သူတပါးရဲ့ ပျော်ရွှင်မှုကို မနှောင့်ယှက်ပါနဲ့

၁။ ရုံးရက်ရှည် ပိတ်တော့ နယ်မှာ တာဝန်ကျနေတဲ့ ချစ်သူဆီ သူလိုက်သွားတယ်။ ကြမ်းတမ်းတဲ့ လမ်းခရီးကို နာရီအတော်ကြာ ရထားစီးသွားရတယ်။ ဒါကို မိတ်ဆွေတယောက်က ကြားတော့ "ငါသာ သူ့ချစ်သူ ဆိုရင် အထက်တန်းတွဲ ဝယ်ပေးလိုက်မှာ" လို့ ဆိုတယ်။ ဒါကို သူကြားတော့ စိတ်မကောင်း ဖြစ်ခဲ့တယ်။

၂။ လမ်းဘေးဈေးသည် အမျိုးသမီးငယ် တယောက် ဈေးရောင်းနေတယ်။ ခဏလောက် နေတော့ လူရွယ်တယောက် စက်ဘီးစီးပြီး ထမင်းလာပို့တယ်။ စက်ဘီးပေါ်က ဆင်းတာနဲ့ အားတုံ့အားနာ သူ အလျင်စလို ပြောတယ်။ "ဆာနေရော့ပေါ့၊ နောက်ကျသွားတယ်ကွာ ဆောရီးနော်"

အမျိုးသမီး ခေါင်းမော့ လိုက်တယ်။ လူရွယ်ယောက်ျားကို တွေ့တာနဲ့ သူ့မျက်လုံးက အရောင်လက်သွားတယ်။ ပါးစပ်ကလည်း "မလောပါဘူး၊ စောသေးတယ် မဆာသေးဘူး" လို့ ဆိုတယ်။ ယောက်ျားက တပြုံးပြုံးနဲ့ ထမင်းချိုင့်ကို ခြင်းထဲကနေ ထုတ်ပေးပြီး အမျိုးသမီးဘေးမှာ ဝင်ထိုင်လိုက်တယ်။ "စား၊ နွေးနေတုန်း မြန်မြန်စားလိုက်။ ငါတို့ အတူတူ စားကြမယ်"

ဒီအချိန်မှာပဲ ရှေ့ကနေ အမျိုးသမီးကြီး တယောက် ဖြတ်လျှောက်သွားတယ်။ သူက အမျိုးသမီးငယ် စားနေတဲ့ ထမင်းဘူးကို ခေါင်းထိုးကြည့်ပြီး အံ့သြဟန်နဲ့ "ဟယ် ငါ့ညီမရယ်၊ နင် ဒီလောက် ပင်ပန်းတာ ဒီဟင်းလေးနဲ့ပဲ စားတယ်။ ကြည့်စမ်း ဆီတစက်တောင် မကပ်ပါလား။ နင် ဘယ်လိုစားနိုင်တာလဲ" လို့ ပြောတယ်။ ပြောချင်ရာ ပြောပြီး ပါးစပ်ကနေ စုပ်တသပ်သပ်နဲ့ မဲ့တဲ့တဲ့ မျက်နှာအမူအရာ လုပ်ပြီး ဝဖြိုးတဲ့ခန္ဓာကိုယ် အိပဲ့အိပဲ့နဲ့ ထွက်သွားတယ်။

အမျိုးသမီးငယ်က လက်ထဲက ထမင်းဘူးကို ကိုင်ပြီး ဝတုတ်တုတ် အမျိုးသမီးရဲ့နောက်ကျောကို တွေတွေဝေဝေ စိုက်ကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ရစ်ဝဲလာပြီး အဲဒီမျက်ရည်တွေဟာ သူ့လက်ထဲက ထမင်းဘူးထဲ တစက်ချင်း ကျသွားတော့တယ်။

