ငါမရှိရင် မဖြစ်ဘူး

တခါက မြေးမလေး သုံးယောက်နဲ့ အတူတူနေပြိး အရာရာကို "ငါ မရှိလို့ မဖြစ်ဘူး" လို့ ထင်ထင်နေတဲ့ အဖွားအိုကြီး တယောက် ရှိသတဲ့။ သူ့မြေးမလေးတွေကိုလည်း အရာရာတိုင်းမှာ စိတ်တိုင်းမကျဘဲ ဖြစ်နေတယ်။

"ဟိုဟင်းကို ဟိုလို ချက်စမ်း၊ အမှိုက်သိမ်းစမ်း၊ ဒါကို မစားနဲ့၊ အဲဒီကို မသွားနဲ့" ဆိုပြီး အမြဲ ဆူပူ ပြောဆိုကာ "ဒီမြေးမလေးတွေ ကတော့ ငါမရှိရင် ဘယ်လိုများ နေကြမလဲ၊ ငါမရှိရင် ဖြစ်မှာ မဟုတ်ဘူး" လို့လည်း အမြဲ တဖွဖွ ပြောလေ့ ရှိပါတယ်။

ဒီလိုနဲ့ တနေ့ကြတော့ အဖွားအိုကြီးဟာ အလုပ်ကိစ္စ တခုနဲ့ ၂ ရက် ကြာမယ့် ခရီးတခုကို သွားဖို့ ဖြစ်လာခဲ့တယ်။ သူဟာ မြေမလေးတွေကို စိတ်မချ ဖြစ်ပြီး ခရီးသွားအံ့ ဆဲဆဲမှာလဲ နာရီဝက် တနာရီ နီးနီးလောက် ကြာအောင် မှာတမ်းတွေ ခြွေလိုမပြီး ဖြစ်နေတော့တာပေါ့။

၂ ရက်ကြာလို့ ခရီးက ပြန်လာတဲ့ အဖွားအိုဟာ အိမ်ထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ အရမ်းကို အံ့သြ တုန်လှုပ် သွားခဲ့ရတယ်။ အခန်းထဲမှာ ဝိုင်းဖွဲ့ပြီး ပြောနေတဲ့ သူ့မြေးမလေးတွေရဲ့ စကားသံတွေကြောင့်ပေါ့။

"အဖွားရှိရင် ဘာမှ မလွတ်လပ်ဘူး။ စားချင်တာ မစားရ၊ နေချင်သလို မနေရ အမြဲတမ်း အဖွားပြောသမျှပဲ လုပ်ပေးနေရတယ်"

နောက်တယောက်ကလည်း " အေး ဟုတ်တယ်။ ဟိုကို မသွားနဲ့ ဒီဟာမဝတ်နဲ့ ဆိုပြီးလည်း အရမ်း ချုပ်ချယ်တာပဲ"

ကျန်တယောက်ကလည်း "ဟုတ်တယ်။ အခုဆို အဖွား ခရီးသွားနေတော့ အရမ်း စိတ်ချမ်းသာတာပဲ။ ခုမှပဲ လွတ်လွတ်လပ်လပ်နဲ့ နေရတော့တယ်" လို့ ပြောဆိုနေကြသတဲ့။

ဒီစကားတွေ ကြားတော့ အဖွားအိုလည်း "သြော်၊ ငါကသာ ငါမရှိရင် မဖြစ်ဘူးလို့ တွေးနေတာ သူတို့ကတော့ ငါမရှိမှ ကောင်းမယ်လို့ ထင်နေကြပါလား" ဆိုပြီး အသိတရားတွေ ရကာ ရိပ်သာသွားပြီး ရာသက်ပန် တရားအားထုတ်ပြီးပဲ နေသွားတော့ သတဲ့ကွယ်။

ဘယ်အရာမဆို ကိုယ့်ဘက်က "ငါမရှိလို့ မဖြစ်ဘူး" ဆိုပြီး ပြောပါ များလာရင် တခြားတယောက်ရဲ့ အမြင်မှာတော့ "သူမရှိမှ ကောင်းမယ်" ဆိုပြီး ဖြစ်သွားတတ်ပါတယ်။

