ရွှေဟင်္သာ

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီမြို့တော် အတွင်း၌ ဆန့်ကျင်ဘက် ဖြစ်နေသော မြင်ကွင်းတခု ရှိနေသည်။ ဆန့်ကျင်ဘက် ဖြစ်နေသောအရာမှာ အိမ်အိုကြီး ဖြစ်၍ နောက်တမျိုးကား ထိုအိမ်အိုကြီးမှ သမီးပျို သုံးယောက်တို့ ဖြစ်ကြပေသည်။

ထိုအိမ်ကြီးတွင် ပုဏ္ဏားတယောက်၏ သမီးပျိုများ ဖြစ်ကြသော နန္ဒာ၊ နန္ဒာဝတီ နှင့် သုန္ဒရီနန္ဒာ အမည်ရသော ညီအမသုံးဖော် ရှိကြသည်။ သူတို့ လူလားမမြောက်သည့် အချိန်မှာပင် ဖခင်ပုဏ္ဏား ကွယ်လွန်သွားလေရာ မိခင်ပုဏ္ဏေးမ၏ အရိပ်တခုတည်းကိုသာ ခိုလှုံနေခဲ့ ကြသည်။

ဖတဆိုးကလေးများ ဖြစ်သည့်အတိုင်း သူတို့ခမျာ ချို့ချို့တဲ့တဲ့ နေထိုင်ကြရ၏။ အဝတ်အထည် အသစ် မဝယ်နိုင်၍ ဖခင်ကြီး ဆင်ပေးခဲ့သော အဝတ်အဟောင်းများကို ချုပ်စပ် ဖာတေး ဝတ်ကြရသည်။ ညီအမ သုံးယောက်စလုံး ရရာအလုပ် ထွက်လုပ်ကြသော်လည်း ထမင်းကိုကား နပ်မှန်ရုံမျှသာ စားသောက်ရ ပေသည်။

ပင်ပန်းဆင်းရဲစွာ လုပ်ကိုင် စားသောက်ကြရသော်လည်း သူတို့လေးတွေမှာ ငယ်သွေးငယ်သား ပီပီ အသားအရေ စိုပြည်နေကြ၍ ညှိုးနွမ်းနေသော အဝတ်အစားတို့သည် သူတို့၏ အလှကျက်သရေကို ဖုံးလွှမ်း မရနိုင်ပေ။ မိန်းကလေးများက တနေ့တခြား အလှ တိုးလာသည်နှင့်အမျှ သူတို့၏ အိမ်အိုကြီးကား အိုသထက် အိုလာပြီး ပြန်လည် မမွမ်းမံနိုင် သဖြင့် လူမမာကြီးပမာ ဖြစ်နေလေသည်။

တနေ့သောအခါ ထိုအိမ်ကြီး ခေါင်းရင်းခြမ်း၌ ရွှေဟင်္သာတကောင် လာနားလေသည်။ မလာစဖူး လာနားသော ရွှေဟင်္သာကို မိခင်ပုဏ္ဏေးမကြီးနှင့် တကွ သမီးများက အံ့သြဝမ်းသာ ကြည့်ရှုကာ "အို ရွှေဟင်္သာလေးရယ်၊ မင်း ဘယ်ကများ ပျံသန်းလာခဲ့ပါသလဲကွယ်" ဟု ချစ်ခင်မြတ်နိုးစွာ နှုတ်ခွန်းဆက်သ ကြလေသည်။

ရွှေဟင်္သာကလည်း "အို သမီးတို့၊ ငါက အခြားသူ မဟုတ်လော၊ သင်တို့ရဲ့ဖခင် ပုဏ္ဏားဘဝက ကွယ်လွန်တဲ့အခါ ရွှေဟင်္သာငှက် ဖြစ်လာရတယ်။ ငါ့ရဲ့အတိတ်ဘဝကို ပြန်လည် အောက်မေ့နိုင်တဲ့ ဇာတိဿရညဏ်ကို အလိုလို ရတဲ့အတွက် သင်တို့ရှိရာကို ပျံလာခဲ့ရတာ ပေါ့ကွယ် " ဟု ဆိုလေသည်။

