ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်

တခါတုန်းက ဈေးသည်ကြီး တယောက်ဟာ သူ့ရဲ့သားကို ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဆီကို စေလွှတ်ခဲ့တယ်။ ဘာအတွက်လဲ ဆိုတော့ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို သင်ယူဖို့တဲ့လေ။

အဖေရဲ့ စကားကို နားထောင်တဲ့ ကောင်လေးဟာ သဲကန္တာရကြီးကို ဖြတ်ပြီး ရက်ပေါင်း ၄ဝ ကြာတဲ့ထိ ခရီးသွားခဲ့ ရပါတယ်။ နောက်ဆုံးမှာတော့ ကောင်လေးဟာ မြင့်မားတဲ့ တောင်ထိပ်ပေါ်က ရဲတိုက်ကြီး တခုဆီကို ရောက်သွားပါတော့တယ်။ အဲ့ဒီ အရမ်းလှပတဲ့ ရဲတိုက်ကြီးက သူရှာနေတဲ့ သူဌေးကြီးရဲ့ အိမ်ပေါ့။

ကောင်လေး ရဲတိုက်ကြီးထဲကို ဝင်လိုက်တာနဲ့ မြင်လိုက်ရတာ တွေကတော့ အမျိုးကို စုံလို့ပါပဲ။ ကုန်သည်တွေက ဝင်လိုက် ထွက်လိုက်နဲ့။ တချို့ကလည်း အခန်းထောင့်တွေမှာ ရပ်ပြီး စကားတွေ ရေပတ် မဝင်အောင် ပြောနေကြတယ်။ သံစုံတီးဝိုင်းလေးကလည်း ငြိမ့်ညောင်းလို့။ ပြီးတော့ စားပွဲကြီးပေါ်မှာ ခင်းကျင်းထားတာ တွေကလည်း ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာ တွေချည်း ဆိုပါလား။

ဟော တွေ့ပါပြီ။ သူဌေးကြီးကတော့ သူ့မိတ်ဆွေတွေကို ဧည့်ခံစကား ပြောနေတယ်။ အဲ့ဒီတော့ ကောင်လေးက အလိုက်တသိ စောင့်နေရတော့တာပေါ့။ ဘယ်လောက်ထိ စောင့်လိုက်ရလဲဆိုရင် သူ့အလှည့်ရောက်ဖို့ နှစ်နာရီလောက်တောင် ကြာသွားပါတယ်။

သူဌေးကြီးက ကောင်လေး သူ့ဆီ ရောက်လာရတဲ့ အကြောင်းအရင်းကို ဂရုတစိုက် နားထောင်ပေးတယ်။ ဒါပေမယ့် ကောင်လေး သိချင်တာကို ပြောပြဖို့ သူမအားသေးဘူးလို့ ပြောပါတယ်။ သူဌေးကြီးက သူမအားသေးခင် အချိန်နှစ်နာရီလောက် သူ့ရဲ့ နန်းတော်ကြီးကို လှည့်ပတ်ကြည့်ပြီး ပြန်လာခဲ့ဖို့ အကြံပေးတယ်။

"မင်းအဲ့ဒီလို လျှောက်ကြည့်နေတဲ့ အချိန်မှာ ငါမင်းကို တခုခုတော့ ခိုင်းချင်တယ်" လို့ သူဌေးကြီးက ပြောတယ်။ ဆီတွေပါတဲ့ ဇွန်းကို ကောင်လေးဆီ လှမ်းပေးရင်း ထပ်ပြောတာက "မင်းလျှောက်ကြည့်နေတဲ့ အချိန်မှာ ဒီဇွန်းကို ယူသွား၊ ပြီးရင် ဆီတွေ ဖိတ်မကျစေဘဲ ပြန်ယူလာခဲ့" တဲ့။

ကောင်လေးက နန်းတော်ကြီးရဲ့ များပြားလှတဲ့ လှေခါးကြီးတွေကို တက်လိုက် ဆင်းလိုက်နဲ့ လျှောက်ကြည့်ဖို့ ထွက်သွားတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ဇွန်းဆီမှာပဲ ရောက်နေတယ်။ နှစ်နာရီ ကျော်သွားတဲ့အခါ သူဌေးကြီးရှိတဲ့ နေရာကို သူပြန်ရောက် လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ သူဌေးကြီးက မေးခွန်းတွေ ဆက်တိုက် မေးလိုက်တယ်။

"ထမင်းစားခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းထိုး ပန်းချီကားကြီးတွေကို မင်းတွေ့ခဲ့ရဲ့လား၊ ကျွမ်းကျင် ဥယျာဉ်မှူး ကိုယ်တိုင် ဆယ်နှစ်လောက် အချိန်ယူပြီး ဖန်တီးထားတဲ့ ပန်းခြံကြီး ကိုရော မြင်ခဲ့လား၊ ငါ့ စာကြည့်တိုက်ထဲမှာ ရှိတဲ့ အရမ်းကို လှပတဲ့ ပုရပိုက်ကြီးတွေကိုရော မင်းသတိထားမိသေးလား"

