ဦးနှောက်ကို ဘောင်မခတ်ထားပါနဲ့

ဂျပန်တွေက ကြက်မ တကောင်ကို တနေ့ ၂ လုံး ဥအောင် လုပ်လိုက်ပြီ။ အောင်မြင်တယ်။ တနေ့ ၂ လုံး ဥတယ်။ ဘယ်လိုလုပ်သလဲ ဆိုတော့ တနေ့တာ ၂၄ နာရီကို တနေ့ ၁၂ နာရီ လုပ်လိုက်တယ်။

ဥကြက်မတွေကို ပြင်ပလောကနဲ့ ပေးမတွေ့ဘူး။ အလုံ လုပ်ထားတယ်။ ၆ နာရီ အလင်းရောင် ပေးတယ်။ ၆ နာရီ အမှောင် ချထားလိုက်တယ်။ ကြက်မတွေက တနေ့ မိုးချုပ်ပြီ ထင်ပြီး ဥတလုံး ဥချလိုက်တယ်။

ပြန်ပြီး မိုးလင်း လာသယောင်ယောင် ၆ နာရီ အလင်းရောင် ထပ်ပေးတယ်။ ပြီးရင် ပြန်အမှောင် ချတယ်။ နောက်တနေ့ ထင်ပြီး ကြက်မတွေက ဥတလုံး ထပ်ဥတယ်။

ငယ်ငယ်တုန်းက အလိုကြီး အရနည်း ဆိုပြီး တနေ့ ရွှေဥ တလုံး တလုံး ဥတဲ့ ငန်းကို တခါတည်း ဥတွေ အများကြီး လိုချင်လို့ သတ်ပြီး ငန်းဗိုက်ထဲမှာ ရှာတော့ တလုံးမှ မရတော့တဲ့ အကြောင်း သင်ခဲ့ရ ဖူးတယ်။ အဲ့ဒီ သင်ခန်းစာမှာ ကျွန်တော်တို့ကို ပေးတဲ့ message က လောဘမကြီးရဘူး၊ အလိုကြီးရင် အရနည်းတက်တယ်၊ ဒီအသိကို ပေးတာ။

အမှန်က လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတဲ့ အသိကို ပေးရမှာ။ သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ထည့်လို့ ရသလား ဆိုရင် ကျွန်တော်တို့အများစုက မရဘူး ဆိုတဲ့ သမရိုးကျ အယူအဆသာ ရှိကြတဲ့ လူတွေပါ။

အမှန်တော့ ရေခဲသေတ္တာဟာ ဘယ်အရွယ် ဘယ် size ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်မှ မရှိတာ။ သစ်ကုလားအုပ် ထည့်ချင်ရင် ထည့်လို့ရမယ့်အရွယ် ရေခဲသေတ္တာ အကြီးကြီး လုပ်ပေါ့။ ဒါပဲလေ။

ရွှေဥ တလုံး တလုံး ဥတဲ့ငန်း ဂျပန်တွေကို ပေးလိုက်။ တနေ့တည်း ၂ လုံး ဥအောင် သူတို့ လုပ်လိုက်လိမ့်မယ်။ အဲ့ဒါ ပညာပဲ။ ဘယ်တက္ကသိုလ် ဘယ်ကောလိပ်ကမှ မသင်ကြားပေးနိုင်တဲ့ ပညာ။

တရုတ်ပြည်မှာ မြွေတွေ တအားစားတယ်။ မြွေဆိုရင် ဈေးကောင်းတယ်။ ရေမြွေ မွေးမြူရေးသမား တယောက်နဲ့ interview ထားတာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ သူဖြေထားတာက "ရေမြွေမွေးဖို့ အရှည် တမိုင်ရှိတဲ့ ရေစီးကြောင်း လိုအပ်တယ်။ ကျွန်တော် အဲ့ဒီလောက် ကျယ်တဲ့ခြံ ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲဗျာ။