မိသားစုတခုလုံးမှာ ဝမ်းသာခြင်း တဝက်၊ ဝမ်းနည်းခြင်း တဝက်ဖြင့် မျက်ရည်ဖြိုင်ဖြိုင် ကျကြရလေသည်။ ရွှေဟင်္သာအား မိမိတို့ထံ ဆင်းလာပါရန် လက်လှမ်း ကြိုဆိုကြတယ်။ ရွှေဟင်္သာသည် အထွေးဆုံး သမီးဖြစ်သော သုန္ဒနန္ဒာ လက်ပေါ် နားပြီးလျှင်

"ပုဏ္ဏေးမနဲ့ သမီးတို့ ဒီနောက်ပိုင်း မင်းတို့ ပင်ပန်းကြီးစွာ လုပ်ကိုင်စရာ မလိုတော့ဘူး။ ငါ့အတောင်တွေကို ရောင်းချပြီး ချမ်းသာစွာ နေထိုင်ကြပေတော့" ဟုပြောဆိုလျက် တယောက်လျှင် အတောင် တခုကျ ကိုယ်ပေါ်က နုတ်ပေးပြီးလျှင် ပြန်၍သွားလေ၏။

ထိုငှက်တောင်များမှာ သာမည ငှက်တောင်မဟုတ်ဘဲ အထုအရိုက် ခံနိုင်သော ရွှေသားပကတိ ဖြစ်နေရာ ဆင်းရဲသား မိသားစုကနေ နေ့ချင်းညချင်း ကြွယ်ဝ ချမ်းသာ လာကြလေသည်။ ရွှေဟင်္သာသည် သူတို့မိသားစု ရှိရာသို့ မကြာမကြာ လာရောက်ကာ ရွှေငှက်တောင်များ ချွတ်ပေး၏။ ပုဏ္ဏေးမကြီးတို့ မိသားစုမှာ ကြွယ်ဝသထက် ကြွယ်ဝလာကြ၏။

ပိုကြွယ်ဝလာသည်နှင့် အမျှ ပုဏ္ဏေးမကြီး၏ အလိုလောဘ ကလည်း ပိုကြီးမားလာ၏။ တခုသော ညချမ်းတွင် "ချစ်သမီးတို့၊ သမီးတို့ရဲ့ရွှေဟင်္သာဟာ ဖခင်စိတ်နဲ့ လာပေမယ့် တကယ်တော့ သူဟာ တိရစ္ဆာန်တကောင်သာ ဖြစ်တယ်။ တိရစ္ဆာန်တို့ရဲ့ စိတ်သဘော ဆိုတာက ရေရေရာရာ ရှိနိုင်ကြတာမျိုး မဟုတ်ဘူး။ သူ့စိတ်ဖောက်ပြန်သွားလို့ မလာဘဲ နေတဲ့အခါ ငါတို့ ဘာလုပ်ကြရပါ့မလဲ။

ဒါကြောင့် ဒီတခါ ရွှေဟင်္သာ ရောက်လာရင် သူ့အတောင်တွေ အားလုံး နုတ်ယူထားကြစို့" ဟု မိခင်က ဆိုသောအခါ သမီးတွေက "အို အမေရယ်၊ ဒီလိုတော့ မလုပ်သင့်ပါဘူး။ အတောင်တွေကို အတင်းဆွဲနုတ်ရင် ဖခင်ခမျာ သိပ်နာသွားမှာပေါ့" ဟု ဆိုကြလေသည်။

လောဘဇော တိုက်နေသော မိခင်ကြီးမှာ "အောင်မယ်၊ ညည်းတို့က မအေ့ထက် တလကြီးချင်တဲ့ သမီးလိမ္မာတွေ ပေါ့လေ။ ငါကျွေးမွေးထားခဲ့လို့ ဒီအသက်အရွယ်ထိ ရောက်လာတာ ညည်းတို့ ခေါင်းထဲ မြဲမြဲမှတ်ထား။ ငါလုပ်တာ မမြင်ချင်ရင်တော့ ညည်းတို့ တော်ရာထွက်သွားကြ" ဟု ဆိုလေ၏။

လူ့သံယောဇဉ်နဲ့ ငှက်ခန္ဓာ ပေါင်းစပ်ထားသော ရွှေဟင်္သာကား လူသားစင်စစ် တယောက်၏ ဖောက်ပြန်တတ်သော သဘောတရားကို သတိမထားမိချေ။ ခါတိုင်း လာနေကျ အတိုင်း မပျက်မကွက် ရောက်လာသည့်အခါ လောဘဇော တိုက်နေသော ပုဏ္ဏေးမက "အို သခင်ရွှေဟင်္သာ၊ ဒီတခါတော့ ကျွန်မ့လက်ပေါ် နားလိုက်စမ်းပါ" ဟု ပျူငှာသော အသံဖြင့် ဆိုလေသည်။

