အရေးကြီးဆုံး

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တပါးရှိတယ်။ ဘုရင် ဆိုတော့လည်း တိုင်းရေးပြည်ရေး အထွေထွေနဲ့ ဦးနှောက်စားစရာ အမှုတွေကလည်း အများသားရယ် မဟုတ်လား။ ဟို တိုင်းပြည်က စစ်လာတိုက်၊ ဒီတိုင်းပြည်က နယ်လာချဲ့နဲ့ အဲ့ဒီ ဘုရင်ကြီးဟာ စစ်မှုရေးရာ မှာလည်း ကိုယ်တိုင် ကွပ်ကဲလေသတဲ့။

ဒီလိုနဲ့ တရက်တော့ ဘုရင်ကြီး နံဘေးအနီးကပ်မှာ ခစားနေတဲ့ မူးမတ်ကြီး တဦးက ဘုရင်ကြီးကို အကြံပေးတယ်။ "အရှင်ဘုရား အတွက် အသက် အန္တရာယ်တွေ ကလည်းများ၊ အန္တရယ်ကင်း အဆောင်လက်ဖွဲ့ တခုခုတော့ အရှင်နဲ့ အတူ ဆောင်ထားနိုင်ဖို့ အစီအမံတခုခု လုပ်ထားလျင် သင့်တော်ကြောင်းပါ ဘုရား" ပေါ့။

ဒီလိုနဲ့ ဘုရင်ကြီးဟာ တိုင်းပြည် အရှေ့စွန်းစွန်းမှာ သတင်းသုံး နေထိုင်တဲ့ ဆရာတော် တပါးဆီ ရောက်သွားတယ်။ ဆရာတော့်ကို အန္တရာယ် ကျရောက်ချိန်မှာ သုံးနိုင်ဖို့ တစုံတခု စီစဉ်ပေးဖို့ ဘုရင်ကြီးက လျှောက်ပါတယ်။

ဆရာတော်ကလည်း "ကောင်းပြီ၊ စီစဉ်ပေးပါ့မယ်။ တခုတော့ ရှိတယ်။ ကျုပ်ပေးမယ့် အရာဟာ အရှင်မင်းကြီး ဘဝမှာ အကြီးမားဆုံးသော အခက်အခဲနဲ့ ကြုံချိန်မှာ တကြိမ်တခါသာ သုံးခွင့်ရှိမယ်" လို့ မိန့်ပါတယ်။ ဘုရင်ကြီးကလည်း ကောင်းပါပြီ ဆရာတော်ပေါ့။

ချိန်းဆိုထားတဲ့ နေ့မှာ ဘုရင်ကြီးက ဆရာတော့်ဆီ ပြန်သွားပါတယ်။ ဆရာတော်က ဘုရင့်ကို စာရွက် အလိပ်ကလေး တခု ပေးလိုက်ပြီး "ဒီစာရွက်ကို အရှင် အသုံးလိုချိန် အရေးအကြီးဆုံး အချိန်မှသာ မှာထားတဲ့ အတိုင်း တကြိမ်သာ ဖွင့်ကြည့်ပါ" လို့ အထပ်ထပ် အခါခါ သေချာမှာ လိုက်ပါတယ်။ ဘုရင်ကြီးကလည်း လက်ထဲမှာ တရိုတသေနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ ပြန်လာပါတယ်။

ဒီလိုနဲ့ ဆရာတော် ပေးလိုက်တဲ့ စာရွက်လိပ်လေးကို အမြဲမခွာ ဆောင်ထားရင်း ဘုရင်ကြီးဟာ သက်တော်ကြီးပြီး အိုမင်း လာခဲ့လေပြီ။ သို့သော်လည်းပဲ အခုချိန်ထိ သူဟာ အဲ့ဒီ စာရွက်လေးကို အသုံးမပြုရ သေးပါဘူး။

ဘုရင်ကြီး ငယ်နုစဉ် အချိန်နဲ့ လူလတ်ပိုင်း အရွယ်တို့မှာလည်း အသက်အန္တရယ် အခက်ခဲပေါင်းများစွာ သေဘေးပေါင်း များစွာနဲ့လည်း ကြုံတွေ့ လွတ်မြောက်လာခဲ့ရ ပြီးပါပြီ။ အဲ့ဒီလို အချိန်မျိုးတွေတိုင်းမှာ ဘုရင်ကြီးဟာ ဆရာတော် ပေးလိုက်တဲ့ အရာကို ထုတ်သုံးဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သူ ဖြစ်ပါတယ်။

