ကောင်းကင်ဘုံနှင့် ငရဲဘုံ

တခါတုန်းက အသက်အရွယ် အိုမင်းလှပြီဖြစ်တဲ့ အဖွားအိုတဦး ရှိပါသတဲ့။ အဖွားအိုဟာ တသက်တာလုံးမှာ စိတ်ထားဖြူစင်စွာနဲ့ သီလခိုင်မြဲစွာ အသက်ရှင် နေထိုင်ခဲ့သူ ဖြစ်တယ်။ အဲဒီလိုနဲ့ တရက်မှာတော့ အဖွားအိုဟာ သေအံ့မူးမူး အချိန်အခါကို ရောက်ရှိလာခဲ့ပါသတဲ့။

အဲဒီလို အဖွားအို သေအံ့မူးမူး ဖြစ်နေဆဲ အချိန်အခါမှာ ရုတ်တရက် ဆိုသလိုပဲ သေမင်းတမန် နတ်သားဟာ အဖွားအိုအနီးမှာ ဘွားခနဲ ပေါ်လာပါသတဲ့။ ပြီးတဲ့အခါ အဖွားအိုကို ကြင်နာစွာကြည့်ပြီး ဒီလိုပြောခဲ့တယ်။

"အဘွား၊ အဘွားဟာ တသက်လုံး ကောင်းမှုကုသိုလ်တွေ နဲ့သာ ယဉ်ပါးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် အဖွား တမလွန်ကို မကူးပြောင်းခင်စပ်ကြားမှာ ဒီဘဝအတွက် နောက်ဆုံး ဖြစ်ချင်တဲ့ ဆန္ဒကို ပြောပါ။ ဘာမဆို ကျွန်ုပ်ဖြည့်ဆည်းပေးပါ့မယ်"

အဲဒီစကားကို ကြားတဲ့အခါ အဖွားအိုက "ဒီလိုဆိုလည်း မောင်ရင်လေးရယ် အဖွားကို ကောင်းကင်ဘုံနဲ့၊ ငရဲဘုံကို လိုက်ပြစမ်းပါ၊ တရားထဲမှာသာ နာဖူးပေမယ့် အပြင်မှာ မြင်ဖူးချင်လို့ပါ" လို့ ပြန်ပြောလိုက် ပါသတဲ့။ အဲဒီလိုနဲ့ သေမင်းတမန် နတ်သားဟာ အဖွားအိုကို ခေါ်ဆောင်ပြီး ငရဲဘုံကို ဦးစွာ လာခဲ့ပါသတဲ့။

ငရဲဘုံကို အဖွားအို ရောက်တဲ့အခါ သေမင်းတမန် နတ်သားဟာ အဖွားအိုကို ခန်းမကြီးတခုကို ခေါ်ဆောင်လာခဲ့တယ်။ အဲဒီခန်းမကြီးမှာ ကြီးမားတဲ့ စားပွဲရှည်ကြီး တလုံးကို ချထားခဲ့တယ်။ အဲဒီစားပွဲပေါ်မှာတော့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေ၊ အဖျော်ယမကာတွေနဲ့ပြည့်နှက်နေ ခဲ့တယ်။

စားပွဲ ပတ်ချာလည်မှာတော့ ပိန်လှီနေတဲ့ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး အရွယ်စုံဟာ စားသောက်ဖို့အတွက် အငမ်းမရ ဖြစ်နေကြတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့လက်တွေ နေရာမှာ လက်ချောင်းတွေအစား လူတရပ်လောက် နီးနီး ရှည်လျားလှတဲ့ ဇွန်းတံတွေ ပေါက်နေကြတယ်။

သူတို့တွေဟာ စားသောက်ဖွယ်ရာတွေကို ဇွန်းနဲ့ခပ်လို့ ရပေမယ် ရှည်လျားလှတဲ့ ဇွန်းကြောင့် သူတို့ရဲ့ ပါးစပ်ကို ရောက်ရှိဖို့ မဖြစ်နိုင်ကိုလည်း အဖွားအိုက တွေ့လိုက်ရတယ်။ လူတွေဟာ အစားအသောက်ကို မြင်နေရပေမယ့် ငတ်မွတ်ခြင်းနဲ့သာ အဆုံးသတ် ငိုညည်းနေကြ ပြန်တယ်။