မေတ္တာရှင် ရွှေဟင်္သာသည် ဇနီးဟောင်း လက်ပေါ်မှာ လာနားလေသည်။ မိမိလက်ထဲသို့ ရွှေဟင်္သာ ရောက်လာသည်နှင့် တပြိုင်နက် ပုဏ္ဏေးမသည် အမိအရ ဆုပ်ကိုင် ကာ အတောင်များကို ဖြုတ်ခနဲ ဖြုတ်ခနဲ ဆွဲနုတ်လေသည်။ အလွန်တရာ နာကျင်လှသဖြင့် ရွှေဟင်္သာ အော်မြည်နေသည်ကိုပင် စာနာထောက်ထားခြင်း မပြုဘဲ နုတ်မြဲ နုတ်နေလေသည်။

လောဘရမ္မက်ကြောင့် ခက်ထန်နေသာ ပုဏ္ဏေးမကြီးသည် အတောင်များ အားလုံး နုတ်ပြီးခါမှ အဖြစ်မှန်ကို သိရတော့သည်။ ဟိုယခင်တုန်းက ရွှေဟင်္သာ ကိုယ်တိုင်၏ စိတ်ဆန္ဒအရ ကိုယ်တိုင် နုတ်ပေးခဲ့သဖြင့် အရည်အသွေး ကောင်းလှသော ရွှေစင်ရွှေသား ငှက်တောင်များ ဖြစ်ခဲ့၏။ ယခုမှာမူ ရွှေဟင်္သာ၏ စိတ်ဆန္ဒမပါဘဲ အခြားသူက ဆွဲနုတ်ခြင်းကြောင့် သာမည ငှက်တောင်များသာ ဖြစ်နေတော့၏။

ထိုအခါ ပုဏ္ဏေးမသည် ထိတ်လန့်တကြား ဖြစ်ကာ ရွှေဟင်္သာကို အိုးကြီးတလုံးထဲသို့ ထည့်ထားလိုက်လေသည်။ မိခင်ကြီးကို မတားရဲသဖြင့် မျက်နှာလွှဲနေကြသော သမီးသုံးယောက်တို့သည် ရွှေဟင်္သာရှိရာသို့ မျက်ရည်စက်လက်ဖြင့် ဝိုင်းအုံလာကြသည်။ အိုးထဲမှာ နူးညံ့သောအဝတ်အစားများ ခင်းပေးပြီး အာဟာရ ဖြစ်စေနိုင်သော အစားအစာများ ကျွေးမွေးကာ ပြုစုကြလေသည်။

ဤသို့ဖြင့် အချိန်တန်သောအခါ ရွှေဟင်္သာမှာ အတောင်များ ပြန်ပေါက်လာလေသည်။ သို့သော် ယခင်လို ရွှေငှက်တောင်များ မဟုတ်ကြတော့ဘဲ အများတကာ ငှက်များအတိုင်း ဖြစ်ပေသည်။ အမွေးအတောင်များ စုံလင်သောအခါ ရွှေဟင်္သာသည် သမီးသုံးယောက်တို့အား နောက်ဆုံး နှုတ်ဆက်ခြင်းဖြင့် နှုတ်ဆက်ကာ မိမိနေရာသို့ ပြန်သွားလေတော့သည်။

Crd

Zawgyi

ေ႐ႊဟသၤာ

ေရွးလြန္ေလၿပီးေသာအခါ ဗာရာဏသီၿမိဳ႕ေတာ္ အတြင္း၌ ဆန႔္က်င္ဘက္ ျဖစ္ေနေသာ ျမင္ကြင္းတခု ရွိေနသည္။ ဆန႔္က်င္ဘက္ ျဖစ္ေနေသာအရာမွာ အိမ္အိုႀကီး ျဖစ္၍ ေနာက္တမ်ိဳးကား ထိုအိမ္အိုႀကီးမွ သမီးပ်ိဳ သုံးေယာက္တို႔ ျဖစ္ၾကေပသည္။