တကြိမ်သာ သုံးခွင့်ရှိမှာ ဖြစ်တဲ့အတွက် အရေးကြီးဆုံးအချိန် ရောက်လာချိန်ကို စောင့်ရင်း မသုံးပဲ ပြန်သိမ်းခဲ့တာတွေသာ ရှိခဲ့ပါတယ်။ ခုတော့ ဘုရင်ကြီးဟာ နာမကျန်းစွာနဲ့ အိပ်ရာထဲ လဲနေရပါပြီ။ ဘုရင့်ဘေးမှာ ရှိနေတဲ့ မူးမတ်ကြီးတွေက ဘုရင်ကြီး အသုံးမပြုသေးတဲ့ ဆရာတော့် အဆောင်ကို အင်မတန်မှ သိလိုကြသလို နောက်ဆုံး သက်တော်မကုန်ခင် အချိန်မှာ အသုံးပြုသွားဖို့လည်း တိုက်တွန်းကြတယ် ဆိုပါတော့။

မူးမတ်တွေရဲ့ ပြောဆိုသံတွေ အဆုံးမှာ ဖျော့တော့စွာနဲ့ လဲလှောင်းနေတဲ့ ဘုရင်ကြီး ပြုံးပါတယ်။ ဆရာတော် ပေးလိုက်တဲ့ စာရွက်လေးကိုလည်း သူဖြည်ကြည့်စရာ မလိုပဲ သိနေခဲ့ ပါပြီ။ ဆရာတော် မပြောလိုက်တဲ့ စကားတခွန်းကိုလည်း ဘုရင်ကြီးဟာ ခုချိန်မှာ သေချာကြားနိုင် နားလည်နိုင် ပါပြီ။

ဘုရင်ကြီးဟာ နောက်ဆုံးသော ခွန်အားလေးနဲ့ သလွန်တော်ထက်ကနေ မူးမတ်ကြီးတွေဆီကို ငဲ့စောင်းကြည့်ရင်း တီးတိုးမိန့်တော် မူပါတယ်။ "အရေးကြီးဆုံးရယ်လို့ တွေးထင်ခဲ့တဲ့ အရာတိုင်းဟာ အချိန်တန်ရင် လွန်မြောက်သွားကြမှာ။ အရေးကြီးဆုံးကို စောင့်ကြည့်ရင်း တကယ်တော့ ဘဝမှာ အရေးကြီးဆုံး ဆိုတာ ဘာမှ မရှိဘူး။ ရှိမနေပါဘူး" လို့ ပြောရင်း နောက်ဆုံး အကြိမ်အဖြစ် ပြုံးကာ သက်တော်ကုန် နတ်ရွာစံ သွားပါတော့တယ်။

ဘုရင်ကြီး နတ်ရွာစံပြီးနောက်မှာ မူးမတ်ကြီးတွေက ဆရာတော့် စာရွက်လေးကို ဖွင့်ကြည့်ခဲ့ ကြပါတယ်။ ဘာအင်းမှ ချမထား၊ ဘာစာမှ ရေးမထားတဲ့ သာမန် ဗလာစာရွက်ခေါက်လေး တရွက်ကိုသာ မူးမတ်ကြီးတွေ တအံ့တသြ မြင်တွေ့လိုက်ရ ပါတော့တယ်။

Crd

Zawgyi

အေရးၾကီးဆံုး

ဟိုးေရွးေရွးတုန္းက ဘုရင္ႀကီး တပါးရွိတယ္။ ဘုရင္ ဆိုေတာ့လည္း တိုင္းေရးျပည္ေရး အေထြေထြနဲ႔ ဦးေႏွာက္စားစရာ အမႈေတြကလည္း အမ်ားသားရယ္ မဟုတ္လား။ ဟို တိုင္းျပည္က စစ္လာတိုက္၊ ဒီတိုင္းျပည္က နယ္လာခ်ဲ႕နဲ႔ အဲ့ဒီ ဘုရင္ႀကီးဟာ စစ္မႈေရးရာ မွာလည္း ကိုယ္တိုင္ ကြပ္ကဲေလသတဲ့။