ကောင်လေးက ရှက်သွားပြီး သူဘာမှ သတိမထားခဲ့ မိတာကို ဝန်ခံလိုက်တယ်။ သူ့ရဲ့အာရုံက သူဌေးကြီးခိုင်းတဲ့ အတိုင်း ဆီတွေ ဖိတ်မကျဖို့ပဲ ရှိနေခဲ့တာတဲ့လေ။ "ဒါဆိုလည်း အခု ပြန်သွားပြီး ငါ့ကမ္ဘာကြီးရဲ့ ဆန်းကြယ်မှုတွေကို ခံစားလိုက်ပါဦး လူလေးရာ။ လူတယောက်ကို သူ့အိမ်အကြောင်း မသိဘဲနဲ့တော့ မင်းယုံကြည်လို့ မရဘူးလေကွာ" ဆိုပြီး သူဌေးကြီးက ပြန်ပြောလိုက်တယ်။

ကောင်လေးက ဇွန်းကိုကောက်ကိုင်ပြီး နန်းတော်ကြီးကို စူးစမ်းလေ့လာဖို့ ပြန်ထွက်သွားခဲ့တယ်။ အခုမှပဲ နံရံတွေ မျက်နှာကျက်တွေမှာ ရှိတဲ့ အလှတရားတွေကို သေချာ မြင်လိုက်ရတယ်။ လှပတဲ့ ဥယျာဉ်ကြီးတွေ၊ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ တောင်တန်းကြီးတွေ၊ ပန်းတွေရဲ့ အလှတရားတွေကို ခံစားလိုက်ရတယ်။ ပြီးတော့ အရာအားလုံးကို သေချာ စနစ်တကျ လုပ်ထားတယ် ဆိုတာအရမ်းသိသာပါတယ်။

သူဌေးကြီးဆီ ပြန်ရောက်သွားတဲ့ အခါမှာတော့၊ သူမြင်ခဲ့တာ အားလုံးကို အသေးစိတ် ပြန်ပြောပြခဲ့တယ်။ သူဌေးကြီးက "ဒါပေမယ့် ငါခိုင်းတဲ့အတိုင်း ဆီတွေရော ပြန်ပါလာရဲ့လား" ဆိုပြီး မေးပြန်တယ်။ ကောင်လေးက သူ့လက်ထဲက ဇွန်းကို ကြည့်လည်း ကြည့်လိုက်ရော ဆီတွေ လုံးဝ မရှိတော့ပါဘူး။ အဲ့ဒီမှာပဲ သူဌေးကြီးက ပြောလိုက်တယ်။

"ကောင်းပြီ ငါမင်းကို ပေးနိုင်တဲ့ အကြံကတော့ တခုပဲ ရှိတယ်ကွ၊ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက် ဆိုတာ ဘာပဲလုပ်လုပ် မျှမျှတတ လုပ်နိုင်ဖို့ပဲ။ အခုဆို မင်း တခုကို အာရုံစိုက်နေတုန်း တခုကို ခံစားဖို့ မေ့သွားတယ်။ ဇွန်းထဲက ဆီတွေ ဖိတ်မကျဘဲ ကမ္ဘာ လောကကြီးရဲ့ အံ့သြဖွယ်ရာ အလှအပတွေကို ကောင်းကောင်းကြီး ခံစားနိုင်မယ်ဆို ပျော်ရွှင်ရပြီပေါ့။ ဒါပဲပေါ့ကွာ၊ အဲ့ဒီတော့ အလုပ်တွေ ကြိုးစားရင်းလည်း ပျော်ရွှင်မှုကို ရှာဖို့မမေ့နဲ့။ အပျော်လွန်ပြီးလည်း အလုပ်မပျက်စေနဲ့ ပေါ့ကွာ" တဲ့။

Crd

Paul Coelho

Zawgyi

ေပ်ာ္႐ႊင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္

တခါတုန္းက ေဈးသည္ႀကီး တေယာက္ဟာ သူ႔ရဲ႕သားကို ကမာၻ႔အခ်မ္းသာဆုံး သူေဌးႀကီးဆီကို ေစလႊတ္ခဲ့တယ္။ ဘာအတြက္လဲ ဆိုေတာ့ ေပ်ာ္႐ႊင္မႈရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို သင္ယူဖို႔တဲ့ေလ။