ဘေးမှာထိုင်နေတဲ့ ယောက်ျားရဲ့ မျက်လုံးကလည်း နီစွေးနေတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ ထမင်းဘူးကို တဇွန်းတလေမှ မထိတို့ ချင်တော့ဘူး။ ဘေးပတ်ဝန်းကျင်က လေထုက ခဏတာ အေးခဲ ခြောက်သွေ့သွားသလိုပဲ။ လူကို အသက်ရှုရ ကြပ်နေစေတော့တယ်။

၃။ သားဖြစ်သူက တက္ကသိုလ်ဝင်တန်း အောင်ပြီ။ တက်ရမယ့် တက္ကသိုလ်က သာမန်တက္ကသိုလ်ပဲ ဆိုပေမယ့် တအိမ်သားလုံး ပျော်နေကြတယ်။ ကျောင်းမကောင်းလို့ ဆိုပြီး ဝမ်းနည်းမနေကြဘူး။

"သား မင်းတော်တယ်ကွာ သားအတွက် အဖေအမေတို့ ဂုဏ်ယူတယ်ကွာ။ အဖေ ဆိုရင် မူလတန်းတောင် မအောင်ခဲ့ဘူး။ မင်းအမေ ဆိုလည်း အလယ်တန်းထိပဲ ကျောင်းနေဖူးတယ်။ ခု ငါတို့မိသားစုမှာ တက္ကသိုလ်ကျောင်းသား ရှိပြီကွာ" လို့ အဖေက သားကို ချီးကျူးတယ်။

သားက ရှက်ရှက်ရွံ့ရွံ့ပြုံးတယ်။ ဒါပေမယ့် အပြုံးက ချိုလို့၊ ရင်ထဲမှာလည်း ကြည်နူးလို့။တအိမ်သားလုံး အပျော်အပြုံးတွေနဲ့ သားကို ကားဂိတ် လိုက်ပို့ကြတယ်။

အဲဒီမှာ လူတယောက်က ရုတ်တရက် အဖေ့ပခုံးကို ပုတ်လိုက်တယ်။ လှည့်ကြည့်တော့ အသိမိတ်ဆွေတယောက် ဖြစ်နေတယ်။ သူလည်း သူ့သားကျောင်းတက်ဖို့ ကားဂိတ် လာပို့တာပါ။ မိတ်ဆွေက မေးတယ်။ "မင်းသား ဘာကျောင်းရလဲ" တဲ့။ တက္ကသိုလ်နာမည်ကို အဖေပြောပြလိုက်တာနဲ့ အဲဒီလူရဲ့မျက်နှာက အံ့သြထူးဆန်းတဲ့ ပုံစံ ချက်ချင်း ပြောင်းသွားတယ်။

"မင့်သား တက်မယ့် တက္ကသိုလ်က ဘာတက္ကသိုလ်လဲကွာ။ အဲလိုတက္ကသိုလ် တက်လည်း အလကားပဲကွာ။ ကျောင်းပြီးသွားရင် အလုပ်ရှာရခက်မှာ။ ငါ့သားကတော့ မင်းသားထက် တော်သွားပြီ သူ့တက်မယ့် ကျောင်းက နာမည်ကြီးကျောင်းကွ။ ကျောင်းပြီးတာနဲ့ အလုပ်ပေးမယ့်သူတွေ တန်းစီနေတာ။ လခကလည်း ကောင်းတယ်မောင်"

အထင်အမြင် သေးတဲ့ပုံစံနဲ့ ပြောချင်ရာ ပြောပြီး အဲဒီလူ ထွက်သွားတယ်။ ထွက်သွားသူရဲ့ နောက်ကျောကို တမိသားစုလုံး ငေးကြည့်နေကြတယ်။ နဂိုအရောင် လက်နေတဲ့ မျက်လုံးတွေကလည်း မှိန်ကုန်ကြတယ်။