အဖွားအိုဟာ ငရဲဘုံရဲ့ ငတ်မွတ်ဆင်းရဲခြင်းကို မြင်တွေ့ပြီးတဲ့အခါ "ကောင်းကင်ဘုံကို လိုက်ပို့ပါတော့ သေမင်းတမန်နတ်သား" လို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ သေမင်းတမန်နတ်သားဟာ အဖွားအိုကို ခေါ်ဆောင်ပြီး ကောင်းကင်ဘုံကို လိုက်လံ ပြသပြန်တယ်။

အဖွားအိုက "ကောင်းကင်ဘုံမှာတော့ ဇွန်းလက်တံတွေ ပေါက်မနေလောက်ပါဘူးနော်" လို့ မေးမြန်းခဲ့ ပြန်တယ်။ "ရောက်တဲ့အခါ ကြည့်လိုက်ပေါ့အဘွားရယ်" လို့ သေမင်းတမန် နတ်သားက ပြန်ပြောခဲ့တယ်။

အဲဒီလိုနဲ့ အဘွားအိုဟာ ကောင်းကင်ဘုံရဲ့ စားသောက်ခန်းမထဲကို ရောက်လာခဲ့ပြန်တယ်။ ကောင်းကင်ဘုံ စားသောက်ခန်းထဲ မှာလည်း ငရဲပြည်တုန်းကလိုပဲ ခမ်းနားတဲ့ ညစာစားပွဲကြီး ခင်းကျင်းထား ပြန်တယ်။ သူတို့ဟာ လက်ချောင်းတွေ ရှိနေကြပေမယ့်လည်း ဇွန်းအရှည်ကြီးတွေကို ကိုင်ဆောင်ထား ကြတယ်။

ဒါပေမယ့် ခြားနားတာ တခုကို အဖွားအို တွေ့လိုက်ရတယ်။ အဲဒါကတော့ ဇွန်းလက်တံ အရှည်ကြီးတွေ နဲ့ တယောက်နဲ့ တယောက် အပြန်အလှန် ခွံ့ကျွေးနေကြတာပဲ ဖြစ်တယ်။ သူတို့ဟာ စားသောက်ရင်း၊ ရယ်မောရင်း၊ သီချင်းဆိုရင်း ပျော်ရွှင်ကြည်နူး နေကြတာပဲ ဖြစ်တယ်။

အဖွားအိုဟာ အဲဒီမြင်ကွင်းကို ကြည့်ရှုပြီး ဒီလိုပြောခဲ့တယ်။ "အိုး၊ သူတို့ဟာ တယောက်နဲ့တယောက် ကျွေးမွေးတာကို ကောင်းကောင်းလေ့လာ တတ်မြောက်နေပြီပဲ၊ ကောင်းကင်ဘုံနဲ့ ငရဲဘုံရဲ့ကွာခြားချက်က တဦးနဲ့တဦး အပြန်အလှန် ကြည့်ရှု စောင့်ရှောက်ခြင်းပဲ"

နောက်တနေ့ မနက်မှာတော့ အဖွားအိုဟာ ကွယ်လွန်အနိစ္စ ရောက်ခဲ့တယ်။ သူဟာ အကြင်နာတရားရဲ့အရေးကြီးပုံကို သဘောပေါက်နားလည်သွားတာမို့ သူ့ရဲ့သွားရာလမ်းဟာ ကောင်းကင်ဘုံ ဖြစ်မှာတော့ သေချာနေခဲ့တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ အချိန်အကန့်အသတ်နဲ့သာ ရှင်သန်ခွင့် ရကြတဲ့ လူသားတွေပဲ ဖြစ်တယ်။ အဲဒီလို အချိန်အကန့်အသတ်နဲ့ ရှင်သန်နေကြရတဲ့ ဘဝမှာပဲ ရှင်နေလျက်နဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ရှည်လျားတဲ့ ဇွန်းလက်တံတွေ ပေါက်နေကြသူတွေပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လိုအင်ဆန္ဒ အလှမ်း ကျယ်လာလေလေ လောဘဇွန်းတံဟာ ရှည်လျားလေလေ ဖြစ်နေကြပြန်တယ်။ အဲဒီလို ဇွန်းတံဟာ ရှည်လျားပေမယ့် ကိုယ့်ရဲ့အလိုပြည့်ခြင်း ခံတွင်းပေါက်ကို ဘယ်သောအခါမှ ရောက်မှာမဟုတ်ဘူး ဆိုတာကို ပုံပြင်လေးက ပြောပြနေပါတယ်။

