လင်းယုန်ကြက်

တခါတုန်းက လူတယောက်ဟာ တောစပ်တခုမှာ လမ်းလျှောက်သွာရင်း ဥ တလုံး တွေ့တော့ ကောက်ပြန်လာပြီး အိမ်က ကြက်မ ဝပ်ကျင်းတခုမှာ ထည့်ထားလိုက်တယ်။

ဒီလိုနဲ့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ကြက်ကလေးတွေ အကောင်ပေါက်လာတယ်။ သူ ကောက်လာတဲ့ ဥ ကတော့ လင်းယုန်လေးတကောင် ပေါက်လာတော့တယ်။

လင်းယုန်ငယ်လေးဟာ ကြက်ကလေးတွေနဲ့အတူ မြေကြီးကို ယက်လိုက် တီကောင်၊ ပိုးကောင်တွေကို ဖမ်းစားလိုက်နဲ့ ကြီးပြင်းလာခဲ့ရတယ်။

လင်းယုန်ငယ်လေးဟာ ကြက်ကလေးတွေနဲ့ အတူနေရတော့ ကြက်ကလေးတွေ လုပ်တဲ့ အတိုင်း လိုက်လုပ်တော့တယ်။ မြေကြီးနဲ့ ကိုယ် လွတ်ရုံ လောက်သာ ပျံလေ့ ရှိတယ်။ အတောင်လေးတွေ ခပ်ရုံလောက်ပဲ လုပ်ခဲ့တယ်။

ဒီလိုနဲ့ အချိန်တွေကြာလာပြီး တနေ့မှာတော့ ကောင်းကင်ပေါ်မှာ လေဟုန်စီးပြီး တိမ်တိုက်တွေ ကြားမှာ ပျံနေတဲ့ အကောင်တကောင်ကို လင်းယုန်ငယ်က တွေ့တော့ "အဲဒါ ဘာအကောင်လဲ" လို့ မေးတယ်။

ကြက်တကောင်က "အဲဒီအကောင်ဟာ ငှက်တွေရဲ့ ဘုရင် ပေါ့။ လင်းယုန် လို့ ခေါ်တယ်။ ဒါပေမဲ့ ငါ့တို့နဲ့ မဆိုင်ပါဘူးလေ၊ ငါတို့က မြေကြီးပေါ်မှာ နေတဲ့ အကောင်၊ သူ့လိုလည်း ငါတို့ ကောင်းကင်ပေါ်မှာ ပျံနိုင်မှာ မဟုတ်ပါဘူး။ စိတ်မဝင်စားပါနဲ့" လို့ ပြောလိုက်တယ်။

ဒီလိုနဲ့ လင်းယုန်ငယ်ဟာ သူရဲ့ အပေါင်းအသင်း၊ သူ နေထိုင်ကျက်စားရတဲ့ ပတ်ဝန်းကျင်က ရုန်းထွက်မနိုင်ပဲ သူ့ကိုယ်သူ ကြက်တကောင်လို့ပဲ ခံယူရင်း၊ အတောင်လေးတွေ ခတ်ရုံလောက် ခတ်ပြီး သေသွားရ ရှာတယ်။

ကျနော်တို့တတွေလည်း ပျံသန်းကြရမှာပါ။ ကိုယ့်ရဲ့ သူငယ်ချင်းအပေါင်းအသင်း၊ ကိုယ်နဲ့ ဆက်နွယ်နေတဲ့ လူတွေနဲ့ အဆင်ပြေမှု မရှိ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ မအပ်စပ်ဘူး ဆိုရင်တော့ ရုန်းထွက်ပါ။ ပြောင်းလဲဖို့ ကြိုးစားပါ။

ပြောင်းလဲပစ်ဖို့ မကြိုးစားပဲ သံယောဇဉ် တွယ်နေအုံးမယ်ဆိုရင်တော့ လင်းယုန်လို ကိုယ့်ရဲ့ အစွမ်းအစတွေ မေ့ပျောက်ပြီး ကြက်တကောင်လို မြေကြီးမှာ ယက်လိုက်၊ အတောင်လေးတွေ ခပ်ရုံလောက်နဲ့တင် ဘဝဟာ နွံထဲ နစ်သွားပါလိမ့်မယ်။

ပြောင်းလဲတဲ့ အခါမှာလည်း ဝိရီယရှိဖို့ လိုပါတယ်။ အခုချိန်တော့ အားတက်သရော လုပ်လိုက်၊ နောက်တလလောက် နေတော့ လုပ်ချင်စိတ် မရှိတာမျိုး မဖြစ်ရပါဘူး။

ကောက်ရိုးမီးလိုမျိုးပဲ လုပ်နေရင်တော့ တနှစ်လည်း ပြောင်းလဲသွားမှာ မဟုတ်၊ နောက်တနှစ်လည်း ရုန်းထွက်နိုင်မှာ မဟုတ်ပဲ အတောင်လေးတွေ ခပ်ရုံလောက်ပဲ ဖြစ်နေအုံးမှာပါ။

crd

Zawgyi

လင္းယုန္ၾကက္

တခါတုန္းက လူတေယာက္ဟာ ေတာစပ္တခုမွာ လမ္းေလွ်ာက္သြာရင္း ဥ တလုံး ေတြ႕ေတာ့ ေကာက္ျပန္လာၿပီး အိမ္က ၾကက္မ ဝပ္က်င္းတခုမွာ ထည့္ထားလိုက္တယ္။ ဒီလိုနဲ႔ မၾကာခင္ ရက္ပိုင္းအတြင္းမွာပဲ ၾကက္ကေလးေတြ အေကာင္ေပါက္လာတယ္။