ခုနားက တအိမ်သားလုံး ပျော်ရွှင်နေတဲ့ အပျော်တွေလည်း မိတ်ဆွေရဲ့ စကားကြောင့် ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်တော့တယ်။ ပြင်းပြနေတဲ့ စိတ်လည်း ရေခဲမှတ်အောက် ထိုးဆင်းသွားခဲ့ ကြတယ်။ တက္ကသိုလ် သွားတက်မယ့် သားချောလေးကို ကြည့်လိုက်တော့ သူ့မျက်လုံးအိမ်မှာ အရည်တွေလဲ့လို့။

လူတိုင်းမှာ ပျော်ရွှင်ခြင်း ကိုယ်စီ ရှိကြပါတယ်။ ပျော်ရွှင်ဖို့ နည်းလမ်းမျိုးစုံလည်း ရှိကြပါတယ်။ တချို့လူရဲ့ ပျော်ရွှင်ခြင်းက စိန်လက်စွပ် တကွင်းဖြစ်ပေမယ့် တချို့ရဲ့ ပျော်ရွှင်ခြင်းကတော့ ကော်ဖီတခွက် ဖြစ်ပါတယ်။ တချို့ရဲ့ ပျော်ရွှင်ခြင်းက ချစ်သူဆီက အပြုံးတပွင့် ရလို့လည်း ဖြစ်နိုင်သလို ဂရုစိုက်စကား တခွန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျွန်မတို့ဟာ ပျော်ရွှင်တဲ့စိတ်နဲ့ ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ တခြားသူရဲ့ ပျော်ရွှင်ခြင်းကို ကျွန်မတို့ မနှောင့်ယှက်သင့်ပါဘူး။ ပျော်ရွှင်ခြင်းက လူတယောက်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် မို့ပါ။ ပေါင်မုန့်တချပ်၊ ခေါက်ဆွဲတထုပ် နဲ့လည်း သူ့မှာ ပျော်ရွှင်ပိုင်ခွင့် ရှိတယ်။ ကိုယ့်အကြည့်ထဲမှာ ပင်ပန်းဆင်းရဲခြင်းက တခြားသူရဲ့ရင်ထဲမှာ ပျော်ရွှင်ခြင်းတခု ဖြစ်နိုင်ပါတယ်။

ဒီလို ပျော်ရွှင်ခြင်းက ဂုဏ်ရာထူးနဲ့ မဆိုင်ပါဘူး၊ ဆင်းရဲချမ်းသာနဲ့ မဆိုင်ပါဘူး။ ခံစားတတ်တဲ့ စိတ်နှလုံးတစုံနဲ့ သင့်မြတ်နားလည်မှုပဲ လိုပါတယ်။ ဒီလိုပျော်ရွှင်ခြင်းက ပန်းပွင့်သလိုမျိုးပါပဲ။ အသံမထွက်ဘူး ဒါပေမယ့် မွှေးတယ်။ အချင်းချင်းရဲ့စိတ်ထဲမှာ၊ နှလုံးသားထဲမှာ ဖူးပွင့်ဝေဆာပြီး ခိုင်မြဲမှုအသွင်နဲ့ ဘဝထဲ ရှင်သန် တည်ရှိနေပါတယ်။

Crd 99 Sanay

Zawgyi

သူတပါးရဲ့ ေပ်ာ္႐ႊင္မႈကို မေႏွာင့္ယွက္ပါနဲ့

၁။ ႐ုံးရက္ရွည္ ပိတ္ေတာ့ နယ္မွာ တာဝန္က်ေနတဲ့ ခ်စ္သူဆီ သူလိုက္သြားတယ္။ ၾကမ္းတမ္းတဲ့ လမ္းခရီးကို နာရီအေတာ္ၾကာ ရထားစီးသြားရတယ္။ ဒါကို မိတ္ေဆြတေယာက္က ၾကားေတာ့ "ငါသာ သူ႔ခ်စ္သူ ဆိုရင္ အထက္တန္းတြဲ ဝယ္ေပးလိုက္မွာ" လို႔ ဆိုတယ္။ ဒါကို သူၾကားေတာ့ စိတ္မေကာင္း ျဖစ္ခဲ့တယ္။

