သင့်လက်တွေ ရုတ်တရက်အေးစက်ပြီး ကျဉ်လာရင် ဒီစာကို ဖတ်ကြည့်ပါ

ဆောင်းရာသီမှာ အပြင်သွားရင် လက်တွေက အေးစက်ပြီး ဖြူသွားပါတယ်။ ရာသီဥတုအေးတဲ့အခါ လက်တွေအေးပြီး ဖြူသွားတာက ပုံမှန်ပါပဲ။ လက်ကို နွေးအောင်လုပ်လိုက်ရင် တစ်ဖန်ပြန်ပြီး သွေးရောင်တွေ လွှမ်းလာမှာပါ။ ဒါပေမယ့် လက်တွေအေးပြီး ဖြူဆုတ်သွားတာက Raynaund ရောဂါရဲ့လက္ခဏာ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

Raynaund ရောဂါဆိုတာ ဘာလဲ

ရေးနော့ဒ်ရောဂါ ဆိုတာ ရာသီဥတုအေးတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးကြောတွေ ရုတ်တရက်ကျဉ်းခြင်း၊ ကျုံ့ခြင်းတို့ကြောင့် သွေးများ မစီးဆင်းနိုင်တော့ဘဲ လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်းနဲ့ နားရွက်ထိပ် စတဲ့နေရာတွေမှာ အေးပြီး ထုံကျဉ်ဖြူဖွေးလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလက္ခဏာက ပုံမှန်အားဖြင့် စက္ကန့်အနည်းငယ်ပဲ ကြာတတ်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ နာရီနဲ့ချီပြီး ကြာနိုင်ပါတယ်။

ရေးနော့ဒ်ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်း

ရေးနော့ဒ်ရောဂါက primary Raynaud's disease နဲ့ secondary Raynaud's syndrome ဆိုပြီး နှစ်မျိူးရှိပါတယ်။

Primary Raynaud's disease ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Raynaud's disese ဖြစ်သူတွေက သွေးကြောတွေ ကျုံ့သွားပါတယ်။ Raynaud's disease က Raynaund's syndrome လောက် မပြင်းထန်တာကြောင့် တစ်ခါတရံမှာ ကုသဖို့ မလိုအပ်ပါဘူး။

Secondary Raynaud's syndrome ကို သိပ်မတွေ့ရပေမယ့် ပြင်းထန်တဲ့ ရောဂါပါပဲ။

- သွေးလေးဖက်နာနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ

- ကွန်ပျူတာမှာ နှစ်ရှည်စာရိုက်သူတွေ၊ ပီယာနိုကို နှစ်ပေါင်းများစွာ တီးသူတွေ

- သွေးကြောကျဉ်းစေတဲ့ ဆေးများ

- နီကိုတင်းနဲ့ ထိတွေ့မှုများသူတွေ

- လက်နဲ့ ခြေထောက် ထိခိုက်ဖူးသူတွေမှာ Raynaud's syndrome ဖြစ်ပါတယ်။

ရေးနော့ဒ်ရောဂါ ဖြစ်တဲ့အခါ

လက်နဲ့ခြေထောက်တွေက ဖြူပြီး ပြာလာပါတယ်။ ထုံကျင်ပြီးတော့လည်း နာလာပါတယ်။ ပြီးရင် နီလာပြီး တစ်ဆစ်ဆစ် ခံစားရပါတယ်။

ရေးနော့ဒ်ရောဂါ မဖြစ်အောင်လို့

- နွေးနွေးထွေးထွေး နေပါ။

- သွေးလည်ပတ်မှု အားကောင်းအောင် လေ့ကျင့်ခန်း လုပ်ပါ။

- ကော်ဖီနဲ့ အရက်ဘီယာတွေကို လျှော့သောက်ပါ။

- လက်ထိပ်လေးတွေမှာ ဖိအားအရမ်းများမယ့် အရာတွေကို ရှောင်ပါ။

- ဆေးလိပ်ဖြတ်ပါ။

- စိတ်ဖိစီးမှု ကင်းဝေးအောင်နေပါ။

Zombie (lovemedia)

for zawgyi

သင့္လက္ေတြ ႐ုတ္တရက္ေအးစက္ၿပီး က်ဥ္လာရင္ ဒီစာကို ဖတ္ၾကည့္ပါ

ေဆာင္းရာသီမွာ အျပင္သြားရင္ လက္ေတြက ေအးစက္ၿပီး ျဖဴသြားပါတယ္။ ရာသီဥတုေအးတဲ့အခါ လက္ေတြေအးၿပီး ျဖဴသြားတာက ပုံမွန္ပါပဲ။ လက္ကို ေႏြးေအာင္လုပ္လိုက္ရင္ တစ္ဖန္ျပန္ၿပီး ေသြးေရာင္ေတြ လႊမ္းလာမွာပါ။ ဒါေပမယ့္ လက္ေတြေအးၿပီး ျဖဴဆုတ္သြားတာက Raynaund ေရာဂါရဲ႕လကၡဏာျဖစ္ႏိုင္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။

