ငလက်ပြတ် ကြွက်တွင်းနှိုက်

ငါးရိုးမျက် လက်တို ဆိုတဲ့ ဗမာစကားပုံ ရှိသလို မွန်စကားပုံ မှာလည်း ငလက်ပြတ် ကြွက်တွင်းနှိုက်သလို ဆိုတဲ့ စကားပုံ ရှိပါတယ်။ သူ့စကားပုံရဲ့ အဖွင့်ကတော့..

ရှေးရှေးတုန်းက အကန်းရယ်၊ အကျိုးရယ်၊ နားထိုင်းတဲ့ အထိုင်း တယောက်ရယ် သူငယ်ချင်း သုံးယောက် ရှိကြတယ်။

တနေ့တော့ ဒီသူငယ်ချင်း သုံးယောက်ဟာ လယ်ထဲ ဆင်းပြီး ကြွက်တူးဖို့ သွားကြတဲ့ အခါ ငထိုင်းက ပေါက်တူးနဲ့ ကြွက်တွင်းကို တူးပြီး မောလာတာနဲ့ ငကန်းကို တွင်းထဲမှာ ကြွက် ရှိ မရှိ ကြည့်ခိုင်းတယ်။

ဒီတော့ ငကန်းက ဘာမှ မမြင်ရတဲ့ မျက်စိနဲ့ ကြွက်တွင်းကို ငုတ်ကြည့်ပြီး သူဘာမှ မမြင်ရပေမယ့် ငထိုင်းနဲ့ ငကျိုးကို "ကြွက်တွေ များလှတယ်၊ ကြွက်အမြီးတွေ ရှုပ်ပွနေတာပဲ" လို့ ပြန်ပြောပါရော။

ဒီတော့ နားထိုင်းနေတဲ့ ငထိုင်းက ကြွက်တွင်း၀ မှာ နားနဲ့ ကပ်ပြီး နားထောင်ကြည့် သတဲ့။ ပြီးတော့ ဘာသံမှ မကြားတဲ့ ငထိုင်းက ငကန်းနဲ့ ငကျိုးကို ကြွက်တွေ "နည်းနည်း ရှိတာမှ မဟုတ်တာပဲ၊ အသံတွေက ဆူညံလို့" လို့ ပြောတယ်။

ဒီအခါ ငကျိုးက ဧကန္တ ကြွက်တွေ ရှိမှာ သေချာတယ်။ ငါနှိုက်မယ်လို့ ပြောပြီး ကြွက်တွင်းထဲကို သူ့လက်ပြတ်နဲ့ နှိုက်ပါလေရော။ လက်ပြတ်လက်တို ငကျိုးက နှိုက်တော့ တွင်းနက်နက်ပိုင်းကို ဘယ်မှီပါ့ မလဲ။

ဒါပေမဲ့ သူက "ငါနှိုက်တာ ကြွက်တွင်း ဆုံးသွားပြီး၊ ကြွက်တကောင်မှ မရှိပါကလား" တဲ့။

ဒါကြောင့် ရှေး မွန်လူကြီးများက စကားပုံ ခိုင်းနှိုင်းတဲ့အခါ ငလက်ပြတ် ကြွက်တွင်းနှိုက်သလို တွင်းဆုံးသွားပြီလို့ မလုပ်ကြနဲ့ လို့ ဆုံးမလေ့ ရှိကြပါတယ်။

crd လူထုဦးလှ

phoomyatchal

Zawgyi

ငလက္ျပတ္ ႂကြက္တြင္းႏႈိက္

ငါး႐ိုးမ်က္ လက္တို ဆိုတဲ့ ဗမာစကားပုံ ရွိသလို မြန္စကားပုံ မွာလည္း ငလက္ျပတ္ ႂကြက္တြင္းႏႈိက္သလို ဆိုတဲ့ စကားပုံ ရွိပါတယ္။ သူ႔စကားပုံရဲ႕ အဖြင့္ကေတာ့

ေရွးေရွးတုန္းက အကန္းရယ္၊ အက်ိဳးရယ္၊ နားထိုင္းတဲ့ အထိုင္း တေယာက္ရယ္ သူငယ္ခ်င္း သုံးေယာက္ ရွိၾကတယ္။ တေန႔ေတာ့ ဒီသူငယ္ခ်င္း သုံးေယာက္ဟာ လယ္ထဲ ဆင္းၿပီး ႂကြက္တူးဖို႔ သြားၾကတဲ့ အခါ ငထိုင္းက ေပါက္တူးနဲ႔ ႂကြက္တြင္းကို တူးၿပီး ေမာလာတာနဲ႔ ငကန္းကို တြင္းထဲမွာ ႂကြက္ ရွိ မရွိ ၾကည့္ခိုင္းတယ္။

ဒီေတာ့ ငကန္းက ဘာမွ မျမင္ရတဲ့ မ်က္စိနဲ႔ ႂကြက္တြင္းကို ငုတ္ၾကည့္ၿပီး သူဘာမွ မျမင္ရေပမယ့္ ငထိုင္းနဲ႔ ငက်ိဳးကို "ႂကြက္ေတြ မ်ားလွတယ္၊ ႂကြက္အၿမီးေတြ ရႈပ္ပြေနတာပဲ" လို႔ ျပန္ေျပာပါေရာ။

ဒီေတာ့ နားထိုင္းေနတဲ့ ငထိုင္းက ႂကြက္တြင္း၀ မွာ နားနဲ႔ ကပ္ၿပီး နားေထာင္ၾကည့္ သတဲ့။ ၿပီးေတာ့ ဘာသံမွ မၾကားတဲ့ ငထိုင္းက ငကန္းနဲ႔ ငက်ိဳးကို ႂကြက္ေတြ "နည္းနည္း ရွိတာမွ မဟုတ္တာပဲ၊ အသံေတြက ဆူညံလို႔" လို႔ ေျပာတယ္။

ဒီအခါ ငက်ိဳးက ဧကႏၲ ႂကြက္ေတြ ရွိမွာ ေသခ်ာတယ္။ ငါႏႈိက္မယ္လို႔ ေျပာၿပီး ႂကြက္တြင္းထဲကို သူ႔လက္ျပတ္နဲ႔ ႏႈိက္ပါေလေရာ။ လက္ျပတ္လက္တို ငက်ိဳးက ႏႈိက္ေတာ့ တြင္းနက္နက္ပိုင္းကို ဘယ္မွီပါ့ မလဲ။

ဒါေပမဲ့ သူက "ငါႏႈိက္တာ ႂကြက္တြင္း ဆုံးသြားၿပီး၊ ႂကြက္တေကာင္မွ မရွိပါကလား" တဲ့။

ဒါေၾကာင့္ ေရွး မြန္လူႀကီးမ်ားက စကားပုံ ခိုင္းႏႈိင္းတဲ့အခါ ငလက္ျပတ္ ႂကြက္တြင္းႏႈိက္သလို တြင္းဆုံးသြားၿပီလို႔ မလုပ္ၾကနဲ႔ လို႔ ဆုံးမေလ့ ရွိၾကပါတယ္။

crd လူထုဦးလွ

phoomyatchal

Post a Comment

0 Comments