၂။ လမ္းေဘးေဈးသည္ အမ်ိဳးသမီးငယ္ တေယာက္ ေဈးေရာင္းေနတယ္။ ခဏေလာက္ ေနေတာ့ လူ႐ြယ္တေယာက္ စက္ဘီးစီးၿပီး ထမင္းလာပို႔တယ္။ စက္ဘီးေပၚက ဆင္းတာနဲ႔ အားတုံ႔အားနာ သူ အလ်င္စလို ေျပာတယ္။ "ဆာေနေရာ့ေပါ့၊ ေနာက္က်သြားတယ္ကြာ ေဆာရီးေနာ္"

အမ်ိဳးသမီး ေခါင္းေမာ့ လိုက္တယ္။ လူ႐ြယ္ေယာက္်ားကို ေတြ႕တာနဲ႔ သူ႔မ်က္လုံးက အေရာင္လက္သြားတယ္။ ပါးစပ္ကလည္း "မေလာပါဘူး၊ ေစာေသးတယ္ မဆာေသးဘူး" လို႔ ဆိုတယ္။ ေယာက္်ားက တၿပဳံးၿပဳံးနဲ႔ ထမင္းခ်ိဳင့္ကို ျခင္းထဲကေန ထုတ္ေပးၿပီး အမ်ိဳးသမီးေဘးမွာ ဝင္ထိုင္လိုက္တယ္။ "စား၊ ေႏြးေနတုန္း ျမန္ျမန္စားလိုက္။ ငါတို႔ အတူတူ စားၾကမယ္"

ဒီအခ်ိန္မွာပဲ ေရွ႕ကေန အမ်ိဳးသမီးႀကီး တေယာက္ ျဖတ္ေလွ်ာက္သြားတယ္။ သူက အမ်ိဳးသမီးငယ္ စားေနတဲ့ ထမင္းဘူးကို ေခါင္းထိုးၾကည့္ၿပီး အံ့ၾသဟန္နဲ႔ "ဟယ္ ငါ့ညီမရယ္၊ နင္ ဒီေလာက္ ပင္ပန္းတာ ဒီဟင္းေလးနဲ႔ပဲ စားတယ္။ ၾကည့္စမ္း ဆီတစက္ေတာင္ မကပ္ပါလား။ နင္ ဘယ္လိုစားႏိုင္တာလဲ" လို႔ ေျပာတယ္။ ေျပာခ်င္ရာ ေျပာၿပီး ပါးစပ္ကေန စုပ္တသပ္သပ္နဲ႔ မဲ့တဲ့တဲ့ မ်က္ႏွာအမူအရာ လုပ္ၿပီး ဝၿဖိဳးတဲ့ခႏၶာကိုယ္ အိပဲ့အိပဲ့နဲ႔ ထြက္သြားတယ္။

အမ်ိဳးသမီးငယ္က လက္ထဲက ထမင္းဘူးကို ကိုင္ၿပီး ဝတုတ္တုတ္ အမ်ိဳးသမီးရဲ႕ေနာက္ေက်ာကို ေတြေတြေဝေဝ စိုက္ၾကည့္လိုက္တယ္။ သူ႔မ်က္လုံးအိမ္ထဲမွာ မ်က္ရည္ေတြ ရစ္ဝဲလာၿပီး အဲဒီမ်က္ရည္ေတြဟာ သူ႔လက္ထဲက ထမင္းဘူးထဲ တစက္ခ်င္း က်သြားေတာ့တယ္။

ေဘးမွာထိုင္ေနတဲ့ ေယာက္်ားရဲ႕ မ်က္လုံးကလည္း နီေစြးေနတယ္။ လက္ထဲမွာ ကိုင္ထားတဲ့ ထမင္းဘူးကို တဇြန္းတေလမွ မထိတို႔ ခ်င္ေတာ့ဘူး။ ေဘးပတ္ဝန္းက်င္က ေလထုက ခဏတာ ေအးခဲ ေျခာက္ေသြ႕သြားသလိုပဲ။ လူကို အသက္ရႈရ ၾကပ္ေနေစေတာ့တယ္။