အဲ့တော့ ကျွန်တော့်ရှိတဲ့ ခြံထဲမှာပဲ ကွန်ကရစ်ဘောင်တွေနဲ့ပဲ စီးဆင်းနေတဲ့ ရေမြောင်းပုံစံ တမိုင်အရှည် ရအောင် ကွေ့ဝိုက်ပြီး ဟိုကနေဒီ၊ ဒီကနေဟို စီးဆင်းတဲ့ပုံ ဖန်တီးရတာပေါ့" သူလည်း အောင်မြင်သွားတယ်။ နောက်ပြီး သူက ခိုနဲ့ ငါးလည်း မွေးတယ်။ ခိုအတွက်ပဲ အစာဝယ် ကျွေးတယ်။ ငါး အတွက် အစာဝယ် မကျွေးဘူး။

ခိုရဲ့ချီးကို ငါးစာ ပြန်လုပ်ပြီး ငါးတွေကို ကျွေးတယ်။ ခိုက အရင်းပဲ ရရင်တောင် ငါးက ကျွန်တော့်အတွက် အသားတင် အမြတ်တဲ့။ အဲ့ဒါလည်း ဘယ်တက္ကသိုလ်တွေ ဘယ်ကောလိပ်တွေကမှ သင်ကြားပေးလိုက်တာ မဟုတ်တဲ့ ပညာတွေပဲ။ professional အသက်မွေး ဝမ်းကြောင်းမှု အတတ်ပညာတွေဟာ တက္ကသိုလ် ဘွဲ့တွေထက် ပိုအသုံးတည့်မယ် ဆိုတာမျိုး ပေါ့ဗျာ။

နောက်ပြီး ထိုင်းမှာ ဖားမွေးမြူရေး။ စားဖားတွေ မွေးတာ။ နေရာမလိုဘူး ပညာပဲ လိုတယ်။ တိုက်ခန်းနဲ့ နေတဲ့ လူတွေလည်း စီးပွားဖြစ် မွေးလို့ ရတယ်။ ပုဂံစင်လိုမျိုး အထပ်အထပ်နဲ့ ရေသန့်ဗူးတွေကို စီပြီး အဲ့ဒီရေသန့်ဗူးတွေထဲမှာ ဖားတွေ မွေးတာ။ အောင်မြင်တယ်။ ဈေးကောင်းရတယ်။

နောက်တခု မြန်မာပြည်မှာ ကျွန်တော်ရှိတုန်းက broiler ကြက်၊ အများအခေါ်အိမ်ရှင်မတွေ အခေါ် cp ကြက် ပေါ့ဗျာ။ ကျွန်တော်မွေးတယ်။ အောင်မြင်အောင် မွေးနိုင်တဲ့ နေရာမှာ cp company က ကောင်တွေ လာခဲ့ဦး၊ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော် ဆရာပဲ။ တခြားခြံတွေ ကတောင် ကျွန်တော့်ဆီမှာ အကြံဉာဏ် လာယူရတယ်။ နည်းစနစ် လာမေးရတယ်။ ရောဂါဝင်ရင်၊ တခုခုဖြစ်ရင် diagnosed ဘာမှန်းမသိလို့၊ ဘာရောဂါလဲ၊ ဘယ်လိုဆေးဝါးတွေနဲ့ Treatment လုပ်ရမလဲ၊ ကျွန်တော့်ဆီ အကူအညီတောင်းရတယ်။

ကျွန်တော်ထင်တာ "ငါ ဆရာကြီးပဲ။ ငါ စောက်ရမ်းကျွမ်းတယ်" လို့ ဘဝင်မြင့်နေတာ။ ဒီ ဘွိုင်လာကြက်တွေရဲ့ နဂိုမူလ ဇာတိဟာ နယ်သာလန် (ဟော်လန်) ပေါ့ဗျာ။ ဘိုင်ယန်မြူးနစ်က တောင်ပံကစားသမား အာဂျန်ရော်ဘင်တို့ တိုင်းပြည်။ သူတို့ ဟော်လန်မှာ ဒီ ၄၅ ရက် ကြက် ဘွိုင်လာကြက်တွေကို ဘယ်လို မွေးနေကြသလဲလို့ Google ကနေ ကျွန်တော် လေ့လာကြည့်တော့ ကျွန်တော်တို့ သိထားတာတွေ၊ ကျွန်တော်တို့ လုပ်နေတာတွေဟာ တအား အကုန်အကျ များတယ်။ ထုတ်လုပ်မှုစရိတ် တအားကြီးတဲ့ မွဲဆေးပဲ ဆိုတာ သိလိုက်ရတယ်။