ဒီလိုနဲ႔ တရက္ေတာ့ ဘုရင္ႀကီး နံေဘးအနီးကပ္မွာ ခစားေနတဲ့ မူးမတ္ႀကီး တဦးက ဘုရင္ႀကီးကို အႀကံေပးတယ္။ "အရွင္ဘုရား အတြက္ အသက္ အႏၲရာယ္ေတြ ကလည္းမ်ား၊ အႏၲရယ္ကင္း အေဆာင္လက္ဖြဲ႕ တခုခုေတာ့ အရွင္နဲ႔ အတူ ေဆာင္ထားႏိုင္ဖို႔ အစီအမံတခုခု လုပ္ထားလ်င္ သင့္ေတာ္ေၾကာင္းပါ ဘုရား" ေပါ့။

ဒီလိုနဲ႔ ဘုရင္ႀကီးဟာ တိုင္းျပည္ အေရွ႕စြန္းစြန္းမွာ သတင္းသုံး ေနထိုင္တဲ့ ဆရာေတာ္ တပါးဆီ ေရာက္သြားတယ္။ ဆရာေတာ့္ကို အႏၲရာယ္ က်ေရာက္ခ်ိန္မွာ သုံးႏိုင္ဖို႔ တစုံတခု စီစဥ္ေပးဖို႔ ဘုရင္ႀကီးက ေလွ်ာက္ပါတယ္။

ဆရာေတာ္ကလည္း "ေကာင္းၿပီ၊ စီစဥ္ေပးပါ့မယ္။ တခုေတာ့ ရွိတယ္။ က်ဳပ္ေပးမယ့္ အရာဟာ အရွင္မင္းႀကီး ဘဝမွာ အႀကီးမားဆုံးေသာ အခက္အခဲနဲ႔ ႀကဳံခ်ိန္မွာ တႀကိမ္တခါသာ သုံးခြင့္ရွိမယ္" လို႔ မိန႔္ပါတယ္။ ဘုရင္ႀကီးကလည္း ေကာင္းပါၿပီ ဆရာေတာ္ေပါ့။

ခ်ိန္းဆိုထားတဲ့ ေန႔မွာ ဘုရင္ႀကီးက ဆရာေတာ့္ဆီ ျပန္သြားပါတယ္။ ဆရာေတာ္က ဘုရင့္ကို စာ႐ြက္ အလိပ္ကေလး တခု ေပးလိုက္ၿပီး "ဒီစာ႐ြက္ကို အရွင္ အသုံးလိုခ်ိန္ အေရးအႀကီးဆုံး အခ်ိန္မွသာ မွာထားတဲ့ အတိုင္း တႀကိမ္သာ ဖြင့္ၾကည့္ပါ" လို႔ အထပ္ထပ္ အခါခါ ေသခ်ာမွာ လိုက္ပါတယ္။ ဘုရင္ႀကီးကလည္း လက္ထဲမွာ တ႐ိုတေသနဲ႔ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လို႔ ျပန္လာပါတယ္။

ဒီလိုနဲ႔ ဆရာေတာ္ ေပးလိုက္တဲ့ စာ႐ြက္လိပ္ေလးကို အၿမဲမခြာ ေဆာင္ထားရင္း ဘုရင္ႀကီးဟာ သက္ေတာ္ႀကီးၿပီး အိုမင္း လာခဲ့ေလၿပီ။ သို႔ေသာ္လည္းပဲ အခုခ်ိန္ထိ သူဟာ အဲ့ဒီ စာ႐ြက္ေလးကို အသုံးမျပဳရ ေသးပါဘူး။