Raynaund ေရာဂါဆိုတာ ဘာလဲ

ေရးေနာ့ဒ္ေရာဂါ ဆိုတာ ရာသီဥတုေအးတဲ့အခါ၊ စိတ္ဖိစီးမႈမ်ားတဲ့အခါ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ ေသြးေၾကာေတြ ႐ုတ္တရက္က်ဥ္းျခင္း၊ က်ဳံ႕ျခင္းတို႔ေၾကာင့္ ေသြးမ်ား မစီးဆင္းႏိုင္ေတာ့ဘဲ လက္ေခ်ာင္း၊ ေျခေခ်ာင္း၊ ႏွာေခါင္းနဲ႔ နား႐ြက္ထိပ္ စတဲ့ေနရာေတြမွာ ေအးၿပီး ထုံက်ဥ္ျဖဴေဖြးလာတဲ့ အေျခအေန ျဖစ္ပါတယ္။ ဒီလကၡဏာက ပုံမွန္အားျဖင့္ စကၠန႔္အနည္းငယ္ပဲ ၾကာတတ္ပါတယ္။ ျပင္းထန္တဲ့ အေျခအေနေတြမွာေတာ့ နာရီနဲ႔ခ်ီၿပီး ၾကာႏိုင္ပါတယ္။

ေရးေနာ့ဒ္ေရာဂါ ျဖစ္ရတဲ့ အေၾကာင္းအရင္း

ေရးေနာ့ဒ္ေရာဂါက primary Raynaud's disease နဲ႔ secondary Raynaud's syndrome ဆိုၿပီး ႏွစ္မ်ိဴးရွိပါတယ္။

Primary Raynaud's disease ျဖစ္ရတဲ့ အေၾကာင္းအရင္းကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ Raynaud's disese ျဖစ္သူေတြက ေသြးေၾကာေတြ က်ဳံ႕သြားပါတယ္။ Raynaud's disease က Raynaund's syndrome ေလာက္ မျပင္းထန္တာေၾကာင့္ တစ္ခါတရံမွာ ကုသဖို႔ မလိုအပ္ပါဘူး။

Secondary Raynaud's syndrome ကို သိပ္မေတြ႕ရေပမယ့္ ျပင္းထန္တဲ့ ေရာဂါပါပဲ။

- ေသြးေလးဖက္နာနဲ႔ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ရွိသူေတြ

- ကြန္ပ်ဴတာမွာ ႏွစ္ရွည္စာ႐ိုက္သူေတြ၊ ပီယာႏိုကို ႏွစ္ေပါင္းမ်ားစြာ တီးသူေတြ

- ေသြးေၾကာက်ဥ္းေစတဲ့ ေဆးမ်ား

- နီကိုတင္းနဲ႔ ထိေတြ႕မႈမ်ားသူေတြ

- လက္နဲ႔ ေျခေထာက္ ထိခိုက္ဖူးသူေတြမွာ Raynaud's syndrome ျဖစ္ပါတယ္။

ေရးေနာ့ဒ္ေရာဂါ ျဖစ္တဲ့အခါ

လက္နဲ႔ေျခေထာက္ေတြက ျဖဴၿပီး ျပာလာပါတယ္။ ထုံက်င္ၿပီးေတာ့လည္း နာလာပါတယ္။ ၿပီးရင္ နီလာၿပီး တစ္ဆစ္ဆစ္ ခံစားရပါတယ္။

ေရးေနာ့ဒ္ေရာဂါ မျဖစ္ေအာင္လို႔

- ေႏြးေႏြးေထြးေထြး ေနပါ။

- ေသြးလည္ပတ္မႈ အားေကာင္းေအာင္ ေလ့က်င့္ခန္း လုပ္ပါ။

- ေကာ္ဖီနဲ႔ အရက္ဘီယာေတြကို ေလွ်ာ့ေသာက္ပါ။

- လက္ထိပ္ေလးေတြမွာ ဖိအားအရမ္းမ်ားမယ့္ အရာေတြကို ေရွာင္ပါ။

- ေဆးလိပ္ျဖတ္ပါ။

- စိတ္ဖိစီးမႈ ကင္းေဝးေအာင္ေနပါ။

Zombie (lovemedia)

Post a Comment

0 Comments