ကျွန်တော်တို့ သိထားတာက ဘွိုင်လာ မွေးမယ်ဆို မြေပြင်ကနေပြီးတော့ ကြမ်းခင်းကို ငါးပေခွဲ အမြင့်။ ကြမ်းခင်းကနေ လက်ခံတိုင်ကို ခြောက်ပေခွဲ၊ ခွန်နှစ်ပေ အမြင့်။ ခေါင်အထိဆို ၁၆ ပေလောက် အမြင့်ရှိတဲ့ အဆောက်အဦ တခုကို မြန်မာငွေ သိန်းသုံးဆယ်၊ သုံးဆယ့်ငါးသိန်းလောက် အကုန်ခံ ဆောက်ပြီးမှ မွေးလို့ရတယ် ထင်ခဲ့တာ။ မြန်မာတပြည်လုံးလည်း အခု အဲ့အတိုင်းနဲ့ပဲ မွေးနေကြတာ။

သူတို့ နယ်သာလန်မှာ ဒီအတိုင်း မြေကြီးပြောင်ပေါ်မှာ ၁၀ ပေ ပတ်လည်ခြံ၊ ခါးတိုက်လောက် အမြင့် တာလပတ် အမိုးလေးနဲ့ မွေးနေကြတာ။ ဒီနေရာမှာ ကြက်ချေးတွေ အညစ်အကြေးတွေနဲ့ ညစ်ပတ်သွားပြီ ဆိုရင် အဲ့ဒီ ၁၀ ပေ ပတ်လည် ခြံလေးကို မိန်းကလေးနှစ်ယောက် အသာလေး မ ရွှေ့လိုက်တယ်။ တဖြည်းဖြည်းနဲ့ပေါ့ ကြက်တွေပါ ပါလာအောင်။ ပြီးရင် နေရာဟောင်းက ကြက်ချေးတွေ အညစ်အကြေးတွေကို သိမ်းလိုက်တယ်။ ဟိုနေရာက မြေကြီးညစ်ပတ်သွားရင် ဒီနေရာပြန်ရွှေ့။ ဒီနေရာက မြေကြီး ညစ်ပတ်သွားရင် ဟိုနေရာပြန်ရွှေ့။

အဲ့လိုနဲ့ သူတို့မွေးနေတာ အောင်မြင်သလား မအောင်မြင်ဘူးလားတော့ မမေးနဲ့ဗျာ။ ကြက်တကောင် နှစ်ပိဿာငါးဆယ်၊ သုံးပိဿာလောက်ရှိတယ်။ ဟဲဗီးကြီးတွေပဲ။

အဓိကအချက် ကျွန်တော်ပြောမယ်လေ။ ကျွန်တော် အပါအဝင် မြန်မာပြည်သား အများစုက သမရိုးကျ အတွေးအခေါ်၊ သမရိုးကျ အယူအဆတွေနဲ့ပဲ မတိုးတက်နိုင်ကြဘူး ဖြစ်နေတာ။ ဆန်းဆန်းပြားပြား တွေးခေါ် မြင့်မြင့်မားမား ကြံစည်တဲ့ လူတွေကိုကျတော့ လှောင်ပြောင်တတ်ကြတယ်။