အေဖရဲ႕ စကားကို နားေထာင္တဲ့ ေကာင္ေလးဟာ သဲကႏၲာရႀကီးကို ျဖတ္ၿပီး ရက္ေပါင္း ၄ဝ ၾကာတဲ့ထိ ခရီးသြားခဲ့ ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ေကာင္ေလးဟာ ျမင့္မားတဲ့ ေတာင္ထိပ္ေပၚက ရဲတိုက္ႀကီး တခုဆီကို ေရာက္သြားပါေတာ့တယ္။ အဲ့ဒီ အရမ္းလွပတဲ့ ရဲတိုက္ႀကီးက သူရွာေနတဲ့ သူေဌးႀကီးရဲ႕ အိမ္ေပါ့။

ေကာင္ေလး ရဲတိုက္ႀကီးထဲကို ဝင္လိုက္တာနဲ႔ ျမင္လိုက္ရတာ ေတြကေတာ့ အမ်ိဳးကို စုံလို႔ပါပဲ။ ကုန္သည္ေတြက ဝင္လိုက္ ထြက္လိုက္နဲ႔။ တခ်ိဳ႕ကလည္း အခန္းေထာင့္ေတြမွာ ရပ္ၿပီး စကားေတြ ေရပတ္ မဝင္ေအာင္ ေျပာေနၾကတယ္။ သံစုံတီးဝိုင္းေလးကလည္း ၿငိမ့္ေညာင္းလို႔။ ၿပီးေတာ့ စားပြဲႀကီးေပၚမွာ ခင္းက်င္းထားတာ ေတြကလည္း ကမာၻ႔အေကာင္းဆုံး စားေသာက္ဖြယ္ရာ ေတြခ်ည္း ဆိုပါလား။

ေဟာ ေတြ႕ပါၿပီ။ သူေဌးႀကီးကေတာ့ သူ႔မိတ္ေဆြေတြကို ဧည့္ခံစကား ေျပာေနတယ္။ အဲ့ဒီေတာ့ ေကာင္ေလးက အလိုက္တသိ ေစာင့္ေနရေတာ့တာေပါ့။ ဘယ္ေလာက္ထိ ေစာင့္လိုက္ရလဲဆိုရင္ သူ႔အလွည့္ေရာက္ဖို႔ ႏွစ္နာရီေလာက္ေတာင္ ၾကာသြားပါတယ္။

သူေဌးႀကီးက ေကာင္ေလး သူ႔ဆီ ေရာက္လာရတဲ့ အေၾကာင္းအရင္းကို ဂ႐ုတစိုက္ နားေထာင္ေပးတယ္။ ဒါေပမယ့္ ေကာင္ေလး သိခ်င္တာကို ေျပာျပဖို႔ သူမအားေသးဘူးလို႔ ေျပာပါတယ္။ သူေဌးႀကီးက သူမအားေသးခင္ အခ်ိန္ႏွစ္နာရီေလာက္ သူ႔ရဲ႕ နန္းေတာ္ႀကီးကို လွည့္ပတ္ၾကည့္ၿပီး ျပန္လာခဲ့ဖို႔ အႀကံေပးတယ္။

"မင္းအဲ့ဒီလို ေလွ်ာက္ၾကည့္ေနတဲ့ အခ်ိန္မွာ ငါမင္းကို တခုခုေတာ့ ခိုင္းခ်င္တယ္" လို႔ သူေဌးႀကီးက ေျပာတယ္။ ဆီေတြပါတဲ့ ဇြန္းကို ေကာင္ေလးဆီ လွမ္းေပးရင္း ထပ္ေျပာတာက "မင္းေလွ်ာက္ၾကည့္ေနတဲ့ အခ်ိန္မွာ ဒီဇြန္းကို ယူသြား၊ ၿပီးရင္ ဆီေတြ ဖိတ္မက်ေစဘဲ ျပန္ယူလာခဲ့" တဲ့။

ေကာင္ေလးက နန္းေတာ္ႀကီးရဲ႕ မ်ားျပားလွတဲ့ ေလွခါးႀကီးေတြကို တက္လိုက္ ဆင္းလိုက္နဲ႔ ေလွ်ာက္ၾကည့္ဖို႔ ထြက္သြားတယ္။ ဒါေပမယ့္ သူ႔မ်က္လုံးေတြကေတာ့ ဇြန္းဆီမွာပဲ ေရာက္ေနတယ္။ ႏွစ္နာရီ ေက်ာ္သြားတဲ့အခါ သူေဌးႀကီးရွိတဲ့ ေနရာကို သူျပန္ေရာက္ လာခဲ့တယ္။ ေရာက္ေရာက္ခ်င္းပဲ သူေဌးႀကီးက ေမးခြန္းေတြ ဆက္တိုက္ ေမးလိုက္တယ္။