ထိုအိမ္ႀကီးတြင္ ပုဏၰားတေယာက္၏ သမီးပ်ိဳမ်ား ျဖစ္ၾကေသာ နႏၵာ၊ နႏၵာဝတီ ႏွင့္ သုႏၵရီနႏၵာ အမည္ရေသာ ညီအမသုံးေဖာ္ ရွိၾကသည္။ သူတို႔ လူလားမေျမာက္သည့္ အခ်ိန္မွာပင္ ဖခင္ပုဏၰား ကြယ္လြန္သြားေလရာ မိခင္ပုေဏၰးမ၏ အရိပ္တခုတည္းကိုသာ ခိုလႈံေနခဲ့ ၾကသည္။

ဖတဆိုးကေလးမ်ား ျဖစ္သည့္အတိုင္း သူတို႔ခမ်ာ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေနထိုင္ၾကရ၏။ အဝတ္အထည္ အသစ္ မဝယ္ႏိုင္၍ ဖခင္ႀကီး ဆင္ေပးခဲ့ေသာ အဝတ္အေဟာင္းမ်ားကို ခ်ဳပ္စပ္ ဖာေတး ဝတ္ၾကရသည္။ ညီအမ သုံးေယာက္စလုံး ရရာအလုပ္ ထြက္လုပ္ၾကေသာ္လည္း ထမင္းကိုကား နပ္မွန္႐ုံမွ်သာ စားေသာက္ရ ေပသည္။

ပင္ပန္းဆင္းရဲစြာ လုပ္ကိုင္ စားေသာက္ၾကရေသာ္လည္း သူတို႔ေလးေတြမွာ ငယ္ေသြးငယ္သား ပီပီ အသားအေရ စိုျပည္ေနၾက၍ ညႇိဳးႏြမ္းေနေသာ အဝတ္အစားတို႔သည္ သူတို႔၏ အလွက်က္သေရကို ဖုံးလႊမ္း မရႏိုင္ေပ။ မိန္းကေလးမ်ားက တေန႔တျခား အလွ တိုးလာသည္ႏွင့္အမွ် သူတို႔၏ အိမ္အိုႀကီးကား အိုသထက္ အိုလာၿပီး ျပန္လည္ မမြမ္းမံႏိုင္ သျဖင့္ လူမမာႀကီးပမာ ျဖစ္ေနေလသည္။

တေန႔ေသာအခါ ထိုအိမ္ႀကီး ေခါင္းရင္းျခမ္း၌ ေ႐ႊဟသၤာတေကာင္ လာနားေလသည္။ မလာစဖူး လာနားေသာ ေ႐ႊဟသၤာကို မိခင္ပုေဏၰးမႀကီးႏွင့္ တကြ သမီးမ်ားက အံ့ၾသဝမ္းသာ ၾကည့္ရႈကာ "အို ေ႐ႊဟသၤာေလးရယ္၊ မင္း ဘယ္ကမ်ား ပ်ံသန္းလာခဲ့ပါသလဲကြယ္" ဟု ခ်စ္ခင္ျမတ္ႏိုးစြာ ႏႈတ္ခြန္းဆက္သ ၾကေလသည္။

ေ႐ႊဟသၤာကလည္း "အို သမီးတို႔၊ ငါက အျခားသူ မဟုတ္ေလာ၊ သင္တို႔ရဲ႕ဖခင္ ပုဏၰားဘဝက ကြယ္လြန္တဲ့အခါ ေ႐ႊဟသၤာငွက္ ျဖစ္လာရတယ္။ ငါ့ရဲ႕အတိတ္ဘဝကို ျပန္လည္ ေအာက္ေမ့ႏိုင္တဲ့ ဇာတိႆရညဏ္ကို အလိုလို ရတဲ့အတြက္ သင္တို႔ရွိရာကို ပ်ံလာခဲ့ရတာ ေပါ့ကြယ္ " ဟု ဆိုေလသည္။

မိသားစုတခုလုံးမွာ ဝမ္းသာျခင္း တဝက္၊ ဝမ္းနည္းျခင္း တဝက္ျဖင့္ မ်က္ရည္ၿဖိဳင္ၿဖိဳင္ က်ၾကရေလသည္။ ေ႐ႊဟသၤာအား မိမိတို႔ထံ ဆင္းလာပါရန္ လက္လွမ္း ႀကိဳဆိုၾကတယ္။ ေ႐ႊဟသၤာသည္ အေထြးဆုံး သမီးျဖစ္ေသာ သုႏၵနႏၵာ လက္ေပၚ နားၿပီးလွ်င္