Crd

Zawgyi

ငါမရွိရင္ မျဖစ္ဘူး

တခါက ေျမးမေလး သုံးေယာက္နဲ႔ အတူတူေနၿပိး အရာရာကို "ငါ မရွိလို႔ မျဖစ္ဘူး" လို႔ ထင္ထင္ေနတဲ့ အဖြားအိုႀကီး တေယာက္ ရွိသတဲ့။ သူ႔ေျမးမေလးေတြကိုလည္း အရာရာတိုင္းမွာ စိတ္တိုင္းမက်ဘဲ ျဖစ္ေနတယ္။

"ဟိုဟင္းကို ဟိုလို ခ်က္စမ္း၊ အမႈိက္သိမ္းစမ္း၊ ဒါကို မစားနဲ႔၊ အဲဒီကို မသြားနဲ႔" ဆိုၿပီး အၿမဲ ဆူပူ ေျပာဆိုကာ "ဒီေျမးမေလးေတြ ကေတာ့ ငါမရွိရင္ ဘယ္လိုမ်ား ေနၾကမလဲ၊ ငါမရွိရင္ ျဖစ္မွာ မဟုတ္ဘူး" လို႔လည္း အၿမဲ တဖြဖြ ေျပာေလ့ ရွိပါတယ္။

ဒီလိုနဲ႔ တေန႔ၾကေတာ့ အဖြားအိုႀကီးဟာ အလုပ္ကိစၥ တခုနဲ႔ ၂ ရက္ ၾကာမယ့္ ခရီးတခုကို သြားဖို႔ ျဖစ္လာခဲ့တယ္။ သူဟာ ေျမမေလးေတြကို စိတ္မခ် ျဖစ္ၿပီး ခရီးသြားအံ့ ဆဲဆဲမွာလဲ နာရီဝက္ တနာရီ နီးနီးေလာက္ ၾကာေအာင္ မွာတမ္းေတြ ေႁခြလိုမၿပီး ျဖစ္ေနေတာ့တာေပါ့။

၂ ရက္ၾကာလို႔ ခရီးက ျပန္လာတဲ့ အဖြားအိုဟာ အိမ္ထဲကို ဝင္လိုက္တယ္ ဆိုရင္ပဲ အရမ္းကို အံ့ၾသ တုန္လႈပ္ သြားခဲ့ရတယ္။ အခန္းထဲမွာ ဝိုင္းဖြဲ႕ၿပီး ေျပာေနတဲ့ သူ႔ေျမးမေလးေတြရဲ႕ စကားသံေတြေၾကာင့္ေပါ့။

"အဖြားရွိရင္ ဘာမွ မလြတ္လပ္ဘူး။ စားခ်င္တာ မစားရ၊ ေနခ်င္သလို မေနရ အၿမဲတမ္း အဖြားေျပာသမွ်ပဲ လုပ္ေပးေနရတယ္"

ေနာက္တေယာက္ကလည္း " ေအး ဟုတ္တယ္။ ဟိုကို မသြားနဲ႔ ဒီဟာမဝတ္နဲ႔ ဆိုၿပီးလည္း အရမ္း ခ်ဳပ္ခ်ယ္တာပဲ"

က်န္တေယာက္ကလည္း "ဟုတ္တယ္။ အခုဆို အဖြား ခရီးသြားေနေတာ့ အရမ္း စိတ္ခ်မ္းသာတာပဲ။ ခုမွပဲ လြတ္လြတ္လပ္လပ္နဲ႔ ေနရေတာ့တယ္" လို႔ ေျပာဆိုေနၾကသတဲ့။

ဒီစကားေတြ ၾကားေတာ့ အဖြားအိုလည္း "ေၾသာ္၊ ငါကသာ ငါမရွိရင္ မျဖစ္ဘူးလို႔ ေတြးေနတာ သူတို႔ကေတာ့ ငါမရွိမွ ေကာင္းမယ္လို႔ ထင္ေနၾကပါလား" ဆိုၿပီး အသိတရားေတြ ရကာ ရိပ္သာသြားၿပီး ရာသက္ပန္ တရားအားထုတ္ၿပီးပဲ ေနသြားေတာ့ သတဲ့ကြယ္။

ဘယ္အရာမဆို ကိုယ့္ဘက္က "ငါမရွိလို႔ မျဖစ္ဘူး" ဆိုၿပီး ေျပာပါ မ်ားလာရင္ တျခားတေယာက္ရဲ႕ အျမင္မွာေတာ့ "သူမရွိမွ ေကာင္းမယ္" ဆိုၿပီး ျဖစ္သြားတတ္ပါတယ္။

Crd

Post a Comment

0 Comments