ရန်ကုန်မြစ် မြို့လည် ရွှေ့မယ်ဆိုတော့ ဝိုင်းဆဲတယ်။ လှောင်ပြောင်တယ်။ မြစ်ရဲ့ ဟိုဘက်ကမ်းကို ရန်ကုန်မြို့လို စည်ကားအောင်၊ တိုးတက်အောင် လုပ်လိုက်ရင် ရန်ကုန်မြစ်ဟာ အလိုလို မြို့လည်ခေါင် ရောက်လာမယ်ဆိုတာ ဉာဏ်မမှီတော့ မတွေးခေါ်နိုင်ကြတော့ဘူး။ ဒါကြောင့် ဦးနှောက်ကို ဘောင်ခတ် မထားကြနဲ့။

ဒီလိုလုပ်မှ ရတယ်လို့ တရားသေ မတွေးပါနဲ့။ သူတပါးတွေရဲ့ ဆန်းသစ်တဲ့ အတွေး၊ မြင့်မားတဲ့ အကြံအစဉ်ကို မလှောင်ပြောင် ကြပါနဲ့။ ကျွန်တော်ကိုယ်တိုင်လည်း နားမလည်သေးတာတွေ၊ နားလည်ထားမှု လွဲမှားနေတာတွေ အများကြီးကို ပြုပြင်ရပါဦးမယ်။

Crd Origin

Zawgyi

ဦးေႏွာက္ကို ေဘာင္မခတ္ထားပါနဲ႔

ဂ်ပန္ေတြက ၾကက္မ တေကာင္ကို တေန႔ ၂ လုံး ဥေအာင္ လုပ္လိုက္ၿပီ။ ေအာင္ျမင္တယ္။ တေန႔ ၂ လုံး ဥတယ္။ ဘယ္လိုလုပ္သလဲ ဆိုေတာ့ တေန႔တာ ၂၄ နာရီကို တေန႔ ၁၂ နာရီ လုပ္လိုက္တယ္။

ဥၾကက္မေတြကို ျပင္ပေလာကနဲ႔ ေပးမေတြ႕ဘူး။ အလုံ လုပ္ထားတယ္။ ၆ နာရီ အလင္းေရာင္ ေပးတယ္။ ၆ နာရီ အေမွာင္ ခ်ထားလိုက္တယ္။ ၾကက္မေတြက တေန႔ မိုးခ်ဳပ္ၿပီ ထင္ၿပီး ဥတလုံး ဥခ်လိုက္တယ္။

ျပန္ၿပီး မိုးလင္း လာသေယာင္ေယာင္ ၆ နာရီ အလင္းေရာင္ ထပ္ေပးတယ္။ ၿပီးရင္ ျပန္အေမွာင္ ခ်တယ္။ ေနာက္တေန႔ ထင္ၿပီး ၾကက္မေတြက ဥတလုံး ထပ္ဥတယ္။

ငယ္ငယ္တုန္းက အလိုႀကီး အရနည္း ဆိုၿပီး တေန႔ ေ႐ႊဥ တလုံး တလုံး ဥတဲ့ ငန္းကို တခါတည္း ဥေတြ အမ်ားႀကီး လိုခ်င္လို႔ သတ္ၿပီး ငန္းဗိုက္ထဲမွာ ရွာေတာ့ တလုံးမွ မရေတာ့တဲ့ အေၾကာင္း သင္ခဲ့ရ ဖူးတယ္။ အဲ့ဒီ သင္ခန္းစာမွာ ကြၽန္ေတာ္တို႔ကို ေပးတဲ့ message က ေလာဘမႀကီးရဘူး၊ အလိုႀကီးရင္ အရနည္းတက္တယ္၊ ဒီအသိကို ေပးတာ။

အမွန္က လိုလွ်င္ႀကံဆ နည္းလမ္းရ ဆိုတဲ့ အသိကို ေပးရမွာ။ သစ္ကုလားအုပ္ကို ေရခဲေသတၱာထဲ ထည့္လို႔ ရသလား ဆိုရင္ ကြၽန္ေတာ္တို႔အမ်ားစုက မရဘူး ဆိုတဲ့ သမ႐ိုးက် အယူအဆသာ ရွိၾကတဲ့ လူေတြပါ။