ဘုရင္ႀကီး ငယ္ႏုစဥ္ အခ်ိန္နဲ႔ လူလတ္ပိုင္း အ႐ြယ္တို႔မွာလည္း အသက္အႏၲရယ္ အခက္ခဲေပါင္းမ်ားစြာ ေသေဘးေပါင္း မ်ားစြာနဲ႔လည္း ႀကဳံေတြ႕ လြတ္ေျမာက္လာခဲ့ရ ၿပီးပါၿပီ။ အဲ့ဒီလို အခ်ိန္မ်ိဳးေတြတိုင္းမွာ ဘုရင္ႀကီးဟာ ဆရာေတာ္ ေပးလိုက္တဲ့ အရာကို ထုတ္သုံးဖို႔ အႀကိမ္ႀကိမ္ စဥ္းစားခဲ့သူ ျဖစ္ပါတယ္။

တႀကိမ္သာ သုံးခြင့္ရွိမွာ ျဖစ္တဲ့အတြက္ အေရးႀကီးဆုံးအခ်ိန္ ေရာက္လာခ်ိန္ကို ေစာင့္ရင္း မသုံးပဲ ျပန္သိမ္းခဲ့တာေတြသာ ရွိခဲ့ပါတယ္။ ခုေတာ့ ဘုရင္ႀကီးဟာ နာမက်န္းစြာနဲ႔ အိပ္ရာထဲ လဲေနရပါၿပီ။ ဘုရင့္ေဘးမွာ ရွိေနတဲ့ မူးမတ္ႀကီးေတြက ဘုရင္ႀကီး အသုံးမျပဳေသးတဲ့ ဆရာေတာ့္ အေဆာင္ကို အင္မတန္မွ သိလိုၾကသလို ေနာက္ဆုံး သက္ေတာ္မကုန္ခင္ အခ်ိန္မွာ အသုံးျပဳသြားဖို႔လည္း တိုက္တြန္းၾကတယ္ ဆိုပါေတာ့။

မူးမတ္ေတြရဲ႕ ေျပာဆိုသံေတြ အဆုံးမွာ ေဖ်ာ့ေတာ့စြာနဲ႔ လဲေလွာင္းေနတဲ့ ဘုရင္ႀကီး ၿပဳံးပါတယ္။ ဆရာေတာ္ ေပးလိုက္တဲ့ စာ႐ြက္ေလးကိုလည္း သူျဖည္ၾကည့္စရာ မလိုပဲ သိေနခဲ့ ပါၿပီ။ ဆရာေတာ္ မေျပာလိုက္တဲ့ စကားတခြန္းကိုလည္း ဘုရင္ႀကီးဟာ ခုခ်ိန္မွာ ေသခ်ာၾကားႏိုင္ နားလည္ႏိုင္ ပါၿပီ။

ဘုရင္ႀကီးဟာ ေနာက္ဆုံးေသာ ခြန္အားေလးနဲ႔ သလြန္ေတာ္ထက္ကေန မူးမတ္ႀကီးေတြဆီကို ငဲ့ေစာင္းၾကည့္ရင္း တီးတိုးမိန႔္ေတာ္ မူပါတယ္။ "အေရးႀကီးဆုံးရယ္လို႔ ေတြးထင္ခဲ့တဲ့ အရာတိုင္းဟာ အခ်ိန္တန္ရင္ လြန္ေျမာက္သြားၾကမွာ။ အေရးႀကီးဆုံးကို ေစာင့္ၾကည့္ရင္း တကယ္ေတာ့ ဘဝမွာ အေရးႀကီးဆုံး ဆိုတာ ဘာမွ မရွိဘူး။ ရွိမေနပါဘူး" လို႔ ေျပာရင္း ေနာက္ဆုံး အႀကိမ္အျဖစ္ ၿပဳံးကာ သက္ေတာ္ကုန္ နတ္႐ြာစံ သြားပါေတာ့တယ္။

ဘုရင္ႀကီး နတ္႐ြာစံၿပီးေနာက္မွာ မူးမတ္ႀကီးေတြက ဆရာေတာ့္ စာ႐ြက္ေလးကို ဖြင့္ၾကည့္ခဲ့ ၾကပါတယ္။ ဘာအင္းမွ ခ်မထား၊ ဘာစာမွ ေရးမထားတဲ့ သာမန္ ဗလာစာ႐ြက္ေခါက္ေလး တ႐ြက္ကိုသာ မူးမတ္ႀကီးေတြ တအံ့တၾသ ျမင္ေတြ႕လိုက္ရ ပါေတာ့တယ္။

Crd

Post a Comment

0 Comments