၃။ သားျဖစ္သူက တကၠသိုလ္ဝင္တန္း ေအာင္ၿပီ။ တက္ရမယ့္ တကၠသိုလ္က သာမန္တကၠသိုလ္ပဲ ဆိုေပမယ့္ တအိမ္သားလုံး ေပ်ာ္ေနၾကတယ္။ ေက်ာင္းမေကာင္းလို႔ ဆိုၿပီး ဝမ္းနည္းမေနၾကဘူး။

"သား မင္းေတာ္တယ္ကြာ သားအတြက္ အေဖအေမတို႔ ဂုဏ္ယူတယ္ကြာ။ အေဖ ဆိုရင္ မူလတန္းေတာင္ မေအာင္ခဲ့ဘူး။ မင္းအေမ ဆိုလည္း အလယ္တန္းထိပဲ ေက်ာင္းေနဖူးတယ္။ ခု ငါတို႔မိသားစုမွာ တကၠသိုလ္ေက်ာင္းသား ရွိၿပီကြာ" လို႔ အေဖက သားကို ခ်ီးက်ဴးတယ္။

သားက ရွက္ရွက္႐ြံ႕႐ြံ႕ၿပဳံးတယ္။ ဒါေပမယ့္ အၿပဳံးက ခ်ိဳလို႔၊ ရင္ထဲမွာလည္း ၾကည္ႏူးလို႔။တအိမ္သားလုံး အေပ်ာ္အၿပဳံးေတြနဲ႔ သားကို ကားဂိတ္ လိုက္ပို႔ၾကတယ္။

အဲဒီမွာ လူတေယာက္က ႐ုတ္တရက္ အေဖ့ပခုံးကို ပုတ္လိုက္တယ္။ လွည့္ၾကည့္ေတာ့ အသိမိတ္ေဆြတေယာက္ ျဖစ္ေနတယ္။ သူလည္း သူ႔သားေက်ာင္းတက္ဖို႔ ကားဂိတ္ လာပို႔တာပါ။ မိတ္ေဆြက ေမးတယ္။ "မင္းသား ဘာေက်ာင္းရလဲ" တဲ့။ တကၠသိုလ္နာမည္ကို အေဖေျပာျပလိုက္တာနဲ႔ အဲဒီလူရဲ႕မ်က္ႏွာက အံ့ၾသထူးဆန္းတဲ့ ပုံစံ ခ်က္ခ်င္း ေျပာင္းသြားတယ္။

"မင့္သား တက္မယ့္ တကၠသိုလ္က ဘာတကၠသိုလ္လဲကြာ။ အဲလိုတကၠသိုလ္ တက္လည္း အလကားပဲကြာ။ ေက်ာင္းၿပီးသြားရင္ အလုပ္ရွာရခက္မွာ။ ငါ့သားကေတာ့ မင္းသားထက္ ေတာ္သြားၿပီ သူ႔တက္မယ့္ ေက်ာင္းက နာမည္ႀကီးေက်ာင္းကြ။ ေက်ာင္းၿပီးတာနဲ႔ အလုပ္ေပးမယ့္သူေတြ တန္းစီေနတာ။ လခကလည္း ေကာင္းတယ္ေမာင္"

အထင္အျမင္ ေသးတဲ့ပုံစံနဲ႔ ေျပာခ်င္ရာ ေျပာၿပီး အဲဒီလူ ထြက္သြားတယ္။ ထြက္သြားသူရဲ႕ ေနာက္ေက်ာကို တမိသားစုလုံး ေငးၾကည့္ေနၾကတယ္။ နဂိုအေရာင္ လက္ေနတဲ့ မ်က္လုံးေတြကလည္း မွိန္ကုန္ၾကတယ္။