ငရဲဘုံက လူတွေဟာ ဇွန်းလက်တံတွေနဲ့ အချင်းချင်း ခွံ့ကျွေးရင် ရနိုင်ပါလျက် ကိုယ်စားဖို့ကိုသာ အာရုံစိုက် ကြိုးပမ်းနေကြတဲ့ အတွက် ငတ်မွတ်ခြင်းနဲ့သာ အဆုံးသတ်သလို ကျွန်တော်တို့ဟာလည်းပဲ အချင်းချင်း မေတ္တာထား၊ ကိုယ်ချင်းစာတရား ရှေ့ထားပြီး ဘဝကို ဖြတ်သန်းရင် လောဘ၊ ဒေါသကင်းတဲ့ စိတ်ချမ်းသာတဲ့ ဘဝကို ရနိုင်ပါလျက်၊ ငါ့အတွက်၊ ငါ့သားမယား အတွက်၊ ငါမိသားစု အတွက်၊ ငါကောင်းစားရေး အတွက် စတဲ့ အတ္တရဲ့ ဇွန်းရှည်များနဲ့ စည်းစိမ်ချမ်းသာကို ခပ်ယူနေကြပြန်တယ်။

အဲဒီလို ခပ်ယူနေကြ ပေမယ့်လည်း လိုအင်ဆန္ဒ ပြည့်မြောက်ခြင်းဆိုတဲ့ ခံတွင်းဝကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့လိုအင်ဆန္ဒကြောင့်သာ၊ ကိုယ်ငတ်မွတ်နေကြတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ငါ့အတွက်တင် မဟုတ် တပါးသူအတွက် ဆိုတဲ့ အချက်ကို ထည့်သွင်း စဉ်းစားမိတဲ့အခါ ကောင်းကင်ဘုံက လူတွေလို တဦးနဲ့တဦး အပြန်အလှန် ခွံ့ကျွေးလို့၊ ငါရသလို ငါအဆင်ပြေသလို သူလည်း ရပါစေဆိုတဲ့ ကိုယ်ချင်းစာစိတ်မျိုး ၊ လူမျိုး၊ ဘာသာ မခွဲခြားတဲ့ ကြင်နာသနားမှုမျိုး ထားကြမယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံသားများလို့ ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

The purpose of human life is to serve, and to show compassion and the will to help others. ဆိုတဲ့စကားလို "လူ့ဘဝရဲ့ အဓိပ္ပါယ်ဟာ အလုပ်အကျွေးပြုဖို့၊ အကြင်နာမေတ္တာထားဖို့၊ အခြားသူတွေကို ကူညီရိုင်းပင်ဖို့ပဲ ဖြစ်တယ်" လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

တကယ်တော့ တယောက်နဲ့တယောက်သာ အကြင်နာမေတ္တာ ထားတတ်ကြမယ်ဆို ငရဲဘုံနဲ့တူတဲ့ ဆင်းရဲငတ်မွတ်ခြင်းတွေ၊ စစ်ပွဲတွေ၊ မတရား အနိုင်ကျင့် သတ်ဖြတ်ခြင်းတွေ ပျောက်ဆုံးပြီး သာယာတဲ့ လူ့ဘောင်၊ ကောင်းကင်ဘုံနဲ့တူတဲ့ လူ့ဘောင်တခု ဖြစ်လာမှာ မုချမလွဲပါပဲ။

Crd PhyoThuta

phoomyatchal

Zawgyi

ေကာင္းကင္ဘုံႏွင့္ ငရဲဘုံ

တခါတုန္းက အသက္အ႐ြယ္ အိုမင္းလွၿပီျဖစ္တဲ့ အဖြားအိုတဦး ရွိပါသတဲ့။ အဖြားအိုဟာ တသက္တာလုံးမွာ စိတ္ထားျဖဴစင္စြာနဲ႔ သီလခိုင္ၿမဲစြာ အသက္ရွင္ ေနထိုင္ခဲ့သူ ျဖစ္တယ္။ အဲဒီလိုနဲ႔ တရက္မွာေတာ့ အဖြားအိုဟာ ေသအံ့မူးမူး အခ်ိန္အခါကို ေရာက္ရွိလာခဲ့ပါသတဲ့။

အဲဒီလို အဖြားအို ေသအံ့မူးမူး ျဖစ္ေနဆဲ အခ်ိန္အခါမွာ ႐ုတ္တရက္ ဆိုသလိုပဲ ေသမင္းတမန္ နတ္သားဟာ အဖြားအိုအနီးမွာ ဘြားခနဲ ေပၚလာပါသတဲ့။ ၿပီးတဲ့အခါ အဖြားအိုကို ၾကင္နာစြာၾကည့္ၿပီး ဒီလိုေျပာခဲ့တယ္။