"ပုေဏၰးမနဲ႔ သမီးတို႔ ဒီေနာက္ပိုင္း မင္းတို႔ ပင္ပန္းႀကီးစြာ လုပ္ကိုင္စရာ မလိုေတာ့ဘူး။ ငါ့အေတာင္ေတြကို ေရာင္းခ်ၿပီး ခ်မ္းသာစြာ ေနထိုင္ၾကေပေတာ့" ဟုေျပာဆိုလ်က္ တေယာက္လွ်င္ အေတာင္ တခုက် ကိုယ္ေပၚက ႏုတ္ေပးၿပီးလွ်င္ ျပန္၍သြားေလ၏။

ထိုငွက္ေတာင္မ်ားမွာ သာမည ငွက္ေတာင္မဟုတ္ဘဲ အထုအ႐ိုက္ ခံႏိုင္ေသာ ေ႐ႊသားပကတိ ျဖစ္ေနရာ ဆင္းရဲသား မိသားစုကေန ေန႔ခ်င္းညခ်င္း ႂကြယ္ဝ ခ်မ္းသာ လာၾကေလသည္။ ေ႐ႊဟသၤာသည္ သူတို႔မိသားစု ရွိရာသို႔ မၾကာမၾကာ လာေရာက္ကာ ေ႐ႊငွက္ေတာင္မ်ား ခြၽတ္ေပး၏။ ပုေဏၰးမႀကီးတို႔ မိသားစုမွာ ႂကြယ္ဝသထက္ ႂကြယ္ဝလာၾက၏။

ပိုႂကြယ္ဝလာသည္ႏွင့္ အမွ် ပုေဏၰးမႀကီး၏ အလိုေလာဘ ကလည္း ပိုႀကီးမားလာ၏။ တခုေသာ ညခ်မ္းတြင္ "ခ်စ္သမီးတို႔၊ သမီးတို႔ရဲ႕ေ႐ႊဟသၤာဟာ ဖခင္စိတ္နဲ႔ လာေပမယ့္ တကယ္ေတာ့ သူဟာ တိရစာၦန္တေကာင္သာ ျဖစ္တယ္။ တိရစာၦန္တို႔ရဲ႕ စိတ္သေဘာ ဆိုတာက ေရေရရာရာ ရွိႏိုင္ၾကတာမ်ိဳး မဟုတ္ဘူး။ သူ႔စိတ္ေဖာက္ျပန္သြားလို႔ မလာဘဲ ေနတဲ့အခါ ငါတို႔ ဘာလုပ္ၾကရပါ့မလဲ။

ဒါေၾကာင့္ ဒီတခါ ေ႐ႊဟသၤာ ေရာက္လာရင္ သူ႔အေတာင္ေတြ အားလုံး ႏုတ္ယူထားၾကစို႔" ဟု မိခင္က ဆိုေသာအခါ သမီးေတြက "အို အေမရယ္၊ ဒီလိုေတာ့ မလုပ္သင့္ပါဘူး။ အေတာင္ေတြကို အတင္းဆြဲႏုတ္ရင္ ဖခင္ခမ်ာ သိပ္နာသြားမွာေပါ့" ဟု ဆိုၾကေလသည္။

ေလာဘေဇာ တိုက္ေနေသာ မိခင္ႀကီးမွာ "ေအာင္မယ္၊ ညည္းတို႔က မေအ့ထက္ တလႀကီးခ်င္တဲ့ သမီးလိမၼာေတြ ေပါ့ေလ။ ငါေကြၽးေမြးထားခဲ့လို႔ ဒီအသက္အ႐ြယ္ထိ ေရာက္လာတာ ညည္းတို႔ ေခါင္းထဲ ၿမဲၿမဲမွတ္ထား။ ငါလုပ္တာ မျမင္ခ်င္ရင္ေတာ့ ညည္းတို႔ ေတာ္ရာထြက္သြားၾက" ဟု ဆိုေလ၏။