ခုနားက တအိမ္သားလုံး ေပ်ာ္႐ႊင္ေနတဲ့ အေပ်ာ္ေတြလည္း မိတ္ေဆြရဲ႕ စကားေၾကာင့္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ျဖစ္ကုန္ေတာ့တယ္။ ျပင္းျပေနတဲ့ စိတ္လည္း ေရခဲမွတ္ေအာက္ ထိုးဆင္းသြားခဲ့ ၾကတယ္။ တကၠသိုလ္ သြားတက္မယ့္ သားေခ်ာေလးကို ၾကည့္လိုက္ေတာ့ သူ႔မ်က္လုံးအိမ္မွာ အရည္ေတြလဲ့လို႔။

လူတိုင္းမွာ ေပ်ာ္႐ႊင္ျခင္း ကိုယ္စီ ရွိၾကပါတယ္။ ေပ်ာ္႐ႊင္ဖို႔ နည္းလမ္းမ်ိဳးစုံလည္း ရွိၾကပါတယ္။ တခ်ိဳ႕လူရဲ႕ ေပ်ာ္႐ႊင္ျခင္းက စိန္လက္စြပ္ တကြင္းျဖစ္ေပမယ့္ တခ်ိဳ႕ရဲ႕ ေပ်ာ္႐ႊင္ျခင္းကေတာ့ ေကာ္ဖီတခြက္ ျဖစ္ပါတယ္။ တခ်ိဳ႕ရဲ႕ ေပ်ာ္႐ႊင္ျခင္းက ခ်စ္သူဆီက အၿပဳံးတပြင့္ ရလို႔လည္း ျဖစ္ႏိုင္သလို ဂ႐ုစိုက္စကား တခြန္းေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

ဘယ္လို အေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ကြၽန္မတို႔ဟာ ေပ်ာ္႐ႊင္တဲ့စိတ္နဲ႔ ေပ်ာ္႐ႊင္ေနၾကတာပဲ ျဖစ္ပါတယ္။ တျခားသူရဲ႕ ေပ်ာ္႐ႊင္ျခင္းကို ကြၽန္မတို႔ မေႏွာင့္ယွက္သင့္ပါဘူး။ ေပ်ာ္႐ႊင္ျခင္းက လူတေယာက္ရဲ႕ ကိုယ္ပိုင္ လြတ္လပ္ခြင့္ မို႔ပါ။ ေပါင္မုန႔္တခ်ပ္၊ ေခါက္ဆြဲတထုပ္ နဲ႔လည္း သူ႔မွာ ေပ်ာ္႐ႊင္ပိုင္ခြင့္ ရွိတယ္။ ကိုယ့္အၾကည့္ထဲမွာ ပင္ပန္းဆင္းရဲျခင္းက တျခားသူရဲ႕ရင္ထဲမွာ ေပ်ာ္႐ႊင္ျခင္းတခု ျဖစ္ႏိုင္ပါတယ္။

ဒီလို ေပ်ာ္႐ႊင္ျခင္းက ဂုဏ္ရာထူးနဲ႔ မဆိုင္ပါဘူး၊ ဆင္းရဲခ်မ္းသာနဲ႔ မဆိုင္ပါဘူး။ ခံစားတတ္တဲ့ စိတ္ႏွလုံးတစုံနဲ႔ သင့္ျမတ္နားလည္မႈပဲ လိုပါတယ္။ ဒီလိုေပ်ာ္႐ႊင္ျခင္းက ပန္းပြင့္သလိုမ်ိဳးပါပဲ။ အသံမထြက္ဘူး ဒါေပမယ့္ ေမႊးတယ္။ အခ်င္းခ်င္းရဲ႕စိတ္ထဲမွာ၊ ႏွလုံးသားထဲမွာ ဖူးပြင့္ေဝဆာၿပီး ခိုင္ၿမဲမႈအသြင္နဲ႔ ဘဝထဲ ရွင္သန္ တည္ရွိေနပါတယ္။

Crd 99 Sanay

Post a Comment

0 Comments