အမွန္ေတာ့ ေရခဲေသတၱာဟာ ဘယ္အ႐ြယ္ ဘယ္ size ပဲ လုပ္ရမယ္လို႔ သတ္မွတ္ခ်က္မွ မရွိတာ။ သစ္ကုလားအုပ္ ထည့္ခ်င္ရင္ ထည့္လို႔ရမယ့္အ႐ြယ္ ေရခဲေသတၱာ အႀကီးႀကီး လုပ္ေပါ့။ ဒါပဲေလ။

ေ႐ႊဥ တလုံး တလုံး ဥတဲ့ငန္း ဂ်ပန္ေတြကို ေပးလိုက္။ တေန႔တည္း ၂ လုံး ဥေအာင္ သူတို႔ လုပ္လိုက္လိမ့္မယ္။ အဲ့ဒါ ပညာပဲ။ ဘယ္တကၠသိုလ္ ဘယ္ေကာလိပ္ကမွ မသင္ၾကားေပးႏိုင္တဲ့ ပညာ။

တ႐ုတ္ျပည္မွာ ေႁမြေတြ တအားစားတယ္။ ေႁမြဆိုရင္ ေဈးေကာင္းတယ္။ ေရေႁမြ ေမြးျမဴေရးသမား တေယာက္နဲ႔ interview ထားတာ ကြၽန္ေတာ္ ဖတ္ခဲ့ဖူးတယ္။ သူေျဖထားတာက "ေရေႁမြေမြးဖို႔ အရွည္ တမိုင္ရွိတဲ့ ေရစီးေၾကာင္း လိုအပ္တယ္။ ကြၽန္ေတာ္ အဲ့ဒီေလာက္ က်ယ္တဲ့ၿခံ ဘယ္လိုလုပ္ၿပီး ဝယ္ႏိုင္မွာလဲဗ်ာ။

အဲ့ေတာ့ ကြၽန္ေတာ့္ရွိတဲ့ ၿခံထဲမွာပဲ ကြန္ကရစ္ေဘာင္ေတြနဲ႔ပဲ စီးဆင္းေနတဲ့ ေရေျမာင္းပုံစံ တမိုင္အရွည္ ရေအာင္ ေကြ႕ဝိုက္ၿပီး ဟိုကေနဒီ၊ ဒီကေနဟို စီးဆင္းတဲ့ပုံ ဖန္တီးရတာေပါ့" သူလည္း ေအာင္ျမင္သြားတယ္။ ေနာက္ၿပီး သူက ခိုနဲ႔ ငါးလည္း ေမြးတယ္။ ခိုအတြက္ပဲ အစာဝယ္ ေကြၽးတယ္။ ငါး အတြက္ အစာဝယ္ မေကြၽးဘူး။

ခိုရဲ႕ခ်ီးကို ငါးစာ ျပန္လုပ္ၿပီး ငါးေတြကို ေကြၽးတယ္။ ခိုက အရင္းပဲ ရရင္ေတာင္ ငါးက ကြၽန္ေတာ့္အတြက္ အသားတင္ အျမတ္တဲ့။ အဲ့ဒါလည္း ဘယ္တကၠသိုလ္ေတြ ဘယ္ေကာလိပ္ေတြကမွ သင္ၾကားေပးလိုက္တာ မဟုတ္တဲ့ ပညာေတြပဲ။ professional အသက္ေမြး ဝမ္းေၾကာင္းမႈ အတတ္ပညာေတြဟာ တကၠသိုလ္ ဘြဲ႕ေတြထက္ ပိုအသုံးတည့္မယ္ ဆိုတာမ်ိဳး ေပါ့ဗ်ာ။

ေနာက္ၿပီး ထိုင္းမွာ ဖားေမြးျမဴေရး။ စားဖားေတြ ေမြးတာ။ ေနရာမလိုဘူး ပညာပဲ လိုတယ္။ တိုက္ခန္းနဲ႔ ေနတဲ့ လူေတြလည္း စီးပြားျဖစ္ ေမြးလို႔ ရတယ္။ ပုဂံစင္လိုမ်ိဳး အထပ္အထပ္နဲ႔ ေရသန႔္ဗူးေတြကို စီၿပီး အဲ့ဒီေရသန႔္ဗူးေတြထဲမွာ ဖားေတြ ေမြးတာ။ ေအာင္ျမင္တယ္။ ေဈးေကာင္းရတယ္။