"အဘြား၊ အဘြားဟာ တသက္လုံး ေကာင္းမႈကုသိုလ္ေတြ နဲ႔သာ ယဥ္ပါးခဲ့သူ ျဖစ္တယ္။ ဒါေၾကာင့္ အဖြား တမလြန္ကို မကူးေျပာင္းခင္စပ္ၾကားမွာ ဒီဘဝအတြက္ ေနာက္ဆုံး ျဖစ္ခ်င္တဲ့ ဆႏၵကို ေျပာပါ။ ဘာမဆို ကြၽႏ္ုပ္ျဖည့္ဆည္းေပးပါ့မယ္"

အဲဒီစကားကို ၾကားတဲ့အခါ အဖြားအိုက "ဒီလိုဆိုလည္း ေမာင္ရင္ေလးရယ္ အဖြားကို ေကာင္းကင္ဘုံနဲ႔၊ ငရဲဘုံကို လိုက္ျပစမ္းပါ၊ တရားထဲမွာသာ နာဖူးေပမယ့္ အျပင္မွာ ျမင္ဖူးခ်င္လို႔ပါ" လို႔ ျပန္ေျပာလိုက္ ပါသတဲ့။ အဲဒီလိုနဲ႔ ေသမင္းတမန္ နတ္သားဟာ အဖြားအိုကို ေခၚေဆာင္ၿပီး ငရဲဘုံကို ဦးစြာ လာခဲ့ပါသတဲ့။

ငရဲဘုံကို အဖြားအို ေရာက္တဲ့အခါ ေသမင္းတမန္ နတ္သားဟာ အဖြားအိုကို ခန္းမႀကီးတခုကို ေခၚေဆာင္လာခဲ့တယ္။ အဲဒီခန္းမႀကီးမွာ ႀကီးမားတဲ့ စားပြဲရွည္ႀကီး တလုံးကို ခ်ထားခဲ့တယ္။ အဲဒီစားပြဲေပၚမွာေတာ့ အမ်ိဳးမ်ိဳးေသာ စားေသာက္ဖြယ္ရာေတြ၊ အေဖ်ာ္ယမကာေတြနဲ႔ျပည့္ႏွက္ေန ခဲ့တယ္။

စားပြဲ ပတ္ခ်ာလည္မွာေတာ့ ပိန္လွီေနတဲ့ ေယာက္်ား၊ မိန္းမ၊ ကေလး၊ လူႀကီး အ႐ြယ္စုံဟာ စားေသာက္ဖို႔အတြက္ အငမ္းမရ ျဖစ္ေနၾကတာကို ေတြ႕လိုက္ရတယ္။ ဒါေပမယ့္လည္း သူတို႔ရဲ႕လက္ေတြ ေနရာမွာ လက္ေခ်ာင္းေတြအစား လူတရပ္ေလာက္ နီးနီး ရွည္လ်ားလွတဲ့ ဇြန္းတံေတြ ေပါက္ေနၾကတယ္။

သူတို႔ေတြဟာ စားေသာက္ဖြယ္ရာေတြကို ဇြန္းနဲ႔ခပ္လို႔ ရေပမယ္ ရွည္လ်ားလွတဲ့ ဇြန္းေၾကာင့္ သူတို႔ရဲ႕ ပါးစပ္ကို ေရာက္ရွိဖို႔ မျဖစ္ႏိုင္ကိုလည္း အဖြားအိုက ေတြ႕လိုက္ရတယ္။ လူေတြဟာ အစားအေသာက္ကို ျမင္ေနရေပမယ့္ ငတ္မြတ္ျခင္းနဲ႔သာ အဆုံးသတ္ ငိုညည္းေနၾက ျပန္တယ္။

အဖြားအိုဟာ ငရဲဘုံရဲ႕ ငတ္မြတ္ဆင္းရဲျခင္းကို ျမင္ေတြ႕ၿပီးတဲ့အခါ "ေကာင္းကင္ဘုံကို လိုက္ပို႔ပါေတာ့ ေသမင္းတမန္နတ္သား" လို႔ ေျပာလိုက္တယ္။ အဲဒီလိုနဲ႔ ေသမင္းတမန္နတ္သားဟာ အဖြားအိုကို ေခၚေဆာင္ၿပီး ေကာင္းကင္ဘုံကို လိုက္လံ ျပသျပန္တယ္။