"ထမင္းစားခန္းထဲမွာ ခ်ိတ္ဆြဲထားတဲ့ ပန္းထိုး ပန္းခ်ီကားႀကီးေတြကို မင္းေတြ႕ခဲ့ရဲ႕လား၊ ကြၽမ္းက်င္ ဥယ်ာဥ္မႉး ကိုယ္တိုင္ ဆယ္ႏွစ္ေလာက္ အခ်ိန္ယူၿပီး ဖန္တီးထားတဲ့ ပန္းၿခံႀကီး ကိုေရာ ျမင္ခဲ့လား၊ ငါ့ စာၾကည့္တိုက္ထဲမွာ ရွိတဲ့ အရမ္းကို လွပတဲ့ ပုရပိုက္ႀကီးေတြကိုေရာ မင္းသတိထားမိေသးလား"

ေကာင္ေလးက ရွက္သြားၿပီး သူဘာမွ သတိမထားခဲ့ မိတာကို ဝန္ခံလိုက္တယ္။ သူ႔ရဲ႕အာ႐ုံက သူေဌးႀကီးခိုင္းတဲ့ အတိုင္း ဆီေတြ ဖိတ္မက်ဖို႔ပဲ ရွိေနခဲ့တာတဲ့ေလ။ "ဒါဆိုလည္း အခု ျပန္သြားၿပီး ငါ့ကမာၻႀကီးရဲ႕ ဆန္းၾကယ္မႈေတြကို ခံစားလိုက္ပါဦး လူေလးရာ။ လူတေယာက္ကို သူ႔အိမ္အေၾကာင္း မသိဘဲနဲ႔ေတာ့ မင္းယုံၾကည္လို႔ မရဘူးေလကြာ" ဆိုၿပီး သူေဌးႀကီးက ျပန္ေျပာလိုက္တယ္။

ေကာင္ေလးက ဇြန္းကိုေကာက္ကိုင္ၿပီး နန္းေတာ္ႀကီးကို စူးစမ္းေလ့လာဖို႔ ျပန္ထြက္သြားခဲ့တယ္။ အခုမွပဲ နံရံေတြ မ်က္ႏွာက်က္ေတြမွာ ရွိတဲ့ အလွတရားေတြကို ေသခ်ာ ျမင္လိုက္ရတယ္။ လွပတဲ့ ဥယ်ာဥ္ႀကီးေတြ၊ သူ႔ပတ္ဝန္းက်င္မွာ ရွိတဲ့ ေတာင္တန္းႀကီးေတြ၊ ပန္းေတြရဲ႕ အလွတရားေတြကို ခံစားလိုက္ရတယ္။ ၿပီးေတာ့ အရာအားလုံးကို ေသခ်ာ စနစ္တက် လုပ္ထားတယ္ ဆိုတာအရမ္းသိသာပါတယ္။

သူေဌးႀကီးဆီ ျပန္ေရာက္သြားတဲ့ အခါမွာေတာ့၊ သူျမင္ခဲ့တာ အားလုံးကို အေသးစိတ္ ျပန္ေျပာျပခဲ့တယ္။ သူေဌးႀကီးက "ဒါေပမယ့္ ငါခိုင္းတဲ့အတိုင္း ဆီေတြေရာ ျပန္ပါလာရဲ႕လား" ဆိုၿပီး ေမးျပန္တယ္။ ေကာင္ေလးက သူ႔လက္ထဲက ဇြန္းကို ၾကည့္လည္း ၾကည့္လိုက္ေရာ ဆီေတြ လုံးဝ မရွိေတာ့ပါဘူး။ အဲ့ဒီမွာပဲ သူေဌးႀကီးက ေျပာလိုက္တယ္။

"ေကာင္းၿပီ ငါမင္းကို ေပးႏိုင္တဲ့ အႀကံကေတာ့ တခုပဲ ရွိတယ္ကြ၊ ေပ်ာ္႐ႊင္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ ဆိုတာ ဘာပဲလုပ္လုပ္ မွ်မွ်တတ လုပ္ႏိုင္ဖို႔ပဲ။ အခုဆို မင္း တခုကို အာ႐ုံစိုက္ေနတုန္း တခုကို ခံစားဖို႔ ေမ့သြားတယ္။ ဇြန္းထဲက ဆီေတြ ဖိတ္မက်ဘဲ ကမာၻ ေလာကႀကီးရဲ႕ အံ့ၾသဖြယ္ရာ အလွအပေတြကို ေကာင္းေကာင္းႀကီး ခံစားႏိုင္မယ္ဆို ေပ်ာ္႐ႊင္ရၿပီေပါ့။ ဒါပဲေပါ့ကြာ၊ အဲ့ဒီေတာ့ အလုပ္ေတြ ႀကိဳးစားရင္းလည္း ေပ်ာ္႐ႊင္မႈကို ရွာဖို႔မေမ့နဲ႔။ အေပ်ာ္လြန္ၿပီးလည္း အလုပ္မပ်က္ေစနဲ႔ ေပါ့ကြာ" တဲ့။

Crd

Paul Coelho

Post a Comment

0 Comments