ေနာက္တခု ျမန္မာျပည္မွာ ကြၽန္ေတာ္ရွိတုန္းက broiler ၾကက္၊ အမ်ားအေခၚအိမ္ရွင္မေတြ အေခၚ cp ၾကက္ ေပါ့ဗ်ာ။ ကြၽန္ေတာ္ေမြးတယ္။ ေအာင္ျမင္ေအာင္ ေမြးႏိုင္တဲ့ ေနရာမွာ cp company က ေကာင္ေတြ လာခဲ့ဦး၊ ကြၽန္ေတာ္ ဂ႐ုမစိုက္ဘူး။ ကြၽန္ေတာ္ ဆရာပဲ။ တျခားၿခံေတြ ကေတာင္ ကြၽန္ေတာ့္ဆီမွာ အႀကံဉာဏ္ လာယူရတယ္။ နည္းစနစ္ လာေမးရတယ္။ ေရာဂါဝင္ရင္၊ တခုခုျဖစ္ရင္ diagnosed ဘာမွန္းမသိလို႔၊ ဘာေရာဂါလဲ၊ ဘယ္လိုေဆးဝါးေတြနဲ႔ Treatment လုပ္ရမလဲ၊ ကြၽန္ေတာ့္ဆီ အကူအညီေတာင္းရတယ္။

ကြၽန္ေတာ္ထင္တာ "ငါ ဆရာႀကီးပဲ။ ငါ ေစာက္ရမ္းကြၽမ္းတယ္" လို႔ ဘဝင္ျမင့္ေနတာ။ ဒီ ဘြိဳင္လာၾကက္ေတြရဲ႕ နဂိုမူလ ဇာတိဟာ နယ္သာလန္ (ေဟာ္လန္) ေပါ့ဗ်ာ။ ဘိုင္ယန္ျမဴးနစ္က ေတာင္ပံကစားသမား အာဂ်န္ေရာ္ဘင္တို႔ တိုင္းျပည္။ သူတို႔ ေဟာ္လန္မွာ ဒီ ၄၅ ရက္ ၾကက္ ဘြိဳင္လာၾကက္ေတြကို ဘယ္လို ေမြးေနၾကသလဲလို႔ Google ကေန ကြၽန္ေတာ္ ေလ့လာၾကည့္ေတာ့ ကြၽန္ေတာ္တို႔ သိထားတာေတြ၊ ကြၽန္ေတာ္တို႔ လုပ္ေနတာေတြဟာ တအား အကုန္အက် မ်ားတယ္။ ထုတ္လုပ္မႈစရိတ္ တအားႀကီးတဲ့ မြဲေဆးပဲ ဆိုတာ သိလိုက္ရတယ္။

ကြၽန္ေတာ္တို႔ သိထားတာက ဘြိဳင္လာ ေမြးမယ္ဆို ေျမျပင္ကေနၿပီးေတာ့ ၾကမ္းခင္းကို ငါးေပခြဲ အျမင့္။ ၾကမ္းခင္းကေန လက္ခံတိုင္ကို ေျခာက္ေပခြဲ၊ ခြန္ႏွစ္ေပ အျမင့္။ ေခါင္အထိဆို ၁၆ ေပေလာက္ အျမင့္ရွိတဲ့ အေဆာက္အဦ တခုကို ျမန္မာေငြ သိန္းသုံးဆယ္၊ သုံးဆယ့္ငါးသိန္းေလာက္ အကုန္ခံ ေဆာက္ၿပီးမွ ေမြးလို႔ရတယ္ ထင္ခဲ့တာ။ ျမန္မာတျပည္လုံးလည္း အခု အဲ့အတိုင္းနဲ႔ပဲ ေမြးေနၾကတာ။