အဖြားအိုက "ေကာင္းကင္ဘုံမွာေတာ့ ဇြန္းလက္တံေတြ ေပါက္မေနေလာက္ပါဘူးေနာ္" လို႔ ေမးျမန္းခဲ့ ျပန္တယ္။ "ေရာက္တဲ့အခါ ၾကည့္လိုက္ေပါ့အဘြားရယ္" လို႔ ေသမင္းတမန္ နတ္သားက ျပန္ေျပာခဲ့တယ္။

အဲဒီလိုနဲ႔ အဘြားအိုဟာ ေကာင္းကင္ဘုံရဲ႕ စားေသာက္ခန္းမထဲကို ေရာက္လာခဲ့ျပန္တယ္။ ေကာင္းကင္ဘုံ စားေသာက္ခန္းထဲ မွာလည္း ငရဲျပည္တုန္းကလိုပဲ ခမ္းနားတဲ့ ညစာစားပြဲႀကီး ခင္းက်င္းထား ျပန္တယ္။ သူတို႔ဟာ လက္ေခ်ာင္းေတြ ရွိေနၾကေပမယ့္လည္း ဇြန္းအရွည္ႀကီးေတြကို ကိုင္ေဆာင္ထား ၾကတယ္။

ဒါေပမယ့္ ျခားနားတာ တခုကို အဖြားအို ေတြ႕လိုက္ရတယ္။ အဲဒါကေတာ့ ဇြန္းလက္တံ အရွည္ႀကီးေတြ နဲ႔ တေယာက္နဲ႔ တေယာက္ အျပန္အလွန္ ခြံ႕ေကြၽးေနၾကတာပဲ ျဖစ္တယ္။ သူတို႔ဟာ စားေသာက္ရင္း၊ ရယ္ေမာရင္း၊ သီခ်င္းဆိုရင္း ေပ်ာ္႐ႊင္ၾကည္ႏူး ေနၾကတာပဲ ျဖစ္တယ္။

အဖြားအိုဟာ အဲဒီျမင္ကြင္းကို ၾကည့္ရႈၿပီး ဒီလိုေျပာခဲ့တယ္။ "အိုး၊ သူတို႔ဟာ တေယာက္နဲ႔တေယာက္ ေကြၽးေမြးတာကို ေကာင္းေကာင္းေလ့လာ တတ္ေျမာက္ေနၿပီပဲ၊ ေကာင္းကင္ဘုံနဲ႔ ငရဲဘုံရဲ႕ကြာျခားခ်က္က တဦးနဲ႔တဦး အျပန္အလွန္ ၾကည့္ရႈ ေစာင့္ေရွာက္ျခင္းပဲ"

ေနာက္တေန႔ မနက္မွာေတာ့ အဖြားအိုဟာ ကြယ္လြန္အနိစၥ ေရာက္ခဲ့တယ္။ သူဟာ အၾကင္နာတရားရဲ႕အေရးႀကီးပုံကို သေဘာေပါက္နားလည္သြားတာမို႔ သူ႔ရဲ႕သြားရာလမ္းဟာ ေကာင္းကင္ဘုံ ျဖစ္မွာေတာ့ ေသခ်ာေနခဲ့တယ္။

ဒီပုံျပင္ေလးက ကြၽန္ေတာ္တို႔ကို ေျပာျပထားတာေတြ ရွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ အခ်ိန္အကန႔္အသတ္နဲ႔သာ ရွင္သန္ခြင့္ ရၾကတဲ့ လူသားေတြပဲ ျဖစ္တယ္။ အဲဒီလို အခ်ိန္အကန႔္အသတ္နဲ႔ ရွင္သန္ေနၾကရတဲ့ ဘဝမွာပဲ ရွင္ေနလ်က္နဲ႔ ေလာဘ၊ ေဒါသ၊ ေမာဟေတြေၾကာင့္ ရွည္လ်ားတဲ့ ဇြန္းလက္တံေတြ ေပါက္ေနၾကသူေတြပဲ ျဖစ္ပါတယ္။

