင္းျပလိုက္ပါတယ္။ ဒီေတာ့မွ ဘုရင္ဟာ အျပစ္မရွိပဲ ဖမ္းဆီးခံရတဲ့ လူသုံးေယာက္အေၾကာင္းကို သိသြားပါေတာ့တယ္။ ဒါေပမယ့္ ဒီမိန္းမငယ္ရဲ႕ ဉာဏ္ကို စမ္းသပ္ခ်င္ေသးတာနဲ႔ အမတ္မ်ားနဲ႔ တိုင္ပင္ၿပီး အမိန႔္ေတာ္တခု ခ်မွတ္လိုက္ ပါတယ္။

"ဒီမွာ အမိငယ္၊ ငါမင္းႀကီးအေနနဲ႔ အျပစ္သား သုံးေယာက္စလုံးေတာ့ လႊတ္မေပးႏိုင္ဘူး။ ဒီအထဲက တေယာက္ကိုပဲ လႊတ္ေပးႏိုင္မယ္။ ဒါေၾကာင့္ အဘယ္တေယာက္ကို သင္ေတာင္းဆိုမလဲ"

ထိုအခါ မိန္းမငယ္က မဆိုင္းမတြပင္ "လႊတ္ေပးႏိုင္မယ္ ဆိုရင္လည္း အကုန္ လႊတ္ေပးေတာ္ မူပါဘုရား။ တေယာက္ထဲကိုပဲ လႊတ္ေပးႏိုင္မယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္မ်ိဳးမ၏ ေမာင္ငယ္ကိုသာ လႊတ္ေပးေတာ္မူပါ အရွင္မင္းႀကီး"

မိန္းမငယ္၏ စကားေၾကာင့္ မင္းႀကီး အံ့အားသင့္ကာ "အလို ခုနကေတာ့ လင္ေယာက္်ားအဝတ္ကို ေတာင္းဆိုခဲ့တယ္။ အခုတေယာက္ပဲ ေ႐ြးရမယ္ ဆိုျပန္ေတာ့ ေမာင္ငယ္ျဖစ္သြားျပန္ေရာ။ အေျပာင္းအလဲ ျမန္လွခ်ည္လားအမိရဲ႕"

"ဒီလိုရွိပါတယ္ အရွင္မင္းႀကီး။ ကြၽန္ေတာ္မ်ိဳးမဟာ ငယ္ငယ္႐ြယ္႐ြယ္ပဲ ရွိေသးသည့္ အတြက္ လင္ေယာက္်ား တေယာက္ကို အခ်ိန္မေ႐ြး ထပ္၍ ယူႏိုင္သလို သားသမီးလည္း ထပ္ယူလို႔ ရႏိုင္ပါေသးတယ္ ဘုရား။ ေမာင္ငယ္ကေတာ့ တမိေပါက္ ဒီတေယာက္သာ ရွိတာမို႔ ေနာက္ ထပ္ ေမာင္အစား မရွိႏိုင္ေတာ့သည့္ အတြက္ ေမာင္ငယ္ကို ေ႐ြးခ်ယ္ရျခင္း ျဖစ္ပါတယ္ဘုရား"

မိန္းမငယ္၏ အေျဖစကားကို မင္းႀကီး သေဘာက်ေတာ္ မူသြားပါတယ္။ "ပညာဉာဏ္ ထက္ျမက္လွပါေပတယ္ အမိ။ သင့္မိသားစုမွာ တကယ္ အျပစ္မရွိတာကိုလည္း ငါကိုယ္ေတာ္ ယုံၾကည္ ခန႔္မွန္းမိပါတယ္။ ဒါေၾကာင့္ အားလုံးကို လႊတ္ေပးလိုက္ပါေတာ့မယ္" ဟု မိန႔္ေတာ္မူကာ ဆုေတာ္ေငြမ်ားႏွင့္ တကြ သုံးေယာက္စလုံးကို လႊတ္ေပးလိုက္ ပါေတာ့တယ္။

ဒီဇာတ္လမ္းအရ မိန္းမတေယာက္ရဲ႕ တကယ္ လိမ္မာပါးနပ္တယ္ ဆိုတာ အဖိုးမျဖတ္ႏိုင္တဲ့ ဉာဏ္ပညာ ထက္ျမက္မႈ ဆိုလိုတာကို ေတြ႕ျမင္ႏိုင္မွာပါ။ ဉာဏ္ပညာ ျပည့္စုံတဲ့ မိန္းမတေယာက္ဟာ ဉာဏ္အျမင္နဲ႔ အရာရာကို ဆင္ျခင္ သုံးသပ္ႏိုင္လိမ့္မယ္၊ ေဝဖန္ပိုင္းျခားႏိုင္မယ္၊ အေကာင္းနဲ႔ အဆိုးခြဲျခားဆုံးျဖတ္ ႏိုင္မယ္။

ဒီလို မိန္းမမ်ိဳးဟာ ကိုယ္က်င့္တရားနဲ႔ ပတ္သက္လို႔လည္း အလိုလို စိတ္ခ်ေနရမွာပဲ ျဖစ္ပါတယ္။ အစစ အရာရာ ေဝဖန္ပိုင္းျခား ႏိုင္ၿပီး ဆင္ျခင္သုံးသပ္ႏိုင္ေသာ အမ်ိဳးသမီးေကာင္းမ်ား ျဖစ္ၾကေစဖို႔ ဆႏၵျပဳပါတယ္။

ဣထိဝဂ္ ဥစၦဂၤ ဇာတ္ေတာ္အား မိမိစိတ္ကူးမိသလို ျပန္လည္ ေရးသားထားပါသည္။

crd

Post a Comment

0 Comments