သူတို႔ နယ္သာလန္မွာ ဒီအတိုင္း ေျမႀကီးေျပာင္ေပၚမွာ ၁၀ ေပ ပတ္လည္ၿခံ၊ ခါးတိုက္ေလာက္ အျမင့္ တာလပတ္ အမိုးေလးနဲ႔ ေမြးေနၾကတာ။ ဒီေနရာမွာ ၾကက္ေခ်းေတြ အညစ္အေၾကးေတြနဲ႔ ညစ္ပတ္သြားၿပီ ဆိုရင္ အဲ့ဒီ ၁၀ ေပ ပတ္လည္ ၿခံေလးကို မိန္းကေလးႏွစ္ေယာက္ အသာေလး မ ေ႐ႊ႕လိုက္တယ္။ တျဖည္းျဖည္းနဲ႔ေပါ့ ၾကက္ေတြပါ ပါလာေအာင္။ ၿပီးရင္ ေနရာေဟာင္းက ၾကက္ေခ်းေတြ အညစ္အေၾကးေတြကို သိမ္းလိုက္တယ္။ ဟိုေနရာက ေျမႀကီးညစ္ပတ္သြားရင္ ဒီေနရာျပန္ေ႐ႊ႕။ ဒီေနရာက ေျမႀကီး ညစ္ပတ္သြားရင္ ဟိုေနရာျပန္ေ႐ႊ႕။

အဲ့လိုနဲ႔ သူတို႔ေမြးေနတာ ေအာင္ျမင္သလား မေအာင္ျမင္ဘူးလားေတာ့ မေမးနဲ႔ဗ်ာ။ ၾကက္တေကာင္ ႏွစ္ပိႆာငါးဆယ္၊ သုံးပိႆာေလာက္ရွိတယ္။ ဟဲဗီးႀကီးေတြပဲ။

အဓိကအခ်က္ ကြၽန္ေတာ္ေျပာမယ္ေလ။ ကြၽန္ေတာ္ အပါအဝင္ ျမန္မာျပည္သား အမ်ားစုက သမ႐ိုးက် အေတြးအေခၚ၊ သမ႐ိုးက် အယူအဆေတြနဲ႔ပဲ မတိုးတက္ႏိုင္ၾကဘူး ျဖစ္ေနတာ။ ဆန္းဆန္းျပားျပား ေတြးေခၚ ျမင့္ျမင့္မားမား ႀကံစည္တဲ့ လူေတြကိုက်ေတာ့ ေလွာင္ေျပာင္တတ္ၾကတယ္။

ရန္ကုန္ျမစ္ ၿမိဳ႕လည္ ေ႐ႊ႕မယ္ဆိုေတာ့ ဝိုင္းဆဲတယ္။ ေလွာင္ေျပာင္တယ္။ ျမစ္ရဲ႕ ဟိုဘက္ကမ္းကို ရန္ကုန္ၿမိဳ႕လို စည္ကားေအာင္၊ တိုးတက္ေအာင္ လုပ္လိုက္ရင္ ရန္ကုန္ျမစ္ဟာ အလိုလို ၿမိဳ႕လည္ေခါင္ ေရာက္လာမယ္ဆိုတာ ဉာဏ္မမွီေတာ့ မေတြးေခၚႏိုင္ၾကေတာ့ဘူး။ ဒါေၾကာင့္ ဦးေႏွာက္ကို ေဘာင္ခတ္ မထားၾကနဲ႔။

ဒီလိုလုပ္မွ ရတယ္လို႔ တရားေသ မေတြးပါနဲ႔။ သူတပါးေတြရဲ႕ ဆန္းသစ္တဲ့ အေတြး၊ ျမင့္မားတဲ့ အႀကံအစဥ္ကို မေလွာင္ေျပာင္ ၾကပါနဲ႔။ ကြၽန္ေတာ္ကိုယ္တိုင္လည္း နားမလည္ေသးတာေတြ၊ နားလည္ထားမႈ လြဲမွားေနတာေတြ အမ်ားႀကီးကို ျပဳျပင္ရပါဦးမယ္။

Crd Origin

Post a Comment

0 Comments