ကိုယ့္ရဲ႕ လိုအင္ဆႏၵ အလွမ္း က်ယ္လာေလေလ ေလာဘဇြန္းတံဟာ ရွည္လ်ားေလေလ ျဖစ္ေနၾကျပန္တယ္။ အဲဒီလို ဇြန္းတံဟာ ရွည္လ်ားေပမယ့္ ကိုယ့္ရဲ႕အလိုျပည့္ျခင္း ခံတြင္းေပါက္ကို ဘယ္ေသာအခါမွ ေရာက္မွာမဟုတ္ဘူး ဆိုတာကို ပုံျပင္ေလးက ေျပာျပေနပါတယ္။

ငရဲဘုံက လူေတြဟာ ဇြန္းလက္တံေတြနဲ႔ အခ်င္းခ်င္း ခြံ႕ေကြၽးရင္ ရႏိုင္ပါလ်က္ ကိုယ္စားဖို႔ကိုသာ အာ႐ုံစိုက္ ႀကိဳးပမ္းေနၾကတဲ့ အတြက္ ငတ္မြတ္ျခင္းနဲ႔သာ အဆုံးသတ္သလို ကြၽန္ေတာ္တို႔ဟာလည္းပဲ အခ်င္းခ်င္း ေမတၱာထား၊ ကိုယ္ခ်င္းစာတရား ေရွ႕ထားၿပီး ဘဝကို ျဖတ္သန္းရင္ ေလာဘ၊ ေဒါသကင္းတဲ့ စိတ္ခ်မ္းသာတဲ့ ဘဝကို ရႏိုင္ပါလ်က္၊ ငါ့အတြက္၊ ငါ့သားမယား အတြက္၊ ငါမိသားစု အတြက္၊ ငါေကာင္းစားေရး အတြက္ စတဲ့ အတၱရဲ႕ ဇြန္းရွည္မ်ားနဲ႔ စည္းစိမ္ခ်မ္းသာကို ခပ္ယူေနၾကျပန္တယ္။

အဲဒီလို ခပ္ယူေနၾက ေပမယ့္လည္း လိုအင္ဆႏၵ ျပည့္ေျမာက္ျခင္းဆိုတဲ့ ခံတြင္းဝကို ဘယ္ေတာ့မွ ေရာက္ႏိုင္မွာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕လိုအင္ဆႏၵေၾကာင့္သာ၊ ကိုယ္ငတ္မြတ္ေနၾကတာပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ေတြဟာ ငါ့အတြက္တင္ မဟုတ္ တပါးသူအတြက္ ဆိုတဲ့ အခ်က္ကို ထည့္သြင္း စဥ္းစားမိတဲ့အခါ ေကာင္းကင္ဘုံက လူေတြလို တဦးနဲ႔တဦး အျပန္အလွန္ ခြံ႕ေကြၽးလို႔၊ ငါရသလို ငါအဆင္ေျပသလို သူလည္း ရပါေစဆိုတဲ့ ကိုယ္ခ်င္းစာစိတ္မ်ိဳး ၊ လူမ်ိဳး၊ ဘာသာ မခြဲျခားတဲ့ ၾကင္နာသနားမႈမ်ိဳး ထားၾကမယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ဟာ ေကာင္းကင္ဘုံသားမ်ားလို႔ ဆိုႏိုင္မွာပဲ ျဖစ္ပါတယ္။

The purpose of human life is to serve, and to show compassion and the will to help others. ဆိုတဲ့စကားလို "လူ႔ဘဝရဲ႕ အဓိပၸါယ္ဟာ အလုပ္အေကြၽးျပဳဖို႔၊ အၾကင္နာေမတၱာထားဖို႔၊ အျခားသူေတြကို ကူညီ႐ိုင္းပင္ဖို႔ပဲ ျဖစ္တယ္" လို႔ ဆိုလိုတာပဲ ျဖစ္ပါတယ္။

တကယ္ေတာ့ တေယာက္နဲ႔တေယာက္သာ အၾကင္နာေမတၱာ ထားတတ္ၾကမယ္ဆို ငရဲဘုံနဲ႔တူတဲ့ ဆင္းရဲငတ္မြတ္ျခင္းေတြ၊ စစ္ပြဲေတြ၊ မတရား အႏိုင္က်င့္ သတ္ျဖတ္ျခင္းေတြ ေပ်ာက္ဆုံးၿပီး သာယာတဲ့ လူ႔ေဘာင္၊ ေကာင္းကင္ဘုံနဲ႔တူတဲ့ လူ႔ေဘာင္တခု ျဖစ္လာမွာ မုခ်မလြဲပါပဲ။

Crd PhyoThuta

phoomyatchal

Post a Comment

0 Comments