သူ ေကာက္လာတဲ့ ဥ ကေတာ့ လင္းယုန္ေလးတေကာင္ ေပါက္လာေတာ့တယ္။ လင္းယုန္ငယ္ေလးဟာ ၾကက္ကေလးေတြနဲ႔အတူ ေျမႀကီးကို ယက္လိုက္ တီေကာင္၊ ပိုးေကာင္ေတြကို ဖမ္းစားလိုက္နဲ႔ ႀကီးျပင္းလာခဲ့ရတယ္။

လင္းယုန္ငယ္ေလးဟာ ၾကက္ကေလးေတြနဲ႔ အတူေနရေတာ့ ၾကက္ကေလးေတြ လုပ္တဲ့ အတိုင္း လိုက္လုပ္ေတာ့တယ္။ ေျမႀကီးနဲ႔ ကိုယ္ လြတ္႐ုံ ေလာက္သာ ပ်ံေလ့ ရွိတယ္။ အေတာင္ေလးေတြ ခပ္႐ုံေလာက္ပဲ လုပ္ခဲ့တယ္။

ဒီလိုနဲ႔ အခ်ိန္ေတြၾကာလာၿပီး တေန႔မွာေတာ့ ေကာင္းကင္ေပၚမွာ ေလဟုန္စီးၿပီး တိမ္တိုက္ေတြ ၾကားမွာ ပ်ံေနတဲ့ အေကာင္တေကာင္ကို လင္းယုန္ငယ္က ေတြ႕ေတာ့ "အဲဒါ ဘာအေကာင္လဲ" လို႔ ေမးတယ္။

ၾကက္တေကာင္က "အဲဒီအေကာင္ဟာ ငွက္ေတြရဲ႕ ဘုရင္ ေပါ့။ လင္းယုန္ လို႔ ေခၚတယ္။ ဒါေပမဲ့ ငါ့တို႔နဲ႔ မဆိုင္ပါဘူးေလ၊ ငါတို႔က ေျမႀကီးေပၚမွာ ေနတဲ့ အေကာင္၊ သူ႔လိုလည္း ငါတို႔ ေကာင္းကင္ေပၚမွာ ပ်ံႏိုင္မွာ မဟုတ္ပါဘူး။ စိတ္မဝင္စားပါနဲ႔" လို႔ ေျပာလိုက္တယ္။

ဒီလိုနဲ႔ လင္းယုန္ငယ္ဟာ သူရဲ႕ အေပါင္းအသင္း၊ သူ ေနထိုင္က်က္စားရတဲ့ ပတ္ဝန္းက်င္က ႐ုန္းထြက္မႏိုင္ပဲ သူ႔ကိုယ္သူ ၾကက္တေကာင္လို႔ပဲ ခံယူရင္း၊ အေတာင္ေလးေတြ ခတ္႐ုံေလာက္ ခတ္ၿပီး ေသသြားရ ရွာတယ္။

က်ေနာ္တို႔တေတြလည္း ပ်ံသန္းၾကရမွာပါ။ ကိုယ့္ရဲ႕ သူငယ္ခ်င္းအေပါင္းအသင္း၊ ကိုယ္နဲ႔ ဆက္ႏြယ္ေနတဲ့ လူေတြနဲ႔ အဆင္ေျပမႈ မရွိ၊ ကိုယ့္ပတ္ဝန္းက်င္နဲ႔ မအပ္စပ္ဘူး ဆိုရင္ေတာ့ ႐ုန္းထြက္ပါ။ ေျပာင္းလဲဖို႔ ႀကိဳးစားပါ။

ေျပာင္းလဲပစ္ဖို႔ မႀကိဳးစားပဲ သံေယာဇဥ္ တြယ္ေနအုံးမယ္ဆိုရင္ေတာ့ လင္းယုန္လို ကိုယ့္ရဲ႕ အစြမ္းအစေတြ ေမ့ေပ်ာက္ၿပီး ၾကက္တေကာင္လို ေျမႀကီးမွာ ယက္လိုက္၊ အေတာင္ေလးေတြ ခပ္႐ုံေလာက္နဲ႔တင္ ဘဝဟာ ႏြံထဲ နစ္သြားပါလိမ့္မယ္။

ေျပာင္းလဲတဲ့ အခါမွာလည္း ဝိရီယရွိဖို႔ လိုပါတယ္။ အခုခ်ိန္ေတာ့ အားတက္သေရာ လုပ္လိုက္၊ ေနာက္တလေလာက္ ေနေတာ့ လုပ္ခ်င္စိတ္ မရွိတာမ်ိဳး မျဖစ္ရပါဘူး။ ေကာက္႐ိုးမီးလိုမ်ိဳးပဲ လုပ္ေနရင္ေတာ့ တႏွစ္လည္း ေျပာင္းလဲသြားမွာ မဟုတ္၊ ေနာက္တႏွစ္လည္း ႐ုန္းထြက္ႏိုင္မွာ မဟုတ္ပဲ အေတာင္ေလးေတြ ခပ္႐ုံေလာက္ပဲ ျဖစ္ေနအုံးမွာပါ။

crd

Post a Comment

0 Comments