လူ႔သံေယာဇဥ္နဲ႔ ငွက္ခႏၶာ ေပါင္းစပ္ထားေသာ ေ႐ႊဟသၤာကား လူသားစင္စစ္ တေယာက္၏ ေဖာက္ျပန္တတ္ေသာ သေဘာတရားကို သတိမထားမိေခ်။ ခါတိုင္း လာေနက် အတိုင္း မပ်က္မကြက္ ေရာက္လာသည့္အခါ ေလာဘေဇာ တိုက္ေနေသာ ပုေဏၰးမက "အို သခင္ေ႐ႊဟသၤာ၊ ဒီတခါေတာ့ ကြၽန္မ့လက္ေပၚ နားလိုက္စမ္းပါ" ဟု ပ်ဴငွာေသာ အသံျဖင့္ ဆိုေလသည္။

ေမတၱာရွင္ ေ႐ႊဟသၤာသည္ ဇနီးေဟာင္း လက္ေပၚမွာ လာနားေလသည္။ မိမိလက္ထဲသို႔ ေ႐ႊဟသၤာ ေရာက္လာသည္ႏွင့္ တၿပိဳင္နက္ ပုေဏၰးမသည္ အမိအရ ဆုပ္ကိုင္ ကာ အေတာင္မ်ားကို ျဖဳတ္ခနဲ ျဖဳတ္ခနဲ ဆြဲႏုတ္ေလသည္။ အလြန္တရာ နာက်င္လွသျဖင့္ ေ႐ႊဟသၤာ ေအာ္ျမည္ေနသည္ကိုပင္ စာနာေထာက္ထားျခင္း မျပဳဘဲ ႏုတ္ၿမဲ ႏုတ္ေနေလသည္။

ေလာဘရမၼက္ေၾကာင့္ ခက္ထန္ေနသာ ပုေဏၰးမႀကီးသည္ အေတာင္မ်ား အားလုံး ႏုတ္ၿပီးခါမွ အျဖစ္မွန္ကို သိရေတာ့သည္။ ဟိုယခင္တုန္းက ေ႐ႊဟသၤာ ကိုယ္တိုင္၏ စိတ္ဆႏၵအရ ကိုယ္တိုင္ ႏုတ္ေပးခဲ့သျဖင့္ အရည္အေသြး ေကာင္းလွေသာ ေ႐ႊစင္ေ႐ႊသား ငွက္ေတာင္မ်ား ျဖစ္ခဲ့၏။ ယခုမွာမူ ေ႐ႊဟသၤာ၏ စိတ္ဆႏၵမပါဘဲ အျခားသူက ဆြဲႏုတ္ျခင္းေၾကာင့္ သာမည ငွက္ေတာင္မ်ားသာ ျဖစ္ေနေတာ့၏။

ထိုအခါ ပုေဏၰးမသည္ ထိတ္လန႔္တၾကား ျဖစ္ကာ ေ႐ႊဟသၤာကို အိုးႀကီးတလုံးထဲသို႔ ထည့္ထားလိုက္ေလသည္။ မိခင္ႀကီးကို မတားရဲသျဖင့္ မ်က္ႏွာလႊဲေနၾကေသာ သမီးသုံးေယာက္တို႔သည္ ေ႐ႊဟသၤာရွိရာသို႔ မ်က္ရည္စက္လက္ျဖင့္ ဝိုင္းအုံလာၾကသည္။ အိုးထဲမွာ ႏူးညံ့ေသာအဝတ္အစားမ်ား ခင္းေပးၿပီး အာဟာရ ျဖစ္ေစႏိုင္ေသာ အစားအစာမ်ား ေကြၽးေမြးကာ ျပဳစုၾကေလသည္။

ဤသို႔ျဖင့္ အခ်ိန္တန္ေသာအခါ ေ႐ႊဟသၤာမွာ အေတာင္မ်ား ျပန္ေပါက္လာေလသည္။ သို႔ေသာ္ ယခင္လို ေ႐ႊငွက္ေတာင္မ်ား မဟုတ္ၾကေတာ့ဘဲ အမ်ားတကာ ငွက္မ်ားအတိုင္း ျဖစ္ေပသည္။ အေမြးအေတာင္မ်ား စုံလင္ေသာအခါ ေ႐ႊဟသၤာသည္ သမီးသုံးေယာက္တို႔အား ေနာက္ဆုံး ႏႈတ္ဆက္ျခင္းျဖင့္ ႏႈတ္ဆက္ကာ မိမိေနရာသို႔ ျပန္သြားေလေတာ့သည္။

Crd

Post a Comment

0 Comments